ကဏ္ဍများ

ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ နိုင်ငံ၊ လူမျိုးဂုဏ်နှင့် မျိုးချစ်စိတ်မြင့်မား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသော နိုင်ငံဖြစ်သည်။ နှစ်ပေါင်းရာထောင်ချီ ရှည်လျားရပ်တည်ဖြစ်ထွန်းလာခဲ့သည့် သမိုင်းဝင်သာသနိက ရှေးဟောင်းအမွေအနှစ်များနှင့် သမိုင်းဝင်အဆောက်အအုံများကို မူလအခြေအနေမပျက် ဆက်လက်ထိန်းသိမ်းမြှင့်တင်ထားခြင်းသည် နိုင်ငံတော်နှင့် လူမျိုး၏ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေသည့်အပြင် နိုင်ငံသူနိုင်ငံသားများ၊ မျိုးဆက်သစ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်မြင့်မားတိုးတက်စေသည်။

နိုင်ငံတော်အနေဖြင့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များကို အစဉ်အဆက်ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း၌ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ အမြောက်အမြား တည်ရှိလျက်ရှိသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဩဂုတ်လ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားမှုနှင့် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနေထိုင်ခဲ့သော နေအိမ်သမိုင်းပြတိုက်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်မူထူးခြားသည့်ဘဝဖြစ်စဉ်များနှင့် ရပ်တည်ရှင်သန်လှုပ်ရှားခဲ့သည့် သမိုင်းမှတ်တမ်းများကို မျက်မှောက်ကာလပြည်သူများနှင့် နောင်လာနောက်သားအဆက်ဆက်တို့ သတိတရအမှတ်ရနေစေခြင်းသာမက လေးစားဂုဏ်ယူထိုက်သည့် သမိုင်းအထောက်အထားများကို လေ့လာကြည့်ရှုအတုယူအားကျစေနိုင်သည့် အကျိုးများ ရရှိစေနိုင်သည်။ အဆိုပါသမိုင်းအမွေအနှစ်များကို မပျောက်မပျက်မူလအခြေအနေမပျက် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းသည် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာများဖြစ်သည်။ အထူးသဖြင့် နေအိမ်ခြံဝင်းအတွင်း မအားလပ်သည့်ကြားမှ သီးပင်စားပင်များ စိုက်ပျိုးထားသည်မှာ အတုယူအားကျဖွယ်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်) သည် ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားသော အဆောက်အအုံဖြစ်ပြီး အနောက်တိုင်းဗိသုကာလက်ရာများ ရောနှောတည်ဆောက်ထားသော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် မိသားစုနှင့်အတူ အဆိုပါနေအိမ်၌ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့သည်။ အချိန်တိုကာလအတွင်း အမျိုးသားခေါင်းဆောင်ကြီး၏ သမိုင်းမှတ်တမ်းများမှာ မမေ့နိုင်စရာဖြစ်၍ လာရောက်လေ့လာကြသည့် ပြည်သူများ၏ မှတ်တမ်းများကို စနစ်တကျစာရင်းသွင်းထားရန်လိုပြီး ထူးခြားသည့် ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများ ပေးအပ်သွားရန် လမ်းညွှန်ထားသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) သည် ကိုလိုနီခေတ်အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာ အဆောက်အအုံကြီးတစ်ခုဖြစ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရရှိမီ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရအဖွဲ့ ရုံးစိုက်ခဲ့ပြီး အကြမ်းဖက်သမားများ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကျဆုံးခဲ့သော ရုံးခန်းကို မူလအနေအထားမပျက်ထိန်းသိမ်းထားရှိသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက်အစိုးရအဖွဲ့များသည် အဆိုပါဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အအုံတွင် ရုံးထိုင်လုပ်ကိုင်ခဲ့ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံကြီးဖြစ်သည်။

အလားတူ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆောက်အအုံသည် ကိုလိုနီလက်ထက်မှစ၍ လွတ်လပ်ရေးရရှိပြီး အစိုးရအဆက်ဆက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်အထိ တရားရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သော သမိုင်းဝင်အဆောက်အအုံဖြစ်သည်။ အဆိုပါအဆောက်အအုံများသည် ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများဖြစ်၍ ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မူလလက်ရာများအတိုင်း စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန်နှင့် ရှေးမီနောက်မီပညာရှင်များနှင့် စနစ်တကျသုတေသနပြုဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအတွက် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် စသည့်သမိုင်းမှတ်တမ်းအကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။ ။

အကြမ်းဖက်နှင့် အဖျက်ကင်းစင် အေးချမ်းပျော်ရွှင် ပညာသင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆ

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်း ဩဂုတ်လ ၃ ရက်နေ့အထိ အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက် ရှိသည့်သတင်းမှာ လွန်စွာမင်္ဂလာရှိသည့်သတင်းပင်ဖြစ်သည်။ နောင်ချိုတွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများကို တစ်နှစ်နီးပါး ပိတ်ထားခဲ့ရခြင်းက ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာသင်ယူမှုအခွင့်အရေးကို ထိခိုက်နစ်နာစေသည်။ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားပေးနေပြီး ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူဦးရေ ဆက်လက်တိုးတက်လာနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် သူပုန်သူကန်ပေါင်းစုံတို့ ထကြွသောင်းကျန်းခဲ့ကြသည့် ခေတ်အခါက ပညာရေးဝန်ထမ်းဆရာ ဆရာမများကို တောတွင်းကွန်မြူနစ်သောင်းကျန်းသူများက လိုက်လံရှာဖွေသတ်ဖြတ်ခဲ့ကြသည့်နည်းတူ မျက်မှောက်ကာလတွင်လည်း ဒီမိုကရေစီဟူ၍ အမည်ခံထားကြသူ အကြမ်းဖက်သမားများက ကွန်မြူနစ်တို့၏ခြေရာကိုနင်းကာ ဆရာ ဆရာမများကို သတ်ဖြတ်ခဲ့ကြခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် ဆရာ ဆရာမ သေဆုံးမှုပေါင်း ၈၀ ကျော်ခဲ့ပြီဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းမတက်ရေး၊ စာသင်ကျောင်းများ မဖွင့်လှစ်ရေးနှင့် ဆရာ ဆရာမများ စာမသင်ရေးတို့ကို မူဝါဒအဖြစ်ကိုင်စွဲထားသည့် NUG အမည်ခံအကြမ်း ဖက်အဖွဲ့အစည်းသည်လည်းကောင်း၊ မိမိကိုယ်တိုင်က ပါမောက္ခချုပ်ကြီးဖြစ်ခဲ့ပြီး ကျောင်းသူ ကျောင်းသား ကလေးငယ်များ ကျောင်းသွားပါက ဖောက်ခွဲတိုက်ခိုက်မှု၊ အဆိပ်ခတ်လုပ်ကြံမှုများ နှင့်တွေ့ကြုံရမည်ဟု သွယ်ဝိုက်ခြိမ်းခြောက်ခဲ့သော NUG အမည်ခံဝန်ကြီးဆိုသူတို့သည်လည်းကောင်း စာသင်ကျောင်းများပိတ်ထား ရမှု၊ ဆရာ ဆရာမများ သေဆုံးမှုတို့အတွက်တာဝန်ရှိသည်။

မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်ရာ နိုင်ငံသူနိုင်ငံသားတို့ ပညာတတ်ရန်လိုသည်။ ဉာဏ်ပညာအတွေးအခေါ် မြင့်မားရန်လိုသည်။ နိုင်ငံသားများ ပညာရေးနိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ပုဂ္ဂိုလ်စွဲ/ပါတီစွဲကြီးခြင်းတို့သည် ဒီမိုကရေစီစနစ်အတွက် အန္တရာယ်များဖြစ်သည်။ ထို့အပြင်ကမ္ဘာပေါ်တွင် စစ်မက်ထူပြော၍ သူပုန်သူကန်ပေါသောနိုင်ငံများသည် စာမတတ်သူ၊ ပညာရေးနိမ့်ကျသူများသည့် နိုင်ငံများဖြစ်ရာ မိမိတို့နိုင်ငံတွင် ဤအဖြစ်မျိုးသို့ မရောက်စေရန် နိုင်ငံသားတို့ ပညာရေးမနိမ့်ကျစေဖို့ လွန်စွာအရေးကြီးသည်။ သို့ဖြစ်ရာ နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူတို့ ကင်းစင် သွားသည်နှင့်အမျှ ပညာရေး၊ ကျန်းမာရေးအခွင့်အလမ်းများ ပြန်လည်ပွင့်လန်းလာခြင်းဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်သမားများ ဝင်ထွက်သွားလာခြိမ်းခြောက်နေကြခြင်းကြောင့် ကျောင်းများမဖွင့်နိုင်သည့် ဒေသများတွင်လည်း နောင်ချိုကဲ့သို့ပင် လက်နက်ကိုင်အကြမ်းဖက်များကင်းစင်ပါမှ ပညာရေးအခွင့်အလမ်းတို့ ပြန်လည်ရရှိနိုင်ကြမည်ဖြစ်သည်။

ကျောင်းနေအရွယ်သို့ ရောက်ကြသည်နှင့် ကျောင်းတက်၍ ပညာသင်ကြရခြင်းသည် ကလေးတို့၏ ဘဝရှေ့ရေးအတွက် အသိပညာ၊ အတတ်ပညာ ဖြည့်ဆည်းကြရခြင်းဖြစ်သည်။ ပညာရေးနိမ့်ကျလျှင် ကာယကံရှင်ကိုယ်တိုင်နှင့် မိသားစုအတွက်၊ ဒေသအတွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုး မပြုနိုင်။ ကျောင်းနေရမည့်အရွယ်မလွန်မီ ကလေးများ ပညာသင်ယူမှုအပေါ် ခြိမ်းခြောက်နှောင့်ယှက်ခြင်း၊ နည်းမျိုးစုံဖြင့် ဟန့်တားခြင်းတို့က ကလေးများ၏ ဘဝရှေ့ခရီးကို ဖျက်ဆီးခြင်းဖြစ်သလို အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ခြင်းလည်း ဖြစ်သည်။

အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် ကလေးများ ပညာသင်ယူမှုအခွင့်အရေးများ ဆုံးရှုံးနေကြရမှုများ ပြန်လည်ရရှိရေး၊ နိုင်ငံတစ်ဝန်း စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်ကာ ကျောင်းနေအရွယ်ကလေးတိုင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများကင်းစင်ရေးတွင် လူတိုင်းပါဝင်ကြရပါမည့်အကြောင်း။ ။

MOI

ပညာရေးသည် အနာဂတ်မျှော်လင့်ချက် ပညာဖြင့်သာ နိုင်ငံတည်ဆောက်နိုင်

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက နောင်ချိုဒေသ၌ တိုက်ပွဲများမရှိတော့သည့်အခါ စာသင်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အကြီးအကဲက တိုက်တွန်းထားရာ တိုက်တွန်းချက်နှင့်အညီ နောင်ချိုဒေသတစ်ခုလုံးကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီးသည်နှင့် အကြမ်းဖက်သောင်းကျန်းသူများကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအားလုံးကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ ကျောင်းသား ကျောင်းသူလေးများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာဒေသအချို့တွင် အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားမှုကြောင့် ဒေသခံပြည်သူများ ဒုက္ခဆင်းရဲရောက်ကြရသလို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်အဘက်ဘက်တွင်ပါ ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ဖြစ်ကြရသည်။ အကြမ်းဖက်သောင်းကျန်းသူများက စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများကိုဖျက်ဆီးခြင်း၊ အသုံးချခြင်းတို့ပြုလုပ်ခြင်းကြောင့် ကလေးသူငယ်များ ပညာရေးဆုံးရှုံးရသလို ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ထိခိုက်ပျက်စီးကြရသည်။ ပညာရေးနှင့် ကျန်းမာရေးအပေါ်ထိခိုက်ပျက်စီးအောင် နှောင့်ယှက်နေကြသူများသည် ပြည်သူလူထု၏ အနာဂတ်ဘဝများကို အသိမဲ့စွာ ရိုက်ချိုးဖျက်ဆီးနေခြင်းသာဖြစ်သည်။

ထို့ကြောင့် တပ်မတော်နှင့်အတူလက်တွဲ၍ ပြည်သူလူထု၏အနာဂတ် ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ဖျက်နှိမ်းနင်းကြရမည်ဖြစ်သည်။ တိုင်းပြည်နှင့်လူထု၏ အနာဂတ်ကို ကောင်းမွန်အောင်တည်ဆောက်ရာတွင် ပညာရေးသည် အရေးအကြီးဆုံးကဏ္ဍဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပညာရည်မြင့်မားရေးအတွက် ပညာရေးကို အလေးထားဆောင်ရွက်ပေးနေသလို နောင်လာမည့် အစိုးရသစ်လက်ထက်တွင်လည်း ပညာရေးကို အားပေးစေရန်တိုက်တွန်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအလယ်တွင် နောက်ကျကျန်ရစ်ခဲ့သည့် အကြောင်းရင်းများတွင် ပညာရေးအားနည်းမှုသည် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်သည်။

ယခုအခါ တပ်မတော်က အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသော မြို့ရွာဒေသများကို ပြန်လည်ထိန်းချုပ်လျက်ရှိရာ ဒေသခံပြည်သူများ၏ အနာဂတ်မှာ ပြန်လည်လင်းလက်လာပြီဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ရွာအချို့ရှိ စာသင်ကျောင်းများအနေဖြင့် သောင်းကျန်းသူများကြောင့် ကျောင်းဖွင့်နိုင်ခြင်းမရှိသေးသည်မှာ စိတ်မကောင်းစရာဖြစ်သည်။ သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ဒေသများရှိပြည်သူများမှာ ဆင်းရဲဒုက္ခအမျိုးမျိုးရောက်လျက်ရှိပြီး အထူးသဖြင့် ကလေးငယ်များ ပညာသင်ကြားခွင့်မရဘဲ အနာဂတ်ပျောက်ဆုံးနေသည်ကို တွေ့ရသည်။

