အီရန်သည် ၎င်း၏စစ်ပွဲများကို နယ်နိမိတ်များကျော်လွန် တိုက်ခိုက်နိုင်ရန် ဆယ်စုနှစ်သုံးခုကျော်ကြာ ပရောက်ဆီကွန်ရက်များကို ရစ်နှောင်ခဲ့ပြီး အထွတ်အမြတ်ခေါင်းဆောင် အယ်လီ ခါမေနီ၏ အာဏာ ချုပ်ကိုင်မှု တင်းမာလာချိန်တွင် ရန်သူများကို အကွာအဝေးတစ်ခုတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး အီရန်ကို တိုက်ရိုက်တိုက်ခိုက်မှုမှာ မဖြစ်နိုင်ဟု ယူဆခဲ့ကြသည်။

သို့သော် ဤအရှုံးမရှိဟု ယူဆခဲ့ကြသော အီရန်၏ပုံရိပ်သည် ဇွန်လ ၁၃ ရက်နေ့တွင် နာရီပိုင်း အတွင်း ပြိုလဲသွားခဲ့သည်။ အစ္စရေးသည် အီရန်နိုင်ငံအတွင်း နက်ရှိုင်းစွာ မထင်မှတ်သည့် ကြိုတင် မမျှော်လင့်သော တိုက်ခိုက်မှုကို စတင်ခဲ့ပြီး တီဟီရန်၏ လုံခြုံမှုခံစားချက်ကို ချိုးဖျက်ကာ နှစ်ပေါင်း များစွာ မွေးမြူခဲ့သော အင်အားကြီးမားသည့် အသွင်ကို ဖျက်ဆီးလိုက်သည်။
အဆိုပါဖြစ်ရပ်သည် အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုကို ပိုမိုမြင့်တက်လာစေနိုင်ပြီး အီရန်၏ ဒေသတွင်းဩဇာလွှမ်းမိုးမှုကို စိန်ခေါ်မည့် အလားအလာရှိသည်။
အဆိုပါ တိုက်ခိုက်မှုများတွင် အီရန်၏ အဆင့်မြင့်စစ်ခေါင်းဆောင်များနှင့် အချို့သော ထင်ရှားသည့် နျူကလီးယားသိပ္ပံပညာရှင်များ ပါဝင်ခဲ့ပြီး ၎င်းတို့အနက်မှ အချို့မှာ မိသားစုများနှင့်အတူ အိမ်တွင် အိပ်စက်နေစဉ် သေဆုံးခဲ့ကြသည်။ အီရန်ကျန်းမာရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်ဌာန၏ ညွှန်ကြားရေးမှူး ဟိုစိန်ကာမန်ပူရ်၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၆၂၇ ဦးရှိခဲ့ပြီး ၎င်းတွင် အမျိုးသမီး ၄၉ ဦးနှင့် ကလေး ၁၃ ဦး ပါဝင်ခဲ့သည်။ အမေရိကန်သည် တနင်္ဂနွေနေ့ (ဇွန် ၂၂) တွင် အစ္စရေး၏ စစ်ဆင်ရေးကို ပူးပေါင်းပါဝင်ခဲ့ပြီး နျူကလီးယားစက်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကာ နောက်တစ်နေ့တွင် အစ္စရေးနှင့် အီရန်ကြား စစ်ပြေငြိမ်းရေး ကြေညာခဲ့သည်။
အဆိုပါဖြစ်ရပ်သည် အီရန်၏ စစ်ရေးနှင့် နျူကလီးယား အစီအစဉ်များအတွက် ကြီးမားသော ထိခိုက်မှုဖြစ်စေခဲ့ပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် အရှိန်ပြင်းသော အကျိုးဆက်များ ဖြစ်ပေါ်စေ နိုင်သည်။
အီရန်နိုင်ငံအတွင်းနှင့် နိုင်ငံတကာမှ များစွာသောသူများ စိုးရိမ်လာကြသည်မှာ ဂုဏ်သိက္ခာနှင့် ကာကွယ်ရေးစနစ်များ ဒဏ်ရာရခဲ့ပြီးနောက် နိုင်ငံ၏ခေါင်းဆောင်များသည် ပြည်တွင်းတွင် ပိုမို တင်းကျပ်သော ထိန်းချုပ်မှုများပြုလုပ်ကာ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေး မူဝါဒများတွင် ပိုမိုတင်းမာ သောသဘောထား (သို့) စစ်ရေးဦးတည်သည့် ချဉ်းကပ်မှုကို ကျင့်သုံးလာနိုင်သည် ဟူသောအချက် ဖြစ်သည်။
အစ္စရေးနှင့် အမေရိကန်တို့သည် ၎င်းတို့၏တိုက်ခိုက်မှုများ၏ ရလဒ်အဖြစ် အစိုးရ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း ယခင်က အကြံပြုခဲ့ကြပြီး အီရန်အနေဖြင့် ၎င်းတို့အတွက် ပိုမိုသင့်မြတ်သော နိုင်ငံ တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် အဆိုပါရည်မှန်းချက် အောင်မြင်မှု မရှိခြင်း ကြောင့် အီရန်အစိုးရအနေဖြင့် ၎င်းတို့အနေဖြင့် အောင်ပွဲခံပြီဟု ကြေညာနိုင်ခဲ့သည်။
အီရန်ခေါင်းဆောင်များသည် ခံနိုင်ရည်ရှိမှုကို ပြသနိုင်ခဲ့ပြီး ဆုံးရှုံးခဲ့ရသူများ၏နေရာတွင် အစားထိုး ခန့်ထားမှုများ ပြုလုပ်ခဲ့ကာ အစ္စရေး၏တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှုရှိသည်ဟု သံသယရှိသူ များအပေါ် တင်းကျပ်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
ထိုအခြေအနေသည် အီရန်အတွင်း အာဏာတည်ငြိမ်မှုကို ပိုမိုခိုင်မာစေနိုင်သကဲ့သို့ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ပိုမိုရန်လိုသော သဘောထားများ ပေါ်ထွက်လာနိုင်သည့် အလားအလာကို မီးမောင်းထိုးပြနေသည်။
လက်ရှိအခြေအနေက ဖော်ပြနေသည်မှာ အီရန်အစိုးရသည် ပိုမိုယုံမှားသံသယဝင်လာပြီး ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်မှုကို စိုးရိမ်သည့်အတွက် ပြည်တွင်းတွင် ပိုမိုတင်းကျပ်စွာ အုပ်ချုပ်လာနိုင် သည်ဟု ညွှန်းဆိုနေသည်။
အစ္စလာမ္မစ်သမ္မတနိုင်ငံအီရန်သည် Ebrahim Raisi ဦးဆောင်သော ရှေးရိုးစွဲ အစိုးရ သုံးနှစ်ကြာ အုပ်ချုပ်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် ပြုပြင်ရေးဝါဒီ Masoud Pezeshkian အား ရွေးကောက် တင်မြှောက်ခဲ့သည်။ ၎င်းသည် အီရန်၏ ရန်သူများနှင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း ရွေးကောက်ပွဲ ကမ်ပိန်းတွင် အလေးပေးပြောဆိုခဲ့ပြီး ယင်းမှတစ်ဆင့် နိုင်ငံ၏ ပြည်တွင်းပြဿနာများကို ဖြေရှင်း နိုင်မည်ဟု ယူဆခဲ့သည်။
များစွာသော အီရန်နိုင်ငံသားများအတွက် Pezeshkian သည် အနောက်နိုင်ငံများနှင့် နျူကလီးယား သဘောတူညီချက်ရရှိရန်နှင့် အီရန်အား အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွင် ပြန်လည် ပေါင်းစည်း နိုင်မည့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့သည်။
ထိုပဋိပက္ခကာလအတွင်း အီရန်သည် အစ္စရေးကို ထပ်တလဲလဲ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး တယ်လ်အဗစ် ကဲ့သို့သော အဓိကမြို့ကြီးများတွင် ကြီးမားသော ပျက်စီးမှုများဖြစ်စေကာ လူ ၂၈ ဦး သေဆုံးခဲ့သည်။ စစ်ဘေးဒဏ်အောက်တွင် အီရန်၏ တုံ့ပြန်နိုင်စွမ်းသည် ပြည်တွင်းတွင် ချီးကျူးမှုရရှိခဲ့ပြီး အစိုးရကို ဆန့်ကျင်သူများထံမှပင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။
သို့သော် ရှေ့လျှောက် ဖြစ်လာမည့်အရာများက အီရန်နိုင်ငံသားများအား စိုးရိမ်စေနေသည်။အစိုးရသည် အစ္စရေးနှင့် ပူးပေါင်းသူများဟု သံသယရှိသူများကို အမြစ်ဖြတ်ရန် လှုပ်ရှားလာသည်နှင့်အမျှ ပြုပြင်ရေးဝါဒီများနှင့် အပြောင်းအလဲ တောင်းဆိုသူများအပေါ် ဖိနှိပ်မှုများ မကြာမီ စတင်လာနိုင် သည်ဟု စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်။
နိုင်ငံပိုင် သတင်းဌာန Fars News Agency ၏ ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ (ဇွန် ၂၅) အထိ “အစ္စရေး၏ ကြေးစားစစ်သား” ဟု စွပ်စွဲခံရသူ ၇၀၀ ကို ဖမ်းဆီးထားပြီဖြစ်သည်။
အဆိုပါဖြစ်ရပ်များသည် အီရန်၏ နိုင်ငံရေး အခြေအနေကို ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်ရန် ကြိုးပမ်းမှုများအဖြစ် ရှုမြင်နိုင်သော်လည်း ပြည်သူများ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံတကာ ဆက်ဆံရေး အပေါ် ကြီးမားသော သက်ရောက်မှုရှိနိုင်သည်။
ကိုးကား- CNN
(CNN သတင်းစာမျက်နှာတွင် Nadeen Ebrahim ရေးသားသည့် “The myth of Iran’s invincibility has been shattered, and the fallout could be far-reaching” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက- ၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)
https://edition.cnn.com/2025/06/25/middleeast/myth-of-irans-invincibility-broken-intl

ပြီးခဲ့တဲ့ရက်သတ္တပတ်က နယူးယောက်မှာ ကြီးမြတ်လှတဲ့ သံတမန်ကြီးက မိန့်ခွန်းပြောခဲ့ပါတယ်။ အဲဒီမိန့်ခွန်းက “အမြင့်စား၊ အပြင်းစား”၊ “သူသာလျှင် အမှန်တရား”။

အာရှတိုက်တစ်နေရာက ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံငယ်လေးတစ်ခုအကြောင်း ပြောနေကြတဲ့ ဒီလိုလူတွေပုံစံက အလိုလိုနေရင်း အထက်စီးက ဟန်ပန်ကြီးတစ်ခွဲသား။ ဒါဟာဂျီနီဗာနဲ့နယူးယောက်မှာရှိတဲ့ ကိုယ်ကျိုးရှာ ကိုယ်သာအဓိကသမားတွေ (SAPs) (အတ္တသမားတွေ) ပြောနေကျအတိုင်းပဲ အနှစ်သာရမရှိတဲ့စကားလုံးတွေ ဖြစ်နေပါတယ်။ အဲဒါတင်မက မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာကျင်းပတော့မယ့် ရွေးကောက်ပွဲအကြောင်းပါ ထည့်ပြောသွားသေးတယ်။ ပြင်းပြင်းထန်ထန်ပဲဗျို့။
ပြောချင်တာတစ်ခုပဲရှိတယ်။ အဲဒီမိန့်ခွန်းကိုပြောခဲ့တဲ့ခန်းမက လူသူမရှိဗလာနတ္ထိကြီး။ တက်ရောက်သူဆိုလို့ လက်ချိုးရေလို့ရတဲ့ အရေအတွက်လေးပဲရှိတယ်။ နိုင်ငံပေါင်း ၁၉၃ နိုင်ငံထဲက ဆယ်ဂဏန်းတောင်မပြည့်တဲ့လူတစ်စုလေးပဲ အထဲမှာရှိခဲ့တာ။
လူတွေ အဲဒါကို You Tube မှာ သွားကြည့်သင့်တယ်။ ကြည့်ပါဦးပရိသတ်တို့၊ ခန်းမကြီး ဗလာနတ္ထိလွတ်နေပုံကို။ အပြန်စားပြင်ဆင်ထားတဲ့ ခန်းမအလွတ်ကြီးပေါ့။ ကိုယ်ကျိုးရှာ ကိုယ်သာအဓိကသမားတစ်စု ကလွဲလို့ ဒီကိစ္စကို စိတ်ဝင်စားသူမရှိ၊ အခုအချိန်မှာ ဒါထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေ အများကြီးရှိနေတယ်။ ခန်းမထဲမှာရှိနေကြတာဆိုလို့ လူတွေအာရုံစိုက်ခံချင်လို့ ထင်ရာစိုင်းလုပ်ပြနေတဲ့၊ ကိုယ်သာလျှင်အမှန်တရားလို့ထင်နေတဲ့ အတ္တသမားတစ်အုပ်ပဲရှိတာ။ သူများ ကိစ္စဝင်ပါတာက သူတို့ရဲ့မျိုးရိုးဗီဇ(DNA)ထဲကိုက ပါနေတာ။ သူတို့လုပ်သမျှက သူများကိစ္စဝင်ရှုပ်တာ။ သူတို့ရဲ့ရာထူးဂုဏ်သိန် အာဏာကို ရှည်အောင်၊ ကြာအောင်ဆွဲဆန့်တာ။ အကျပ်အတည်းတွေကို မဖြေရှင်းဘဲ မပြီးနိုင်မစီးနိုင် ဆက်ရှိနေအောင် လုပ်နေကြတာ။
သူတို့အုပ်စုကလွဲလို့ ခန်းမကြီးလုံးဝဗလာနတ္ထိဖြစ်နေတယ်ဆိုတဲ့ အမှန်တရားကို ကိုယ်ကျိုးရှာအတ္တသမားတွေ သတိပြုမိကြမှာပါ။ လူရှိရှိ မရှိရှိ အဲဒါက သူတို့အတွက်တော့ နယူးယောက်ကိုခရီးသွားဖို့ အခွင့်အရေးတစ်ခုရတာပဲလေ။ သူငယ်ချင်းတွေဆုံကြမယ်၊ နယူးယောက်ကနေ တခြားသွားချင်တဲ့နေရာတွေ ဆက်သွားမယ်။ ကြားထဲကနေ ကိုယ်ပိုင်စီးပွားရေးလေးတွေလည်း လုပ်လို့ရတာပေါ့။ တချို့ဆိုပုဂ္ဂလိကလုပ်ငန်းတွေပါနေတာ။ ဒီရာထူးကြီးရှိနေလို့သာ သူတို့တစ်နှစ်ကို နယူးယောက်ကို အခေါက်ခေါက်အခါခါ သွားခွင့်ရ နေတာလေ။ “ဒါလေးအပ်ဒိတ်လုပ်ပါဦးမယ်၊ ဟိုဟာလေး တင်ပြပါဦးမယ်၊ လူကြီးကိုသတင်းပို့ပါဦးမယ်” ဆိုတာမျိုးတွေနဲ့ သွားနေကြတာပေါ့။ တကယ်လို့ ဒီရာထူးသာမရှိရင် တောင်ပစိဖိတ်စွန်းက အဆင့်မြင့် ပညာရေးအဖွဲ့အစည်းဆိုတာကြီးက ဒီလောက်အကုန်အကျများတဲ့ လေယာဉ်လက်မှတ်ခနဲ့ ဟိုတယ်စရိတ်ကို တတ်နိုင်မှာမဟုတ်ဘူး ဆိုတာ သေချာတယ်။
ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာ ဒီလိုခန့်အပ်ခံရတဲ့ သံတမန်တွေ တစ်ယောက်မှ ဘာတစ်ခုမျှ အောင်မြင်ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ နိုင်ငံရေးအခြေအနေတွေက ပြောင်းသွားပြီ။ သူတို့ရဲ့လုပ်ပိုင်ခွင့်(mandate)ကတော့ အရင်အတိုင်းပဲ။ လက်တွေ့ကျရဲ့လားဆိုတာ ပြန်လည်သုံးသပ်တာမျိုး၊ စစ်ဆေးတာမျိုး ဘာမှမရှိဘူး။ ဘာလို့လဲဆိုတော့ ဒီရာထူးက အစကတည်းက မြန်မာပြည်သူတွေအတွက် မဟုတ်လို့ပဲ။ ဒီရာထူးမှာ ခန့်အပ်မှုတိုင်းဟာ မှားယွင်းနေခဲ့တာ။ အထူးသဖြင့် အခုလက်ရှိခန့်ထားတဲ့သူက အမှားဆုံးပဲ။ သူလာတဲ့နိုင်ငံ သို့မဟုတ် လူမျိုးကိုကြည့်လေ။ ဘာမှဆက်ပြောစရာမလိုတော့ဘူး မဟုတ်လား။
ကိုယ်ကျိုးအတ္တသမားတွေကို ဘယ်သူမှအဖက်မလုပ်တော့ဘူး။ ကမ္ဘာပေါ်မှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေတယ်။ စစ်ပွဲတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ စသည်စသည်ဖြင့် ဆိုးရွားတဲ့ပြဿနာမျိုးတွေ အများကြီးဖြစ်နေတဲ့အချိန်မှာ သူတို့ကိုဘယ်သူမှ အရေးမလုပ် နိုင်ကြတော့ဘူး။ သူတို့လည်း လုပ်နိုင်တာတစ်ခုလေးတောင် မရှိတော့ဘူး။
သူတို့ရဲ့အေဂျင်စီတစ်ခုက မကြာသေးခင်က ထုတ်ပြန်တာကို ကြည့်ဦး။ ၂၀၂၄ ခုနှစ်အကုန်မှာ အတင်းအဓမ္မနေရပ် စွန့်ခွာရတဲ့ လူဦးရေက ၆ ဒသမ ၃ သန်းတိုးလာပြီး စုစုပေါင်း ၇၃ ဒသမ ၅ သန်း အထိ ရောက်သွားပြီတဲ့။ ဒါဆိုမေးစရာရှိတာက သူတို့ဘာတွေလုပ်နေ ခဲ့ကြလဲဆိုတာပဲ။ သူတို့မျက်စိရှေ့မှာတင် ကမ္ဘာကြီးက တစ်စတစ်စ ပြိုလဲနေတာ။ ပိုလုံခြုံလာဖို့၊ ပိုကောင်းလာဖို့နေနေသာသာ အခြေအနေ တွေက ပိုဆိုးလာနေတာလေ။
သူတို့လာပြီး ဟောပြောတာမျိုးမလုပ်စေနဲ့။ ဝေးဝေးမှာပဲနေပါစေ။
ဪ…ဟုတ်ပါရဲ့၊ ဒီမိန့်ခွန်းထဲမှာ “မိမိကိုယ်ကို ဖျက်ဆီးခြင်း” ဆိုတဲ့စကားလုံးလည်း ပါသွားသေးတယ်။ တကယ်တမ်းကျတော့ ဒီကိုယ်ကျိုးအတ္တသမားတွေကို သူတို့စိတ်ကြိုက် လွှတ်ထားမယ်ဆိုရင်တော့ ပျက်စီးခြင်းဆိုတာ ရှောင်လွှဲလို့ရမှာမဟုတ်ဘူး။ သူတို့ဒီလိုမျိုး တခြားနိုင်ငံတွေမှာလည်း လုပ်ခဲ့ဖူးတယ်။ သူတို့ရဲ့ကျရှုံးမှု မှတ်တမ်းတွေက သမိုင်းစာမျက်နှာတွေမှာ ပြည့်နေတာပါပဲ။ သူတို့ကို မေးခွန်းတစ်ခုမေးကြည့်ရအောင်။ လတ်တလော မှတ်မိသမျှ သူတို့ဘယ်ပဋိပက္ခကို ဖြေရှင်းပေးနိုင်ခဲ့သလဲလို့။ တစ်ခုလောက်များ နာမည်တပ်ပြီးပြောပြနိုင်မလား။ ။
(ဤဆောင်းပါးပါ အမြင်နှင့်ထင်မြင်ယူဆချက်များသည် စာရေးသူ၏ သဘောထားများသာ ဖြစ်ပါသည်။)
(၁၆ - ၆ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris)၏ Empty Chambers, Empty Words ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုထားပါသည်။)

ဒီနေ့ကမ္ဘာကြီးက ဘာနဲ့တူနေသလဲဆိုတော့ ပြန်ပေးအဆွဲခံထားရတာနဲ့တူနေတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ် တူရာစုကြတာပဲ။ သာတဲ့ဘက်က၊ နိုင်တဲ့ဘက်က လုပ်ချင်တာလုပ်တာပဲ။ အဆိုးမြင်တာမဟုတ်ဘူး။ ကမ္ဘာကြီးကပျက်စီးသွားပြီ။ အင်အားရှိသူသာ နိုင်စတမ်းပဲ။ ရုပ်ပိုင်းဆိုင်ရာတွေသာ တိုးတက်ဖွံ့ဖြိုး လာတယ်။ စိတ်ပိုင်းဆိုင်ရာက ယိုယွင်းသွားပြီ။ ပညာထက် အင်အားက ရှေ့ရောက်ခဲ့ပြီ။
ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ကမ္ဘာကြီးဟာငြိမ်းချမ်းရေးတို့၊ ဖွံ့ဖြိုးရေးတို့ဆိုတာတွေမှာ အကြီးအကျယ်မြှုပ်နှံခဲ့တယ်။ ကမ္ဘာအနှံ့က တက္ကသိုလ်ကြီးတွေက ပညာရှင်ပေါင်းများစွာ မွေးထုတ်ခဲ့တယ်။ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးခဲ့တယ်။ အဖွဲ့အစည်းပေါင်းများစွာက ဖောင်ဒေးရှင်းတွေ ထောင်ကြတယ်။ ငြိမ်းချမ်းရေးအတွက် ဆုတံဆိပ်ပေါင်းများစွာပေးကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းများစွာ ပေါ်ထွက်လာတယ်။ ပြည်တွင်းက အင်န်ဂျီအိုလိုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ကမ္ဘာကြီးကကြာလေပိုလို့သာ မငြိမ်းမချမ်းဖြစ်လာတယ်။ Good Governance တို့၊ Gender တို့၊ Peace တို့၊ Development တို့ဆိုတဲ့ ပရောဂျက်တွေက အကောင်အထည်ဖော်လို့ကို မပြီးနိုင်ဘူး။ ဘတ်ဂျက်တွေသာ အဆက်မပြတ်တောင်းခံနေတယ်။ ကမ္ဘာကြီးက ယဉ်ကျေးမလာပါဘူး။
ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန် - ဆိုဗီယက် စစ်အေးတိုက်ပွဲကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ဘူးလို့ အကြောင်းပြမယ်ဆိုရင် စစ်အေးတိုက်ပွဲအလွန် အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ ထင်တိုင်းကြဲနိုင်တဲ့အခြေအနေမှာလည်း ကမ္ဘာကြီးက ငြိမ်းချမ်းမလာခဲ့ပါဘူး။ အခု ၂၀၂၅ ခုနှစ် အမေရိကန်နိုင်ငံမှာ အမျိုးသားရေး သမ္မတ ဒေါ်နယ်ထရမ့် တစ်ကျော့ပြန် ဒုတိယအကြိမ်အာဏာရလာခဲ့ပြီး Make America Great Again အားသွန်နေချိန်မှာ တစ်ဖက်မှာလည်း တရုတ်နဲ့ရုရှားနိုင်ငံတွေက သူတို့သမိုင်းတစ်လျှောက် အင်အား အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။
ပြန်ပေးဆွဲတယ်ဆိုတဲ့ကိစ္စဆီ ပြန်လှည့်ရအောင်။ အဲဒီစကားလုံးက နည်းနည်းကြီးတယ်။ အာဏာရှင်နိုင်ငံတွေကို အဲဒီအသုံးအနှုန်းသုံးရင် အကြောင်းမဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံတွေကို သုံးရင်အဲဒါ နည်းနည်းပြဿနာရှိတယ်။
အခု ဆောင်းပါးခေါင်းစဉ်က ‘ပြန်ပေးအဆွဲ ခံထားရတဲ့ကမ္ဘာ’ ဆိုတော့ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်နေတယ်။ ဆိုတော့ဆောင်းပါးမှာ လွတ်လပ်တဲ့ လစ်ဘရယ်ကမ္ဘာဘက်ခြမ်းမှာ သဘောထားကွဲလွဲနေတာတွေကို အဓိက မီးမောင်းထိုးရေးသားသွားမယ်။ ဒီဆောင်းပါးက အနောက် ဆန့်ကျင်တဲ့ ဆောင်းပါးမဟုတ်ဘူး။ သို့သော် အမှန်ဖြစ်ပျက်နေတာတွေကို အရှိကိုအရှိအတိုင်း ရေးသားတင်ပြသွားပါမယ်။
လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲ
အခုဆို သိတဲ့အတိုင်းပဲ အနောက်နိုင်ငံတွေရဲ့ နိုင်ငံရေးမှာ လက်ဝဲနဲ့လက်ယာဆိုပြီး နှစ်ပိုင်းကွဲတယ်။ အနောက်နိုင်ငံဆိုတာ အမေရိကန်တို့၊ ဥရောပတို့စတဲ့ ဒီမိုကရေစီနိုင်ငံတွေပေါ့။ လက်ဝဲဆိုတာ သဘာဝပတ်ဝန်းကျင်တို့၊ ကျား၊ မသာတူ ညီမျှမှုတို့၊ လိင်တူချစ်သူများတို့ စသဖြင့် လူ့အခွင့် အရေးကိစ္စတွေ အလေးပေးတယ်။ လက်ယာကျတော့ လူ့အခွင့်အရေးတွေကို မပစ်ပယ်ပေမယ့် အမျိုးသားရေးကို ဦးစားပေးတယ်။ တစ်ဖက်နဲ့ တစ်ဖက်က ဆန့်ကျင်ဘက်တွေပေါ့။ နှစ်ဖက်စလုံး ဒီအမေရိကန်ပညာရေး၊ ဒီဥရောပပညာရေးက မွေးထုတ်ပေးလိုက်တဲ့ နိုင်ငံသားအချင်းချင်း ဖြစ်လေတော့ မြွေမြွေချင်း ခြေမြင်ကြတယ်။ နည်းနည်းလေးမှ အကြောမခံဘူး။
တစ်ဖက်ကရွေးကောက်ပွဲနိုင်ရင် သူ့အရင်တစ်ဖက်က လုပ်ခဲ့တာကို ဖျက်ပစ်တယ်။ အသစ်က ပြန်စတယ်။ အပြန်အလှန်ပဲ။ သိပ်ကြာတော့ ဘက်နှစ်ဖက်စလုံးက အစွန်းတွေရောက်လာတယ်။ လက်ဝဲဆိုလည်း လက်ဝဲစွန်း၊ လက်ယာဆိုလည်း လက်ယာစွန်းအဲဒီလိုမျိုးတွေဖြစ်လာတယ်။ လက်ဝဲဘက်ကလည်း လက်ယာသမားတွေကို ဖက်ဆစ်လို့ရင့်ရင့်သီးသီး သုံးနှုန်းသလို လက်ယာဘက်ကလည်း လက်ဝဲတွေကို ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေလို့ တံဆိပ်ကပ်တယ်။ အဲဒီလိုအခြေအနေတွေကဟိုး စစ်အေးတိုက်ပွဲကာလမှာကတည်းက ရှိခဲ့ပေမယ့် ဒီနေ့ကာလမှာ သိပ်ကိုသိသာထင်ရှားလာတယ်။ နိုင်တဲ့ဘက်က ရသလောက်လုပ်တာပဲ။ သူ့လူသူကြည့်တယ်။ သူ့လူမဟုတ်ရင် ပထုတ်တယ်။ ပထုတ်တာထက်ကျော်ပြီး အပြစ်ရှာ ထောင်ချတယ်။ လိုချင်တာကို ဖိအားအမျိုးမျိုးပေးပြီး လှည့်ပတ်လုပ်တာပဲ။ ငါတို့ဘက်ပါမလား။ ငါတို့ဘက်ရပ်မလား။ ကိုယ်ထိလက်ရောက် မဟုတ်သည့်တိုင် တစ်နည်းပြန်ပေးဆွဲတာပဲပေါ့။ အနည်းဆုံး တစ်ဖက်ဆန့်ကျင်သူတွေရဲ့အမြင်မှာဒါဟာ ပြန်ပေးဆွဲတာပဲ။
ထရမ့်ပထမအကြိမ် (၂၀၁၆-၂၀၂၀) အာဏာရခဲ့တုန်းကထရမ့်က သမ္မတအာဏာအသုံးပြုပြီး သူလုပ်ချင်တာတွေလုပ်တော့ ထရမ့်ကို ဆန့်ကျင်သူတွေက အမေရိကန်နိုင်ငံရေးဟာ ပြန်ပေးအဆွဲ ခံထားရသလိုပဲလို့ပြောကြတယ်။ ထရမ့်ရွေးကောက်ပွဲရှုံးပြီး အာဏာလက်လွတ်သွားတဲ့နောက်ပိုင်းထရမ့်ကို တရားစွဲဆိုဖို့ကိစ္စတွေဖြစ်လာတယ်။ ထရမ့်ကို ထောက်ခံသူတွေက လက်မခံဘဲ အပြစ်မရှိ အပြစ်ရှာတယ်၊ ဥပဒေကိုလုပ်ချင်သလိုလုပ်တယ်၊ အမေရိကန်ဟာ ပြန်ပေးအဆွဲခံထားရတယ်ဆိုတဲ့ သဘောပြောကြပြန်တယ်။
လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့မြင်
ပြောကြစတမ်းဆို လစ်ဘရယ်တွေ ကိုယ့်ရှူးကိုယ်ပြန်ပတ်တယ်လို့ မြင်တယ်။ အမေရိကန်တို့၊ ဥရောပ(အများစု)တို့ အားလုံးက လစ်ဘရယ်တွေပဲ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေးဦးစားပေးတဲ့ နိုင်ငံတွေပဲ။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အထူးသဖြင့်စစ်အေးတိုက်ပွဲနှောင်းပိုင်းမှာ လစ်ဘရယ်တွေဟာ နှစ်ပေါင်းများစွာ ကမ္ဘာကြီးကိုလွှမ်းမိုးခဲ့တယ်။ အနောက်ကမ္ဘာက အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ မီဒီယာတွေအကုန် လစ်ဘရယ်တွေပဲ။ လစ်ဘရယ်မဟုတ်ရင် မရှင်သန်နိုင်ဘူး။ အနောက်ကမ္ဘာဆိုပေမယ့်သူတို့ဟာ ကမ္ဘာအနှံ့လွှမ်းခြုံတယ်။ အချိန်တွေကသိပ်ကြာလာပေမယ့် တစ်ကမ္ဘာလုံးက လစ်ဘရယ်ဖြစ်မလာဘူး။ တစ်ဖက်မှာ လစ်ဘရယ်မဟုတ်တဲ့ ရုရှားတို့၊ တရုတ်တို့လို နိုင်ငံတွေ စုရုံးကြီးထွားလာတယ်။ နောက်ဆုံး လစ်ဘရယ်ထဲမှာ တင် သဘောကွဲလွဲလာတယ်။
