ကဏ္ဍများ

ရင်ကျပ်ခြင်းနှင့် သိကောင်းစရာ

“ညက အမေ အမောဖောက်လာလို့ဆေးရုံတင်လိုက်ရတယ်။”

“ဘာဖြစ်တာတဲ့လဲ”

“အရင်ထဲကတော့ရင်ကျပ်ရှိတာပဲ။

အခုကျ သွေးတိုး ဆီးချိုပါ ပါနေတယ်ပြောတယ်။

ရင်ကျပ်အတွက် စပ်ဆေးတွေသောက်လို့ဖြစ်တယ်ပြောတာပဲ”

“ဆရာဝန်တွေ က တော့အရင်ဆေးရုံအခေါက်တွေ ဆေးရုံတက်ကတည်းက ရှူဆေးသုံးဖို့ပြောနေတာ၊ အမေက ကြောက်လို့မရှူတာ၊ ရှူဆေးတွေက နောက်ဆုံးအဆင့်ဆိုပြီးတော့လေ”

“ရှူဆေးက အဲ့လောက်ဆိုးကျိုးမရှိဘူးတဲ့၊ အခုဆေးရုံကဆင်းရင်တော့ရှူခိုင်းမှရမယ်။”

“ဟုတ်တယ်၊ အမေ့တုန်းကလည်း အစက မရှူဘဲနေတာ၊ နောက်ပိုင်း ဆရာဝန်က အတင်းတိုက်တွန်းလို့ရှူဖြစ်သွားတာ၊ အခုတော့လည်း အဆင်ပြေတယ်။ ကြားက ပြောင်းလေးတော့ခံရှူရတယ်။ အမေက ဒီတိုင်းမရှူနိုင်တော့လေ။”

ရင်ကျပ်ရောဂါသည်၏ လူနာစောင့်များ ပြောနေကြခြင်းဖြစ်သည်။

ရင်ကျပ်ရောဂါ

ရင်ကျပ်ရောဂါ များဟုလူသိထားကြသော ရောဂါများထဲတွင် ပန်းနာရင်ကျပ်(Brochial asthma) နှင့်လေပြွန်ရောင်ရင်ကျပ်ရောဂါ (COPD) ဟူ၍ အဓိက နှစ်မျိုးရှိပါသည်။

ပန်းနာရင်ကျပ်သည်အများအားဖြင့်အသက်ငယ်ငယ်ကတည်းက စဖြစ်လေ့ဖြစ်ထရှိသည်။ ဓါတ်မတည့်ခြင်း၊ မျိုးရိုးရှိခြင်းတို့နှင့်သက်ဆိုင်တတ်သည်။ ဓါတ်မတည့်ခြင်းဟုဆိုရာတွင် အနံ့ထူးထူးဆန်းဆန်းများ (အမွှေးနံ့သို့မဟုတ်အနံ့ဆိုး)၊ ဆေးလိပ်ငွေ့၊ အမွှေးတိုင်၊ ခြင်ဆေးခွေမှထွက်သော အငွေ့များ၊ စက်ရုံအလုပ်ရုံများမှထွက်သော အငွေ့နှင့်အနံ့များ၊ အမှုန်အမွှားများ၊ ပန်းဝတ်မှုန်များ၊ တိရစ္ဆာန်အမွှေးအမျှင်များ စသဖြင့်ရင်ကျပ်ခြင်းကို ပိုဆိုးစေသော အရာများစွာ ရှိပါသည်။

လူနာတစ်ယောက်နှင့်တစ်ယောက်ဓါတ်မတည့်ပုံခြင်း မတူတတ်ကြသဖြင့်လူနာများအနေဖြင့် မိမိဓါတ်မတည့်ဖြစ်ပြီး ရင်ကျပ်ဖူးသော အရာများကိုမှတ်သားရှောင်ကြဉ်ကြရပါမည်။ တချို့ဆိုလျှင်အစားအသောက်တစ်ခုခုနှင့်မတည့်ဘဲကျပ်သူများလည်း ရှိသည်။ ထို့သို့ဆိုလျှင်လည်း လူနာအနေနှင့်မိမိမတည့်သော အစားကိုသတိထားဆင်ခြင်ကြရပါမည်။ ဆရာဝန်များအနေဖြင့်အများနှင့် ခြုံငုံ၍သာအကြံပေးနိုင်သည်ဖြစ်ရာ တစ်ဦးချင်း မတည့်သည်ကိုလူနာကိုယ်တိုင်ကသာ ပိုမိုသိရှိနိုင်မည်ဖြစ်သဖြင့်မိမိမတည့်တတ်သည့်အရာများ အစားအစာများကိုလူနာကိုယ်တိုင်က မှတ်သားထားသင့်ပါသည်။

လေပြွန်ရောင် ရင်ကျပ်ရောဂါ အမျိုးအစားသည် အများအားဖြင့်အသက်၄၀နောက်ပိုင်းမှသာဖြစ်လာတတ်သည်။ ဆေးလိပ်သောက်ခြင်းနှင့်အများအားဖြင့်သက်ဆိုင်သည်။ သို့သော်တစ်ခါတစ်ရံဆေးလိပ်လုံးဝမသောက်သော်လည်း မီးသွေး ထင်းမီးဖိုများ၊ စက်ရုံ ခြင်ဆေးခွေစသည်မှထွက်သော အငွေ့များကို ရှူရပါများလာလျှင်လည်း ဖြစ်လာတတ်ပါသည်။ တစ်ချို့အမေကြီးများဆိုလျှင်ဆေးလိပ်လုံးဝမသောက်ပါဘဲနှင့်လည်း မီးသွေးထင်းစသည်နှင့်ထမင်းဟင်းချက်တာ ကြာလာပြီးဖြစ်ပွားကြခြင်းများလည်းရှိပါသည်။ ရင်ကျပ်ဖြစ်လာပြီဆိုလျှင်ပန်းနာရင်ကျပ်အမျိုးအစားသည်အများအားဖြင့်လူနာနှင့်ဓါတ်မတည့်သော အရာများကို ရှူမိထိတွေ့မိသော အချိန်တွင်ထဖောက်တတ်သည်။ သိပ်မဆိုးဘဲ ဆေးရှူလိုက်ရုံနှင့်သက်သာသွားတတ်သလိုတစ်ခါတစ်ရံအလွန်အမင်းပြင်းထန်ပြီး ဆေးရုံတက်ရခြင်း အသက်အန္ကရာယ်စိုးရိမ်ရခြင်းများပါဖြစ်တတ်ပါသည်။ ကြားထဲ ဓါတ်မတည့်သော အရာနှင့်ထိတွေ့ခြင်းမရှိချိန်တွင်မူပုံမှန်ကောင်းနေတတ်ပါသည်။ ထို့ကြောင့်ဓါတ်မတည့်တတ်သော အရာကိုရှောင်ရန်အလွန်အရေးကြီးပါသည်။

လေပြွန်ရောင်ရင်ကျပ်ရောဂါမှာမူထိုသို့မဟုတ်ချေ။ နာတာရှည်ချောင်းဆိုးနေတတ်ပြီးအနည်းငယ်လှုပ်ရှားရုံဖြင့်မောပန်းလွယ်နေတတ်သည်။ ရောဂါရင့်လာသည်နှင့်အမျှအဆုတ်သွေးကြောဖိအားများလာခြင်း၊ နှလုံးထိခိုက်လာခြင်းများဖြစ်လာပြီးကိုယ်လက်ဖောရောင်လာခြင်းများအထိဖြစ်လာတတ်သည်။ တခြားတွဲဖက်ဖြစ်တတ်သော ရောဂါများအနေဖြင့်နှလုံးသွေးကြောကျဉ်းခြင်း၊ အရိုးပါးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အဆုတ်ကင်ဆာရောဂါများအထိဖြစ်တတ်ပါသည်။ ရင်ကျပ်ရောဂါနှစ်မျိုးလုံးတွင်အသည်းအသန်ရောဂါဖောက်သော အဆင့်ဟူ၍ ရှိတတ်ပြီးထိုအဆင့်တွင်စက်ဖြင့်ဆေးရှူရခြင်း၊ ထိုးဆေးထိုးရခြင်း၊ အသက်ရှူစက်တင်ရခြင်း စသည်တို့အထိပြုလုပ်ရတတ်ပြီး အသက်အန္ကရာယ်ပင်စိုးရိမ်ရတတ်ပါသည်။