ထို့ကြောင့် လုံခြုံရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုသလို ပညာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက်ရန်လိုသည်။ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအားနည်းနေခြင်းသည် စီးပွားရေးကို ထိရောက်စွာလုပ်ဆောင်နိုင်မည့် လူသားအရင်းအမြစ်နည်းပါးနေသောကြောင့်ဖြစ်သည်။ နိုင်ငံကြီးသည်၊ ငယ်သည်ဖြစ်စေ အသိဉာဏ်ပညာနှင့်အတတ်ပညာကျွမ်းကျင်သူများ ပေါများကြွယ်ဝခြင်းသည် ထိုနိုင်ငံ၏ဖွံ့ဖြိုးရေး၊ ကြီးပွားရေး၏ အဓိကအရင်းအမြစ်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ အတတ်ပညာ၊ အသိဉာဏ်ပညာများသည် အတန်းပညာကို အခြေခံတည်ဆောက်ထားသည်ဖြစ်၍ နိုင်ငံတော်က ပညာရေးကို မဖြစ်မနေ အားပေးမြှင့်တင်ဆောင်ရွက်ပေးနေသည်။

ပညာရည်မြင့်မားမှုအချိုးတွင် ဆရာအရေအတွက်ထက် ကျောင်းသားအရေအတွက် အဆများစွာပိုရမည်ဖြစ်သော်လည်း မျက်မှောက်ကာလ မြန်မာနိုင်ငံတွင် လေ့လာသုံးသပ်ချက်အရ တက္ကသိုလ်၊ ကောလိပ်များတွင် ဆရာ ဆရာမ ခန့်ထားတာဝန်ပေးထားမှုနှင့်နှိုင်းယှဉ်လျှင် တက်ရောက်သည့် ကျောင်းသားအရေအတွက် နည်းပါးနေသည်ကိုတွေ့ရသဖြင့် နိုင်ငံတော်အတွက် နစ်နာမှုများစွာရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံလူဦးရေအချိုးအစားနှင့် နှိုင်းယှဉ်လျှင် ကျောင်းတက်ရောက်နိုင်သည့် အချိုးအစားနည်းပါးနေသည်ကို တွေ့ရသည်။ အကြောင်းရင်းသည် ရပ်ရွာဒေသ တည်ငြိမ်အေးချမ်းသာယာဝပြောခြင်းနှင့် အဓိကသက်ဆိုင်သည်ဟုဆိုရမည်။ ရပ်ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားခြင်းနှင့် ဆင်းရဲမွဲတေမှုသည် ပညာရေးအတွက် အနုတ်လက္ခဏာများဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေးအတွက် တိုင်းပြည်စီးပွားရေးကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စီးပွားရေးကောင်းမွန်လာစေရေးအတွက် အသိပညာ၊ အတတ်ပညာ မြင့်မားကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ နိုင်ငံ၏ လူဦးရေအချိုးနှင့်အညီ မွေးထုတ်ပေးနိုင်ရန် သက်ဆိုင်ရာတို့နှင့်အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

တိမ်မြုပ်ပျောက်ကွယ်နေသည့် အမွေအနှစ်များ ပြန်လည်ဖော်ထုတ်ရာတွင် နိုင်ငံသားတိုင်း ပူးပေါင်းပါဝင်

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အစောဆုံးမြို့ပြများ ထူထောင်နိုင်ခဲ့သော သမိုင်းရှိသည့် နိုင်ငံဖြစ်သည်။ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာစသည့် ပျူခေတ်မြို့ပြနိုင်ငံများမှသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် စသည်ဖြင့် နှစ်ပေါင်းထောင်ချီ၍ စိုးစံခဲ့သည့် မင်းအဆက်ဆက်တို့၏လက်ထက်များတွင် မြို့များ အများအပြားတည်ဆောက်ခဲ့သော်လည်း မြေပြင်ပေါ်တွင် လက်ညှိုးထိုးပြစရာတစ်ခုမျှမရှိခဲ့။

တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး မြန်မာတို့၏ နောက်ဆုံးဘုရင်ဖြစ်သော သီပေါမင်းနှင့် မိဖုရားတို့ကို အိန္ဒိယသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက်တွင် အင်္ဂလိပ်တို့လက်ထဲသို့ ကျရောက်ခဲ့သော မန္တလေးနန်းတော်၏ သက်တမ်းမှာ ၂၆ နှစ်မျှသာရှိသေးသည်။ မြန်မာနိုင်ငံ ကိုလိုနီဘဝကျရောက်ချိန်တွင် သမိုင်းအစဉ်အလာကြီးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှေးဟောင်းနန်းတော်ရာများအပါအဝင် ယဉ်ကျေးမှုအမွေအနှစ် အများအပြားရှိနေခဲ့ရာ နယ်ချဲ့တို့၏ အကွက်ချဖျက်ဆီးမှုများကြောင့် အများအပြားပျက်စီးခဲ့ရသည်။ ရှေးဟောင်းစေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ မြို့ရိုးများမှအုတ်များကို ဖြိုဖျက်ယူ၍ လမ်းခင်းခြင်း၊ မြို့ရိုးများကိုဖျက်၍ ရထားလမ်းများဖောက်ခြင်း၊ ရှေးဟောင်းမြို့ရိုးပေါ်တွင် ကားလမ်းတင်၍ဖောက်ခြင်း၊ နန်းတော်ရာများပေါ်တွင် အကျဉ်းထောင်ဆောက်လုပ်ခြင်း၊ မြန်မာတို့အထွတ်အမြတ်ထားသည့်နေရာတို့တွင် သင်္ချိုင်းများအဖြစ် ချထားပေးခြင်း၊ အောင်မြေကဲ့သို့သော နေရာတွင် ကြိုးစင်ဆောက်လုပ်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။

တပ်မတော်အစိုးရလက်ထက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များဖြင့် ရှေးခေတ်က အထင်အရှားတည်ရှိခဲ့သော နန်းတော်ရာများအနက် အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်းမင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာရွှေနန်းတော် (ကုန်းဘောင်ခေတ်)၊ မင်းတုန်းမင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော် (ရတနာပုံခေတ်)တို့ကို ရှေးဟောင်းစာပေနှင့် ရုပ်ပုံမှတ်တမ်းများ၊ ပန္နက်ရာများ၊ နန်းတော်အကြွင်းအကျန်များနှင့် တိုက်ဆိုင်ကာ မူလပုံစံနှင့်ပုံစံတူနန်းတော်များကို ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ပြန်လည်ဆောက်လုပ်ခဲ့သည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ယဉ်ကျေးမှုအစဉ်အလာကြီးမားသည့် နိုင်ငံကြီးများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့တွင် နှစ်ပေါင်းထောင်ချီနေသည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ နန်းတော်ကြီးများကို အထင်အရှားတွေ့မြင်နိုင်ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြသည်ကို အတုယူဖွယ်တွေ့မြင်ရသည်။ အဆိုပါရှေးဟောင်းအမွေအနှစ်များသည် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းကြောင်းထည်ဝါမှုကို ဖော်ထုတ်ပြသသည့်နေရာများဖြစ်ပြီး ပြည်ပမှလာရောက်ကြသည့် လေ့လာသူများ၊ ခရီးသည်များကို ဆွဲဆောင်သည့်နေရာများလည်းဖြစ်သည်။

