(၇) လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်း ခွင့်ပြုခဲ့

News Image

  • (၇) လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်း ခွင့်ပြုခဲ့

နိုဝင်ဘာ ၁၇ ရက်

ယခုဘဏ္ဍာနှစ်၏ ခုနှစ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆.၀၈၁ သန်းကို ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကဏ္ဍ (၁၂)ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းပေါင်း (၃၃) ခု၏ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုပေးခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၈၇.၇၁၅) သန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၈၄.၂၅၂) သန်း၊ စိုက်ပျိုးရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (ဝ.၅၂၅) သန်း၊ မွေးမြူရေးကဏ္ဍသို့ အမေရိကန်ဒေါ်လာ (၁.၀၈၈) သန်း ဝင်ရောက်ထားကြောင်း သိရသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံမှ ပထမနေရာတွင်ရှိနေပြီး တရုတ်နိုင်ငံမှ ဒုတိယ၊ ထိုင်းနိုင်ငံမှ တတိယနေရာတွင် ရပ်တည်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

Source- Popular Journal