ခုနပြောတဲ့ လက်ဝဲ၊ လက်ယာဆိုတာ အဲဒီရလဒ်တွေပဲ။ နဂိုကတည်းက လစ်ဘရယ်နိုင်ငံတွေမှာလက်ဝဲ၊ လက်ယာဆိုတဲ့ နိုင်ငံရေးအက်ကြောင်းက ရှိနှင့်ပြီးဖြစ်တယ်။ ဒီနေ့ကာလမှာ သိပ်ထင်ရှားလာပြီး အစွန်းဘက်တွေက ပိုအားကောင်းလာတယ်လို့ ဆိုလိုရင်းဖြစ်တယ်။ လစ်ဘရယ်တွေရဲ့ အားနည်းချက်က မပြင်ဆင်တာပဲ။ သူတို့လုပ်ငန်းစဉ်နဲ့ သူတို့ ဘယ်သူ့မှဂရုမစိုက်ဘူး။ လူ့အခွင့်အရေးမှ လူ့အခွင့်အရေးပဲ။ ပြင်ဆင်ဖို့စိတ်ကူးမရှိဘူး။ အခုဆို သူ့ထောင်ချောက်နဲ့သူ ပိတ်မိနေတယ်။
လစ်ဘရယ်အာဂျင်ဒါ၊ လစ်ဘရယ်တန်ဖိုး၊ လစ်ဘရယ်လုပ်ငန်းစဉ်ဆိုတာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူချစ်သူများ အခွင့်အရေး၊ ရွှေ့ပြောင်းခိုလှုံသူများအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်စသဖြင့် အများအကြိုက်တွေပေါ့။ ကမ္ဘာအနှံ့ ပရောဂျက်တွေ အမျိုးမျိုးဖော်ဆောင်ကြတာပေါ့။ ကမ္ဘာကြီးက ယဉ်ကျေးငြိမ်းချမ်းလာ သလားဆိုတော့ ဒီနေ့မြင်တဲ့အတိုင်းပဲလေ။ ဘာမှဖြစ်မလာဘူး၊ ပြောရင်တော့ အဆိုးမြင်ရာရောက်တာ ပေါ့ဗျာ။ ထိရောက်သင့်သလောက် မထိရောက်ဘူးပေါ့။ မထိရောက်တဲ့အပြင် အချို့နေရာတွေမှာ နောက်ပြန်ဆွဲသွားတယ်။ လက်တွေ့ပဲကြည့်ပါ။ သူတို့ အဲဒီလူ့အခွင့်အရေးတွေ ဖော်ဆောင်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ မပြောလိုဘူး။ သူတို့ မူရင်း ဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမှာတောင် လစ်ဘရယ် တန်ဖိုးတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဝေဖန်တဲ့ ထရမ့်လို အမျိုးသားရေးလက်ယာသမားတွေ ရွေးကောက်ပွဲနိုင် အာဏာရလာတယ်မဟုတ်လား။
လစ်ဘရယ်တွေဟာ ငါတို့ဘက်မှာနိုင်ငံတကာ အဖွဲ့အစည်းတွေရှိတယ်၊ မီဒီယာတွေရှိတယ်၊ ဒီမိုကရက်တစ် နိုင်ငံရေးသမားတွေရှိတယ်ဆိုပြီး မာန်တက်တာပေါ့။ အစိုးရတွေအထက်မှာ ရှိချင်လာတယ်။ လစ်ဘရယ်ပြီးရင်း လစ်ဘရယ်တာပဲ။ ပြန်ပြီးဆန်းစစ်ဝေဖန်တာတွေမလုပ်ဘူး။ ငါတို့သာ အမှန်ဆိုတဲ့အထိုင်က သူများကိုကြည့်တယ်။ ပြန်လည်ပြင်ဆင်ဖို့ ခက်ခဲသွားတယ်။ နောက်ဆုံးလစ်ဘရယ် ထောင်ချောက်ထဲကျတော့တာပဲ။ ပြန်ထွက်မရတော့ဘဲ နောက်ဆုံး ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲမှာ လစ်ဘရယ်တွေ ထွက်တော်မူ နန်းကခွာရပါတော့တယ်။
ထရမ့်တို့အမြင်က လစ်ဘရယ်တွေဟာ အမေရိကန်တို့၊ ဥရောပတို့နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ ဒါကြောင့် ထရမ့်ကလစ်ဘရယ် အသိုက်အဝန်းထဲမှာတင် သူပုန်ထတာပေါ့။ သူလည်းလစ်ဘရယ်ပညာရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူပဲလေ။ ၂၀၂၁ ခုနှစ်တုန်းကဆိုရင် ရွေးကောက်ပွဲအပြီးမှာ မဲရလဒ်ကိုမကျေနပ်လို့ ထရမ့်လူတွေက အမေရိကန်လွှတ်တော်ကိုဝင်စီးတယ်။ အမေရိကန်မီဒီယာတွေမှာ ပုန်ကန်မှု၊ ဆူပူအုံကြွမှုလို့ သုံးတယ်။ သူပုန်ထတယ်ပေါ့။ အခုဘာပြောကြမလဲ။ သူပုန်ဆိုတဲ့သူက နောက်တစ်ကြိမ် ရွေးကောက်ပွဲအောင်ပြန်ပြီလေ။ အခု ၂၀၂၅ ခုနှစ်မှာ ထရမ့်ကြီးအိမ်ဖြူတော်မှာ နောက်တစ်ကြိမ်ရုံးထိုင်ပြီ။ ထရမ့်လက်ထဲ အာဏာရောက်ပြီဆိုတော့ ထရမ့်ဆန့်ကျင်သူတွေက အမေရိကန်တော့ ပြန်ပေးအဆွဲခံရပြီတဲ့။ လေးနှစ်တစ်ကြိမ် အပြန်အလှန် ပြန်ပေးဆွဲနေကြတယ်ပေါ့။
လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မ သာတူညီမျှမှုက အရေးကြီး
ကြုံတုန်းဂျန်ဒါ (Gender) ကိစ္စရေးချင်တယ်။ လစ်ဘရယ်တန်ဖိုးမှာ ဂျန်ဒါဆိုတဲ့ ကျား၊ မသာတူညီမျှမှုက အရေးကြီးတယ်။ လစ်ဘရယ်တွေက ထရမ့်ဟာ မိန်းမတွေကို မလေးစားဘူးလို့မြင်တယ်။ ထရမ့်ကိုဆန့်ကျင်သူတွေထဲမှာ အမျိုးသမီးတွေ အများဆုံးပဲလို့ မီဒီယာတွေမှာဖော်ပြတယ်။ အခုထရမ့်နိုင်ပြီဆိုတော့ အမျိုးသမီးအတော်များများ မကျေမနပ်ဖြစ်ကြတာပေါ့။ ထရမ့်တို့လို အမျိုးသားရေးသမားတွေက အမျိုးသမီးအခွင့်အရေးတို့၊ LGBT အခွင့်အရေးတို့ သိပ်ဦးစားပေးခြင်းဟာ နိုင်ငံတော်ကို အားနည်းချည့်နဲ့စေတယ်လို့မြင်တယ်။ ထုတ်သာ မပြောတာဖြစ်တယ်။
တစ်နည်းပြောရရင် လစ်ဘရယ်တွေဟာ အမျိုးသမီးအခွင့်အရေး၊ LGBT အခွင့်အရေးတွေ ကတစ်ဆင့် အကာအကွယ်ယူပြီး နိုင်ငံရေးကို ပြန်ပေးဆွဲထားတယ်လို့မြင်တယ်။ အမျိုးသမီးထုနဲ့ လှည့်တိုက်ပေးတယ်လို့မြင်တယ်။ ဘယ်သူက အမျိုးသမီးတွေနဲ့ ရန်ဖြစ်ချင်မှာလဲ။ ယောကျ်ားနဲ့ မိန်းမ လူရှေ့သူရှေ့စကားများရင် ယောကျ်ားဘက်က အရှုံးပဲလေ။ ဒါကြောင့် ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ သူ့ပြိုင်ဘက် ဒီမိုကရက်တစ် အမျိုးသမီးသမ္မတလောင်း ကာမလာနဲ့ မဖြစ်မနေလုပ်ရတဲ့ စကားစစ်ထိုးပွဲ တစ်ကြိမ်ပဲဝင်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်ဖို့ ကာမလာက ကမ်းလှမ်းတော့ထရမ့်က မတုံ့ပြန်ဘူး။
အဲဒီတုန်းက ထရမ့်မလိုလားသူတွေကထရမ့်ကို ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြတယ်။ ထရမ့်ကြောက်သွားပြီပေါ့၊ ကာမလာကို မယှဉ်ရဲဘူးပေါ့၊ မိန်းမတစ်ယောက်ကိုတောင် မရင်ဆိုင်ရဲဘူးပေါ့စသဖြင့် လှောင်ပြောင်ကြတယ်။ လစ်ဘရယ်ဆိုတာ ဒါပဲလေ။ လူအုပ်နဲ့ဝိုင်းအနိုင်ကျင့်တဲ့နေရာမှာ လစ်ဘရယ်တွေက ရှေ့ဆုံးကပဲ။ တစ်နည်းပြန်ပေး ဆွဲနည်းတစ်မျိုးပဲ။
ဒါကြောင့်လည်း လက်တွေ့ကျတဲ့ အမေရိကန်လူထုက လစ်ဘရယ်တွေကို ရွေးကောက်ပွဲမှာ နှပ်ပစ်တာပေါ့။ အခုဆို SpaceX တို့၊ Tesla တို့ရဲ့ ပဲ့ကိုင်ရှင် အီလွန်မတ် (Elon Reeve Musk) တို့၊ Facebook (Meta) ပဲ့ကိုင်ရှင် ဇူကာဘက် (Mark Zuckerberg) တို့ကတောင် အလုပ်တွေမှာ အလုပ်ချိန် အပြည့်လုပ်ဖို့၊ အပျော်အပါးလျှော့ဖို့၊ လူလျှော့မယ်တို့၊ လုပ်ငန်းခွင်မှာ ကျားကျားလျားလျား လုပ်ရမယ်တို့စသဖြင့် လစ်ဘရယ်တွေမကြိုက်တဲ့ ဖိုဝါဒဆန်ဆန် သဘောထားတွေ တင်ပြနေကြလို့ လစ်ဘရယ်အသိုက်အဝန်းမှာ မကျေမနပ်ဖြစ်နေ ကြပါတယ်။ သူတို့တစ်သက် ကြိုးစားခဲ့တဲ့ ဂျန်ဒါ တွေ ဘေးချိတ်ခံထားရသလို ခံစားနေရတယ်ပေါ့။ အခုနောက်ဆုံး ပြောနေကြတာ အမေရိကန်နိုင်ငံရေးကို ထရမ့်နဲ့သူ့အနားက ဘီလျံနာသူဌေးလူတစ်စုက ချုပ်ကိုင်နေကြပြီ၊ အမေရိကန်ကို လူတစ်စုကအုပ်ချုပ်နေပြီ၊ တစ်နည်းအမေရိကန်နိုင်ငံရေးကို လူတစ်စုက ပြန်ပေးဆွဲထားပါပြီတဲ့။
နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ရှုမြင်
အကျိုးအမြတ် မယူဘူးဆိုတဲ့ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတွေတောင် အချို့လေ့လာ သူတွေရဲ့အမြင်မှာ ပြန်ပေးအဆွဲခံထားရတဲ့ သဘောသဘာဝနဲ့မကင်းပါဘူး။ ပညာတတ် လစ်ဘရယ်တွေက အခြေခံလူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုတဲ့ စကားလုံးတွေသုံးပြီး နိုင်ငံတကာစနစ်ကြီးကို ပြန်ပေးဆွဲထားတယ်လို့ အချို့နိုင်ငံရေးသမားတွေက ရှုမြင်ပါတယ်။ ပွင့်လင်းမြင်သာမှု အားနည်းတာ၊ ငွေတွေသာသုံးပြီး ကမ္ဘာကြီးက ပြဿနာတွေများလာတာ၊ အာဏာရှင်နိုင်ငံတွေကနေရာ ပိုရလာတာတွေကို ထောက်ပြကြပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ခေတ်စနစ်တွေ၊ အရေးအခင်းတွေကို မလွှမ်းနိုင်ဘဲ ခေတ်စနစ်တွေ၊ အရေးအခင်းတွေရဲ့ လွှမ်းတာကိုသာခံရင်း အလိုက်အထိုက်နေလာတာ နှစ်ပေါင်းများစွာ ကြာတော့ သူတို့အပေါ် အများပြည်သူရဲ့ ယုံကြည်မှုကလည်း ကျဆင်းလာပါတယ်။ သို့သော်နိုင်ငံတွေဟာ နိုင်ငံတကာဆက်ဆံရေး အသိုက်အဝန်းမှာတည်ရှိပြီး နိုင်ငံတကာအဖွဲ့အစည်းတွေဟာ နိုင်ငံတကာဆက်ဆံရေးရဲ့ အရေးကြီးတဲ့အစိတ် အပိုင်းဖြစ်တာကြောင့် အားလုံးက အလိုက်အထိုက်ပဲနေကြပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောသဘာဝအရ လူ့အခွင့်အရေးအဖွဲ့တွေ၊ လူသားချင်း စာနာကူညီမှုအဖွဲ့တွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ မီဒီယာ တွေ ချိတ်ဆက်အလုပ်လုပ်ကြတာမို့ အနည်းနဲ့အများ လစ်ဘရယ်နိုင်ငံရေးသမားတွေနဲ့ နီးစပ်မှုရှိပါတယ်။ လစ်ဘရယ်အထိုင်ကပဲအပြန်အလှန် ကူညီရိုင်းပင်းကြပါတယ်။ အခုလို ကမ္ဘာတစ်လွှား လစ်ဘရယ်တန်ဖိုးတွေ အတိုက်အခိုက်ခံလာရချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေလည်းအနေကျပ်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်တည်ရှိတဲ့ အမေရိကန်နိုင်ငံမှာတောင် လစ်ဘရယ်ဆန့်ကျင်ရေးနိုင်ငံရေးသမားတွေ လွှမ်းမိုးလာနေတာမို့ အချို့ကဌာနချုပ်ကို အမေရိကန်ကနေ ရွှေ့ပြောင်းဖို့ တောင် အကြံပြုကြပါတယ်။ ထရမ့်လိုလူတွေရဲ့ အမြင်ကတော့ ယူအင်န်တို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာ အလုပ်မဖြစ်ဘဲ ပညာတတ်လစ်ဘရယ်တွေ ပြန်ပေးဆွဲထားတဲ့ နိုင်ငံတကာအစိတ်အပိုင်း တစ်ခုအနေနဲ့ရှုမြင်ပါတယ်။
ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရ
နောက်ဆုံးဗျာ။ သတင်းမီဒီယာတွေတောင် သတင်းမီဒီယာကျင့်ဝတ်တွေ ဖောက်ဖျက်ပြီး သိသိသာသာသူ့ဘက်၊ ကိုယ့်ဘက်လိုက်နေတဲ့ ခေတ်ကြီးဖြစ်ပါတယ်။ လိုရာဆွဲရေးကြတာပဲ။ အရောင်ဆိုးကြတာပါပဲ။ အတင်းပဲ လက်ခံခိုင်းတာ ပါပဲ။ အတင်းပဲ ထောက်ခံခိုင်းတာပါပဲ။ ဖတ်တဲ့သူ အများစုကလည်း သတင်းဖတ်ရင် ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်ထောက်ခံတာပဲ ဖတ်ချင်ကြတယ်။ သတင်းကဘက်မလိုက်ဘဲ ရေးရင်လည်း မကြိုက်ကြဘူးပေါ့။ သတင်းအောက်မှာ ထောက်ခံသူ လူအုပ်ကြီးက ညာသံပေးပြီး အသိပေးသလိုလို၊ ခြိမ်းခြောက်သလိုလိုနဲ့ လူမိုက်ဆန်ဆန် မှတ်ချက် တွေ အများကြီးပါပဲ။ အချို့သတင်းတွေက ဖတ်ရင်း နဲ့ ဖတ်တဲ့သူမှာ ဦးနှောက်ပြန်ပေးအဆွဲခံရသလို ခံစားရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ အမေရိကန်မီဒီယာ ၈၀ ရာခိုင်နှုန်းကျော်ကထရမ့်ကို ဆန့်ကျင်ပါတယ်။ ရွေးကောက်ပွဲနီးတော့ အဓိကသတင်းမီဒီယာအတော်များများက သူတို့ထရမ့်ကို ဆန့်ကျင်ကြောင်း တရားဝင်သတင်းဖော်ပြကြပါတယ်။ ထရမ့်ပြောသမျှ တစ်လုံးမကျန် လိုက်ကောက်ပြီး ဘယ်နေရာကတော့မှားနေတယ်၊ ဘယ်နေရာမှာတော့ လိမ်ပြောတယ်စသဖြင့် အသေးစိတ် သတင်းဖော်ပြကြပါတယ်။ ထရမ့်ကို ကြောက်စရာကောင်းသူအဖြစ် ပုံဖော်ကြပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ ထရမ့်ကသူပြောမယ့် မိုက်ခွက်မကောင်းလို့ စိတ်တိုနေတာကို အကျယ်တဝင့်ဖော်ပြပြီး ထရမ့်ဟာ ရွေးကောက်ပွဲ နီးလာတော့ သူရှုံးမှာသိလို့ ကယောင်ချောက်ချား ဖြစ်နေတယ်၊ စိတ်တိုတယ်ဆိုတာ စိတ်ပူပန်မှုရဲ့ လက္ခဏာဖြစ်တယ်စသဖြင့် မမှားလိုက်နဲ့၊ တွယ်တော့တာပါပဲ။