လက်ရှိနိုင်ငံတော်အစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဟံသာဝတီမြို့ဟောင်း၊ မြို့ရိုးနှင့် ကျုံးတို့ကို ပြန်လည်တူးဖော်ထိန်းသိမ်းခြင်း၊ ကေတုမတီတောင်ငူမြို့ဟောင်း ဖော်ထုတ်ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိမ်မြုပ်ပျောက်ကွယ်နေသည့် နိုင်ငံ့သမိုင်းတစ်လျှောက်မှ ကြီးကျယ်ခမ်းနားခဲ့သည့် ပုံရိပ်မြင်ကွင်းများမှာ ပြန်လည်မှန်းဆကြည့်နိုင်အောင် ပေါ်ထွက်လာကြမည်ဖြစ်သည်။ ရှေးဟောင်းသမိုင်းဝင် အထင်ကရအမွေအနှစ်များ ပြန်လည်ထိန်းသိမ်းမှု ပြည့်စုံလာသည်နှင့်အမျှ ဒေသ၏အထင်ကရ အထိမ်းအမှတ်နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွက်လာမည်ဖြစ်ပြီး ဒေသအတွက်လည်း အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ‌

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည့်အလျောက် လူတိုင်းကိုယ်စီ နိုင်ငံတာဝန်ကျေပွန်ကြရပါမည့်အကြောင်း။ ။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖြစ်စဉ်တော်နှင့် ထေရဝါဒဗုဒ္ဓဘာသာ သာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလဖြစ်သည်။ ဝါဆိုလ၏ ထင်ရှားလှသည့် ဓမ္မပူဇာပွဲမှာ “ဓမ္မစကြာအခါတော်နေ့” ဖြစ်သည်။ ဝါဆိုလပြည့်နေ့ကို အကြောင်းပြု၍ “လမြတ်ဝါဆို ကုသိုလ်တွေပိုသည့်လ” ဟုဆိုကြပါသည်။ အခြားလများထက် ဝါဆိုလပြည့်နေ့သည် ဘာသာရေးအရ အရေးပါသောလဟု နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်တိုးပွား၊ ကောင်းကျိုးများစေမည့် သာသနာတော်ဆိုင်ရာ အခါတော်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များမှာ မယ်တော်မာယာ၏ ဝမ်းကြာတိုက်တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ပဋိသန္ဓေယူသောနေ့၊ သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာကြေညာတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရ ရဟန်း စတင်ပေါ်ထွန်းသောနေ့၊ ခုနစ်ဝါမြောက် ဝါဆိုတော်မူရင်း အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့ဟူသည့် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်များ အစုံပါဝင်သည့်နေ့ဖြစ်သည်။

သူတော်ကောင်းအပေါင်းတို့အနေဖြင့် ယခုလို ဝါဆိုလပြည့်နေ့ရောက်တိုင်း သဒ္ဓါတရားပေါက်ရာ အခါတော်တစ်မျိုးမျိုးဖြစ်စေ၊ အားလုံးကိုဖြစ်စေ နှလုံးသွင်းဆင်ခြင်ပြီး မြတ်ဗုဒ္ဓကို အာရုံပြု၍ ကြည်ညိုသဒ္ဓါပွားနိုင်ကြပါသည်။ ထေရဝါဒသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးဖြစ်သလို ဗုဒ္ဓဘာသာဝင်အပေါင်းတို့အနေဖြင့် ထူးထူးခြားခြား ကုသိုလ်ပွဲများ ကျင်းပကာ ပူဇော်ကြပါသည်။ ဝါဆိုလ၏အစဉ်အလာ ပဉ္စခံပွဲထက် ဓမ္မစကြာအခါတော်နေ့သည် ပိုမိုထင်ရှားလေးနက်ပါသည်။ ဝါတွင်းသုံးလရှိ ဥပုသ်နေ့တိုင်း ဘုရားကျောင်းတို့တွင် ဓမ္မစကြာတရားတော်များကို ကျားမ ကြီးငယ်မရွေး ဝတ်အသင်းသူ အသင်းသားတို့က မြန်မာပြည်တစ်ဝန်းတွင် ရွတ်ဖတ်ပူဇော်သံများကို မင်္ဂလာရှိစွာ ကြားခဲ့နာခဲ့ကြပါသည်။

ဗုဒ္ဓဘာသာဝင်အများစုသည် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းကြသည်။ ဝါပကာလများတွင် အချို့ကျောင်းများ၌ ဥပုသ်သည်အနည်းငယ်ရှိသော်လည်း အချို့ကျောင်းများတွင် သာရေး၊ နာရေးကိစ္စများမှအပ ဥပုသ်စောင့်သူမရှိတော့ပေ။ ဝါတွင်းသုံးလ၌ ဥပုသ်စောင့်ထိန်းကြသည်ကို သာဓုခေါ်ဆိုရမည်ဖြစ်သော်လည်း ဝါကျွတ်သည်နှင့် ဘုရားသွား၊ ကျောင်းတက်နှင့် ဥပုသ်မစောင့်လိုတော့သည့်အလေ့ကို ပြုပြင်ရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မှန်လျှင် ဝါတွင်း၊ ဝါပမရွေး ဥပုသ်စောင့်ထိန်းသင့်သည်။ အသက်ခန္ဓာတည်နေသမျှ ငါးပါးသီလတရားတော်မြတ်ကို လုံခြုံစွာစောင့်ထိန်းသင့်သည်။ သီလလုံခြုံသော တိုင်းပြည်သည် မလွဲမသွေ အေးချမ်းသာယာဝပြောနေမည်ဖြစ်သည်။

ဝါဆိုလပြည့်နေ့သည် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ” ဆိုသည့်အတိုင်း မြတ်ဗုဒ္ဓ၏ အံ့ချီးဖွယ်မကုန် ကြည်ညိုလို့မဆုံးသည့် ဖြစ်စဉ်တော်များ အစုံအလင်ပါဝင်နေသဖြင့် ကြည်ညိုသဒ္ဓါပွားကြရမည်ဖြစ်သလို ဝါဆိုလပြည့်ကျော် ၁ ရက်နေ့မှစတင်၍ ရဟန်းသံဃာတော်များ ပုရိမဝါကပ်ဝါဆိုတော်မူကြသည်မှာလည်း ကြည်ညိုဖွယ်ဖြစ်သည်။ ဗုဒ္ဓသာသနာ့ဝန်ထမ်း ရဟန်းတော်များသည် ဝိနည်းတော်နှင့်အညီ ဝါတွင်းသုံးလကာလပတ်လုံး အရပ်တစ်ပါးသို့ မသွားရောက်တော့ဘဲ တစ်ကျောင်း၊ တစ်နေရာ၌ သီတင်းသုံးပါမည်ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကာ သီလသီတင်းဆောက်တည် ဝါကပ်တော်မူကြသည်မှာ ကြည်ညိုသဒ္ဓါပွားစရာဖြစ်သည်။ ရဟန်းသံဃာတော်များ ဝါဆိုဝါကပ်တော်မူစဉ် သီတင်းသုံးရာကျောင်းတိုက်များ၌ ဥပုသ်သီတင်းဆောက်တည်ကြခြင်း၊ ကောင်းမှုကုသိုလ်များ ပြုလုပ်ကြခြင်းဖြင့် ကောင်းကျိုးများကို ဆောင်ယူရမည်ဖြစ်သည်။

