အနောက်ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ရုရှား-တရုတ် လေကြောင်း ကင်းလှည့်
ရုရှားလေကြောင်းတပ်ဖွဲ့နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေကြောင်းတပ်ဖွဲ့တို့က အနောက် ပစိဖိတ်သမုဒ္ဒရာပေါ်တွင် ပူးတွဲလေကြောင်း ကင်းလှည့်မှု ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ ကင်းလှည့်မှုသည် ရုရှား-တရုတ်တို့၏ ၉ ကြိမ်မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှု၏ ဒုတိယ အဆင့်ဖြစ်ပြီး အခြားတတိယနိုင်ငံကို ရည်ရွယ်ထားခြင်း မရှိဘဲ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ပြုလုပ်ကြခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြန်ဆန်စွာ တိုးတက်လာမှုကို ဖော်ပြနေကြောင်း သိရှိရသည်။
ကိုးကား - TASS