မဲဆွယ်ပွဲတစ်နေရာမှာလည်း လူမရှိတဲ့ ထိုင်ခုံ တွေရိုက်ပြပြီး အခုဆို မဲဆန္ဒရှင်တွေက ထရမ့် ဘာကောင်မှန်းသိလို့ ကျောခိုင်းနေကြပြီ၊ သူ့ပွဲတွေ လူနည်းလာနေပြီဆိုပြီး ရေးပြန်တယ်။ ရေးတဲ့၊ ပြောတဲ့မီဒီယာတွေက ကမ္ဘာကျော်မီဒီယာကြီးတွေဆိုတော့ အဝေးကစာဖတ်သူတွေကတော့ ဟုတ်များ နေသလားပေါ့။ ထရမ့်အခြေအနေမကောင်းဘူးပေါ့။ မဲရလဒ်လည်းထွက်လာရော ထရမ့်ကမဲအပြတ်အသတ်နဲ့ နေရာအများစုမှာ အနိုင်ရခဲ့တာပါပဲ။ အခုဆို ထရမ့်ဘက်သားလုပ်ငန်းရှင်အချို့က နာမည်ကြီး မီဒီယာတွေကို လိုက်ဝယ်ပြီး ထိန်းချုပ်ဖို့ကြိုးပမ်းနေကြပါတယ်။ နင်ပြီးငါ့အလှည့်ပေါ့။ အပြန်အလှန် ပြန်ပေးဆွဲနေကြတဲ့သဘော ဖြစ်နေတယ်။
အင်အားကြီးသူ နိုင်စတမ်း
ဆိုတော့ကာ ကမ္ဘာကြီးမှာ ဒီကနေ့ဖြစ်နေတာတွေက မရိုးသားဘူး။ နောက်ကွယ်မှာ ကိုယ်မမြင်နိုင်တဲ့ အကြောင်းအချက်တွေ အများကြီးရှိတယ်။ လက်ရှိနိုင်ငံတကာအခြေအနေက အင်အားကြီးသူ နိုင်စတမ်းပဲ။ ပညာနဲ့တင် အခြေခံလို့မရဘဲ အတွေ့အကြုံပါလိုလာတယ်။ သတင်းတွေဖတ်တဲ့အခါ ဘယ်သူ့ဘယ်သူမှမုန်းဖို့မဟုတ်ဘဲ သတိနဲ့ ဖတ်ရှုသုံးသပ်တတ်ဖို့လိုတယ်။ စိတ်ကိုဖွင့်ထားပြီး ဖြန့်ကြက်လေ့လာနေကြပါ။ ဘာလုပ်လုပ် အသိပညာ တိုးတက်ဖို့လိုတယ်။
မြန်မာလူငယ်တွေဟာ အလုပ်ပေါင်းစုံ၊ နေရာပေါင်းစုံ၊ နိုင်ငံပေါင်းစုံကို ရောက်ရှိကျင်လည်ကြမှာ ဖြစ်ပါတယ်။ တစ်ခုတည်းမှာ၊ တစ်နေရာတည်းမှာ ရပ်နေကြမှာမဟုတ်ဘူး။ လုံခြုံရေးသတိရှိကြပါ။ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို မြှင့်တင်ပါ။ နိုင်ငံတကာဆက်ဆံရေးအသိရှိကြပါ။ လူရည်လည်ဖို့လိုတယ်။ ခံစားချက်ကို ဦးစားမပေးပါနဲ့။ မဟုတ်ရင်ဘဝမှာ အကြိမ်ကြိမ်ပြန်ပေးအဆွဲခံရပါလိမ့်မယ်။ ။
MWD Web Portal

စစ်ကိုတားနေတဲ့ကြားထဲကပဲ စစ်ပွဲတွေ ဖြစ်ပြန်တယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေနဲ့ အဖြေရှာနေတဲ့ကြားက အီရန်-အစ္စရေးစစ် ထပ်ဖြစ်ရတယ်။ အီရန်နဲ့အစ္စရေးဆိုတာ အရှေ့အလယ်ပိုင်းက ထာဝရရန်သူတွေ။ ရုရှား-ယူကရိန်း ပဋိပက္ခကြည့်ပြန်တော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပဖို့ တစ်ရက်အလိုကျမှ ယူကရိန်းက ရုရှားကို ဝင်တိုက်ခဲ့တဲ့အတွက် ရုရှား- ယူကရိန်း ပဋိပက္ခကလည်း ပြီးဆုံးဖွယ်မမြင်။

ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်ခက်ခဲကြောင်း ပြနေကြတာ။ ပညာနဲ့မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းနေကြသရွေ့ စစ်ဝဲသြဃအတွင်းမှာ ကမ္ဘာကြီးလွတ်လမ်းမမြင်။ ယခုတစ်ကြိမ် အီရန်- အစ္စရေး စစ်ပွဲကတစ်ဆင့် တတိယကမ္ဘာစစ်ဆီ ဦးတည်နေပြီလား၊ လူသားတွေရဲ့ စိုးရိမ်မှုကို ဥပေက္ခာပြုတဲ့ ဘေးတီးဖန်တီးမှုတွေကလည်း ရှိနေပြန်ဆိုတော့ ကံကောင်းတယ်ပဲ ပြောရမလား၊ အတုယူစရာ ဖြစ်ခဲ့တယ်ပြောရမလား၊ ကျွန်တော်တို့ အရှေ့တောင်အာရှနဲ့ တောင်အာရှက ခေါင်းဆောင်တွေကြားမှာ ပညာနဲ့ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ဖြစ်နေတဲ့ စစ်ပွဲ၊ ဖြစ်ခါနီးစစ်ပွဲနှစ်ခုဟာ နာရီပိုင်းရက်ပိုင်းအတွင်း ပြီးစီးခဲ့ပြီး ပြည်သူတွေကို စိတ်အေးစေခဲ့ခြင်းဟာ ပညာနဲ့ လက်နက်အရာမှာ ပညာကိုအားကိုးခဲ့ကြလို့ဆိုတဲ့ သင်ခန်းစာတစ်ခုကို ရခဲ့တယ်။ သို့သော်လည်း.. ယနေ့ကမ္ဘာကြီး အခြေအနေက ဘယ်လိုမှ အားရှိစရာမရှိ။
စစ်လိုလားနေသူတွေကြောင့်သာ
ဇွန်လ ၁၃ ရက်နေ့ကစခဲ့တဲ့ အီရန်-အစ္စရေး စစ်ပွဲကိုပဲကြည့်ပါ။ အတိတ်က မိတ်ဆွေတွေဖြစ်ခဲ့ပြီးမှ အမြဲတမ်းရန်သူတော်တွေဖြစ်သွားရတဲ့ အီရန်- အစ္စရေးနှစ်နိုင်ငံအကြား လေကြောင်းတိုက်ပွဲတွေနဲ့ အဆုံးအဖြတ်လည်း မပေးနိုင်သေး၊ ငြိမ်းချမ်းရေးလည်းမရ၊ ပြင်းထန်တဲ့ နာတာရှည်ရောဂါကြီးဖြစ်နေတာ အတော်ကြာခဲ့ပါပြီ။ ယခုနောက်ဆုံး စစ်ပွဲကအီရန်မှာ နျူကလီးယားလက်နက်ပိုင်ဆိုင်သွားမှာ အစ္စရေးနဲ့အမေရိကန်က ကြောက်လန့်လို့၊ ပါရှန်းအင်ပါယာကြီးကို ဖြိုခွဲလိုတဲ့အစ္စရေးနဲ့ အမေရိကန်တို့ကြောင့်၊ ဖြစ်နိုင်ဖွယ် အခြားအခြားသော အကြောင်းကြောင်းတွေကြောင့် အီရန်ကိုအစ္စရေးက စတင်တိုက်ခိုက်ရာက ဖြစ်ပွားနေတဲ့စစ်ပွဲပါပဲ။ ဒီအယူအဆတွေကို ထင်ဟပ်စေတဲ့ တချို့နိုင်ငံရေးသမားတွေရဲ့ အပြုအမူတွေ၊ ပြောစကား တွေအရဆိုရင် ကမ္ဘာပေါ်မှာ တချို့ခေါင်းဆောင်တွေဟာ စစ်ကိုအတော်ကြိုက်ပုံရတယ်။ စစ်မီးဟုန်းဟုန်း တောက်သွားရမယ်ဆိုတဲ့ အပြန်အလှန် ခြိမ်းခြောက် စကားတွေ၊ ဆေးရုံမရှောင်၊ ကလေးလူကြီးမရှောင် ပစ်ခတ်သတ်ဖြတ်နေတဲ့ အနိဋ္ဌာရုံတွေကို အလွန်နှစ်သက်သူတွေရှိနေကြသလို သူတို့ကို ထောက်ပံ့သူတွေကလည်း ပျော်ပျော်ကြီး ထောက်ပံ့နေကြဆဲပဲ။
တချို့စစ်ပွဲတွေဟာ လက်နက်ငွေကြေးပုံအောထောက်ပံ့သူတွေရဲ့ အလိုဆန္ဒအရ ဖြစ်ကြရတယ်ဆိုတဲ့အချက်ဟာ ယနေ့ယူကရိန်းနဲ့အစ္စရေးကို ထောက်ပံ့နေတဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ကို ပြောနေတာပဲ။ သူတို့ဟာ သူတို့အကျိုးစီးပွားအတွက် ဒေသတွင်းမှာ စစ်ပွဲတွေပုံဖော်နေကြခြင်းဖြစ်တယ်။ စစ်ပွဲမဟုတ်တဲ့ အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်မြို့မှာ ICE ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲများမှာတောင် ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ဂျော့ဆိုးရော့ဇ်ကြီးတစ်ယောက် ကွန်ဂရက်ရှေ့မှောက်အစစ်ခံရမယ့် အခြေအနေကို ရင်ဆိုင်နေရတာကြည့်ရင် သိနိုင်ပါတယ်။
အစ္စရေးနဲ့ ပတ်သက်တဲ့ ကမ္ဘာ့အရေးအခင်းတွေမှာ အမေရိကန်က အစ္စရေးလုပ်သမျှ ကြီးကြီး ကျယ်ကျယ် ဘာမှတားဆီးခဲ့တာမရှိဘူး။ အမြဲလိုလို အမေရိကန်က အစ္စရေးဘက်က အမြဲရပ်တည်ပေးပြီး အီရန်ကိုတစ်ဖက်သတ် ဒဏ်ခတ်ပိတ်ဆို့ထားတာကြာပါပြီ။ ယခုလည်း အမေရိကန်နဲ့ အင်္ဂလန်တို့လုပ်ရပ်က ရန်ဘက်တွေအကြား စစ်ကိုတားဆီးဖို့၊ စစ်ကိုရပ်တန့်ဖို့ အသင့်မဖြစ်တဲ့အပြင် မီးလောင်ရာလေပင့်သလို အပြုအမူတွေသာ ပြုလုပ်နေကြတယ်။ ဒီလိုပရမ်းပတာအခြေအနေမှာ ကမ္ဘာ့ပြည်သူတွေရဲ့စိုးရိမ်စိတ်ကို ဘယ်နိုင်ငံ၊ ဘယ်ခေါင်းဆောင်တွေကများ လျှော့ချပေးနိုင်မလဲ။
အားလုံးက သူ့အကြောင်းတရားနဲ့သူ ပေါင်းစုံညီညွတ်၍သာ
ကမ္ဘာသူ ကမ္ဘာသားအားလုံးက ဘယ်နေရာက၊ ဘယ်စစ်ပွဲမှမမြင်လို မကြားလိုတော့ပါ။ စစ်ဖြစ်ရင် ကြားက မြေစာပင်ဟာ ပြည်သူတွေပဲဖြစ်တယ်။ စစ်ကိုရပ်ဖို့က၊ အဓိကကျသူက နှစ်ဖက်စစ်ထဲပါနေသူတွေပါပဲ။ နှစ်ဦးစလုံး ရပ်ကြမှ စစ်ကငြိမ်းပါမယ်။ နှစ်ဖက်မှာ တစ်ဖက်ဖက်က ရပ်လိုတဲ့ဆန္ဒမရှိလည်း စစ်ကမပြီးပါဘူး။ နှစ်ဖက်စလုံး ရပ်ချင်ပေမယ့် ဘေးက မြှောက်ပေးနေသူတွေကိုယ်တိုင်စစ်ကို ဆွဲဆန့်စေချင်လည်း စစ်ကမပြီးပါဘူး။ တစ်ဖက်ဖက်စီ လက်နက်ငွေကြေး ပံ့ပိုးနေတဲ့နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုလို့တောင်အရေးကြီးပါတယ်။ တစ်ခါတစ်ရံ စစ်ပွဲနွှဲနေတဲ့ ကာယကံရှင်နိုင်ငံရဲ့ အကျိုးစီးပွားထက် ဘေးကအားပေးထောက်ကူတဲ့ နိုင်ငံရဲ့ အကျိုးစီးပွားက ပိုအရေးကြီးသွားတဲ့အခါ ဒီစစ်ပွဲကဘယ်တော့မှ ပြီးဆုံးဖွယ်ရာ လမ်းမမြင်ပါ။ သူတို့ကြောင့်ပဲ ပဋိပက္ခတွေ စစ်ပွဲတွေဟာ တာရှည် သွားရတယ်။ ဥပမာ ယူကရိန်းစစ်အတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်ဖက်ငြိမ်းချမ်းရေး စကားပြောမယ့်နေ့ မတိုင်ခင်တစ်ရက်မှာမှ ယူကရိန်းက ရုရှားနိုင်ငံ အတွင်းပိုင်းထဲအထိဝင်ပြီး မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တိုက် လေယာဉ်တွေကို အလစ်အငိုက်ဝင်တိုက်ခဲ့တဲ့အတွက် ပျက်စီးခဲ့ရတဲ့စစ်ရပ်စဲရေး မျှော်လင့်ချက် ဘယ်သူ့ကြောင့်လို့ ထင်ပါသလဲ။ စစ်ကိုမရပ်စေချင်တဲ့ အင်္ဂလန်နဲ့ NATO တို့ရဲ့ ဆန္ဒပြည့်ဝခဲ့ပြီး စစ်ရပ်စဲချင်နေတဲ့ ရုရှားနဲ့ထရမ့်တို့ရဲ့ အိပ်မက်ပျက်သွားခဲ့ရခြင်း နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိခဲ့ပါသလဲ။
ရုရှားနိုင်ငံတော်ကြီး ပျက်သုဉ်းချည့်နဲ့စေရေး အကြောင်းတရားတစ်ခုနဲ့ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲ၊ ရုရှားနိုင်ငံကြီး ဆက်လက်အင်အားယုတ်လျော့အောင်၊ ရုရှားနဲ့ယူကရိန်းတို့ ငြိမ်းချမ်းရေးဘယ်တော့မှ မရအောင်၊ ယခုဖြစ်လာနေတဲ့ အရှေ့အလယ်ပိုင်း အရေးအခင်းဘက် ရုရှားလှည့်မကြည့်နိုင်အောင် တစ်နည်းရုရှားက မဟာမိတ်အီရန်ဘက် မကူညီနိုင်အောင်၊ အီရန်ကို အစ္စရေးက စိတ်တိုင်းကျလုပ်နိုင်အောင် ကြိုတင်စီမံထားတဲ့ ဖန်တီးမှုများပဲလား။ မတွေးလို့မရတဲ့ အခြေအနေတွေ ရှိနေပါတယ်။
ထိုနည်းတူ အစ္စရေးကရော အီရန်ကို နျူကိစ္စတစ်ခုတည်းကြောင့်ပါ၊ အီရန်က အကြမ်းဖက်တွေကို အားပေးနေတယ်ဆိုတဲ့ အကြောင်းပြချက် တွေအပြင် အခြားသော အကြောင်းတရားတွေ ရှိနေနိုင်ပါသေးသလား စသည်ဖြင့် ဒီထက်ပိုနိုင်တာတွေလည်း ရှိနိုင်ပါတယ်။ မကြာသေးခင်က တရုတ်နိုင်ငံရဲ့ ကမ္ဘာပတ်ပိုးလမ်းမစီမံကိန်းကြီး အီရန်နဲ့ ချိတ်ဆက်မိသွားတဲ့ အခြေအနေကပဲ ဒီစီမံကိန်းကို ဖျက်လိုတဲ့ အမေရိကန်က စစ်ကိုဖန်တီးပေးလိုက်သလို ဖြစ်သွားသလား တွေးဆစရာပါ။
စစ်မှန်သမျှ ရပ်သင့်ပါပြီ
