မြန်မာနိုင်ငံထွက် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြု
နိုဝင်ဘာ ၁၆ ရက်
မြန်မာပြည်တွင် စိုက်ပျိုးထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
မကြာသေးမီက ” မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ပြန်ချက်အရ နိုဝင်ဘာ (၁၁) ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံမှ နာနတ်သီးများနှင့်မတူဘဲ တမူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ် လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ့နာနတ်သီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် အများဆုံးစိုက်ပျိုးခြင်းဖြစ်ပြီး ပြည်ပစျေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မှုများရှိနေကြောင်းလည်း မြန်မာနာ နတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှပြောပြချက်အရ သိရသည်။
ထို့ပြင် နာနတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ မက်မွန်းမွန်းရွာ၊ တွံ့တီးရွာ၊ လွယ်ဆိုင်ရွာတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ဇူလိုင်လမှ စက်တင်ဘာလအထိထွက်ရှိကြောင်း သိရသည်။
Source- Popular Journal