ရင်ကျပ်ရောဂါဘယ်လိုကုရမလဲ

ပန်းနာရင်ကျပ်ရောဂါသည်များအနေဖြင့်အထက်တွင်ဖော်ပြခဲ့သလို မိမိမတည့်သော အရာများကိုသတိထားမှတ်သားပြီး ရှောင်ကြဉ်ကြရန်လိုအပ်ပါသည်။ ထိုသို့လုပ်ဆောင်နိုင်ရန်အမြဲတမ်းတော့လွယ်ကူမည်မဟုတ်ပါချေ။ မိသားစုဝင်များ အပေါင်းအဖော်များ၏ ကူညီဖေးမမှုလိုအပ်ပါသည်။ အိမ်တွင်လေကောင်းလေသန့်ရရန်၊ မီးဖို ခြင်ဆေး အမွှေးတိုင်စသည်တို့မှအငွေ့များ အိမ်တွင်းတွင်မပြန့်နေစေရန်၊အမွှေးပွပါသော စောင်၊ အရုပ်စသည်တို့ကိုရှောင်ကြဉ်ရန်၊ ဖုန်ထူမည့်နေရာများကိုရှောင်ကြဉ်ရန်၊ အိမ်တွင်တိရစ္ဆာန်များဖြစ်နိုင်ပါက မမွေးရန်လိုအပ်ပါသည်။ တစ်ခါတစ်ရံအလုပ်ထဲရှိအနံ့၊ အငွေ့စသည်တို့နှင့်မတည့်ဘဲ ရင်ကြပ်တတ်သူများဆိုလျှင်အလုပ်ပြောင်းရသည်အထိပင်ဖြစ်တတ်ကြပါသည်။

လေပြွှန်ရောင်ရင်ကျပ်ရောဂါသည် ပန်းနာရင်ကျပ်ကဲ့သို့ ဓါတ်မတည့်သည် မဖြစ်တတ်သော်လည်းအနံ့များ မီးခိုးများစသည်တို့နှင့်ထိတွေ့ရလျှင်ပိုကြပ်တတ်ခြင်းများရှိတတ်ပါသည်။ ထို့အပြင်ရောဂါဖြစ်ပွားခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည့်ဆေးလိပ်များ၊ မီးခိုး အငွေ့စသည်များကိုလုံးဝအပြည့်အဝမရှောင်ကြဉ်နိုင်ပါက ရောဂါပိုဆိုးလာခြင်းကိုမတားဆီးနိုင်ချေ။ ထို့ကြောင့်ဆေးလိပ်သောက်တတ်သူများအနေဖြင့်ဆေးလိပ်ကိုလုံးဝဖြတ်ရန်လိုအပ်ပါသည်။ လျှော့သောက်ရုံနှင့်ရောဂါပိုဆိုးခြင်းကိုမကာကွယ်နိုင်ပါ။ တခြား မီးခိုးနှင့်ထိတွေ့ရသော အကြောင်းများဖြစ်သည့်မီးသွေးမီးဖို၊ ခြင်ဆေးခွေ၊ အမွှေးတိုင်တို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရပါမည်။

ကုသရာတွင်အသုံးပြုသော ဆေးဝါးများအနေဖြင့်ပြောရလျှင်ရှူရသောဆေးဂေါက်ဟုခေါ်လေ့ရှိသော Inhaler ရှူဆေးများသည်ပထမအဆင့်သုံးရသောဆေးများဖြစ်သည်။

သောက်ဆေး ထိုးဆေးများထက်ဘေးထွက်ဆိုးကျိုးပိုနည်းပါသည်။ ထိုသည်ကိုလူနာတချို့က ရှူဆေးသည်နောက်ဆုံးအဆင့်ဟုအထင်မှားကာ မသုံးစွဲကြဘဲ သောက်ဆေးများကိုသာ ဦးစားပေးသောက်နေကြသည်ကိုတွေ့ရှိရသည်။ တချို့ဆိုလျှင်သောက်ဆေးများကိုစပ်ဆေးရောင်းသူများက ညွှန်သည့်အတိုင်းသောက်ရင်းမှ Prednisolone, Dexamethasone စသည့်ဆေးများကိုရေရှည်စွဲသောက်နေမိတတ်သည်။

ထိုဆေးများသည် ရင်ကျပ်လက္ခဏာများကိုအမြန်သက်သာသွားစေနိုင်သည်မှာ မှန်သော်လည်း ရေရှည်စွဲသောက်မိလျှင်သွေးတိုးခြင်း၊ ဆီးချိုဝင်လာခြင်း၊ အရေပြားပါးလာခြင်း၊ အရိုးပါးကာ အရိုးကျိုးလွယ်ခြင်းများဆက်လက်ဖြစ်ပေါ်လာတတ်သည့်အတွက်ရေရှည်မသုံးစွဲသင့်ချေ။Inhaler ရှူဆေးများသည်သောက်ဆေးထက်စာလျှင်ဆေးတန်ဖိုးပိုမိုများပြားတတ်ပါသည်။ ထို့ကြောင့်လည်း တချို့အနေနှင့်ငွေကြေးအခက်အခဲကြောင့်မရှူနိုင်ဘဲ ဖြစ်တတ်ပါသည်။ သို့သော်ဆေးပုံမှန်မသုံးစွဲခြင်းကြောင့်ရောဂါထဖောက်ကာ ဆေးရုံတက်ရခြင်းများဖြစ်လျှင်ကုန်ကျမည့်စရိတ်များနှင့်နှိုင်းယှဉ်တွက်ဆကြည့်ပါက ဆေးပုံမှန်သုံးစွဲခြင်းက တွက်ခြေပိုကိုက်ပါမည်။ Prednisolone

လိုသောက်ဆေးကလည်း ဈေးနှုန်းအားဖြင့်သက်သာသည်မှာ မှန်သော်လည်း သူ့ကြောင့်ဖြစ်လာသည့်ဘေးထွက်ဆိုးကျိုးများကိုလိုက်ကုရမည့်ကုန်ကျစရိတ်က ရေရှည်တွင်ပိုများသွားပါလိမ့်မည်။

တချို့မှာ Inhaler ရှူဆေးသုံးစွဲနေကြသော်လည်း ရင်ကျပ်ချိန်မှရှူရမည့်ရှူဆေးနှင့်ပုံမှန်ရှူရမည့်ရှူဆေးကို မကွဲဘဲ စနစ်တကျသုံးစွဲခြင်း မရှိသည့်အတွက်ရောဂါမသက်သာသည်များရှိတတ်ပါသည်။ တချို့ကမူရှူဆေး ရှူပုံမမှန်သောကြောင့်မသက်သာခြင်းများလည်းရှိပါသည်။ ထို့ကြောင့်လည်းဆရာဝန်ညွှန်ကြားသည့်အတိုင်းစနစ်တကျ လိုက်နာသုံးစွဲရန်လိုအပ်ပါသည်။ တချို့ဆေးမရှူတတ်သူများအတွက်ပြောင်းဟုအလွယ်ခေါ်ကြသော Spacer များတဆင့်ခံသုံးစွဲရန်ရှိပါသည်။ တချို့မှာမူInhaler အဆင့်နှင့်မရတော့သောကြောင့်သောက်ဆေးသောက်သုံးရသည်များ ရှိတတ်ပါသည်။ မကြာခဏဆေးသွားထိုးခြင်းသည်လည်း အခန့်မသင့်လျှင်ထိုးဆေးတချို့ကြောင့်Prednisolone ၏ဘေးထွက်ဆိုးကျိုးကဲ့သို့ဆိုးကျိုးများဖြစ်ပေါ်တတ်ရာ မလိုအပ်ဘဲ ဆေးထိုးမိအစား ကျွမ်းကျင်သောဆရာဝန်နှင့်စနစ်တကျ ကုသမှုခံယူသင့်ပါသည်။

အချုပ်အားဖြင့်ဆိုရသော်ရင်ကျပ်ရောဂါများသည်ရှောင်ကြဉ်သင့်သည်များကိုစနစ်တကျမရှောင်ကြဉ်ပါက ရောဂါသက်သာမည်မဟုတ်သလို ဆေးများကိုလည်း စနစ်တကျ မသုံးစွဲပါက ရောဂါမသက်သာခြင်း၊ ဘေးထွက်ဆိုးကျိုးများခြင်းများ ဖြစ်ပေါ်တတ်ပါသည်။

Inhaler ခေါ် ရှူဆေးသည်လည်းနောက်ဆုံးအဆင့်ဆေးမဟုတ်ဘဲ စသုံးသင့်သော ဆေးဖြစ်သည်။ ရှူဆေးများတွင်လည်းအမျိုးအစားပေါ်မူတည်ပြီး ရင်ကြပ်မှရှူရန်လိုသော ဆေးနှင့်ပုံမှန်ရှူရမည့်ဆေးစသည်ဖြင့်ရှိရာဆရာဝန်ညွှန်ကြားမှုကို သေချာ မမှတ်သား မလိုက်နာဘဲ ပုံမှန်ရှူသင့်သည်ကို ပုံမှန်မရှူ၊ ကြပ်မှရှူသင့်သည်ကိုပုံမှန်ရှူနေပါကလည်း ထိရောက်မည်မဟုတ်ပါချေ။ ထို့ကြောင့်လည်း ဆရာဝန်၏ ညွှန်ကြားချက်ကိုသေချာစွာ လိုက်နာကုသသွားကြပါရန်အသိပေးလိုက်ရပါသည်။

(Hello ဆရာဝန်မှ ကူးယူဖော်ပြပါသည်။)