ဘယ်လိုအကြောင်းတရားတွေနဲ့ စစ်ကိုစခဲ့ကြတာဖြစ်ပါစေ၊ အပြစ်မဲ့လူသားတွေကို သနား၍ ပျက်စီးသွားတဲ့ သယံဇာတအရင်းအမြစ်တွေကို ငဲ့ညှာပြီး စစ်ကို ရပ်သင့်ကြပါပြီ။ ဘယ်သူနိုင်နိုင် စစ်ဖြစ်တဲ့တိုင်းပြည်၊ မြို့ရွာမှန်သမျှ ပျက်စီးရစမြဲပါ။ စစ်ရဲ့သက်ရောက်မှုက ကြာရှည်သွားရင် ကျယ်ပြန့်သွားတတ်တယ်။ သူ့ဘက်၊ ကိုယ့်ဘက်အားပေး သူတွေဝင်ပါခဲ့ရင် အခြေအနေ ပိုဆိုးသွားဖို့ပဲရှိတယ်။ စစ်ကို ရပ်တန့်ဖို့မကြိုးစားဘဲ အားပေးအားမြှောက် ဆက်ပြုခြင်း၊ အပြန်အလှန်ခြိမ်းခြောက်နေခြင်းက ကမ္ဘာစစ်ကြီးအထိ ဖြစ်သွားနိုင်တယ်။ ဒီအဆင့်ထိ အရောက်ခံလို့ဖြစ်ပါ့မလား။ ဉာဏ်စွမ်း၊ ဝီရိယစွမ်း၊ ပညာစွမ်းအားကြီးကြီးနဲ့ ယနေ့ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းအဖြေရှာ အားထုတ်သင့်ပါပြီ။
ဘယ်လို ပဋိပက္ခပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ သံတမန်နည်းလမ်းတွေကသာ အဓိကဖြစ်ပါတယ်။ နိုင်ငံတွေ အနေနဲ့လည်း မိမိနဲ့အလွမ်းသင့်ရာ မိတ်ဖက်အပေါ်မှာ အလွန်အကျွံ မြှောက်မပေးသင့်ပါ။ လက်ရှိပဋိပက္ခကို တိုးချဲ့ဖို့ကြိုးစားသူဟာ ကျွန်တော်တို့ အမြင်အရတော့ ဒီအချိန်မှာ တကယ်အရူးအမိုက် တစ်ယောက်သာပါပဲ။ အပြုသဘောဆောင်ပြီး မျှမျှတတရှိတဲ့ အနေအထားကသာ ရပ်တည်သင့်ပါတယ်။ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပါဝင်သူတွေ အနေနဲ့ လူသားချင်းစာနာစိတ်နဲ့ နိုင်ငံတကာပြည်သူတွေရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားပြီး အဖြေရှာသင့်ပါတယ်။
ဒါ့အပြင် စဉ်းစားရမှာက ယနေ့စစ်ပွဲတွေကို ဖန်တီးသူတွေက ဘာကိုထားခဲ့လို့၊ ဘာတွေယူသွားကြမှာလဲ၊၊ သေချာတာကတော့ သားစဉ်မြေးဆက် အငြိုးအတေးတွေ၊ အာဃာတတွေပဲ ကျန်ခဲ့တာပါ။ ဘာကောင်းတဲ့အရာတွေကို ထားခဲ့နိုင်လို့ပါလဲ၊ လက်ရှိဖြစ်ပျက်နေတဲ့ စစ်ပွဲအခြေအနေတွေအရ ဘယ်ဘက်မှာ အကျိုးကျေးဇူးတွေ ပိုဖြစ်ထွန်းနေ လို့လဲ၊ နှစ်ဖက်ပျက်စီးတာပဲရှိတယ်၊ တင်းမာမှုတွေ ပိုတိုးလာတာပဲ ရှိပါတယ်၊၊ ယခု အီရန်-အစ္စရေး စစ်မှာပင် နျူကလီးယားဆွေးနွေးပွဲလည်း ပျက်သွားခဲ့ရပြီ။ ဒေသတွင်းပဋိပက္ခ အသွင်ပြောင်းလာပြီး ကမ္ဘာ့စွမ်းအင်လောင်စာစျေးတွေ မြင့်တက်သွားနိုင်တဲ့ အန္တရာယ်တွေသာ များလာနေတယ်။
ဘာတွေသင်ခန်းစာယူကြမလဲ
အီရန်-အစ္စရေးစစ်ကနေ အဓိကဘာသင်ခန်းစာ ရသလဲဆိုရင် သတိထားမိတဲ့အချက်က မိမိနိုင်ငံရဲ့ အချုပ်အခြာအာဏာ ချိုးဖောက်မခံရစေဖို့အတွက် မိမိတို့ရဲ့စစ်ရေး၊ စီးပွားရေးအင်အားကို အခိုင်အမာ တည်ဆောက်ထားဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။ စီးပွားရေးပါဝါ ထက် လက်နက်ပါဝါကတောင်ရေတိုမှာ ပိုအရေးကြီးပါတယ်။ ရေရှည်စစ်မှာတော့ စီးပွားရေးအင်အား၊ လူအင်အားလည်း ကောင်းနေမှဖြစ်မယ်။ ပါဝါရှိမှလေးစားမှာ ဖြစ်တဲ့အတွက် အင်အားကို တည်ဆောက် ရမယ်ဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေက ပြသနေပါ တယ်။
ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း အားကောင်းအောင် တည်ဆောက်ထားဖို့လိုကြောင်း တွေ့ရတယ်။ စိတ်ဓာတ်ဆိုတဲ့နေရာမှာ အချင်းချင်းသစ္စာရှိမှုနဲ့ မျိုးချစ်စိတ်ဓာတ်ကနေ ရေပက်မဝင်တဲ့ စည်းလုံးညီညွတ်မှုမျိုးရှိနေဖို့လည်း အရေးကြီးပြန်တယ်။ ရန်သူကို သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနိုင်ပေမယ့် ပြည်တွင်းမှာ အချင်းချင်းသစ္စာပျက်ယွင်းတဲ့ သစ္စာဖောက်တွေကြောင့် စစ်ဘက်နဲ့ ပညာရှင်တွေ လုပ်ကြံခံရတဲ့ နမူနာမျိုးတွေ၊ အပြင်နဲ့အတွင်း ဟန်ချက်ညီညီ ဖြစ်လာနိုင်တဲ့ အဖျက်အမှောင့် ဖော်ဆောင်မှုတွေကို သတိထားဖော်ထုတ်ဖို့လည်း အရေးကြီးပြန်တယ်။ ကိုယ့်ဘက်က အားမကောင်းရင် အစော်ကားခံရမယ်။ အားကောင်းအောင် အင်အားတည်ဆောက်ရမယ့် အချိန်ဖြစ်တဲ့အပြင် မိတ်ဆွေစစ် မိတ်ဆွေမှန်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်းလိုပါတယ်။
ယခုကာလက အင်မတန်အရေးကြီးတဲ့အတွက် ဖြစ်ပါတယ်။ သူတို့ဘာလုပ်လုပ် တရားတယ်ဆိုတဲ့ Double standard မူအတိုင်းကျင့်သုံးတတ်တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ အလေ့အထကို ပြန်လည်တုံ့ပြန်နိုင်ဖို့လိုတယ်။ ဒီလိုကျင့်သုံးမှုတွေကြောင့်သာ ပဋိပက္ခတွေ ကြီးထွားလာရတယ်၊ အကြမ်းဖက်မှုတွေ တိုးပွားလာရတယ်၊ ယခုလိုစစ်ပွဲတွေ ဖြစ်ပွားလာရတယ်။ ယခုလိုအခြေအနေတွေကြောင့်ပဲ နိုင်ငံတွေဟာ မိမိတို့အင်အားကို ဘက်ပေါင်းစုံကနေ တိုးချဲ့တည်ဆောက်နေကြရတယ်။ နောက်တစ်ချက် သတိထားမိတာတစ်ခုက ဂါဇာကအဖြစ်အပျက်တွေ၊ တဲလ်ဗစ်၊ ဟိုင်ဖာ၊ တီဟီရန် စတဲ့မြို့တွေက ဆိုးရွားလှတဲ့ အဖြစ် အပျက်တွေကြည့်ပြီး ကျွန်တော်တို့ နိုင်ငံတပ်မတော်က ပြည်တွင်းသောင်းကျန်းသူတွေအပေါ် ညင်သာတဲ့ကိုင်တွယ်ပုံနဲ့ နှိုင်းယှဉ်ကြည့်ရင် ခြားနားချက်အများအပြားကို တွေ့ရလိမ့်မယ်လို့ ယူဆတယ်။ တကယ်တော့ ကိုယ့်နိုင်ငံက ခေါင်းဆောင်တွေဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ပြည်သူဘယ်တော့မှ မဖျက်ဆီးမပျက်စီးစေရဘူးဆိုတဲ့စိတ် အမြဲရှိတယ်။ ဘယ်သူသေသေ ငါတို့နိုင်ငံသားတွေရဲ့ အသက်ပဲ ဆိုတဲ့စိတ်နဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းမယ်ဆိုတဲ့စိတ် အမြဲထားတယ်။
ယခုလက်ရှိဖြစ်နေတဲ့ စစ်ဖြစ်နေတဲ့နိုင်ငံတွေက အချို့သောခေါင်းဆောင်တွေ၊ စစ်ထဲဝင်ပါမိသော်လည်း ကမ်းလင့်တဲ့ငြိမ်းချမ်းရေးကို မဖမ်းမိမဆုပ်ကိုင်မိတဲ့သူတွေ၊ သူတို့ရဲ့ မိုက်မဲတဲ့စဉ်းစား တွေးခေါ်ပုံတွေကနေ သင်ခန်းစာယူမယ်ဆို ယူရမယ့်အချက် များစွာရှိနေပါတယ်။ အထူးသဖြင့် လူသားချင်း စာနာစိတ်ဆိုတာ ဘယ်လိုလဲဆိုတာ ယနေ့ကမ္ဘာ့စစ်ပွဲတွေကြည့်ပြီး ကျွန်တော်တို့ပြည်သူတွေ တိုင်းရင်းသားတွေ ခံစားသုံးသပ် ဆင်ခြင်နိုင်ဖို့ပါပဲ။ ။

လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေးမရရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရပြီးသံသရာလည်နေရပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်
လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးသည်လည်း နှောင့်နှေးနေခဲ့ရပါသည်။ ငြိမ်းချမ်းရေးမရရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရပြီးသံသရာလည်နေရပါသည်။ ငြိမ်းချမ်းရေးသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး အရေးကြီးကြောင်းကို ခေတ်အဆက်ဆက်က နိုင်ငံ့ခေါင်းဆောင်များအားလုံးအနေဖြင့်လည်း နားလည်လက်ခံခဲ့ကြသည့်အတွက် ငြိမ်းချမ်းရေးရရှိစေရေး ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှုအပြည့်အဝ မရရှိခဲ့ကြပေ။ မိမိတို့နိုင်ငံ၏ ရှည်ကြာလှသည့်ပဋိပက္ခ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်၍ သင်ခန်းစာများ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ အကျိုးအတွက် အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရယူလိုသည့် အတ္တဆန္ဒများဖြင့် ဆောင်ရွက်မှုများ၊ မကျေနပ်မှုများကြောင့် အကြမ်းဖက်လုပ်ဆောင်ခဲ့မှုများ ရှိခဲ့သော်လည်း နိုင်ငံတော်၏ အနာဂတ်အရေးကို ရှေးရှုပြီး ပြည်သူများအားလုံး၏အကျိုးကို ငဲ့ကွက်သည့်စိတ်စေတနာဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
နိုင်ငံတော်၏ ပကတိအခြေအနေကိုသိမြင်ပြီး မိမိတို့နိုင်ငံကို ကိုယ်တိုင်တည်ဆောက်ကြရမည် ဖြစ်ပါသည်။ အခက်အခဲရှိလာပါက နိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောက်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့၏ မိသားစုဘဝ ကြီးပွား တိုးတက်ရေးအတွက် မိသားစုဝင်အားလုံး စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့အချင်းချင်း အမြင်တူသည်များကို စုပေါင်းလုပ်ဆောင်၍ အမြင်မတူသည်များကို ညှိနှိုင်းဖြေရှင်းကြရမည် ဖြစ်ပါသည်။ အဓိကအရေးကြီးသည်မှာ နိုင်ငံတော်၏အကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ် ထားရှိရမည်ဖြစ်ပါသည်။ အဆိုပါ သဘောတရားများကို လက်ကိုင်ထားပြီး ရဲရဲဝံ့ဝံ့ ယုံကြည်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံရေးအခြေအနေများသည် အမြဲတမ်းပြောင်းလဲနေပြီး ထိုပြောင်းလဲနေသည့် အခြေအနေများကို တာဝန်ရှိသူများက မျက်ခြေမပြတ် စောင့်ကြည့်လေ့လာ၍ အနာဂတ်အတွက် ကြိုတင်စဉ်းစားတွေးခေါ်မှုများဖြင့် ကြိုးပမ်းရမည်ဖြစ်သည်။ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်း များ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည့်အတွက် မိမိတို့တစ်နိုင်ငံတည်း သီးခြားရပ်တည်၍မရပေ။ နိုင်ငံတကာအဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ဆက်ဆံရမည်ဖြစ်ပါသည်။ မိမိတို့နှင့် ဆက်ဆံရသော ပြည်ပနိုင်ငံများ၏ အကျိုးစီးပွားကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ထွက်ပေါ်လာသည့် အကြံဉာဏ်ကောင်းများကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ကြရမည်ဖြစ်သည်။ တစ်ဖက်မှ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများကိုလည်း သိရှိနိုင်စေရေး ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ပါသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေး အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုင်းအဝန်းတည်ဆောက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး လိုလားသူအဖွဲ့အစည်းများအား ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးစကားဝိုင်းများပြုလုပ်၍ အကျိုးရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
