ဥရောပသမဂ္ဂကိုယ်စားလှယ်များ ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့မည့် အစီအစဉ်အသစ် မအောင်မြင်
ရုရှားနိုင်ငံအပေါ် ၁၅ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မည့် အစီအစဉ်အား ဥရောပသမဂ္ဂနိုင်ငံ ကိုယ်စားလှယ်များကဒီဇင်ဘာ ၆ ရက်နေ့တွင် ကန့်ကွက်ခဲ့ကြပါသည်။ အဆိုပါ အစီအစဉ်တွင် ရုရှားနိုင်ငံ၏ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဆလိုဗက်ကီးယားနိုင်ငံမှတစ်ဆင့် ချက်သမ္မတနိုင်ငံသို့ တင်သွင်းခွင့်ပြုသည့်ကာလအား သက်တမ်း တိုးမြှင့်ခြင်းအစီအစဉ်လည်း ပါဝင်ပါသည်။
ဥရောပအခြေစိုက်ကုမ္ပဏီများအနေဖြင့် ရုရှားနိုင်ငံရှိ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းခြင်းဖြင့် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်း တိုးမည့်အစီအစဥ်အပေါ် အီးယူအဖွဲ့ဝင် နိုင်ငံ(၂) နိုင်ငံက ကန့်ကွက်ခဲ့ပါသည်။ သို့ဖြစ်ရာ အီးယူအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိုဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်အား မကြာမီကာလတွင် ထပ်မံဆွေးနွေးရန် လိုအပ်နေပါသည်။
ယခုအစီအစဉ်တွင် ရုရှားနိုင်ငံပိုင်ရေနံတင် သင်္ဘောများအား ဒဏ်ခတ်ပိတ်ဆို့ခြင်းလည်း ပါဝင်ပါသည်။ ချက်သမ္မတနိုင်ငံနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ကို ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်မှကင်းလွတ်ခွင့်ပြုထားပြီး ဒီဇင်ဘာ ၅ ရက်နေ့ကထိုကင်းလွတ်ခွင့်ပြုသည့်သက်တမ်းကာလကုန်ဆုံးခဲ့ပြီးဖြစ်ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် ရေနံထွက်ပစ္စည်းများအား အိမ်နီးချင်းနိုင်ငံဖြစ်သည့် ချက်သမ္မတနိုင်ငံသို့ ဆက်လက်တင်သွင်းခွင့်ပြု၊ မပြုကိုလည်း အီးယူအဖွဲ့ဝင် နိုင်ငံကိုယ်စားလှယ်များက အလေးအနက်ဆွေးနွေးခဲ့ကြသည်ကို သိရှိရသည်။
ကိုးကား - Reuters