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့သည် ဓမ္မစကြာတရားဦး ဟောတော်မူခြင်းကို အကြောင်းခံသည်။ ကျေးဇူးလည်းရှိ ဟောလျှင်လည်း သိနိုင်သူ ပဉ္စဝဂ္ဂီ ငါးဦးတို့ကို ရှောင်ကြဉ်ရန် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ လိုက်နာကျင့်ကြံရန် မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ခေါ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော “ဓမ္မစက္ကပဝတ္တနသုတ္တန်” (ဓမ္မစကြာ) တရားကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညမထေရ်သည် နတ်ဗြဟ္မာ ၁၈ ကုဋေနှင့်အတူ သောတာပန်တည်တော်မူသည်။ တရားဒေသနာအပြီးတွင် မဟာပထဝီမြေကြီးလည်း မြည်ဟည်းတုန်လှုပ်သည်။ ဓမ္မစကြာတရားဦးဟောသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ၊ လလည်းထွက်ပြူချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်ဖြစ်သည်။

သို့ဖြစ်ရာ ဓမ္မစကြာတရားတော်သည် ဝဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ အလယ်အလတ်လမ်းစဉ် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော တရားတော်မြတ်ဖြစ်ရာ ယနေ့ဝါဆိုလပြည့်နေ့တွင် ဘုရား၊ တရား၊ သံဃာတော်မြတ်တို့ လွှမ်းခြုံသည့် ဓမ္မစကြာတရားမြတ်ကို ကြည်ညိုသဒ္ဓါပွား နာယူမှတ်သားကြပြီး ကုသိုလ်အထူးယူကြရမည်ဖြစ်ပါကြောင်း။ ။

MOI

Photo- fb

ယဉ်ကျေးမူအမွေအနှစ်များစွာနဲ့ ဘာစီလိုနာမြို့

ဘာစီလိုနာမြို့သည် စပိန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိမြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝမှု၊ အရေးပါသောယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိကခရီးသွား နေရာတစ်ခု အဖြစ် နာမည်ကျော်ကြားကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော Catalonia ၏ အကြီးဆုံးမြို့နှင့်မြို့တော်ဖြစ်ပြီး ၎င်းတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘာစီလိုနာ မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၅ ဒသမ ၃) သန်း ဝန်း ကျင်ရှိပြီး ပဲရစ်၊ Ruhr area၊ မက်ဒရစ် နှင့် မီလန်မြို့တို့ပြီးလျှင် ဥရောပသမဂ္ဂတွင် (၅)ခု မြောက် လူဦး ရေအထူထပ်ဆုံး

ဘာစီလိုနာမြို့သည် စပိန်နိုင်ငံ အရှေ့မြောက်ဘက်ကမ်းရိုးတန်းရှိမြို့တစ်မြို့ဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များ ကြွယ်ဝမှု၊ အရေးပါသောယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိကခရီးသွား နေရာတစ်ခု အဖြစ် နာမည်ကျော်ကြားကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော Catalonia ၏ အကြီးဆုံးမြို့နှင့်မြို့တော်ဖြစ်ပြီး ၎င်းတွင်နေထိုင်သူလူဦးရေမှာ (၁ ဒသမ ၆)သန်းကျော်ရှိ ကြောင်းသိရသည်။ ထို့ပြင် ဘာစီလိုနာ မြို့ပြဧရိယာတွင် နေထိုင်သူလူဦးရေမှာ (၅ ဒသမ ၃) သန်း ဝန်း ကျင်ရှိပြီး ပဲရစ်၊ Ruhr area၊ မက်ဒရစ် နှင့် မီလန်မြို့တို့ပြီးလျှင် ဥရောပသမဂ္ဂတွင် (၅)ခု မြောက် လူဦး ရေအထူထပ်ဆုံးမြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာမြို့ပြဧရိယာသည် အနောက်ဘက်တွင် Serra de Collserola တောင်တန်းများဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော Llobregat နှင့် Besòs မြစ်များ အကြားကမ်းရိုးတန်းတွင်တည်ရှိပြီး မြေထဲပင်လယ်တွင်းတွင် အကြီး ဆုံးမြို့ပြဧရိယာများထဲမှတစ်ခု ဖြစ် ကြောင်းသိရသည်။

သမိုင်းကြောင်းနှင့် ခေတ်သစ်
အစဉ်အလာများအရ ဘာစီလိုနာမြို့ကို Catalonian ကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ် ရေးစခန်းများရှိသည့် Phoenicians သို့ မဟုတ် Carthaginians လူမျိုးများက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အလယ်ခေတ်များအတွင်း ဘာစီလိုနာမြို့သည် ဘာစီလိုနာ ကောင်တီ၏မြို့ တော် ဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ထို့နောက် ဘာစီလိုနာမြို့သည် Catalan ဘာသာစကားခွဲ ထွက်ရေးအချက်အချာနေရာတစ်ခုဖြစ်လာခဲ့ပြီး (၁၇)ရာစု Reapers' War အတွင်း ပြင်သစ်နိုင်ငံ၏ တစ် စိတ်တစ်ပိုင်းဖြစ်လာခဲ့ကာ (၁၈၁၂)ခုနှစ်မှ (၁၈၁၄)ခုနှစ်အထိ နပိုလီယန်၏ လက်အောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။ ဘာစီလိုနာမြို့သည် (၁၉)ရာစုနှင့်(၂၀) ရာစုအစောပိုင်းအတွင်း စက်မှု ထွန်းကားရေးနှင့် အလုပ်သမားလှုပ်ရှားမှုများစွာကို ကြုံတွေ့ခဲ့ရပြီး (၁၉၃၁)ခုနှစ်တွင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ Catalonia ၏ မြို့တော်ဖြစ်လာခဲ့ကြောင်းသိရ သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် ယဉ်ကျေး မှုအမွေအနှစ်များ ကြွယ်ဝပြီး ယနေ့ခေတ်တွင် အရေးပါသော ယဉ်ကျေးမှုအချက်အချာနေရာနှင့် အဓိက ခရီးသွားနေရာတစ်ခုဖြစ်ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် အထူးသဖြင့် ယူနက်စကိုကမ္ဘာ့အမွေ အနှစ်နေရာများအဖြစ် သတ်မှတ်ခံထားရသော Antoni Gaudí နှင့် Lluís Domènech i Montaner တို့၏ ဗိသုကာလက်ရာများကြောင့် နာမည်ကျော်ကြားကြောင်းလည်းသိရသည်။ ဘာစီလိုနာ မြို့သည် စပိန် နိုင်ငံတွင် အကျော်ကြားဆုံးတက္ကသိုလ်နှစ်ခုဖြစ်သည့် ဘာစီလိုနာတက္ကသိုလ်နှင့် Pompeu Fabra တက္ကသိုလ်တို့ တည်ရှိရာနေရာတစ်ခုလည်းဖြစ်ပြီး မြေထဲပင်လယ်အတွက် သမဂ္ဂ၏ရုံးချုပ်များ အခြေ စိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။ ထို့ပြင် ဘာစီလိုနာမြို့သည် (၁၉၉၂)ခုနှစ် နွေရာသီအိုလံပစ်အပြင် ကမ္ဘာ့အဆင့်မီ ညီလာခံများနှင့်ပြပွဲများကို လက်ခံကျင်းပမှုအတွက် နာမည်ကြီးပြီး ၎င်းတွင် နိုင်ငံတကာ အားကစားပြိုင်ပွဲများစွာကိုလည်း ကျင်းပခဲ့ကြောင်းသိရသည်။ ဘာစီလိုနာမြို့သည် ဥရောပ အနောက် တောင်ပိုင်းတွင် ယဉ်ကျေးမှု၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဓိကအချက်အချာနေရာ တစ်ခုဖြစ်ပြီး စပိန်တွင် အဓိကဇီဝနည်းပညာဆိုင်ရာအချက် အချာနေရာတစ်ခုလည်းဖြစ်သည်။ ဘာစီလိုနာ ဆိပ်ကမ်း သည် ဥရောပ၏ အဓိကဆိပ်ကမ်းများနှင့် အ လုပ်အများဆုံးဥရောပခရီးသည်တင်ဆိပ်ကမ်း ဖြစ်သည့် အပြင် ၎င်းတွင် နိုင်ငံတကာလေဆိပ်နှင့် ပြင်သစ်နှင့်ဥရောပရှိအခြားသောအစိတ်အပိုင်းများကို ဆက် သွယ်ထားသည့် မြန်နှုန်းမြင့်ရထားလမ်းများရှိသောကြောင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အချက်အချာ နေရာတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