၂၀၂၅ အလွန် ငြိမ်းချမ်းရေးအခင်းအကျင်းနှင့် ရွေးကောက်ပွဲအလားအလာ သုံးသပ်ဆွေးနွေးပွဲ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပမှုသည် ယခင် “ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025” တွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် အကြံဉာဏ်များနှင့် ထိရောက်သောဆွေးနွေးချက်များမှ ပေါ်ထွက်လာသည့် အကြံပြုချက်ရလဒ် (Outcome) များအရ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းမှု၊ အများပြည်သူများ၏ မျှော်လင့်ချက် ဖြည့်ဆည်းမှုနှင့် ပိုမိုထိရောက်သော စီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးတို့အတွက် ယုံကြည်မှုပိုမိုရရှိသော နည်းဗျုဟာတစ်ရပ်ဖြစ်သည့် အလွတ် သဘောဆွေးနွေးပွဲများ၊ Peace Talk 2025 ကဲ့သို့ ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်ပေးရန်ပါရှိသဖြင့် ဆက်လက်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ထို့အပြင် ပါဝင်သင့်ပါဝင်ထိုက်သူများအနေဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်နိုင်စေရန်၊ အရေးပါသော အကြံဉာဏ်များနှင့် အကူအညီများပေးနိုင်သည့် နိုင်ငံတကာမှမိတ်ဆွေများ ပါဝင်လာနိုင်စေရန်တို့အတွက် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးမှုများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်မည်ဖြစ်ပါသည်။
ယခုကျင်းပပြုလုပ်မည့် Peace Forum 2025 တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် နယ်ပယ်အသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ ပြည်ပမှ အသိပညာရှင်နှင့် အတတ်ပညာရှင်များ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံခြားသံတမန်များ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် အကျိုးရှိမည့် ရလဒ်ကောင်းများပေါ်ထွက်လာရေး Peace Forum 2025 ကို “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာ ဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ၃ ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အနေဖြင့် “အားလုံးပါဝင်သည့် ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်” ၊ “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရန်” ၊ “လူသားချင်း စာနာမှုအကူအညီများနှင့် လူမှုစီးပွားဘဝ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်” ၊ “နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန်” တို့အတွက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသူများ၊ ပညာရှင်များ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ စသည့်ကဏ္ဍ အသီးသီးက ပုဂ္ဂိုလ်များ၏ အတွေ့အကြုံများ၊ အတွေ့အမြင်များကို ဖလှယ်မှုမှတစ်ဆင့် မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ်တွင် ရလဒ်ကောင်းများ ထွက်ပေါ်စေရန်အတွက် အဓိကထား၍ ရည်ရွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။
မိမိတို့နိုင်ငံတွင် အမှန်တစ်ကယ် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည့် နိုင်ငံရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးကဏ္ဍကြီးများတွင် ကျွမ်းကျင်နားလည်သည့် တတ်သိ ပညာရှင်များအား စုစည်း၍ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ထိုးနှက်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်သာ တာဝန်ရှိသည်၊ NSPNC တစ်ခုတည်းတွင် တာဝန်ရှိသည်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ အလွှာပေါင်းစုံတွင်ရှိသည့် လူသားတိုင်းသည် ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေပါသည်။ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်မှုနှင့် ပဋိပက္ခများသည် ငြိမ်းချမ်းရေး မရနိုင်ဘဲဖြစ်နေသည်ကို ပြည်သူလူထုက သိမြင်ရန်လိုအပ်ပြီး ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရန် လိုအပ်နေပါသည်။ ယနေ့ ကြုံတွေ့နေရသည့် ပဋိပက္ခမျိုးစုံအား တတ်နိုင်သမျှကြိုးစားပြီး အမြန်ဆုံးလျှော့ချနိုင်ရေး လုပ်ဆောင်ရမည်ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ကို တိုးတက်စေနိုင်သည့် Short Term နှင့် Long Term Strategy များ ဖော်ထုတ်ရမည်ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ခေတ်မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသောအခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် မတူကွဲပြားမှုများကို စည်းလုံးညီညွတ်စွာဖြင့် အားလုံးပါဝင် ဆောင်ရွက် ပေးနိုင်ပါရန် မျှော်လင့်ပါသည်။ ဆက်လက်ကျင်းပမည့် ငြိမ်းချမ်းရေးဖိုရမ်သည် တာဝန်ရှိသူ များအားလုံးက မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုများမှ တစ်ဆင့် အမြန်ဆုံးချုပ်ငြိမ်းအဆုံးသတ်ပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တ နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော အနာဂတ်ပြည်ထောင်စုကို တည်ဆောက် နိုင်ရန်အတွက် အမိနိုင်ငံတော်ကြီး ငြိမ်းချမ်းမှုအပေါင်းခညောင်းရန် အချိန်အခါကောင်းဖြစ်ပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း Peace Forum 2025 ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြအပ်ပါသည်။

နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ ပိုထင်ရှားလာသလို ယခုလတ်တလော အမေရိကန်နိုင်ငံရေးမှာ သိသိသာသာကြီး ပြောစရာဖြစ်လာတဲ့ ကမ္ဘာ့အာဏာအရှိဆုံး သမ္မတထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်စ်တို့ဆက်ဆံရေး ခွာပြဲ၊ ကတ္တီပါလမ်းခွဲက သင်ခန်းစာယူစရာဖြစ်လာတယ်။ ဘုံရည်မှန်းချက်နဲ့ အကြံတူတုန်း ခဏမိတ်ဆွေ၊ ရည်မှန်းချက်မြောက်ပြီးမှ အကျိုးစီးပွားချင်းမတူတဲ့အပြင် အာဏ
နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ ပိုထင်ရှားလာသလို ယခုလတ်တလော အမေရိကန်နိုင်ငံရေးမှာ သိသိသာသာကြီး ပြောစရာဖြစ်လာတဲ့ ကမ္ဘာ့အာဏာအရှိဆုံး သမ္မတထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်စ်တို့ဆက်ဆံရေး ခွာပြဲ၊ ကတ္တီပါလမ်းခွဲက သင်ခန်းစာယူစရာဖြစ်လာတယ်။ ဘုံရည်မှန်းချက်နဲ့ အကြံတူတုန်း ခဏမိတ်ဆွေ၊ ရည်မှန်းချက်မြောက်ပြီးမှ အကျိုးစီးပွားချင်းမတူတဲ့အပြင် အာဏာရမ္မက်ကြားမှာ ရန်သူတွေဖြစ်ကြရ။ ဖြစ်တတ်တဲ့သဘောဆိုပေမယ့် ထာဝရအကျိုးစီးပွားအတွက် ထာဝရခိုင်မြဲတဲ့ မိတ်ဆွေဖြစ်ကြမယ်ဆိုရင်တော့ ပိုအောင်မြင်မယ်။ ဒါပေမဲ့ ယနေ့အခြေအနေများအရတော့ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာ မရှိသလောက်ဖြစ်လာကြပါပြီ။
အကျိုးစီးပွားချင်းမတူကြတဲ့အခါ
ထရမ့်နဲ့ အီလွန်မက်စ်ပြဿနာကတော့ စကတည်းက ယဉ်သကိုဆိုသလို နိုင်ငံရေးသမားနဲ့ စီးပွားရေးသမား၊ အမြဲတမ်းပေါင်းစပ်ဖို့ ခဲယဉ်းကြောင်း သဘောတရားတစ်ခုကို ရှင်းရှင်းလင်းလင်းသိမြင်လိုက်ရတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးလိုတွက်မယ်၊ စီးပွားရေးသမားက စီးပွားရေးအမြင်နဲ့တွက်မယ်။ တစ်သဘောချင်း ဘယ်ဖြစ်နိုင်ပါ့မလဲ၊ အကျိုးစီးပွားထိခိုက်တယ်ထင်ရင် တိုက်ကြခိုက်ကြမယ်ဆိုတာချည်း။ ယခုခေတ် နိုင်ငံရေး၊ စီးပွားရေးသမားတွေကပဲ ပြောနေတာ။
ဒါပေမဲ့ သူတို့ဆိုတာက သမ္မတရွေးကောက်ပွဲမတိုင်ခင်ကော၊ ပြီးပြီးချင်းမှာပါ ညီအစ်ကိုတမျှ ချစ်ခဲ့ကြသူတွေ၊ မက်စ်ကထရမ့်အောင်နိုင်ဖို့ ပုံအောပြီး ငွေသုံးပေးခဲ့သူ၊ ဒါပေမဲ့ ယခုအခါမှာတော့ သူတို့အချင်းချင်း စကားစစ်ထိုးကြ၊ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်တိုက်ကြခိုက်ကြ၊ ငယ်ကျိုးငယ်နာဖော်ကြတဲ့အထိ ရန်သူတွေဖြစ်သွားရပြီ။ လတ်တလောအကြောင်းရင်းက မက်စ်ရဲ့ Tesla EV ကိစ္စ၊ Space X ရဲ့ ကန်ထရိုက်တွေကိစ္စမှာ ထရမ့်ဘက်ကကြပ်လိုက်တာပါမယ်။ အစိုးရရဲ့အသုံးစရိတ် ဒေါ်လာဘီလီယံများစွာကို ထိန်းချုပ်မယ့် သမ္မတထရမ့်ရဲ့အစီအစဉ်မှာ အီလွန်မက်စ်ရဲ့ လုပ်ငန်းတွေပါသွားခြင်းကို မက်စ်က အတော်မကျေမချမ်းဖြစ်ရာကနေ ထရမ့်ကိုပြန်တုံ့ပြန်ခဲ့တယ်။ မက်စ်က သမ္မတထရမ့် ပါဝင်ပတ်သက်မှုပါတဲ့ Jeffery Epstein file ကို ပြည်သူ့ရှေ့မှောက် ဖွင့်ချလိုက်မယ်ဆိုတဲ့အခါမှာတော့ ထရမ့်နဲ့မက်စ်ကြားက ဆက်ဆံရေးအကွဲအပြဲက ပိုမိုဆိုးရွားသွားပုံရပြီး ပြဿနာအကြီးကြီးအထိ ဖြစ်သွားရပါတော့တယ်။
မီးလောင်ရာလေပင့် သွေးခွဲသူတွေရှိတယ် သတိထား
နောက်တစ်ခု မီးလောင်ရာလေပင့် သတင်းတစ်ခုအရဆိုရင် လက်ရှိသမ္မတထရမ့်ရဲ့ အဘိုးက ဂျာမန်ကြီးတစ်ဦးပါတဲ့။ US ကိုရောက်လာတဲ့ ဂျာမန်အဓိပတိ မားဇ်ကပြောခဲ့တာကြောင့် ထရမ့်က ဂျာမန်သွေးနှောသူကြီးဖြစ်သွားခဲ့ရပြီ။ ထရမ့်ကို ပါးပါးလေးပုတ်ပြီး ရုရှားသမ္မတနဲ့ သွေးခွဲလိုက်တဲ့သဘော၊ Migrants နဲ့ပတ်သက်ရင်အထိမခံတဲ့ သမ္မတကြီးကို သာသာလေးပညာပေးတဲ့သဘော တွေ့ရလိမ့်မယ်။ ထို့အတူ တောင်အာဖရိကနွယ်ဖွားဖြစ်တဲ့ အီလွန်မက်စ်အပေါ်မှာလည်း လူမျိုးရေးအရသွေးခွဲမှုတွေက ထရမ့်နဲ့ မက်စ်အကြားမှာ အလွယ်တကူ သွေးကွဲနိုင်တဲ့အနေအထားဖြစ်နေတယ်။ ယူတတ်ရင်သင်ခန်းစာဖြစ်တဲ့အတွက် နိုင်ငံအတွင်းက တိုင်းရင်းသားတွေအနေနဲ့ ပညာယူတတ်ရလိမ့်မယ်။
ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံအားလုံးလိုလို ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအရပါ။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ပထဝီဝင်အနေ အထားအရ၊ ဆင်းရဲချမ်းသာ ကွာဟချက်အရ၊ ကျင့်သုံးတဲ့နိုင်ငံရေးစနစ်တွေအရ ကွဲပြားမှုတွေအပေါ် မြှောက်ပင့်သွေးထိုးခံရတဲ့အခါ မူလမိတ်ဆွေ အဖြစ်ကနေရန်သူဖြစ်သွားရတဲ့ သာဓကပေါင်းများစွာရှိခဲ့ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း လက်ဝဲဆန်ဆန် ဒီမိုလစ်ဘရယ်ကြောင်တွေကြောင့် မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမချင်း၊ အလွန်ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေကြား အယူအဆ မတူ၊ ကွဲကြ၊ ခွဲကြ၊ အခေါ်အပြောမလုပ်၊ ရန်သူမည်သည်အထိ ဖြစ်သွားရတဲ့ ခါးသီးမှုများစွာရှိပါတယ်။ သိပ်နီးကပ်လွန်းရင်လည်း သွေးထိုးခံရတတ်တယ်။ နီးရာကနေ ဝေးသွားရင်လည်း ပိုဝေးသထက်ဝေးအောင် သွေးခွဲသူကအလိုလိုပေါ်လာတတ်တယ်။ သတိထား ရှုမြင်ဆင်ခြင်နိုင်အောင်ဖြစ်ပါတယ်။
