နယူးယောက် အောက်တိုဘာ ၂၄
ကာဘိုဟိုက်ဒရိတ် ပါဝင်မှုနည်းပါးသော ဓာတ်စာများသည် ပုံစံ-၂ ဆီးချိုရောဂါ လူနာများ သွေးအတွင်း သကြားဓာတ်ပါဝင်မှုအဆင့်ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်ဖွယ် ရှိကြောင်း အောက်တိုဘာ ၂၃ ရက်သတင်းများအရ သိရသည်။
ထို့ပြင် ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးသော ဓာတ်စာများစားသုံးပါက ပုံစံ-၂ ဆီးချိုရောဂါ လူနာများအနေဖြင့် ဆီးချိုဆေးများ သုံးစွဲရမှုကိုလည်း လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် နိုင်ငံ အလာဘားမားတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောကြားသည်။