ရင်ကျပ်ခြင်းနှင့်ပတ်သက်၍ ပိုမို ဖတ်ရှုရန်
https://sacministry.gov.mm/my/article/2121

four ways to attack your aasthma

ပန်းနာရင်ကျပ်ရောဂါရှိတဲ့သူတွေက ကိုယ့်နဲ့မတည့်တဲ့ ပန်းဝတ်မှုန်၊ မှို၊ ဖုန် စတဲ့အရာတွေ၊ အေးတဲ့ရာသီဥတုတွေဆိုရင် ပန်းနာရင်ကျပ် ထပြီးတော့ အရေးပေါ်ကုသမှု ခံယူကြရပါတယ်။ အထူးသဖြင့် ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီတွေမှာ ရောဂါပိုထတတ်လို့ ဒီရာသီတွေမှာ ကိုယ့်ရဲ့ရောဂါလက္ခဏာတွေကို သေချာစစ်ဆေးဖို့ လိုပါတယ်။ ပြီးတော့ ဒီအချက်လေးတွေကိုလည်း သတိထားဖို့ လိုပါတယ်။

 ကိုယ့်အတွက် ဆရာဝန်ညွှန်ထားတဲ့ ရှူဆေး (inhaler) ကို အနားမှာ အမြဲဆောင်ထားပါ။
 ပန်းနာရင်ကျပ်က မမျှော်လင့်တဲ့အချိန်မှာလည်း ရုတ်တရက်ကြီး ရောဂါထဖောက်နိုင်တဲ့အတွက် အမြဲပြင်ထားဖို့ လိုပါတယ်၊ ကိုယ့်ရဲ့ပန်းနာရင်ကျပ်ရောဂါက ကောင်းကောင်းထိန်းချုပ်နိုင်နေပြီ (သို့) ရောဂါမပေါ်တာ နည်းနည်းကြာပြီဆိုရင်တောင်မှ ကိုယ့်လက်လှမ်းမှီနိုင်မယ့်နေရာမှာ inhaler ကို အမြဲဆောင်ထားပါ။ ဒါမှအရေးပေါ်လာရင် ချက်ချင်းရှူလို့ရမှာပါ။

စတီးရွိုက် ရှူဆေး (Steroid inhaler) ကို ဘယ်အချိန်မှာထည့်ရှူဖို့လိုလဲဆိုတာကိုသိဖို့လိုပါတယ်။
ပန်းနာရင်ကျပ်လူနာတိုင်းမှာ ရောဂါထလာရင် ဘာလုပ်ရမယ်ဆိုတာကို ဆရာဝန်က ညွှန်ကြားထားတာ ရှိပါတယ်။ ရှူဆေးမှာ ကိုယ်အမြဲတမ်း ရှူရတဲ့ ရှူဆေး နဲ့ စတီးရွိုက် ရှူဆေး (Steroid inhaler) ဆိုပြီးရှိပါတယ်။ စတီးရွိုက် ရှူဆေး (Steroid inhaler) ကို ဘယ်အချိန်မှာ ရှူရမယ်ဆိုတာကို သိထားဖို့လည်း အရေးကြီးပါတယ်။

တုပ်ကွေးကာကွယ်ဆေး ထိုးထားပါ။
ပန်းနာရင်ကျပ်သမားတွေအနေနဲ့ တုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေနဲ့ လူကြီးတွေမှာ တုပ်ကွေးကြောင့် ဆေးရုံတက်ရတဲ့ အကြောင်းအရင်းထဲမှာ ပန်းနာရင်ကျပ်က အတွေ့ရအများဆုံးဖြစ်လို့ပါ။ တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ပန်းနာရင်ကျပ်ထတာ၊ အဆုတ်ရောင်တာတွေကို ကာကွယ်ပေးပြီးတော့ ဆေးရုံတက်ရတာကို လျော့ကျစေတဲ့အပြင် တခြားသူတွေကို တုပ်ကွေးကူးတာကိုလည်း လျော့ကျစေပါတယ်။

ဘယ်အချိန်မှာဆေးရုံ၊ ဆေးခန်းသွားပြဖို့ လိုပြီလဲဆိုတာကိုလည်း သိထားရပါမယ်။
 ပန်းနာရင်ကျပ်ထရင်ဘာလုပ်ရမယ်ဆိုတဲ့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး လုပ်ခဲ့ပေမယ့်လည်း ရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ အသက်ရှူရင် တရွှီရွှီမြည်၊ ကိုယ်ပူ စတာတွေ ရှိနေသေးတယ် ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပြဖို့ လိုပါတယ်။ အသက်ရှူရခက်ခြင်း၊ မူးဝေထိုင်းမှိုင်းခြင်း၊ မိုက်ခနဲဖြစ်ခြင်းစတဲ့ အသက်အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ခံစားရရင်တော့ နီးစပ်ရာဆေးရုံကို ချက်ချင်းသွားပြီး အရေးပေါ် ကုသမှုခံယူပါ။

Dr. Mya Myo Myo Swe 

(www.drmyanmar.com)  မှ ကူးယူဖော်ပြပါသည်။

ပန်းနာရင်ကျပ်ရှိသူများ ရှောင်ကြဉ်သင့်သည့် အလုပ် ၅ မျိုး

ပန်းနာရင်ကျပ်ဆိုသည်မှာ အသက်ရှူလမ်းကြောင်းကို ရောင်ရမ်းပြီး ကျဉ်းစေသော နာတာရှည် အဆုတ်ရောင်ရမ်း ခြင်းဖြစ်သည်။ ပန်းနာရင်ကျပ်ရှိသူများသည် နေ့စဉ်ဘဝတွင် ပြဿနာမျိုးစုံကို ရင်ဆိုင်ရသည်။ သူငယ်ချင်းများနှင့် ပျော်ပွဲ စားထွက်သည်မှစပြီး အားကစားလုပ်သည်အထိ ပြဿနာများ နှင့် ရင်ဆိုင်ရသည်။ ပန်းနာရင်ကျပ်ရှိသူများ မလုပ်သင့်သော အလုပ် ၅ ခုကို အောက်တွင် ဖော်ပြထားပါသည်။

လေ့ကျင့်ခန်းလုပ်ခြင်း

ကျွန်တော်တို့ နေ့စဉ်ဘဝတွင် အသက်ရှူရန် နှာခေါင်းကို သုံးကြသည်။ လေသည် နှာခေါင်းလမ်းကြောင်းထဲ ဖြတ်သွား သောအခါ ပူနွေးပြီး စိုစွတ်လာသည်။ သို့သော်လည်း ဘောလုံး သမား ကဲ့သို့ လေ့ကျင့်ခန်းလုပ်ရသော လူများသည် ပါးစပ် ဖြင့် လေရှူသွင်းသည်။ ပန်းနာရင်ကျပ်ရှိသူများ၏ အသက်ရှူ လမ်းကြောင်းသည် စိုထိုင်းမှုနှင့် အပူချိန်ကို တုံ့ပြန်မှုအလွန် များသည်။ ရုတ်တရက် ပြောင်းလဲပါက အသက်ရှူ လမ်းကြောင်း ကျဉ်းပြီး ပန်းနာရင်ကျပ်လက္ခဏာများ အစပျိုး လာသည်။

သို့သော်လည်း အားကစားအားလုံးသည် ပန်းနာရင်ကျပ်ရှိသူများကို ဆိုးစေသည်ဟု မဆိုလိုပါ။ ကြာရှည်စွာ ဆော့ရသော အားကစားများနှင့် အေးသောနေရာများတွင် ဆော့ရသော အားကစားများကို သာ ရှောင်သင့်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းသည် မည်သူအတွက်မဆို ကောင်းသော အပန်းဖြေခြင်းတစ်ခု မဟုတ်ပါ။ ပန်းနာရင်ကျပ်ရှိသူများအတွက် ဆေးလိပ်သောက်ခြင်းသည် အလွန်အမင်း အဆိပ်ဖြစ်စေပါသည်။ စီးကရက် အငွေ့တွင် ဓါတုဗေဒ ပစ္စည်းများ၊ အန္တရာယ်ရှိသော အငွေ့များ များစွာပါဝင်သည်။ ထိုအငွေ့များသည် အဆုတ်များကို ရောင်ရမ်းစေနိုင်သည်။ ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းသည် မွေးကင်းစ ကလေးငယ်များတွင် ပန်းနာရင်ကျပ်ဖြစ်စေသည်ဟု သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

အိမ်မွေးတိရစ္ဆာန်များ မွေးခြင်း

တိရစ္ဆာန်များသည် ချစ်ဖို့ကောင်းပြီး သူတို့ကို ဖက်ရသည် မှာ ခေါင်းအုံးကို ဖက်ရသကဲ့သို့ ခံစားရသည်။ သဘောကောင်း ပြီး အန္တရာယ်မရှိသော်လည်း အိမ်မွေးတိရစ္ဆာန်များ၏ အရေပြား၊ အမွေး၊ တံတွေးနှင့် အညစ်အကြေးများသည် ပန်းနာရင်ကျပ်ကို ဆိုးရွားစေသော စာရင်းတွင်ပါဝင်သည်။ ဖြစ်နိုင်ခြေနည်းစေရန် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း ကို ကြိုးစားရှောင်ပါ။

