မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှား နိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ် ခွင့်ပြုချက်ကို ရှုတ်ချ
က်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားနိုင်ငံအတွင်းသို့ ထိုးစစ်ဆင်ရန်အတွက် အနောက်နိုင်ငံများ၏ ယူကရိန်းအပေါ်ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း RIA Novosti သတင်းဌာနကဖော်ပြထားသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည်ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီဗျဲလူးဆော့ဗ်နှင့် တွေ့ဆုံစဉ်ရုရှားနယ်မြေအတွင်းသို့ အနောက်နိုင်ငံများက တာဝေးပစ်လက်နက်များဖြင့် တိုက်ခိုက်ရန် ယူကရိန်းအား ပေးထားသော ခွင့်ပြုချက်ကို ရှုတ်ချခဲ့ကြောင်း Korean Central News Agency (KCNA) က ဖော်ပြခဲ့သည်။
သတင်းအေဂျင်စီ၏ဖော်ပြချက်အရ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက အဆိုပါအပြုအမူသည် စစ်ရေးအရတိုက်ရိုက်ဝင်ရောက်စွက်ဖက်မှုဟုခေါ်ဆိုခဲ့ကြောင်းသိရှိရသည်။
အမေရိကန်နှင့် အနောက်အုပ်စုတို့သည် ယူကရိန်း အာဏာပိုင်များအား ၎င်းတို့၏ ကိုယ်ပိုင် တာဝေးပစ်လက်နက်များဖြင့် ရုရှားပိုင်နက်ကို တိုက်ခိုက်ရန် တွန်းအားပေးခဲ့ကြောင်း၊ ရုရှားသည် ရန်လိုနေသော တပ်ဖွဲ့များကို အတိုင်းအတာတစ်ခုအထိ ၎င်းတန်ဖိုးကို ပြန်လည်ပေးဆောင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်က ပြောကြားခဲ့ပါသည်။
နယ်ချဲ့သမားများ၏ ကြီးစိုးမှုရန်မှ ၎င်း၏ ပိုင်နက်နယ်မြေ၏ ဂုဏ်သိက္ခာကိုကာကွယ်ရန် ရုရှား၏ ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ၎င်းက အလေး အနက် ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား - RIA Novosti