ထိုင်းတပ်မတော် အကြီးအကဲက ကမ္ဘောဒီးယားနှင့် နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြု

News Image

  • ထိုင်းတပ်မတော် အကြီးအကဲက ကမ္ဘောဒီးယားနှင့် နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြု

ထိုင်းနိုင်ငံ၏ တပ်မတော်အကြီးအကဲသည် ကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားလျက်ရှိသော နယ်စပ်အရေး တင်းမာမှုပြေလျော့စေရန် နည်းလမ်းများကို အဆိုပြုကြောင်း သိရသည်။ ထိုနည်းလမ်းများတွင် နှစ်နိုင်ငံကြားနယ်စပ်ရေးရာ  ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် တာဝေးပစ် လက်နက်များကို ဖယ်ရှားရန်တို့ပါဝင်သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဖြတ် ကျော်ကုန်သွယ်မှု ချောမွေ့စေရေးနှင့် ပြည်သူများ ပိုမိုလွတ်လပ်စွာသွားနိုင်စေရေးတို့အတွက်  နယ်စပ်စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်မှုကို တစ်ပြိုင်နက် လုပ်ဆောင်သွားရန် အကြံ ပြုကြောင်း၊ တာဝေးပစ်လက်နက်များကို ၂၀၂၄ ခုနှစ်တွင် ချထားသည့်နေရာသို့ ရွှေ့ပြောင်းရန် တောင်းဆိုကြောင်း ထိုင်း တပ်မတော်အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆောင်ဝစ်နွန်ပက်ဒီးက ပြောသည်။

အလားတူ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများအရ ပူးပေါင်းဆောင်ရွက်ရေးတွင် တိုးတက်မှုများ ရရှိထားပြီး သီတင်းပတ်တစ်ပတ်လျှင် နယ်စပ်တွင် ပူးတွဲကင်းလှည့်မှု သုံးကြိမ် လုပ်ဆောင်ရန် သဘောတူထားကြောင်း ဗိုလ်ချုပ်ကြီးဆောင်ဝစ်နွန်ပက်ဒီးက ပြောထားကြောင်း သိရသည်။

 MWD Web Portal