ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်

News Image

  • ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်

ယူကရိန်းတွင် ရုရှားတပ်မတော်၏ နေ့စဥ် ဆုံးရှုံးမှုများသည် ဆိုးရွားသောမှတ်တိုင်သစ်များကို ဖြတ်ကျော်နေကြောင်း Newsweek သတင်းဌာနမှ ဖော်ပြထား သည်။

ရုရှားတပ်မတော်၏ ကျဆုံးမှုစာရင်းသည် တစ်ရက်တည်းတွင်ပင် စစ်သည်၂,၀၀၀ ကျော်ရှိခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့ နံနက်တွင်ပြောကြားခဲ့ပြီး လွန်ခဲ့သော သီတင်းပတ် အနည်းငယ်ကပင် ရောက်ရှိခဲ့သည့် ဆိုးရွားသော ကျဆုံးမှုစံချိန်တင်မှုကို ချိုးဖျက်ခဲ့သည်ဟု ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏တပ်ဖွဲ့များသည်နိုဝင်ဘာလ ၂၈ ရက်မှ ၂၉ ရက်အတွင်း လူပေါင်း ၂,၀၃၀ခန့် ဆုံးရှုံးခဲ့ရပြီး တစ်ရက်တည်းတွင် လူပေါင်း ၂,၀၀၀ ကျော် ဆုံးရှုံးခဲ့ ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ လူမှု ကွန်ရက် Post တစ်ခုတွင်ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် နိုဝင်ဘာ ၁၁ ရက်နေ့က စစ်သည် ၁,၉၅၀ ဦးခန့် ဆုံးရှုံးခဲ့ရပြီး ယခင်နေ့စဉ်သေဆုံးသူ အရေအတွက်စာရင်းတွင် အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း ယူကရိန်းနိုင်ငံက သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရကိန်းဂဏန်းများသည် မှန်ကန်မှုရှိပါက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရုရှား-ယူကရိန်း စစ်ပွဲစတင်ချိန်မှစ၍ ယခုအချိန်အထိ ရုရှား တပ်မတော်၏ စုစုပေါင်းကျဆုံးသူအရေအတွက်သည် ၇၃၈,၆၆၀ဦး အထိရှိလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား - Newsweek