အိမ်တွင်း ဥယျာဉ် စိုက်ပျိုးခြင်း

သစ်ပင်များသည် အောက်စီဂျင်ထုတ်ပြီး လေကို သန့်စင်ပေးသည်ကို ကျွန်တော်တို့အားလုံး သိပါသည်။ အိမ်အတွင်းတွင် အပင်များစိုက်ခြင်းသည် သင့်တော်သော ရွေးချယ်မှု တစ်ခုဖြစ်ပုံပေါ်သည်။ အမှန်တော့မဟုတ်ပါ။ အချို့ပန်းနာရင်ကျပ်ရောဂါရှိသူများသည် ပန်းများမှ ဝတ်ဆံမှုန်ကို ဓါတ်မတည့်ကြပါ။ ဝတ်ဆံမှုန်ကို ရှုမိပါက ဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါ ဖောက်မှု ဖြစ်စေသည်။ ထို့အပြင် လူအများစုသည် အပင်များကို အမှန်တကယ် ဂရုစိုက်ရန် အချိန်မရှိပါ။ ရေကို အလွန်လောင်းနိုင်သည်။ နေရောင်တိုက်ရိုက်မရဘဲ ထားကာ သစ်ရွက်ဟောင်းများကို ချက်ချင်း လွှတ်ပစ်နိုင်သည်။ ၎င်းသည် မှိုများပေါက်စေပြီး လူတိုင်း၏ ကျန်းမာရေး အခြေအနေအတွက် မကောင်းပါ။

ပြင်းထန်သော စိတ်ခံစားမှုများရှိခြင်း

ငိုခြင်း၊ အော်ဟစ်ခြင်း၊ စိတ်ဆိုး ဒေါသထွက်ခြင်း၊ ကြောက်လန့်ခြင်း သို့မဟုတ် စိတ်ဖိစီးခြင်းသည် ပန်းနာရင်ကျပ်ရောဂါ ဖောက်ခြင်းကို ဖြစ်စေနိုင်သည်။ ထို ပြင်းထန်သော စိတ်ခံစားမှုများသည် သင်၏ နှလုံးခုန်သံကို ပိုမြန်စေသည်။ အသက်ရှူ ပိုမြန်စေပြီး အသက်ရှူလမ်းကြောင်းကို ကျုံ့စေသည်။ ငိုခြင်း၊ အော်ဟစ်ခြင်းသာမက အလွန်အမင်း ရယ်မောခြင်းသည်လည်း အလားတူ တုံ့ပြန်ခြင်းကို ဖြစ်စေနိုင်သည်။

နိဂုံးချုပ်ဆိုရသော် ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပါက သင်သည် အခြားလူများထက် ပတ်ဝန်းကျင်အချက်များကို ပိုပြီး ထိခိုက်လွယ်စေသည်။ သင်သည် သင့်ခန္ဓါကိုယ်ကို ပိုပြီး ဂရုစိုက်ရန် လိုအပ်သည်။ ရောဂါလက္ခဏာများ အားလုံးကို စောင့်ကြည့်ပြီး သောက်ရန် ညွှန်ကြားထားသော ဆေးများကို သောက်ပါ။ အကောင်းမြင်စိတ် ထားပါ။ ပန်းနာရင်ကျပ်သည် သင်၏ အပြင်ထွက်ခြင်း၊ သူငယ်ချင်းများနှင့် ပျော်ပါးခြင်း၊ သက်တမ်းစေ့ နေခြင်းကို မတားဆီးနိုင်ပါ။

ဟင်းခတ်ငရုတ်ကောင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ

ငရုတ်ကောင်းဆိုသည်မှာ ဟင်းခတ်အမွှေးအကြိုင်များတွင် လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွင် ငရုတ်ကောင်း၏ အရသာသည် ပူစပ်ဆိမ့်အရသာဖြစ်သည်။ အနံ့စူးရှပြီး တေဇောဓာတ်၊ အာကာသဓာတ်နှင့် အားဖြစ်စေသည့် ပထဝီဓာတ်လည်းရှိသည်။ ခန္ဓာကိုယ်ပူနွေးစေသည့် အပူအပွင့်ဓာတ်ကို ရရှိစေပြီး အအေးဒဏ်ကိုလည်း ကာကွယ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငရုတ်ကောင်းကို နေ့စဉ် စားသုံးကြခြင်းဖြစ်သည်။ ငရုပ်ကောင်းစားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဗဟုသုတဖြစ်စေရန် ဖော်ပြပေးပါမည်။

ငရုတ်ကောင်းတွင် “ပိုက်ပါရင်း” ဟူသည့်ဒြပ်ပါဝင်သောကြောင့် စိတ်ကျရောဂါခံစားနေရသူများအတွက် ဦးနှောက်၏လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး မှတ်ဉာဏ် ကောင်းမွန်စေသည်။ သုတေသနဖော်ပြချက်များအရ နေ့စဉ် ငရုတ်ကောင်းအနည်းငယ်ကို ပုံမှန်စားပေးခြင်းဖြင့် စိတ်ကျရောဂါသက်သာစေပြီး ဦးနှောက်စွမ်းရည်ကို သိသိသာသာ တိုးတက်စေသည်။ ငရုတ်ကောင်းသည် အက်စစ်ဓာတ်ထွက်ရှိမှုကို အားပေးပြီး အစာချေဖျက်မှု ပိုကောင်းစေသည်။ လေလည်စေပြီး ချွေးထွက်ခြင်းနှင့် ဆီးသွားခြင်းကို နှိုးဆွပေးနိုင်စွမ်းရှိသောကြောင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ကင်းစင်စေသည်။

ငရုတ်ကောင်းတွင် အဆီဆဲလ်များကိုပြိုကွဲစေပြီး ကိုယ်အလေးချိန်ကျမှုကို မြန်ဆန်စေသည်။ ငရုတ်ကောင်းတွင် ချောင်းဆိုးခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများကို လျော့ပါးသက်သာစေသည်။ ချောင်းအရမ်းဆိုးနေသည့်အချိန်တွင် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံခန့်ကို ပျားရည်တစ်ဇွန်းနှင့်ရော၍စားပေးလျှင် သက်သာစေနိုင်သည်။

နှလုံးသွေးကြောနံရံများတွင် သွေးတွင်းအဆီများကို ငရုတ်ကောင်းက ဖယ်ရှားပေးနိုင်သည်။ ငရုတ်ကောင်းတွင် သွားကိုက်ခြင်းနှင့် သွားဖုံးရောဂါများကိုလည်း သက်သာစေသည့် အာနိသင်ရှိသည်။ ထို့ပြင် ပိုးမွှားများကို သေစေနိုင်သည့် အာနိသင်ရှိသောကြောင့် ဘက်တီးရီးယားပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်သည်။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ရန် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံကို ဒိန်ချဉ်ခွက်တွင် ထည့်၍မွှေပြီး ဦးရေပြားတွင်လိမ်း၍ နာရီဝက်ခန့် နှပ်ထားပါ။ ထို့နောက် ပုံမှန်အတိုင်း ခေါင်းလျှော်ပေးခြင်းဖြင့် ဆံပင်ဖြူခြင်းကို ဟန့်တားနိုင်ပါသည်။ ငရုတ်ကောင်းမှုန့်ကို နှမ်းဆီအနည်းငယ်ဖြင့် အရေပြားတွင် လိမ်းပေးလျှင် သွေးလည်ပတ်မှုကောင်းစေပြီး အဆစ်နာဝေဒနာများကို သက်သာစေသည့် အပြင်ယူရစ်အက်စစ်ကိုလည်းလျော့ပါးစေသည်။

ငရုပ်ကောင်းတွင် ကောင်းကျိုးများစွာရှိသည်ဆိုသော်လည်း နာတာရှည် အစာအိမ်ဝေဒနာရှင်များအနေဖြင့် လုံးဝစားသုံးရန် မသင့်လျော်သည့် အစားအစာပင်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ကိုးကား-မြန်မာ့တိုင်းရင်းဆေးသုတေသနဌာန၊ Helloဆရာဝန်

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Photo: Pinterest

ရဲယိုသီး၏ ကောင်းကျိုးများ

ရဲယိုသီးသည် အမြင်အားဖြင့် မလှပသကဲ့သို့ အနံ့အရသာအနေဖြင့်လည်း ဆွဲဆောင်မှုမရှိသော်လည်း ရဲယိုသီးတွင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိသည်။ ရဲယိုသီးနှင့် အရွက်သည် “အစာလည်းဆေး၊ ဆေးလည်းအစာ” ဟုပင် ဆိုရလောက်အောင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့် စားစရာအပင်မျိုးဖြစ်သည်။ ရဲယိုရွက်ကို ဟင်းထုတ် ထုတ်စားခြင်း၊ ငါးနှင့်ရော၍ စင်းကောချက်ခြင်းများရှိသကဲ့သို ရဲယိုသီးကို ဖျော်ရည်လုပ်သောက်ခြင်း၊ ရဲယိုသီးဝိုင်လုပ်၍ သောက်ခြင်းများလည်း တွေ့ရသည်။

