သူပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေ
ပုန်များ၏ မြို့သိမ်းတိုက်ပွဲများ ဆီးရီးယားတွင် ဆက်လက် ဖြစ်ပေါ်နေပြီး သမ္မတ Bashar al-Assad သည် ဆီးရီးယားတွင် ရှိနေသော်လည်း ၎င်း၏မိသားစု သည် နိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးဖြစ်သည်။ ၎င်း၏သားသမီးများသည် ရုရှားနိုင်ငံသို့ လေယာဉ်ဖြင့်ထွက်ခွာသွားကြပြီဖြစ်ကာ သားမက်ဖြစ်သူသည် ယူအေအီးကို ထွက်ခွာသွားကြောင်း The Telegraph သတင်းဂျာနယ်က ဖော်ပြသည်။
ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းရှိ Daraa မြို့ကြီး ကို Assad တပ်ဖွဲ့များ ဆုံးရှုံးခဲ့ရကြောင်း အဆိုပါ စာစောင်တွင် ရေးသားထားပြီး ရုရှားက အခြားသော ဦးစားပေးမှုများကြောင့် အကန့်အသတ်ဖြင့်သာ ထောက်ပံ့ ကူညီနိုင်ကြောင်း သတိပေးထားသည်။ အမှန်တကယ် အနေဖြင့် ရုရှားက ၎င်း၏ တန်ဖိုးအကြီးဆုံး လက်နက် များကို နိုင်ငံကနေ တတ်နိုင်သလောက် ဖယ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
အာဆတ်သည် တူရကီ၊ ယူအေအီး၊ အီဂျစ်နှင့် ဂျော်ဒန် တို့ထံမှ အကူအညီ တောင်းခံခဲ့သော်လည်း ငြင်းဆန်ခံခဲ့ရသည်။
အာဆတ်၏ အခြားသော “မိတ်ဖက်” ဖြစ်သည့် အီရန် ကလည်း အလားတူ လုပ်ဆောင်နေကြောင်း New York Times က မှတ်ချက်ပြုပြီး ၎င်း၏ စစ်ဘက်ဆိုင်ရာ တပ်မှူးများနှင့် အမှုထမ်းများကို ကယ်ထုတ်ခဲ့သည်။ လွန်ခဲ့သည့် ၁၃ နှစ်အတွင်း အီရန်သည် လက်ဘနွန်မှ ဟစ်ဇ်ဘိုလာတို့အား လက်နက်များ ထောက်ပံ့ရန် အဓိကလမ်းကြောင်းအဖြစ် ဆီးရီးယားကို အသုံးပြုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
ကိုးကား - The Telegraph သတင်းဂျာနယ်