မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝ ပျက်စီး ခဲ့သည့် ထရံကာ၊ တစ်ထပ်ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်၊ တိုက်ခံ လူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်

News Image

  • မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝ ပျက်စီး ခဲ့သည့် ထရံကာ၊ တစ်ထပ်ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်၊ တိုက်ခံ လူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန် ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ဆည်၊ ဇူလိုင်-၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များရှိ တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးခဲ့သည့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့်  ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် စည်ပင်သာယာရေးဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်တာဝန်ရှိသူများက မဟာ အောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အောင်မြေသာဇံခရိုင်၊ အောင်မြေသာဇံ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ရမည်းသင်းခရိုင်၊ ရမည်သင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်များရှိ တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးခဲ့သည့် ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံ လူနေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့်  ထရံကာ၊ တစ်ထပ် ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင်နှင့် တိုက်ခံလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းများအတွက် ပြည်သူတစ်ဦးဖြစ်သည့် ဦးသန်းစိန်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း နှင့် အခမ်းအနားအပြီးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငလျင်ဘေးသင့် ပြည်သူများအား နေအိမ်အမျိုးအစားအလိုက် ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

ပေးပို့သူ- သက်မောင်(ကျောက်ဆည်)