ယာဉ်တင်အမြောက် ၂၁၄ လက်နဲ့ အမြောက်တပ်ဖွဲ့ကို အဆင့်မြှင့်တင်မယ့် စပိန်

News Image

  • ယာဉ်တင်အမြောက် ၂၁၄ လက်နဲ့ အမြောက်တပ်ဖွဲ့ကို အဆင့်မြှင့်တင်မယ့် စပိန်

စပိန်တပ်မတော်က သူတို့ရဲ့အမြောက်တပ်ဖွဲ့ကို အဆင့်မြှင့်တင်ဖို့အတွက် ယာဉ်တင်အမြောက် ၂၁၄ လက်ကိုဝယ်ယူဖို့စီစဉ်နေတယ်လို့ ဆိုပါတယ်။ အမြောက် ၂၁၄ လက်မှာ ၈၆ လက်က ဘီးတပ်ယာဉ် တင်အမြောက်များဖြစ်ပြီး ချိန်းကြိုးတပ် ယာဉ်တင်အမြောက်က ၁၂၈ လက်ဖြစ်ပါ တယ်။

ဒီလိုမျိုး အမြောက်တပ်ဖွဲ့ကိုအဆင့်မြှင့် တင်ဖို့အတွက် ယူရို ၃ ဘီလီယံကိုအသုံး ပြုသွားမှာပါ။ စပိန်ကြည်းတပ်နဲ့ မရိန်း တပ်ဖွဲ့တို့အတွက် ရည်မှန်းထားတဲ့ အဲဒီ အမြောက်တွေက သက်တမ်းရင့်နေပြီဖြစ် တဲ့ M109A5E အမျိုးအစား ဟောင်ဝစ်ဇာများနေရာမှာ အစားထိုးသွားမယ်လို့ ဆိုပါတယ်။

စပိန်ကြည်းတပ်က သူတို့အနေနဲ့ တာဝေးသွယ်ဝိုက်ပစ်ကူ စွမ်းအားကို အဆင့်မြှင့်တင်ဖို့လိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုမျိုးအဆင့်မြှင့်တင်မှုတွေ ကိုလုပ်ဆောင်တာပါ။ ဒီစနစ်တွေမှာအသုံး ပြုသွားမယ့် ခဲယမ်းတွေက ပဲ့ထိန်းစနစ်ပါတဲ့အမြောက်ဆန်တွေဖြစ်ပြီး ရောက်ရှိနိုင်တဲ့ အကွာအဝေးက ကီလိုမီတာ ၄၀ ကို ကျော်လွန်စေမယ်လို့ ဆိုပါတယ်။

MWD Web Portal