ရဲယိုရွက်၊ ရဲယိုသီးတို့တွင် ပရိုတင်း၊ အမျှင်ဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သွေးတိုးကျစေနိုင်သည့် ပိုတက်ဆီယမ်တို့ ပါဝင်ပါသည်။ ရဲယိုသီးစားခြင်းဖြင့် ကုသပေးနိုင်သော ရောဂါများမှာ ကင်ဆာ၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ လေဖြတ်၊ လေးဘက်နာ၊ ဂေါက်ရောဂါ၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်စွမ်းရည် မကောင်းခြင်း၊ အဝလွန်ခြင်း၊ ရင်ကျပ်ခြင်း၊ သူငယ်ပြန်ခြင်း၊ အယ်ဇိုင်းမား စသည့်ရောဂါများအပြင် ရောဂါမျိုးပေါင်း (၁၀၁)မျိုးကို ကုသနိုင်သည်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး နာတာရှည်ရောဂါများ မဝင် ရောက်စေရန် တားဆီးကာကွယ်ပေးသည်။

ရဲယိုသီးတွင် ကင်ဆာဆဲလ်များကို တုံ့ပြန်တိုက်ခိုက်နိုင်အောင်လုပ်ဆောင်ပေးသလို ကင်ဆာကျိတ်များ ကြီးမလာအောင်လည်း ဟန့်တားပေးနိုင်သည်။ ပိုတက်ဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကျစေနိုင်သည့်ပြင် သွေးကြောများကို ပြေလျော့စေသည်။ သွေးတွင်းရှိ ကိုလက်စထ ရောများကို ကျဆင်းစေပြီး သွေးကြောထဲတွင် အဆီများစုပုံခြင်း မဖြစ်ပွားအောင် ကာကွယ် ပေးနိုင်သည်။ အမျှင်ဓာတ်များစွာ ပါဝင်သောကြောင့် ဝမ်းမှန်စေသည်။ ရဲယိုသီးမှည့်ကို ကြိတ်ချေ၍ ဆားအနည်းငယ် ထည့်ကာ သောက်သုံးပေးလျှင် ချောင်းဆိုးပျောက်စေသည်။ ဆီးချို အတွက် အသုံးတည့်သကဲ့သို့ အမျိုးသမီးများ အဖြူဆင်းခြင်းနှင့် မအီမသာ ဖြစ်ခြင်းတို့အတွက် လည်း သက်သာပျောက်ကင်းစေသည်။ အမျိုးသမီးများတွင် ရာသီသွေးမှန်စေနိုင်သကဲ့သို့ သွေးမဆုံး ခင်ခံစားရနိုင်သည့် အကြိုလက္ခဏာများကိုလည်း သက်သာစေနိုင်သည်။ ထို့ပြင် မျက်စိအတွင်း တိမ် ကာကွယ်ရန်၊ ကင်ဆာရောဂါကာကွယ်ရန်နှင့် လေမဖြတ်စေရန်အတွက် အထူး သင့်တော်သည့် ဓာတ်စာတစ်ခုဖြစ်သည်။

သို့သော် ရဲယိုသီး၊ ရဲယိုရွက်များစားသုံးခြင်းဖြင့် ကောင်းကျိုးများစွာရှိသကဲ့သို့ ဆိုးကျိုးများ အနည်းငယ်ရှိသည်။ ၎င်းတို့မှာ ရဲယိုသီးသည် အပူစာဖြစ်သောကြောင့် ဓာတ်မတည့်သူများတွင် ဆံပင်ကျွတ်ခြင်း၊ ရင်ပူခြင်းတို့ဖြစ်စေနိုင်သည့်အတွက် ချင့်ချိန် စားသောက်ရန်လိုအပ်ပါသည်။

ကိုးကား-"အစိမ်းရောင်လမ်း”၊ Helloဆရာဝန်၊ ONDoctor Website 

မီးဖိုချောင်ထဲမှမြေအိုးယဉ်ကျေးမှု

အိုးခွက်ပန်းကန်များသည် လူတို့အဖို့ မရှိမဖြစ်သော ပစ္စည်းများဖြစ်သည်။ ရှေးမြန်မာတို့သည် အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် မြေအိုး၊ မြေခွက်၊ မြေပန်းကန်လုံး များကို တီထွင်ဆန်းသစ်လုပ်ကိုင်ခဲ့ရာမှ မြေအိုးလုပ်ငန်း ထွန်းကားခဲ့ဟန်တူသည်။ ရှေးယခင်က မြန်မာ မီးဖိုချောင်များတွင် မြေအိုး၊ မြေခွက်၊ မြေပန်းကန်၊ မြေဇလုံ တို့ကို ထမင်းဟင်း ချက်ပြုတ်ရန်အပြင် ဆား၊ နနွင်း၊ အရောင်တင်၊ ငပိ၊ ငရုပ်သီးမှုန့် စသည်တို့ကို ထည့်၍ အသုံးပြုခဲ့ကြသည်။ ယခုအခါ မြို့နေ  လူတန်းစားများအနေဖြင့် မြေအိုး၊ မြေခွက်နှင့်ပက်သက်၍ မီးဖိုချောင်ထဲတွင် သောက်ရေအိုး တစ်မျိုးတည်း ကိုသာ အသုံးပ

အိုးခွက်ပန်းကန်များသည် လူတို့အဖို့ မရှိမဖြစ်သော ပစ္စည်းများဖြစ်သည်။ ရှေးမြန်မာတို့သည် အစားအသောက် ချက်ပြုတ်ရန်နှင့် သိုလှောင်သိမ်းဆည်းရန်အတွက် မြေအိုး၊ မြေခွက်၊ မြေပန်းကန်လုံး များကို တီထွင်ဆန်းသစ်လုပ်ကိုင်ခဲ့ရာမှ မြေအိုးလုပ်ငန်း ထွန်းကားခဲ့ဟန်တူသည်။ ရှေးယခင်က မြန်မာ မီးဖိုချောင်များတွင် မြေအိုး၊ မြေခွက်၊ မြေပန်းကန်၊ မြေဇလုံ တို့ကို ထမင်းဟင်း ချက်ပြုတ်ရန်အပြင် ဆား၊ နနွင်း၊ အရောင်တင်၊ ငပိ၊ ငရုပ်သီးမှုန့် စသည်တို့ကို ထည့်၍ အသုံးပြုခဲ့ကြသည်။ ယခုအခါ မြို့နေ  လူတန်းစားများအနေဖြင့် မြေအိုး၊ မြေခွက်နှင့်ပက်သက်၍ မီးဖိုချောင်ထဲတွင် သောက်ရေအိုး တစ်မျိုးတည်း ကိုသာ အသုံးပြုနေသေးသည်ကို တွေ့ရသည်။ သို့သော်လည်း ပလက်စတစ်ရေသန့်ဗူးများဖြင့် ရေဝယ် သောက်ကြသော ယဉ်ကျေးမှုတစ်ခု စိမ့်ဝင်လာသောကြောင့် မြေထည်သောက်ရေအိုးများကိုပင် အိမ်တိုင်း တွင် မတွေ့ရတော့ပေ။ မျက်မှောက်ခေတ်တွင် လျှပ်စစ်ထမင်းပေါင်းအိုး၊ ဒယ်နီအိုး၊ သုံးမိနစ်ရေနွေးအိုး လျှပ်စစ်အသားပေါင်းအိုး၊ ဒန်အိုး၊ သတ္တုအိုး စသည်တို့ဖြင့် လွယ်ကူစွာ ချက်ပြုတ်လာကြသဖြင့် မြေအိုးဖြင့် ထမင်းချက်ခြင်း၊ ဟင်းချက်ခြင်း၊ ရေနွေးကျိုခြင်း၊ အသား/ငါးပေါင်းခြင်းစသည်တို့ကို ယနေ့ခေတ်လူငယ်များ မမြင်ဖူးကြတော့ချေ။ မြို့ပြမိသားစုများအနေဖြင့် မြေအိုးဖြင့် ချက်ပြုတ်သော ထမင်း၊ ဟင်းများကို စားသောက်လိုပါက ငွေကြေး အကုန်အကျခံကာ “မြေအိုးထမင်းဆိုင်”၊ “မြေအိုးမူကထ”၊ “မြေအိုး မြီးရှည်”စသည်တို့ကိုသာ သွားရောက်စားသောက်ကြရသည်။ ထို့ပြင် အချို့အရပ်ဒေသများတွင် နို့မလိုင် များကို မြေအိုးလေးများဖြင့် ထည့်သွင်းရောင်းချကြသကဲ့သို့ ထန်းတောများတွင် ထန်းရည်ကို မြေအိုးဖြင့် ထည့်ရောင်းကြမှုများကြောင့် စားသုံးသူများအနေဖြင့် သဘာဝ၏အငွေ့အသက်များကို ခံစားရရှိနိုင်မည်ဖြစ်သည်။