စီးပွားရေး
ဘာစီလိုနာမြို့ပြဧရိယာသည် ဥရောပတွင် အချမ်းသာဆုံးဒေသများထဲမှတစ်ခုဖြစ်သော Catalonia လူမျိုးများ၏(၆၆)ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းထားပြီး တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၂၈၄၀ဝ)ရှိ ကြောင်းသိရသည်။ Eurostat ၏ အဆိုအရ (၂၀ဝ၄)ခုနှစ်တွင် ဘာစီလိုနာမြို့၏တစ်ဦးချင်းဂျီဒီပီမှာ ယူရို(၈၀၈၉၄)ထိ မြင့်မားခဲ့ကြောင်းလည်းသိရသည်။ နောက်ထပ်အနေဖြင့် ဘာစီလိုနာမြို့သည် ဥရောပ ၏ လေးခုမြောက်စီးပွားရေးအကောင်းဆုံးမြို့နှင့် ဥရောပတိုက်၏ တိုးတက်မှုအမြန်ဆုံးမြို့ဖြစ်ခဲ့ကာ (၂၀ဝ၉) ခုနှစ်အထိ တစ်နှစ်လျှင် (၁၇)ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းသိရသည်။ လူနေမှုပုံစံမဂ္ဂဇင်း Monocle ၏ အဆိုအရ (၂၀၁၅)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၂၄)ခုမြောက် နေထိုင်ရန် အကောင်း ဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး ဆန်းသစ်တီထွင်မှုဆိုင်ရာ လေ့လာဆန်းစစ်သူများ 2thinknow ၏ အဆိုအရ ဘာစီလိုနာမြို့သည် Innovation Cities™ Global Index တွင် ကမ္ဘာ့ အဆင့်(၁၃)နေရာကို ရယူထားကြောင်းသိရသည်။ တစ်ချိန်တည်းတွင်ပင် ဘာစီလိုနာမြို့သည် ဇိမ်ခံ လူနေမှုပုံစံအတွက် ကမ္ဘာပေါ်တွင် ဈေးအသက်သာဆုံးမြို့များထဲမှတစ်မြို့ဖြစ်ခဲ့ကြောင်း Global Wealth and Lifestyle Report 2020 အရ သိရသည်။

ခရီးသွားလုပ်ငန်း
(၂၀၂၃)ခုနှစ်တွင် ဘာစီလိုနာမြို့သည် ကမ္ဘာပေါ်တွင် (၉)ခုမြောက် နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်မှုအများဆုံးမြို့နှင့် ပဲရစ်၊ မက် ဒရစ်၊ အမ်စတာဒမ်နှင့်ရောမမြို့တို့ပြီးလျှင် ဥရောပ တွင် (၅)ခုမြောက်လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့လည်းဖြစ်ကာ နိုင်ငံတကာမှ လာရောက် လည်ပတ်သူ(၉)သန်းဝန်းကျင်ရှိကြောင်း သိရသည်။ ထို့ပြင် ဘာစီလိုနာမြို့သည် အပန်းဖြေနေရာများစွာ၊ ကမ္ဘာပေါ်တွင်အကောင်းဆုံးကမ်းခြေများထဲမှတစ်ခု၊ ကောင်းမွန်သောရာသီဥတု၊ ယူနက် စကိုကမ္ဘာ့ အမွေအနှစ်နေရာ (၈)ခုအပါအဝင် သမိုင်းဝင်အထိမ်းအမှတ်နေရာများ၊ ဟိုတယ်များ စွာနှင့် တိုးတက် ဖွံ့ဖြိုးသော ခရီးသွားအခြေခံအဆောက်အအုံများနှင့်အတူ နိုင်ငံတကာတွင် ကျော်ကြားသော ခရီးသွား နေရာတစ်ခုဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နှစ်စဉ်ကမ္ဘာလှည့်ခရီးသွားများ ပိုမိုများပြားလာ ခြင်းကြောင့် ဘာစီလိုနာမြို့ သည် အခြားခရီးသွားမြို့တော်များကဲ့သို့ပင် ပိုက်ဆံ အိတ်များနှင့် ပတ်စပို့ များ မကြာခဏ ခိုးယူခံရမှုများနှင့်အတူ ခါးပိုက်နှိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်းသိရသည်။ ခါးပိုက်နှိုက်ခံရမှုနှုန်း အလယ်အလတ်တွင်ရှိနေသော်လည်း ဘာစီလိုနာမြို့သည် လုံခြုံရေးနှင့် ကိုယ်ရေး ကိုယ်တာလုံခြုံမှု ဆိုင်ရာ အလုံခြုံဆုံးမြို့များထဲမှတစ်မြို့အဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။ ထို့ပြင် (၃)နှစ်ကျော်အတွင်း ရာဇဝတ်မှု(၃၂)ရာခိုင်နှုန်း ကျဆင်းသွားသည့် ဆန်းပြားသောရဲဘက် မဟာ ဗျူဟာများကြောင့် (၂၀၁၆)ခုနှစ်တွင် ဘာစီလိုနာမြို့ကို ကမ္ဘာ့ (၁၅)ခုမြောက်အလုံခြုံဆုံးမြို့အဖြစ် Business Insider က အဆင့်သတ်မှတ်ခဲ့ ကြောင်း သိရသည်။

NP News

Unit 28 

(must and can't)

Raymond Murphy

Unit 28 

(must and can't)

Raymond Murphy

ရုရှားနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် စတင် ကျင်းပ

တတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ကြီးများ ဖိုရမ် "Shaping the Future" သည် ရုရှားနိုင်ငံ၊ တာတာစတန်ဒေသရှိ ကာဇန် မြို့တွင် ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) က တရားဝင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ နှစ်ရက်ကြာ ဆွေးနွေးဖလှယ်ရန် တက်ရာက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်သို့ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘယ်လာရုစ်၊ အဘ်ခါဇီးယား၊ တောင်အော်ဆီတီးယား၊ မြန်မာ၊ လာအို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ကင်မရွန်း၊ ဘာကီနာဖာဆို၊ ဇင်ဘာဘွေနှင့် အခြားနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အရာရှိများ တက်ရောက်ခဲ့ ကြသည်။