အတ္တနဲ့ပါဝါ အခြေခံနေသရွေ့
တွဲလွန်းရင် ကွဲသွားတတ်တဲ့ သဘောတရားတစ်ခု။ လူမှုဆက်ဆံရေးနယ်ပယ်မှာ တွေ့ရတတ်တဲ့ ဘာမှအမြဲမရှိတတ်တဲ့ ဒီလိုသဘောတရားမျိုးဟာ ကမ္ဘာ့သမိုင်းစနစ်တိုင်းမှာလည်း ရှိခဲ့ကြဖူးတယ်။ ဥပမာ ကမ္ဘာ့ကွန်မြူနစ်သမိုင်းမှာ ဆိုဗီယက်ကွန်မြူနစ်နဲ့ ယူဂိုဆလားဗီးယားကွန်မြူနစ်၊ ဟန်ဂေရီ ကွန်မြူနစ် အချင်းချင်းအကွဲအပြဲ၊၊ အကြောင်းရင်းက သူ့မူဝါဒ ၊ ငါ့မူဝါဒ ၊ မူဝါဒချင်း၊ အတွေးအခါ်ချင်း၊ ရပ်တည်ချက်ချင်း အပြိုင်အဆိုင်တွေကြောင့်ပါပဲ။ ကမ္ဘာမှာ အာဏာအရှိဆုံးဖြစ်ချင်ကြတယ်၊ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ယခင်ကတော့ ဘုံရန်သူအရင်းရှင်စနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ဆိုပြီး စည်းလုံးခဲ့ကြတာပေါ့၊၊ ဒါက အတိတ်ဥပမာများဖြစ်ပြီး ယနေ့ခေတ်မှာလည်း ထာဝရမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမျိုးတွေ မရှိတော့တာ တွေ့လာရတယ်။ ဒီနေ့ရန်သူဟာ နောက်တစ်နေ့ မိတ်ဆွေဖြစ်နိုင်သလို ဒီနေ့မိတ်ဆွေကလည်း ချက်ချင်းဆိုသလို ရန်သူဖြစ်သွားနိုင်ပါတယ်။ ဒီဘက်ခေတ်တွေမှာ အများကြီးသတိထားရတော့မယ့် အနေအထားမျိုးတွေဖြစ်ပါတယ်။
ယနေ့ခေတ် ဥပမာပေးရရင် NATO အဖွဲ့ကြီးကို မြင်ကြည့်လို့ရတယ်။ ဒီအဖွဲ့အတွင်း US က ရုရှားဘက် ယိမ်းလာတဲ့သဘောတွေ၊ တူကီယဲ၊ ဟန်ဂေရီတို့လို အယူအဆမတူတဲ့ နိုင်ငံတွေကြောင့် NATO အတွင်း ခွာပြဲမှုတွေဖြစ်လာနိုင်တယ်။ Trade War ဆိုပြီး အကြီးအကျယ် ကုန်သွယ်စစ်ဆင်နွှဲဟန် ဟန်ရေးတပြပြရှိခဲ့တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတောင်မကြာမီ ဘေဂျင်းမှာ State Visit ခေါင်းဆောင်ချင်းတွေ့ဖို့အထိ ဖြစ်လာခဲ့ကြပြီ။ အစိုးရတယ်ရယ်လို့ ဘယ်မှာရှိနိုင်အံ့ပါ့နည်း။
အကြောင်းတရားကို ရှာကြည့်ရင် မိမိအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားအခြေခံတဲ့ အတ္တတွေကြောင့်ပဲ မဟုတ်ပါလား။ အာဏာပါဝါတွေကြောင့်ပဲ မဟုတ်ပါလား။ ချမ်းသာလာတဲ့သူက အာဏာကို ပိုတပ်မက်လာတယ်။ အာဏာရှိသူကလည်း ပိုပြီးချမ်းသာချင်လာတယ်။ နိုင်ငံရေးနယ်ပယ်ကော၊ စီးပွားရေးနယ်ပယ်မှာပါ ဒီသဘောတရားက အများစုတွေ့ရတတ်တဲ့သဘော ဖြစ်တတ်တဲ့သဘောတွေမို့ အထူးအဆန်းကြီးမဟုတ်ပေမယ့် လူ့အဖွဲ့အစည်းကို ဦးဆောင်ရသူတွေ၊ နိုင်ငံကိုဦးဆောင်ရသူတွေအကြား သည်းမခံနိုင်၊ အကဲဆတ်လွန်းကြရင် တွက်ကိန်းမှားနိုင်ခြေကို တွက်ချက်ဆင်ခြင်နိုင်ရပါမယ်။ ဘယ်အရာကိုမှ ယုံကြည်မှုမလွန်ကဲဖို့နဲ့ အစွဲတွေလွန်ကဲမသွားဖို့လိုပါတယ်။
ထာဝရအကျိုးစီးပွားဖြစ်မှသာ
သုံးသပ်ရရင်တော့ ထရမ့်နဲ့မက်စ်တို့ပြဿနာက ဘယ်လိုဆက်သွားမလဲ မပြောနိုင်ပါဘူး။ လင်နဲ့မယား လျှာနဲ့သွားလို ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်လည်းဖြစ်နိုင်တာပဲ။ ပြန်တည့်ရင်လည်း ကိုယ်စီအကျိုး စီးပွားကြောင့်သာဖြစ်ပါလိမ့်မယ်။ အတ္တနဲ့လောဘနဲ့ ငါအစွဲမဖြုတ်နိုင်ရင်ကြတော့ ယာယီအကျိုးစီးပွားအတွက် ယာယီပြန်ပေါင်းတာပဲဖြစ်နိုင်မယ်။ နှစ်ဦးနှစ်ဖက်အကျိုး၊ နိုင်ငံအကျိုးစီးပွားအတွက်ပါ မျှမျှတတကြည့်နိုင်မှသာ ထာဝရအကျိုးစီးပွားကို ရနိုင်မယ်ဆိုတာ သက်ဆိုင်သူအားလုံး မြင်သွားရင်ငြိမ်းချမ်းပြီ။ မဟုတ်ရင်အားလုံးအတွက် အကျိုးယုတ်သွားနိုင်တယ်၊၊ ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ လုပ်နေပြောနေပုံအရတော့ သူတို့တွေက နိုင်ငံ့အရေးထက် နိုင်ငံရေးလုပ်နေတာကများတယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ အမြင်မတူရင် ရှင်းမယ်ဆိုတာချည်းပဲ။ အမုန်းအာဃာအားကြီးလာတဲ့အခါ ဒီမိုကရေစီယဉ်ကျေးမှုလည်း ပါးလျလာတဲ့ သဘောပဲ။
အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွား၊ အမေရိကန် ပြည်သူတွေရဲ့အကျိုး ရှေ့တန်းတင်နိုင်ရေးကို ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ မြင်ပုံမရသေးဘူး။ ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအကျိုး ကြည့်တဲ့သူက သူရဲကောင်းဖြစ်နိုင်မယ်၊ အနာဂတ်နိုင်ငံ့ခေါင်းဆောင်အထိ မှန်းလို့ရသွားမယ်၊ ဒါပေမဲ့ ဒီနေရာမှာ တရားသဘောအရ သံဝေဂဖြစ်စရာတွေက အများကြီးပါ။ အများအတွက် မမြင်နိုင်လောက်အောင် ဖုံးလွှမ်းနေတဲ့ အဝိဇ္ဇာမောဟသဘောတွေ၊ အမှန်လည်းမမြင်၊ အမှားလည်းမမြင်နိုင်လောက်အောင် ပိန်းပိတ်နေတဲ့ အတ္တမာန်မာနနဲ့ လောဘဒေါသတွေ၊ ဒီတရားတွေ အဆိုးဘက်သိပ်ရောက်သွားရင် လုပ်သင့်တဲ့အလုပ်ကိုတောင် မမြင်နိုင်တော့တဲ့အထိ ဖြစ်နေကြတယ်၊၊ နိုင်ငံရေးဘက်ကကြည့်ရင် ရေတိုအောင်မြင်မှု Quick Win ကိုလည်း ရှာနိုင်ရမယ့်သဘော၊ စီးပွားရေးဘက်ကကြည့်ရင် ရေရှည်အကျိုးစီးပွားကိုလည်း တွက်နိုင်ရမယ့်သဘော၊ ဒီလိုသဘောတရားတွေကို တစ်ချိန်က မိတ်ဆွေအရင်းဖြစ်ခဲ့ကြတဲ့ ထရမ့်နဲ့ မက်စ်တို့အနေနဲ့ ဝေဖန်ဆင်ခြင်သင့်ပါတယ်။ အချင်းချင်းမတည့်ကြလို့ ညီညွတ်မှုမရှိတော့တဲ့ မိတ်ဆွေတွေကြားမှာ ရန်သူဘက်က ခလောက်ဆန်လို့ ပိုလွယ်နေတယ်၊ မလိုသူတွေ သွေးခွဲမှုကြောင့် ပိုပြီးသွေးကွဲသွားနိုင်ကြောင်း သတိပြုသင့်တယ်။ အချင်းချင်းအကြားမှာ နားလည်မှုထားပြီး သည်းခံနိုင်ကြရင်သာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိပါလားဆိုတာလည်း တွေ့ရလိမ့်မယ်။
သင်ခန်းစာယူစရာ များစွာရှိပါတယ်
ယနေ့ခေတ် နိုင်ငံတကာရေးရာအဖြစ်အပျက်တွေကြည့်ပြီး သင်ခန်းစာယူစရာ များစွာရှိနိုင်ပါတယ်။ အထူးသဖြင့် မိမိပြည်တွင်းရေးမှာ အစဉ်အဆက် ပြည်ပစွက်ဖက်မှုတွေကို အထူးအလေးထားရမယ်။ ခွဲလို့၊ ကွဲချင်သူတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပါးပါးလေးခွဲလိုက်ရုံနဲ့ အကြီးအကျယ်ကွဲသွားနိုင်ကြောင်း သတိပြုသင့်ပါတယ်။ တိုင်းရင်းသားတွေကြားမှာ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ နယ်မြေ ဒေသအခြေအနေအရ အလွန်အမင်းကွဲပြားသွားအောင်လုပ်ဖို့မသင့်ပါဘူး။ နိုင်ငံရေးလုပ်ကြတဲ့ နိုင်ငံရေးသမားတွေလည်း ထိုနည်းအတိုင်းပါ။ တိကျခိုင်မာတဲ့မူဝါဒ၊ အပြောင်းအလဲမများတဲ့မူဝါဒ၊ လက်တွေ့ကျတဲ့မူဝါဒနဲ့ စေတနာပါတဲ့လုပ်နည်းလုပ်ဟန်တွေအတိုင်းဆိုရင် နိုင်ငံ့အရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေအဖြစ် ပြည်သူတွေက ကြည်ညိုလေးစားကြမှာပါ။ အရေးအကြောင်းရှိခဲ့ရင်လည်း ကူညီဖို့အသင့်က ကိုယ့်အနီးဆုံး မိတ်ဆွေတွေပဲဖြစ်ပါတယ်။
ပြည်ပအရေးကြည့်ရင် အနီးအဝေးနိုင်ငံအားလုံးဟာ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်မို့ မိမိအရေးသာ ဦးစားပေးစဉ်းစားကြမှာ ဖြစ်ပါတယ်။ ကိုယ့်အရေးချည်း စဉ်းစားလာတဲ့အခါ ကိုယ့်အပေါ် ရှိနေတဲ့သူ့ကျေးဇူးကို မေ့သွားတတ်ကြတယ်။ ဒါကြောင့် မိတ်ဆွေတွေဖြစ်ခဲ့ကြသူချင်း ကွဲကြ၊ ခွဲကြဖို့ အစပျိုးလာတဲ့အခါ ရှိခဲ့ကြဖူးတဲ့ ကျေးဇူးတရားတွေကို မမေ့လျော့ကြဖို့လိုပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပါ။ အိမ်နီးချင်းကောင်း ပီသစွာနဲ့ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး အပြန်အလှန်သိတတ်ကြရင် အမြဲတမ်းမိတ်ဆွေတွေအဖြစ်နဲ့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းစွာတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့ ရေရှည်မိတ်ဆွေ၊ ထာဝရမိတ်ဆွေရဖို့ဆိုတာတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ မိမိအကျိုး၊ အများအကျိုးရည်မျှော်ပြီးတော့ မိမိဘက်ကလည်း ယုံကြည်စိတ်ချရကြောင်း ပြနိုင်မှ၊ ဟန်ချက်ညီညီနဲ့ လက်တွဲပြနိုင်မှ ရေရှည်ထာဝရမိတ်ဆွေတွေအဖြစ် လက်ခံကြမှာပါ။ တကယ်တော့ ပွတ်တိုက်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အပြန်အလှန်နားလည်ပေးနိုင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှု၊ ရေရှည်နှစ်ဦးနှစ်ဖက် အကျိုးဖြစ်မယ့်အမြင်ကို မြင်နိုင်စွမ်း ဒီအချက်တွေပေါ်မှာ အဓိကမူတည်ပါတယ်၊၊ ဒီလိုသာ တည်ဆောက်နိုင်ကြရင် ကတ္တီပါလမ်းခွဲကိစ္စမျိုးတွေလည်း ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ကြောင်းနဲ့ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာမရှိ၊ ထာဝရအကျိုးစီးပွားသာရှိနေမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
MOI

နိဒါန်း

“ငြိမ်းချမ်းရေး” ဟုဆိုရာတွင် မြန်မာစာပေအားဖြင့် ဗျည်းအက္ခရာ သုံးလုံး ဖြစ်သော “ငခရ” ဖြင့် ပေါင်းစုထားသော စကားစုကလေးဖြစ်ပါသည်။ စာရေးသူအနေဖြင့် ထို “ငခရ” ကို ငါ့ခရီး ဟု ရေးသားရမည်ဆိုပါကလည်း “ငါ့ခရီး” – “ငါသွားရမယ့်ခရီး ၊ အဲ့ဒီ ငါ့ခရီး ဘေးကင်းဖို့လိုတယ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုပါသည်။ ငြိမ်းချမ်းရေးဆိုသည်မှာလည်း ထို့အတူပင်၊ “ငြိမ်းချမ်းခြင်းကို ဘေးအန္တရာယ် ကင်းခြင်းဟုတစ်မျိုး၊ လုံခြုံခြင်းဟုတစ်ဖုံ၊ အေးမြခြင်းဟုတစ်လီ၊ ပျော်ရွှင်စေခြင်းဟုလည်း တစ်သွယ်” ဆက်စပ် အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပေလိမ့်မည်။ မြန်မာလို “ငြိမ်းချမ်းရေး”၊ အင်္ဂလိပ်ဘာသာဖြင့် “Peace” ကို ဖော်ပြသော စကားစုများ၏ အဓိပ္ပါယ်များသည် စင်စစ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော အချက်များသာ ဖြစ်နေပေရာ၊ အနုတ်လက္ခဏာဆောင်သော မငြိမ်းချမ်းမှု၊ မလုံခြုံမှု၊ အန္တရာယ်ရှိမှု၊ မအေးမြမှု စသည် တို့သည်လည်း ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရှိနေပေသည်။