အမဲသား၊ ကြက်သား၊ ငါး စသည်များကို မြေအိုးဖြင့် ထည့်ပြီး မီးသွေးဖိုဖြင့်ချက်ပြုတ်လျှင် ယနေ့ခေတ် လျှပ်စစ်ဟင်းပေါင်းအိုးများဖြင့် ချက်သည်ထက် ပို၍စားလို့ကောင်းသည်။ မြေအိုးဖြင့် ချက်သော ထမင်းနှင့် ထမင်းပေါင်းအိုးဖြင့်ချက်သော ထမင်း/ဟင်းတို့အကြား ကွဲပြားခြားနားချက်မှာ အာဟာရပါဝင်မှုနှင့် အရသာ ပင်ဖြစ်သည်။ မြေအိုးဖြင့် အသုံးပြုချက်ပြုတ်စားသောက်ခြင်းသည် ကျန်းမာရေးအတွက် အလွန် သင့်လျော်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။ ယနေ့ခေတ် လျှပ်စစ်မီးပြတ်တောက်နေချိန် များတွင် ထမင်းဟင်းများကို မြေအိုးတွင်ထည့်ပြီး ထင်းအစားထိုး လောင်စာတောင့်ဖြင့် ချက်ပြုတ်ခြင်းဖြင့် မီးဖိုချောင်စရိတ်ချွေတာနိုင်မည်ဖြစ်သကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်မည်ဖြစ်သည်။ မြန်မာမိသားစုတိုင်း၏ မီးဖိုချောင်ထဲတွင် ပြည်တွင်းထုတ်ကုန် ရိုးရာမြေအိုးများကို သုံးစွဲကြမည်ဆိုလျှင် နောင်လာ/ နောက်သားတို့ အတွက် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုကို ထိန်းသိမ်းပြီးသားဖြစ်မည်မှာ ဧကန်မလွဲပင်ဖြစ်သည်။

ဤသို့ဖြင့် မြေအိုးရောင်းဝယ်ဖောက်ကားမှု တွင်ကျယ်လာပြီး ဒေသတွင်းအိုးလုပ်ငန်းလုပ်ကိုင်သူများ၏ လူနေမှုအဆင့်အတန်းကိုမြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်မည်ဖြစ်သည့်အပြင် မြေထည်အိုးများသည်လည်း ပြည်တွင်းထုတ်ကုန် တစ်ခုအဖြစ် ပြန်လည်အသက်ဝင်လာမည်ဖြစ်သည်။ မြန်မာမီးဖိုချောင်များထဲမှ မြေအိုးယဉ်ကျေးမှု ပြန်လည် ထွန်းကားလာစေရန်နှင့် တည်တံ့စေရန်အတွက် “အိုးပုတ်ပွဲတော်” ပြုလုပ်‌ပေးသကဲ့သို့ မီးဖိုချောင်သုံး “မြေအိုးပွဲတော်”ကိုလည်း ယဉ်ကျေးမှုအမွေအနှစ်ပွဲတော်တစ်ခုအဖြစ် ပြုလုပ်ပေးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
ကိုးကား - အင်တာနက်စာမျက်နှာများ

ရှားစောင်းလက်ပတ်၏ ကောင်းကျိုး၊ ဆိုးကျိုးများ

ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ

ရှားစောင်းလက်ပတ်ပင်သည် မိုးနည်းပြီး ခြောက်သွေ့သည့် နေရာဒေသများတွင် ရှင်သန်ကြီးထွားသည့် အပင်တစ်မျိုးဖြစ်သည်။ ရှားစောင်းလက်ပတ်အရွက်တွင် ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နို အက်ဆစ်ဓာတ်နှင့် ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိရှိသည့်အရာများ ပါဝင်သည်။ မြန်မာဆေးအဘိဓာန်တွင် ရှားစောင်းလက်ပတ်၏ အရသာသည် အေးပြီးခါးသကဲ့သို့ ဝမ်းသွားစေသည့် အာနိသင်ရှိသည်၊ လေကို နိုင်စေသည်၊ မီးယပ်သွေးကို မှန်စေသည်ဟု ရေးသားဖော်ပြထားသည်။ ယခင်က ရှားစောင်းလက်ပတ်ကို ကျန်းမာရေးအတွက် ယိုထိုး၍သော်လည်းကောင်း၊ တိုင်းရင်းဆေးဖော်စပ်ရာတွင်သော်လည်းကောင်း အသုံးပြုခဲ့ကြပြီး ယခုအခါ အလှအပရေးရာနှင့် အသားအရေထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ကုန်များတွင်ပါ ထည့်သွင်းဖော်စပ်လာကြသည်။

ရှားစောင်းလက်ပတ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းဖြင့် ဆံပင်ပေါက်မြန်စေပြီး သန်စွမ်း နက်မှောင်စေသည်။ ထို့ကြောင့် ဦးရေဖျားဆိုင်ရာထုတ်ကုန်များတွင် ထည့်သွင်းဖော်စပ်ထုတ်လုပ်လာကြခြင်း ဖြစ်သည်။ ထိခိုက်ရှနာများ၊ ဆီပူ/မီးပူဒဏ်ရာများရရှိသည့်အခါ ရှားစောင်းလက်ပပတ်ဂျယ် အနည်းငယ်ဖြင့် ပွတ်လိမ်းပေးခြင်းဖြင့် အနာကျက်မြန်စေသည်။ ထို့ပြင် ပါးစပ်အတွင်းရှိအနာများနှင့် နှုတ်ခမ်းကွဲခြင်းများကို ရှားစောင်းလက်ပတ်ဂျယ်အနည်းငယ် သုတ်လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။ ရှားစောင်း လက်ပတ်တွင် အသားအရေကို ချေးချွတ်ပေးနိုင်သည့် အစွမ်းသတ္တိ ရှိသောကြောင့် မျက်နှာပေါ်ရှိ အရေး အကြောင်းများနှင့် အစက်အပျောက်များကို ပျောက်ကင်းစေပြီး အသားအရေချောမွတ်စေသည်။

ရှားစောင်းလက်ပတ်သည် လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိသည်ဆိုသော်လည်း ရှားစောင်း လက်ပတ်နှင့် ဓာတ်မတည့်သူများအတွက် အသုံးမပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ ဆီးချိုရောဂါရှိနေသူများ သောက်သုံးမိပါက သွေးတွင်း သကြားဓာတ်ကိုလိုအပ်သည်ထက် သိသိသာသာ ကျဆင်းသွားစေနိုင်သည်။ ရှားစောင်းလက်ပတ်ဖျော်ရည် ကို ပညာရှင်များ အကြံပြုထားသည့် ပမာဏထက် ပိုမိုသောက်သုံးပါက ရေဓာတ်ခန်းခြောက် စေနိုင်သည့် အပြင် ဆီးအရောင်ကိုပါ ပြောင်းလဲသွားစေနိုင်သည်။ ထို့ပြင် ရှားစောင်းလက်ပတ်နှင့် ဖော်စပ်ထားသော ဝမ်းနှုတ်ဆေးများသည် ရေဓာတ်အများအပြား ဆုံးရှုံးစေနိုင်မည့်အပြင် အူလမ်းကြောင်း လုပ်ဆောင်ချက် များကို အဟန့်အတားဖြစ်စေသည်။ ရှားစောင်းလက်ပတ်ဖျော်ရည်ကို လိုအပ်သည်ထက်ပို၍ သောက်သုံး ပါက ခန္ဓာကိုယ်အတွင်းရှိ ပိုတက်စီယမ်ပမာဏကို လျော့နည်းစေနိုင်ပြီး ခေါင်းကိုက်စေနိုင်သည်။ ရှားစောင်း လက်ပတ်ဖျော်ရည်သည် ယားယံစေတတ်သောကြောင့် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်သည်။ အကြောင်းမှာ သားအိမ်ကျုံ့ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်းများ ဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် အစာအိမ်ရောဂါရှိသူများနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ လည်း ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးရန် မသင့်လျော်ပေ။ အဘယ်ကြောင့်ဆိုသော် နာတာရှည်ရောဂါများအတွက် အသုံးပြုသော ဆေးဝါးများနှင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်သည်။ ရှားစောင်း လက်ပတ်ဂျယ်သည် အသားအရေအများစုတွင် အသုံးပြုရန်သင့်တော်သော်လည်း ဓာတ်မတည့်သူများ သုံးလျှင် မျက်လုံးနီခြင်း၊ အရေပြားနီမြန်းခြင်း၊ ယားယံခြင်းများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အရေပြားတွင် လိမ်းခြယ်၍ဖြစ်စေ ရှားစောင်းလက်ပတ်ကို ဖျော်ရည်ပြုလုပ်၍ဖြစ်စေ မိမိတို့၏ ရောဂါဟောင်းများပေါ်တွင် ချင့်ချိန်၍သုံးစွဲသင့်ပါကြောင်းအကြံပြုတင်ပြအပ်ပါသည်။

