Netanyahu သည် ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုအတွက် Pope ရဟန်းမင်းကြီးအား တောင်းပန်

News Image

  • Netanyahu သည် ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုအတွက် Pope ရဟန်းမင်းကြီးအား တောင်းပန်

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာရှိ Holy Family Catholic Church ကို အစ္စရေးတင့်ကားမှ ပစ်ခတ်မှုကြောင့် ဘုန်းတော်ကြီး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀ ဦး အထိ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပြီးတွင် Pope Leo ထံသို့ ဖုန်းဆက်ပြီး တောင်းပန်ခဲ့သည်။

အဆိုပါဖြစ်စဉ်သည် ဇူလိုင် ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စရေး တင့်ကားမှ ဘုရားကျောင်းဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုဘုရားကျောင်းသည် ကလေးများ၊ မသန်စွမ်းသူများအပါအဝင် နေရပ် စွန့်ခွာထွက်ပြေးရသူ ပါလက်စတိုင်းရာနှင့်ချီ၍ ခိုလှုံရာနေရာအဖြစ် အသုံးပြုနေသည်။ အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က ယင်း ပစ်ခတ်မှုသည် မတော်တဆဖြစ်မှုဖြစ်ပြီး ဖြစ်စဉ်ကို ပြန်လည် သုံးသပ် နေကြောင်း ပြောကြားခဲ့သည်။

နေတန်ယာဟုသည် Pope Leo ထံသို့ ကိုယ်တိုင်ဖုန်းဆက်ကာ မတော်တဆ ပစ်ခတ်ခဲ့မိမှုအတွက် နောင်တရကြောင်း ပြောကြားခဲ့ပြီး "ဒဏ်ရာရသူ မိသားစုများထံ အစ္စရေးနိုင်ငံ၏ကိုယ်စား အမှန်တကယ် ဝမ်းနည်းကြောင်း" ကိုလည်း ဖော်ပြခဲ့သည်။

ဗာတီကန်မှ ဂါဇာရှိအခြေအနေကို စိတ်မချမ်းသာစရာဖြစ်သည်ဟု ပြောဆို ခဲ့ပြီး ဝါရှင်တန်တွင် သမ္မတ Donald Trump သည်လည်း ဘုရားကျောင်း ကို တိုက်ခိုက်မှုကြောင့် စိတ်ထိခိုက်နေကြောင်း သိရှိရသည်။

ထရမ့်နှင့် နေတန်ယာဟုတို့ ဖုန်းဆက်၍ ဖြစ်စဉ်ကို ဆွေးနွေးခဲ့သော်လည်း တောင်းပန်မှုပြုလုပ်နေစဉ် ကာလအတွင်း၌ပင် ဇူလိုင် ၁၈ တွင် လေကြောင်း တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပြီး ဂါဇာတစ်ဝှမ်းလုံးတွင် ပါလက်စတိုင်း လူမျိုး အနည်းဆုံး ၁၄ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