အမေရိကန်က ယူကရိန်းသို့ အမြောက်ဆန်နှင့် ဒုံးကျည်များ ပြန်ပို့နေ

News Image

  • အမေရိကန်က ယူကရိန်းသို့ အမြောက်ဆန်နှင့် ဒုံးကျည်များ ပြန်ပို့နေ

အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ အမြောက်ဆန်များနှင့် ဒုံးကျည်များကို ပြန်လည်ပေးပို့နေကြောင်း အမေရိကန် စစ်ဘက်သတင်း အရင်းအမြစ်များ၏ ပြော ဆိုချက်ကိုကိုးကား၍ ဒေသတွင်းသတင်း ဌာနများက ဇူလိုင်လ ၁၀ ရက်တွင်ဖော်ပြ ထားသည်။

အမေရိကန်အစိုးရသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများ ပေးပို့နေမှုကို ရက်အနည်းငယ်မျှသာ ဆိုင်းငံ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ပေးပို့လာခြင်းဖြစ်သည်။ လက်ရှိပေးပို့နေသည့် ခဲယမ်းများတွင် ၁၅၅ မီလီမီတာ အမြောက်ဆန်များနှင့် အတွဲလိုက်ပစ်ဒုံးကျည်စနစ်အတွက် ပဲ့ထိန်းဒုံးကျည်များပါဝင်ကြောင်း အမည်မဖော်လိုသူ အမေရိကန်အရာရှိများကပြောထားသည်။ သို့သော် ခဲယမ်းအရေအတွက်မည်မျှပေးပို့သည်ကိုမူ ပြောထားခြင်းမရှိပေ။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် အန်နာကယ်လီက ပင်တဂွန်သည်  ယူကရိန်းသို့  လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ၊ တိကျပဲ့ထိန်းခဲယမ်းများ ပေးပို့မှုကို ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း ဇွန်လ ၃၀ ရက်တွင် ပြောထားသည်။

ယူကရိန်းသမ္မတ ဗိုလိုဒိုမာဇီလန်စကီက အမေရိကန်မှ ပတ်ထရီးယော့ဒုံးကျည်များကို တောင်းခံထားသော်လည်း ယင်းဒုံးကျည်များမှာ အလွန်ဈေးကြီးသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောထားကြောင်း သိရသည်။

MWD Web Portal