ကိုးကား-Helloဆရာဝန်၊ OnDoctor ၊ Drmyanmar

ကြက်ဥကပေးသည့် ကျန်းမာရေးကောင်းကျိုးများ

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရ

၁။ လူတိုင်း ကြက်ဥကြော်၊ ကြက်ဥချက်၊ ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာအမျိုးမျိုးပြုလုပ်ကာ စားသုံးတတ်ကြပါသည်။ ကြက်ဥထဲတွင် အကာအဖြူပိုင်းနှင့် အနှစ်အဝါရောင်ဟူ၍ နှစ်မျိုးပါရှိသည်။ ကြက်ဥတစ်လုံးတွင် ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ် မျိုးစုံပါဝင်သည်။ ဗီတာမင်အေ၊ သံဓာတ်၊ ဗီတာမင်ဘီတွဲ၊ ဗီတာမင်ဘီဖိုက်၊ ဗီတာမင်ဘီတူး၊ ကယ်လ်ဆီယမ်၊ ဖော့စပရပ်၊ မဂ္ဂနီဆီယမ်၊ ပိုတက် စီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အီးနှင့် ဇင့်ဓာတ်များ ပါဝင်နေသည်။ ကြက်ဥသည် အခြားအစားအစာများနှင့်မတူဘဲ ခန္ဓာကိုယ်ထဲရောက်သည်နှင့် ချက်ချင်းစုပ်ယူနိုင်သည့် အစားအစာဖြစ်သည်။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရာမလိုဘဲ ချက်ချင်းစုပ်ယူနိုင်သောကြောင့် အစာအိမ်ရောဂါသမားများ၊ သက်ကြီးရွယ်အိုများအတွက် အထူးသင့်လျှော်သည်။ အိမ်ကြက်ဥဖြစ်စေ၊ မွေးမြူရေးကြက်ဥဖြစ်စေ အာဟာရတန်ဖိုးချင်းက အတူတူပင်ဖြစ်သည်။

၂။ လူအများစုက ကြက်ဥအနှစ်စားလျှင် ကိုလက်စထရော(အဆီဓာတ်)တက်သည်၊ နှလုံးသွေးကြောကျဉ်းသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ပြောကြားချက်အရ လူတစ်ဦးက တစ်နေ့လျှင် ကိုလက်စထရော ၃၀၀ မီလီဂရမ်အထိ စားနိုင်သည်ဟု ဆိုထားသည်။ ကြက်ဥတစ်လုံးတွင် ကိုလက်စထရော ၁၈၀ မှ ၂၀၀ မီလီဂရမ်ပါရှိသဖြင့် မွေးရာပါ ကိုလက်စထရောတက်သည့် ရောဂါရှိသူမှလွဲ၍ မည်သည့်ရောဂါသည်မဆို တစ်နေ့လျှင် ကြက်ဥတစ်လုံး စိတ်ချလက်ချ စားသုံးနိုင်ပါသည်။ တစ်နေ့လျှင်ကြက်ဥတစ်လုံးစားသုံးပေးရုံဖြင့် အယ်လ်ဇိုင်းမားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်သည့်ပြင် ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တိုးတက်ကောင်းမွန်စေသည်။ မျက်စိချို့ယွင်းခြင်းကို ကာကွယ်ပေးပြီး နေရောင်ခြည်တွင် ပါဝင်သည့် ဓာတ်ရောင်ခြည်များကို ကာကွယ်ပေးနိုင်သည်။

၃။  ကြက်ဥတစ်လုံးတွင် ပရိုတိန်း ၆ ဂရမ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေသည်။ ထို့ကြောင့် ကလေးငယ်များကို အသက် ၆ လပြည့်သည်နှင့် ခန္ဓာကိုယ်ကြီးထွားပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ကြက်ဥကို နေ့စဉ်ကျွေးသင့်သည်။ အမျိုးသမီးများတွင် သွေးဆုံး ပြီးသည့်အခါ မဟော်မုန်းဓာတ် အီစထြိုဂျင် မထုတ်ပေးနိုင်တော့ပေ။ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အရိုးပါးခြင်း၊ အရိုးပွခြင်းများ၊ ဖြစ်လာတတ်သည်။ ထို့ကြောင့် ကြက်ဥကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အရိုးများကို ပြန်လည်သန်စွမ်းပါသည်။ 

၄။ ကြက်ဥစားသုံးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရှိသည်ဆိုသော်လည်း ကြက်ဥစားသုံးရာတွင် သတိပြုသင့်သည့်အချက်များလည်း ရှိသေးသည်။ ကြက်ဥကို အစိမ်းသောက်ခြင်းက ချက်ပြုတ်စားသောက်ခြင်းထက် ပိုအားရှိသည်ဟု လူအများက လက်ခံထားကြသည်။ မှန်သင့်သလောက် မှန်သည်။ သို့သော် အစိမ်းသောက်သည့်အခါ ရောဂါပိုးမျာ ခန္ဓာကိုယ်ထဲသို့ ဝင်သွားနိုင်သည်။ ကြက်ဥအခွံပေါ်တွင် ကြက်၏ မစင်၊ အစာအဆိပ်သင့်စေနိုင်သည့်ပိုးများနှင့် အခြားရောဂါပိုးများ ရှိနေတတ်သည်။ ကြက်ဥကို ဝယ်လာပြီးလျှင် ရေဖြင့်စင်ကြယ်စွာဆေးကြောပြီး သန့်ရှင်းသောနေရာတွင် သိမ်းဆည်းရန်လိုအပ်သည်။ ထို့ပြင် ယခုခေတ်‌ မွေးမြူရေးကြက်များမွေးရာတွင် အချိန်မတန်ခင် ကြက်ဥဥရန် ဓာတုဗေဒဆေးဝါးများကို အသားတိုးစေရန် အသုံးပြုကြသောကြောင့် မလိုလားအပ်ဘဲ ရောဂါများဖြစ်စေနိုင်၍ သတိပြုစားသုံးရန် လိုအပ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

Photo credit - Myfood Myanmar (Pumpkin seeds)

အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီး

အိမ်ရှင်မအများစုသည် ရွှေဖရုံသီးဟင်းချက်လျှင် အစေ့ များကို စွန့်ပစ်တတ်ကြသည်။ ဖရုံစေ့လေးများသည် သေးငယ်သော်လည်း အထင်သေး၍ မရပေ။ ၎င်းတွင် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ရွှေဖရုံစေ့ တွင် ဆေးဘက်ဝင် အခါးဓာတ် ကျူကာဘီတာစင် (Cucurbitacin) ဟုခေါ်တွင်သော အမိုင်နိုအက်ဆစ် ဓာတ်တစ်မျိုးပါဝင်ပြီး လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်သည်။ ထို့ပြင် အူမကြီးမှ သန်ကောင်များအပါအဝင် ကပ်ပါးကောင်များကို ဖယ်ရှားပေးသည်။ ဖရုံစေ့တွင် ကျန်းမာရေးနှင့် ညီညွှတ်သည့် အဆီဓာတ်များ၊ မဂ္ဂနီစီယမ်၊ ဇင့်ဓာတ်၊ ကာရိုတိုနိုက်နှင့် ဗီတာမင် အီးစသည့် အင်ဒီအောက်စီးဒန့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါသည်။ အဆိုပါ အင်ဒီအောက်စီးဒန့်များက ဆဲလ် များ ပျက်စီးမှုကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုများကို လျော့ချပေးသည်။
ဖရုံစေ့ကို ပုံမှန်စားသုံးပေးခြင်းဖြင့် အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီး ကင်ဆာတို့ မဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်သည်။ ဖရုံစေ့တွင် မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်းကြောင့် သွေးပေါင်ချိန်ထိန်းညှိပေးခြင်း၊ နှလုံးရောဂါကို ကာကွယ် ပေးခြင်း၊ အရိုးများ ကျန်းမာကြံ့ခိုင်စေခြင်းနှင့် သွေးတွင်းသကြားဓာတ်များကို ထိန်းညှိပေးခြင်းတို့ကို လုပ်ဆောင် ပေးသည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ သွေးပေါင်ချိန် မှန်ကန် စေပြီး ကိုလက်စတောပမာဏကို ထိန်းညှိပေးသည်။ ဖရုံစေ့တွင် အမျှင်ဓာတ်မြင့်မားစွာပါဝင်သောကြောင့်အစာခြေစနစ်ကို ကောင်းမွန်စေသည့်အပြင် ဆီးချိုရောဂါနှင့် အဝလွန်ခြင်းတို့ကိုလည်း ကာကွယ်ပေးသည်။
ဖရုံစေ့ကို လှော်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံး၍ရသော်လည်း မနက်စာ မစားမီ ရေစင် စင်ဆေးပြီး အစိမ်းအတိုင်းစားပေးလျှင် ပိုမိုထိရောက်မှု ရှိသည်။

