နယ်သာလန်နိုင်ငံသည် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်သုံး ဒုံးကျည်သုံးစင်းကို ယူကရိန်းသို့ ထောက်ပံ့ပေးခဲ့
နယ်သာလန်နိုင်ငံသည် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်သုံး ဒုံးကျည်သုံးစင်းကို ယူကရိန်းသို့ ထောက်ပံ့ပေးခဲ့ကြောင်း နယ်သာလန် ကာကွယ်ရေးဝန်ကြီး Ruben Brekelmans က နိုဝင်ဘာလ၂၈ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း RIA Novosti က ဖော်ပြခဲ့သည်။
ယူကရိန်းနိုင်ငံသားများသည် ပြင်းထန်သည့် ဆောင်းရာသီ တွင် တိုက်ခိုက်မှုများ ဆိုးရွားစွာ ရင်ဆိုင်နေရသည့် အတွက် ၎င်းတို့ကို Patriot လေကြောင်းရန် ကာကွယ် ရေးစနစ် လောင်ချာသုံးစင်းပေးခဲ့ကြောင်း Brekelmans က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
နယ်သာလန်နိုင်ငံမှ ယူကရိန်းသို့ ပေးအပ်သည့် စစ်ရေးအကူအညီ စုစုပေါင်းသည် ယူရို ၃.၇၆ ဘီလီယံခန့် ရှိကြောင်း အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သည်။
ကိုးကား - RIA Novosti