ယခုနှစ်ဖိုရမ်၏ အဓိက ဆွေးနွေးအကြောင်းအရာများတွင် ဒစ်ဂျစ်တယ် ပြောင်းလဲမှု၊ AI နှင့် အွန်လိုင်းသင်ယူမှု၏ အခန်းကဏ္ဍ၊ ပညာရေးတွင် လူတိုင်းပါဝင်နိုင်မှု၊ ပညာရေးအရည်အသွေးနှင့် တရားမျှတမှု၊ ခေတ်သစ် လူမှုအဖွဲ့အစည်းအတွင်း ဆရာများ၏ ပြောင်းလဲလာသော တာဝန်များ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပညာရေးစိန်ခေါ်မှုများနှင့် လားရာများ ပါဝင်သည်။ ပါဝင်သူများသည် နိုင်ငံတကာ ပညာရေးစနစ်များ တိုးတက်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများကိုလည်း ဆွေးနွေး မည်ဖြစ်သည်။

ကမ္ဘာ့ပညာရေးစနစ်များ အလျင်အမြန် ပြောင်းလဲနေသည့် လက်ရှိအချိန် တွင် အဆိုပါဖိုရမ်သည် ပူးပေါင်းဆောင်ရွက်ရေး၊ အတွေ့အကြုံ မျှဝေရေး နှင့် အနာဂတ်ဗျူဟာများအတွက် အထောက်အကူပြု ပလက်ဖောင်း တစ်ခုလည်းဖြစ်သည်။

ဖိုရမ်သို့ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ရုရှားသမ္မတ ဗလာ ဒီမာ ပူတင် က “ခေတ်မီပြီး အရည်အသွေးပြည့်ဝသော ပညာရေးကို လက်လှမ်းမီစေရန် အာမခံခြင်းသည် ဤဖိုရမ်တွင် ပါဝင်သူအားလုံး၏ အဓိက ရည်မှန်းချက်ဖြစ်သည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

“ဤသည်မှာ လူမှုတရားမျှတမှု၊ ဆင်းရဲမွဲတေမှုနှင့် မညီမျှမှုများ လျော့ကျ စေရန်နှင့် မိမိတို့နိုင်ငံများရှိ လူနေမှုအဆင့်အတန်း မြှင့်တင်ရန် အခြေခံ အချက်တစ်ခုဖြစ်သည်” ဟု ၎င်းက ဆိုသည်။

ပညာရေးသမိုင်း၏ အရေးပါမှုအပေါ် ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ် က အဆိုပါဖိုရမ်သည် ဒုတိယကမ္ဘာစစ် အောင်ပွဲ ၏ ၈၀ နှစ်မြောက် နှစ်ပတ်လည်တွင် ကျင်းပခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ သည်။

“ဆရာများသည် စစ်အတွင်း အခက်ခဲဆုံးအခြေအနေများတွင် မိမိတာ ဝန်များကို ဆက်လက်ထမ်းဆောင်ကာ ဇွဲလုံ့လနှင့် သတ္တိရှိမှုကို စံနမူနာ ပြခဲ့ပြီး ထိုအောင်ပွဲတွင် အရေးပါသော ပံ့ပိုးမှုများ ပြုခဲ့ကြသည်” ဟု နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လဗရော့ဗ် က ပြောကြားခဲ့သည်။

ဖိုရမ်၏ ဒေသဆိုင်ရာ အရေးပါမှု အကြောင်း ဖွင့်ပွဲအစီအစဉ်ကို ဦးဆောင် ခဲ့သော ရုရှားပညာရေးဝန်ကြီး ဆာဂျီ ခရက်ဗ်ဆော့ဗ် က “မတရားသော ဖိအားများကြားတွင် ရုရှား၏ ပညာရေးစနစ်သည် ပိုမိုအားကောင်း လာဆဲဖြစ်သည်” ဟု ထောက်ပြခဲ့ပြီး နိုင်ငံတကာမှ ဧည့်သည်များအား ရုရှား၏ အတွေ့အကြုံများကို မျှဝေရန် အဆင်သင့်ရှိကြောင်း ဖော်ပြ ခဲ့သည်။

သမ္မတ၏ အကြံပေးအရာရှိ ဗလာဒီမာ မက်ဒင်စကီး က ပညာရေးနှင့် အမျိုးသားအချုပ်အခြာအာဏာအကြား ဆက်နွှယ်မှုကို ထောက်ပြလျက် “ကျောင်းပညာရေးအရည်အသွေးသည် ကလေးများကို အချုပ်အခြာအာဏာပိုင် နိုင်ငံ၏ လွတ်လပ်သော နိုင်ငံသားများအဖြစ် ကြီးပြင်းလာစေရန် အထောက်အကူပြုနိုင်သလို၊ အခြားနိုင်ငံများမှ သင်ယူလာသော အသိပညာများဖြင့် ၎င်းတို့၏ စိတ်များကို ပုံသွင်းခံရစေနိုင်သည်” ဟု သတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေ က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ “ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အစဉ်အမြဲ ပံ့ပိုးကူညီမှုများပေး ခဲ့ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ၎င်းက “ပညာရေးတွင် ဒစ်ဂျစ်တယ်နည်းပညာ အသွင်ကူးပြောင်းမှုဆိုင်ရာ အတွေ့အကြုံများကို လေ့လာသင်ယူရန်နှင့် အခြားနိုင်ငံများမှ ဝန်ကြီးဌာနများ၏ ကိုယ်စားလှယ် များနှင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန် မျှော်လင့်ထားကြောင်း” ဆိုသည်။

ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ၏ ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဇဲလ်ဂျီကာ စတိုဂျီစစ်ချ် ကလည်း “ပညာရေးစနစ် ထိရောက်စွာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အခြားနိုင်ငံများ၏ အတွေ့အကြုံများမှ သင်ယူ နိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်” အဖြစ် အဆိုပါဖိုရမ်ကို ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

ကိုးကာ- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ရုရှားက မိတ်ဖက်နိုင်ငံများနှင့် ဘက်စုံကမ္ဘာ ပညာရေးပုံစံကို မျှဝေမည် ဟု ပညာရေးဝန်ကြီး ပြောကြား

ရုရှားပညာရေးဝန်ကြီး Aleksey Kravtsov က ကာဇန်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာညီလာခံမတိုင်မီ ဘက်စုံ ကမ္ဘာတည်ဆောက်ရာတွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားသည့် ပညာရေးပုံစံကို မော်စကိုက မိတ်ဆက်သွားမည်ဟု ပြောကြား ခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဇွန် ၁၁) တွင် စတင်မည့် “အနာဂတ်ကို ပုံဖော်ခြင်း” ဖိုရမ် တွင် ပညာရေးဝန်ကြီး ၂၀ ကျော် တက်ရောက်မည်ဟု စီစဉ်သူများက ဆိုသည်။