ကင်ပွန်းချဉ်၏အစွမ်း အံ့မခန်း

ကင်ပွန်းချဉ်ပင်သည် အနွယ်တက်သည့် ချုံပင် တစ်မျိုး ဖြစ်ပြီး ကင်ပွန်းချဉ်ပင်မှ ထွက်သည့် အရွက်ရော အသီးပါ အလွန်ဆေးဖက်ဝင်သည်။ ကင်ပွန်းချဉ်ရွက် သည် ကျန်းမာရေးကောင်းသူများအတွက် အာဟာရ ဖြစ်စေပြီး မကျန်းမာသူ များအတွက်လည်း ဆေးဝါး ဓာတ်စာဖြစ်စေသည့် တန်ဖိုးနည်းဟင်းလျာဖြစ်သည်။ လွယ်ကူစွာချက်ပြုတ်စားသုံးနိုင်သည့် ဟင်းလျာ တစ်မျိုး ဖြစ်ပြီး ဟင်းရည်ချက်သောက်ခြင်း၊ အချဉ်ဟင်းချက် ပြုတ်စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုလုပ်နိုင်သည်။

ကင်ပွန်းချဉ်ရွက်သည် ဟင်းအဖြစ် ချက်ပြုတ် စားသောက် နိုင်သကဲ့သို့ ဆေးဝါးအဖြစ်လည်း အစွမ်းထက်သည့် အရွက်ဖြစ်သည်။ အရွက်နုကို ငရုတ်ကောင်းအရည်တွင် စိမ်၍ ဆား၊ မန်ကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသားဝါရောဂါ၊ သည်းခြေရောဂါ တို့ကို သက်သာစေသည်။ အရွက်နုကို ကြိတ်၍ အသည်းရောင်သည့်နေရာကို စိတ်ရှည်လက်ရှည် လိမ်းပေးပါက ရောဂါသက်သာစေသည်။ အရွက်နုကို ကြေညက်အောင်ထောင်း၊ တစ်ညသိပ်ပြီး သကြားအနည်းငယ်ထည့်၍ ရေကျက်အေးဖြင့် နေ့စဉ် မှန်မှန်သောက်ပေးလျှင် ရေဖျဉ်းရောဂါများ ပျောက်ကင်း စေသည်။
ကိုယ်ဖော၊ ကိုယ်ရောင်၊ အူရောင်၊ လေနာရောဂါ စသည် တို့ကိုလည်း သက်သာပျောက်ကင်းစေနိုင်သည်။ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်ပေးပါက ဝမ်းချုပ်၊ လေချုပ်ပျောက်ကင်း၍ ဝမ်းပျော့၊ ဝမ်းမှန်စေ သည်။ ဝမ်းဗိုက်တွင်း လေပွ၊ လေထ၊ လေနာ၊ လေအောင့်၊လေထိုး၊ လေစူးခြင်း တို့ကိုသက်သာစေသည်။
ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်စေသည်။ ဆီးအောင့်၊ ဆီးပူညောင်းကျ၊ ပန်းသေ၊ ပန်းညှိုး ရောဂါ များကိုလည်း သက်သာစေသည်။ သွေးသားကို သန့်စင် စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျို ကြည်လင်ကာ အဆီကျ ပေါ့ပါးစေသည်။ ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့်ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူများ အနေဖြင့် ကင်ပွန်းချဉ်ဟင်းရည်ကို အမြဲစားပေးသင့် သည်။
နှလုံးရောဂါရှိသူများအနေဖြင့်လည်း ကင်ပွန်းချဉ်ရွက် ၅ ကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျိုချက်၍ တစ်နေ့ ၃ ကြိမ်မှီဝဲသင့်သည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါရှိသူများနှင့် အူရောင်ရောဂါရှိသူများအတွက် ကင်ပွန်းချဉ်ရွက်ကို အချဉ်ဟင်း ချက်၍စား ပေးသင့် သည်။ နေမကောင်းသူများ၊ ခံတွင်းပျက်သူများကို ဆေးဝါးဓာတ်စာအဖြစ် စားသုံးစေနိုင်သည်။ ကင်ပွန်း ချဉ်ရွက်ဟင်းရည်သည် လူတိုင်းစားသုံး၍ သင့်တော်ပြီး ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကင်ပွန်းချဉ်ရွက်ကို အသား၊ငါး တစ်မျိုးမျိုးဖြင့်ရောနှော၍ ကြော်စားလျှင်ထမင်းမြိန်စေသည်။
ကင်ပွန်းချဉ်ရွက်သည် အထက်ဖော်ပြပါ ကျန်းမာရေး အတွက် ဆေးဖက်ဝင်အစွမ်းများရှိ သကဲ့သို့ ကင်ပွန်းသီး သည်လည်း လူတို့အတွက် များစွာအသုံးဝင်သော ဆေးဖက်ဝင်သော အသီး တစ်မျိုးဖြစ်ပေသည်။ ကင်ပွန်းသီးကို ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းကပင် သဘာဝအတိုင်း ဆံသားထိန်းသိမ်းသည့်နေရာတွင် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ ကင်ပွန်းသီးတွင် ဆံသားကို နက်မှောင်သန်စွမ်းစေသည့် ဆာဖိုနင်ဓာတ် ပါဝင်သည်။ ထို့ပြင် ကင်ပွန်းသီးကို လောကီရေးရာတွင် ကံမြင့် ၊ကံတင့် စေရန်လည်း အသုံးပြုကြသေးသည်။ ပျူခေတ်က ဒွတ္တဘောင်မင်းကြီး ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေချိန်တွင် ကင်ပွန်းပင်အောက် ဝင်ရောက် နားခိုနေစဉ် မိုးသက်လေပြင်းကျရောက်သည့်အခါ ကင်ပွန်းပင် အားဖြတ်သန်း၍ စီးလာသောရေများသည် မင်းကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လေသည်။ ထိုအခါ ကံတော်နိမ့်ပါး၍ မျက်စိကွယ်နေသောဒွတ္တဘောင်မင်းကြီးမှာ မျက်စိနှစ်ကွင်း အလင်းရခဲ့သည်။ ထို့ကြောင့် မြန်မာလူမျိုးတို့သည် ကံမြင့်၊ကံတင့်စေရန် မြန်မာနှစ်သစ်ကူး သင်္ကြန်အချိန်အခါများတွင် နှစ်သစ် ကို ကင်ပွန်းသီးခေါင်းလျှော်ရည်ဖြင့် ခေါင်းဆေး မင်္ဂလာ ပြုနေကြသည်မှာယနေ့တိုင်ဖြစ်သည်။
ကင်ပွန်းသီးသည် ဆံသားအတွက်သာမက ခန္ဓာကိုယ် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပေးသည်။ ဆပ်ပြာအစား ကင်ပွန်းသီးကို အသုံးပြု ပေးမည်ဆိုပါက အရေပြားကိုအေးမြ လန်းဆန်းစေ မည့်အပြင် ခြောက်သွေ့မှုကင်းဝေးပြီးနူးညံ့စေပါသည်။ ကင်ပွန်းသီးကို ဝက်ခြံများနှင့် ဆားဝက်ခြံများ သက်သာ စေရန်အတွက် အသုံးပြုနိုင်သည်။ မျက်နှာအသားအရေ ကိုလည်း ပိုမိုတောက်ပစေသည်။ ယခုအခါ ဈေးကွက် ထဲတွင် ကင်ပွန်းသီးဆပ်ပြာဟူ၍ပင် ထုတ်လုပ်ရောင်းချ သုံးစွဲနေကြပြီဖြစ်သည်။
ကင်ပွန်းသီးသည် အရေပြားနှင့် ဆံသားကျန်းမာရေးကို အကျိုးပြုသည်ဆိုသော်လည်း ကင်ပွန်းသီးနှင့် ဓါတ် မတည့်သူများအနေဖြင့် ကင်ပွန်းသီးကို အသုံးမပြု သင့်ပေ။ အထူးဂရုပြုရမည့် အချက်များမှာ ကင်ပွန်းသီး တွင် ပိုးမွှားများကိုသေစေနိုင်သည့် အစွမ်းရှိသောကြောင့် ဓာတ်မတည့်မှု ဖြစ်စေနိုင်သကဲ့သို့ မျက်ခွံရောင်ရမ်းခြင်း ကိုလည်း ဖြစ်စေနိုင်သည်။ ဝမ်းနူးလွယ်သူများအနေ ဖြင့်လည်း ကင်ပွန်းချဉ်ရွက်ဟင်းကို အမြဲတမ်းချက် စားရန် မသင့်လျော်ပေ။ မည်သို့ပင်ဖြစ်စေ ကင်ပွန်း ချဉ်ရွက်နှင့် ကင်ပွန်းသီးသည် လူတို့အတွက် ဆိုးကျိုး ထက်ကောင်းကျိုးကို ပိုမိုရရှိစေသည်မှာတော့ အမှန်ပင် ဖြစ်သည်။
ကိုးကား - အင်တာနက်စာမျက်နှာများ

ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကင်ပွန်းချဉ်အကြောင်း ဆက်စပ် link များ https://www.moi.gov.mm/iprd/news/193806

https://sacministry.gov.mm/my/article/1782