ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်များရောင်းချမှု တရုတ်ကန့်ကွက်

News Image

  • ထိုင်ဝမ်ကို အမေရိကန်က စစ်လက်နက်များရောင်းချမှု တရုတ်ကန့်ကွက်

အမေရိကန်အနေဖြင့် ထိုင်ဝမ်အားF-16  ဂျက်လေယာဉ်များနှင့် ရေဒါများအတွက် အပိုပစ္စည်းကိရိယာများ အပါအဝင် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းချရန် အတည်ပြုလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့တွင် ပြောကြားလိုက်မှုကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်။

အမေရိကန်၏ ထိုင်ဝမ်အပေါ် လက်နက်များရောင်းချမှုကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဖြစ်ကြောင်း  တရုတ်နိုင်ငံက တနင်္ဂနွေနေ့တွင် ကတိပြုပြောကြားလိုက်သည်။

ထိုင်ဝမ်သမ္မတ Lai Ching-Te အနေဖြင့်  အမေရိကန် ဟာဝိုင်အီပြည်နယ်နှင့် အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းတို့သို့ မသွားရောက်မီ နာရီပိုင်းအလိုတွင် စစ်ဖက်ဆိုင်ရာ ပစ္စည်းများရောင်းချရန်အတည်ပြုမှုကို ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ထိုကိစ္စသည် မှားယွင်းသည့်လုပ်ဆောင်ချက်ဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးကို ကျဆင်းစေကြောင်း တရုတ်နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါသည်။ 

ကိုးကား - ASIA ONE/ Reuters