ရုရှားသည် မိတ်ဖက်နိုင်ငံများနှင့် ဆရာဖြစ်သင်တန်း၊ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေးနှင့် ကျောင်းတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေကာ ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်း Kravtsov က သတင်းထောက်များအား အင်္ဂါနေ့ (ဇွန် ၁၀) တွင် ပြောကြားခဲ့သည်။

ရုရှား၏ ကျောင်းပညာရေးစနစ်သည် အရည်အသွေးအားဖြင့် ကမ္ဘာ့ ထိပ်တန်း ၁၀ နိုင်ငံအတွင်း ပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ပညာရေး အိုလံပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိမှုအရ ထိပ်တန်း ၃ နိုင်ငံအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“မိမိတို့၏ ကျောင်းသားများသည် အခြားနိုင်ငံများအကြောင်း လေ့လာရန်၊ အပြည်ပြည်ဆိုင်ရာမိတ်ဆွေဖွဲ့ရန်နှင့် ဗဟုစနစ်ကမ္ဘာ တစ်ခု ပုံဖော်ရာတွင် ပါဝင်ရန် အရေးကြီးပါသည်။ အနာဂတ်သည် အဆိုပါအကြောင်းချင်းရာ ပေါ်တွင် မူတည်နေပါသည်” ဟု ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အခြားနိုင်ငံများက လက်ခံကျင့်သုံးနိုင်သည့် Eurasian Lyceum ဟု ခေါ်ဆိုသော စံပြကျောင်းပုံစံကို ထုတ်ဖော်ရန် စီစဉ်ထားသည်ဟု Kravtsov က ပြောပါသည်။

“မိမိတို့သည် နိုင်ငံရေးမလုပ်ခြင်း၊ လက်ရှိလိုအပ်ချက်များနှင့် ကိုက်ညီခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းဟူသော အခြေခံမူသုံးရပ်အပေါ်အခြေခံသည့် ပညာရေးအရည်အသွေးအကဲဖြတ်ရေး အစားထိုးစနစ်တစ်ခုကို အဆိုပြုနေပါသည်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ကိုးကား- RT

ပိန္နဲစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ပိန္နဲသီးသည် အသီးကိုစားသုံးရ၍သကဲ့သို့ ၎င်းတွင်ပါဝင်သော အစေ့ကိုပါ ချက်ပြုတ်စားသောက်၍ရသော အစေ့အဆန်တစ်မျိုးဖြစ်သည်။

ပိန္နဲစေ့တွင် ဗီတာမင်ဘီနှင့် အခြားအကျိုးပြုဓာတ်များ များစွာပါဝင်ပြီး ပုံမှန်စားပေးမည်ဆိုပါက ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာရှိသည်။ ပိန္နဲစေ့သည် အသားအရေကို အထောက်အကူပြုပြီး အရေးအကြောင်း များကိုလည်း သက်သာစေသည်။ မျက်နှာအသားအရည် ထိန်းသိမ်းရန်အတွက် ပိန္နဲစေ့ကို အသုံးပြုနည်းမှာ ပိန္နဲစေ့အနည်းငယ်ကို နို့အေးထဲတွင် မိနစ်အနည်းငယ်စိမ်၍ ကြိတ်ချေပြီး ရလာသည့်အနှစ်ကို မျက်နှာတွင် လိမ်းပေးရမည်။ ထို့နောက် မျက်နှာပြင်ခြောက်သွေ့သည်အထိထားပြီး ရေနွေးနွေးလေးဖြင့် မျက်နှာသစ် လိုက်လျှင် နှစ်ပတ်အတွင်း မျက်နှာအသားအရည် ကြည်လင်ဝင်းပလာမည်ဖြစ်သည်။ ထို့ပြင် တင်းတိပ်၊ ဝက်ခြံ၊ မှဲ့ခြောက်များကိုလည်း သက်သာပျောက်ကင်းစေသည်။ ပရိုတင်းနှင့် အခြားအာဟာရဓာတ်များ ကလည်း အရေပြားပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးနိုင်ပြီး ကြွက်သားများကိုလည်း သန်မာစေသည်။

ပိန္နဲစေ့ကို တိုက်ရိုက်စားပေးလျှင် ဖိုက်ဘာကြွယ်ဝသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး သံဓာတ် ပါဝင် သဖြင့် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ အိပ်စက်ရန်ခက်ခဲသူများအတွက် ပိန္နဲစေ့လှော်ကို စားသုံးပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေနိုင်သည့် အစွမ်းလည်း ရှိသည်။ ပိန္နဲစေ့တွင် ဗီတာမင်အေ ပါဝင်ပြီး အမြင်အာရုံများကို သဘာဝအတိုင်း ကာကွယ်ထိန်းသိမ်း ပေးသည့် အစားအစာတစ်မျိုးဖြစ်သည်။ ပိန္နဲစေ့ကို နေလှန်းအခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး နေ့စဉ်စားသုံး ပေးပါက အစာကြေစေပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပျောက်ကင်းစေပါသည်။ ပိန္နဲစေ့တွင် “ဖိုင်တိုနူးတြိရင့်” များစွာပါဝင်သောကြောင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည်။

ပိန္နဲစေ့တွင် ဟေမိုဂလိုဘင်၏ အဓိကပါဝင်ပစ္စည်းဖြစ်သည့် သံဓာတ်ပမာဏ များစွာပါဝင်သောကြောင့် သွေးအားနည်းရောဂါကိုကုသနိုင်ပြီး သွေးနှင့်ပတ်သက်သည့် ရောဂါဝေဒနာအများစုကို ကာကွယ်ပေးနိုင်သည်။ သံဓာတ်က သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကိုတိုးမြင့်စေသောကြောင့် ကိုယ်ခံအားကောင်းစေသည်။ ထို့ပြင် ပိန္နဲစေ့တွင်ပါဝင်သည့် မဂ္ဂနိစ်က သွေးခဲပိတ်ဆို့ခြင်းကို ထိန်းညှိပေးနိုင်သည်ဟု သိရသည်။ ပိန္နဲစေ့တွင်ဗီတာမင် အေ ပါဝင်မှုကြောင့် ဆံသားကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်ခြင်းကို ကာကွယ်ပေးသည့်အပြင် ပရိုတင်း ဓာတ်များကလည်း ဆံသားကျန်းမာရေးကိုအားဖြည့်ပေးနိုင်သည်။ သံဓာတ်ပါဝင်မှုကြောင့် ဦးရေပြားတွင် သွေးလည်ပတ်မှု ပိုကောင်းစေပြီး ဆံပင်အတွက် ပို၍ အကျိုးပြုစေနိုင်သည်။ 

ထို့ကြောင့် ကျန်းမာရေးအတွက် ပရိုတင်းဓာတ်နှင့် အာဟာရဓာတ်များ များစွာပါဝင်သည့် ပိန္နဲစေ့ကို ပိန္နဲသီးစားပြီးလျှင် လွှင့်မပစ်ဘဲ ဟင်းချက်၍သော်လည်းကောင်း ကြော်/ လှော်/ အမှုန့်ကြိတ်၍ သော်လည်းကောင်း စသည်ဖြင့် နည်းမျိုးစုံဖြင့် အသုံးပြုနိုင်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ကိုးကား -  Myfood Myanmar