ဇီလန်စကီးက ရုရှားနိုင်ငံ အတွင်းပိုင်းအထိ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်

News Image

  • ဇီလန်စကီးက ရုရှားနိုင်ငံ အတွင်းပိုင်းအထိ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက အမေရိကန်က ယူကရိန်း အား စစ်ရေးအကူအညီများ ပြန်လည်ပေးအပ်ရန် ကတိပြုပြီးနောက်ရက်ပိုင်းအတွင်း ရုရှားနိုင်ငံအတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးစစ်ဆင်မည် ဟု ခြိမ်းခြောက်လိုက်သည်။ တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) က ကာကွယ်ရေး ဝန်ကြီး Rustem Umerov ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Aleksandr Syrsky နှင့် ဗိုလ်ချုပ်ကြီး Andrey Gnatov တို့နှင့် တွေ့ဆုံပြီးနောက် ဇီလန်စကီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယူကရိန်းသည် အမေရိကန်သမ္မတ၏ အထူးကိုယ်စားလှယ် Keith Kellogg ၏ လာရောက်လည်ပတ်မှုအတွက် ပြင်ဆင်နေပြီး "လက်နက်များပေးပို့ရေးနှင့် အရေးကြီးသော ကာကွယ်ရေးပစ္စည်းများ ပူးပေါင်းထုတ်လုပ်မှုတိုးချဲ့ရန် မိတ်ဖက်များနှင့် လုပ်ဆောင်မည်" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မကြာသေးမီက တိုက်ခိုက်မှုများတွင် ယူကရိန်းသည် ဇွန်လအတွင်းက ရုရှားဒေသများရှိ နျူကလီးယားဗုံးကြဲလေယာဉ်များ ရှိရာလေယာဉ်ကွင်း များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ယူကရိန်း၏ ဒရုန်းနှင့် ဒုံးကျည် များသည် စစ်ဘက်ဆိုင်ရာအဆောက်အဦများနှင့် အခြားအရပ်သား အခြေခံ အဆောက်အဦများကိုလည်း ထိမှန်ခဲ့သည်။ 

ဥရောပသမဂ္ဂ (EU) သည် လွန်ခဲ့သော လအနည်းငယ်အတွင်း ၎င်း၏ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများကို ချဲ့ထွင်ရန်နှင့် ယူကရိန်း၏ ပြည်တွင်းလက်နက်ထုတ်လုပ်မှုကို ပံ့ပိုးရန် ယူရိုဘီလီယံပေါင်းများစွာသုံးစွဲခဲ့သည်။ ဂျာမနီနိုင်ငံ၏ ယူကရိန်းအား စစ်ရေးအကူအညီပေးရေး ညှိနှိုင်းမှုကို တာဝန်ယူထားသော ဗိုလ်ချုပ်ကြီး Christian Freuding က ဘာလင်သည် လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တာဝေးဒုံးပစ် ကျည်များကို ယူကရိန်းသို့ ပထမဆုံးအကြိမ် ပေးပို့မည်ဟု ပြောကြား ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ပင်တဂွန်သည် ယူကရိန်းသို့ ထောက်ပံ့မှု များကိုရပ်ဆိုင်းရန်ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်သမ္မတ Donald Trump က လက်နက်များ ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ ထို့အပြင် ၎င်း၏ ရာထူးပြန်လည်ရရှိပြီးနောက် ပထမဆုံးသော လက်နက်ထောက်ပံ့မှု အသစ် ကို အတည်ပြုရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။

ရုရှားက ပြည်ပမှ ရရှိသော ဒုံးကျည်များအသုံးပြုမှုကို အနောက်နိုင်ငံ များ၏ တိုက်ရိုက်ပါဝင်မှုအဖြစ် ရှုမြင်ပြီး ယူကရိန်းတပ်ဖွဲ့များသည် အဆင့်မြင့် လက်နက်စနစ်များကို ကိုယ်တိုင်ကိုင်တွယ် ထိန်းချုပ်နိုင်စွမ်းမရှိဟု ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