ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင်အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှားထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို ပြန်လည်သိမ်းယူခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်အသင့်

News Image

  • ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင်အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှားထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို ပြန်လည်သိမ်းယူခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်အသင့်

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ယူကရိန်းနိုင်ငံအား NATO အဖွဲ့ဝင် အဖြစ်တရားဝင်ဖိတ်ကြားခြင်းဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများကို ပြန်လည် သိမ်းယူ ခြင်းမပြုဘဲ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အသင့် ရှိကြောင်း SkyNews သတင်းဌာန၏ သတင်းထောက်ချုပ် Stuart Ramsay နှင့်တွေဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။

ယူကရိန်းသမ္မတ ဇယ်လင်စကီးသည် ရုရှားထိန်းချုပ်မှု အောက်ရှိ နယ်မြေသစ်များပါ၀င်သည့် အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဖော်ပြခဲ့သည်။

Sky News နှင့် အင်တာဗျူးတစ်ခုတွင် ဇယ်လင်စကီးက ရုရှား-ယူကရိန်းပဋိပက္ခ၏ ပြင်းထန်သည့်အဆင့်ကို ရပ်တန့်ရန်အတွက် လက်ရှိ ယူကရိန်း ထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို နေတိုးအဖွဲ့၏ ကာကွယ်မှုအောက်တွင် ထားရှိရန်အတွက် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ထိုအခိုက်အတန့်တွင် ရုရှားက လက်ရှိ ထိန်းချုပ်ထားသော နယ်မြေသစ်များကို ခေတ္တထိန်းချုပ် ထားနိုင်ကြောင်း ၎င်းက အကြုံပြုခဲ့ပြီး နောက်ပိုင်းမှသာအဆိုပါ နယ်မြေများကို သံတမန်နည်းလမ်းများဖြင့် ပြန်လည်ရယူမည်ဖြစ်ကြောင်း ၎င်း၏ ရည်မှန်းချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းအဆိုပြုချက်သည် ရုရှား-ယူကရိန်းစစ်ပွဲ၏ အပြင်းထန်ဆုံးအဆင့်ကို ရပ်တန့်ရန်နှင့် ယူကရိန်း၏ လုံခြုံရေးကို အာမခံရန် ရည်ရွယ်ပြီး ၎င်းအစီအစဉ်ကို မြန်မြန် ဆန်ဆန်လုပ်ဆောင်ရန်လိုအပ်ကြောင်း ဇယ်လင်စကီး က ပြောကြားခဲ့ပါသည်။

ဇယ်လင်စကီးသည် ရုရှားက သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်ရယူခြင်းမရှိဘဲ လက်ရှိစစ်ပွဲကို နိဂုံးချုပ်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်မှာ ရုရှား -ယူကရိန်း ပဋိပက္ခစတင်ချိန်မှစ၍ ယခုအချိန်ထိ ပထမ ဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ကိုးကား - Sky News Interview