တကယ်တမ်းဆိုလျှင် ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတို့ လိုလားတောင်းတတဲ့ အရာတွေ များစွာထဲက တန်ဘိုးဖြတ်လို့မရနိုင်သည့် မြင့်မြတ်သည့် အရာတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ ရမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုကစပြီး နိုင်ငံတစ်ခု၊ နယ်ပယ်တစ်ခုမှ တစ်ကမ္ဘာလုံးတိုင်အောင် မဆုံးနိုင်သည့် ပျော်ရွှင်မှုများနှင့်ပြည့်ဝပြီး လှပသည့် အနာဂါတ်ပေါင်းများစွာကို ဖန်တီးတည်ဆောက်နိုင်ကြောင်း မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများတွင် သာဓကပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိဖို့သည် လူ့အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဟု အခိုင်အမာ ဆိုရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တစ်ပြည်သည် စည်ပင်သာယာ ဝပြောမှုများ မရရှိနိုင်သည့်အပြင် တိုင်းရင်သား ပြည်သူများ၏ လူမှုစီးပွား ဘဝ (Socioeconomic Situation)များ အားလုံးသည်လည်း ပြိုလဲပျက်စီး သွားနိုင်သည်ဆိုသည်ကို သမိုင်းသင်ခန်းစာ များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။
“ငြိမ်းချမ်းရေးရှိဖို့ဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု”
ဤသို့ဆိုလျှင် မိမိတို့ မှီတင်းနေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေနှင့် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနဲ့ပတ်သက်ပြီး မည်သို့ မည်မျှ တန်ဖိုးသတ်မှတ် နှိုင်းယှဉ် ချိန်ထိုးကြည့်နိုင်မည်နည်း ဆိုသည့် မေးခွန်း ရှိလာမည် ဖြစ်ပါသည်။ တချိန်က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု ပေါင်းစုံသည် အေးအတူပူအမျှ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြရာမှ ဗြိတိသျှနယ်ချဲ့ တို့၏ ကျူးကျော်မှု များကြောင့် ရာစုနှစ်တစ်ခုနီးပါး သူ့ကျွန်ဘဝကျရောက်ခဲ့ရပါသည်။

“၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းမြန်မာနိုင်ငံသမိုင်းကြောင်းဟာ အကောင်းအဆိုးတွေနဲ့ရောပြွန်းရှုပ်ထွေးခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု သက်ဆိုး အရှည်ဆုံးနိုင်ငံဟု ပြောစမှတ်ပြုခံနေရပါတယ်”
စင်စစ် မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခ အရှည်ကြာဆုံးနိုင်ငံအဖြစ် ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရောက်ရှိနေခဲ့သည်မှာ ဗြိတိသျှတို့ ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ စတင်ရေတွက်လျှင် ၇၅ နှစ်ပင်ရှိခဲ့ပေပြီ။
တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်မှာ “စိန်ရတု”ပင် တိုင်လေပြီဟု ဆိုရပေတော့မည်။ အမှန်တော့ ဒီလိုစိန်ရတုသည် ဂုဏ်ယူစရာမဟုတ်။ ၇၅နှစ်တည်း ဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံရေမြေသဘာဝ သယံဇာတများနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာ တစ်ခုထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။ အဓိက အချက်မှာ ကိုလိုနီအမွေဆိုး အနေအဖြစ် လွတ်လပ်ရေး မရမီကတည်းက ပြည်တွင်းသောင်းကျန်းမှုများ စတင်ခဲ့ပြီး ရောင်စုံသူပုန်များဟု ခေါ်တွင်ရလောက်အောင် လူများစွဲ၊ ဝါဒစွဲများဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပေါ််ပေါက်လာခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးခရီးစဉ်မှာ ထင်သလိုမပေါက်ခဲ့ရကြောင်း နိဒါန်းအနေဖြင့်ဦးစွာ တင်ပြလိုခြင်းဖြစ်ပါသည်။
“ငြိမ်းချမ်းရေးဆိုသည်မှာ”
မြန်မာအဘိဓာန်၌ “ငြိမ်းချမ်းရေးဆိုသည်မှာ ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့ သောအဖြစ်” ဟူ၍ ဖော်ပြထားပြီး အောက်(စ်)ဖို့ဒ်အဘိဓာန် (၇)ကြိမ်မြောက် ရိုက်နှိပ်မှုတွင်မူ “A situation or a period of time in which there is no war or violence in a country or an area” ဟူ၍ အနက် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
“ငြိမ်းချမ်းရေးဟူသည် ဆူပူလှုပ်ရှားမှုများ၊ ပုန်ကန်ထကြွမှုများမရှိသော၊ အကြမ်းဖက်ရက်စက်မှုများ မရှိသော၊ စစ်ပွဲများမရှိသော၊ ပဋိပက္ခကင်းသောကာလ (သို့မဟုတ်) အခြေအနေ” ဟု မြန်မာဘာသာပြန်ဆိုနိုင်ပါမည်။
မြန်မာ့ငြိမ်းချမ်းရေးပျက်စီးရခြင်း
မိမိတို့မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လှန်လေ့လာကြည့်မည်ဆိုပါက နှစ်ပေါင်း ၁၀၀ ကျော် တိုင်အောင် ကိုလိုနီ စနစ်ဆိုးအောက် ကျရောက်နေခဲ့ရသည့်ဘဝမှ တိုင်းရင်းသားများအားလုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်ခဲ့ကြပြီး၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်တို့၏ ခေတ်ဆိုးများကို ခါးစည်းခံပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကိုအခြေခံပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ခဲ့လေသည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ရခြင်းကြောင့် ငြိမ်းချမ်းရေး၏ အနှစ်အရသာကို ကောင်းမွန်စွာ ခံစားခဲ့ရခြင်းမရှိခဲ့ဘဲ လွတ်လပ်ရေးရပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်မည် ကြံစည်ဆဲ တိုင်းတစ်ပါးတို့၏ သွေးခွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုပျက်ပြားကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တဖန်ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသွားသည်မှအစပြု၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ သည်လည်း ရှေ့ဆင့် နောက်ဆင့်လိုက်၍ ခါးသီးခြင်း အရသာများအဖြစ် အရသာ ပေးစွမ်းကြလေတော့သည်။ မညီညွတ်မှု၊ မရိုးသားမှု၊ အာဃာတ တရားထားရှိမှုများဖြင့် ပြည့်ဝနေသော ပဋိပက္ခကြီးသည် ၁၉၄၈ ဧပြီ ၂ ရက်နေ့တွင် ပဲခူးခရိုင်ပေါက်ကုန်းကြီး တိုက်ပွဲမှ စတင်၍ လက်နက်စွဲကိုင်ပြီး ငြိမ်းချမ်းရေးကို စတင်ဖျက်ဆီးခဲ့လေတော့သည်။
ဝန်ကြီးချုပ်ဦးနုလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ဖဆပလ အစိုးရလက်ထက်မှစ၍ လေ့လာကြည့်လျှင် ၁၉၅၅ ခုနှစ် ဗကပနှင့် ဖဆပလအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ပင် ညှိနှိုင်း၍ မရရှိနိုင်ခဲ့။ ဝန်ကြီးချုပ်ဦးနု၏ သင်ပုန်းချေရေးဥပဒေကြောင့် ၁၉၅၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော်အဖွဲ့၊ မွန်ပြည်သူ့တပ်ဦးအဖွဲ့၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ သထုံဦးလှဖေနှင့် ဗိုလ်ချန်ဇုံအဖွဲ့တို့ အလင်း ဝင်ရောက်လာခဲ့ကြပြီး အခြားပါတီ အချို့လည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများရှိခဲ့လေသည်။
သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးသမားများ၏ ဂိုဏ်းဂဏစွဲပဋိပက္ခများ ပေါ်ပေါက်လာမှု၊ နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမှုတို့နှင့်အတူ နိုင်ငံရေးအာဏာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရာမရောက်ဘဲ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပေရာ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်ပြန်ပြီး တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ တော်လှန်ရေးကောင်စီက ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂၀၀၀ ခန့် လွတ်ငြိမ်း ချမ်းသာခွင့်ကို ခံစားခဲ့ကြရသည်။ ထိုလွတ်ငြိမ်းချမ်း သာခွင့်အမိန့်ကို ယုံကြည် လက်ခံသော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများမှ သောင်းကျန်းသူ အများ အပြားမှာလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ကြိုးပမ်း ခဲ့ကြသော်လည်း အခါးအရသာ မပျောက်နိုင်သေးသည့် ဟင်းတစ်ခွက်အလား ပဋိပက္ခများဖြစ်ပွားဆဲ ခါးသီးမြဲပင်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် (၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ပြေးအဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်စေခဲ့ပြီး ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုများလည်း ချုပ်ငြိမ်းသွားခဲ့လေသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်၌ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တောတွင်းလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် လက်မှတ် မရေးထိုးနိုင်ခဲ့သော်လည်း အဖွဲ့ပေါင်း (၁၇)ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ခဲ့သော ကြောင့် တစ်နိုင်ငံ လုံးနီးပါး အေးချမ်းမှုရရှိခဲ့လေသည်။

ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့် စိတ်ရင်းစေတနာများကြောင့် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ထိရှိလာခဲ့ပါသည်။ ၂ဝဝ၉ ခုနှစ် ဧပြီလမှ စပြီး တပ်မတော်ရဲ့ ကွပ်ကဲမှုအောက်မှာ နယ်ခြားစောင့်တပ် (BGF) နဲ့ ပြည်သူ့စစ် အဖွဲ့များအဖြစ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အသွင်ကူးပြောင်းရေး ဆောင်ရွက်ပေးခဲ့ပြီး နယ်ခြားစောင့်တပ် ၂၃ တပ်နှင့် ပြည်သူ့စစ် ၈၃ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။ လက်နက် အပြီးအပိုင် စွန့်လွှတ်ခဲ့သည့် အဖွဲ့များလည်း (၁၀)ဖွဲ့အထိ ရှိခဲ့ပါသည်။ ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။
သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် “ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟုခံယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ မတ်လမှစပြီး NCA သဘောတူညီမှု မူကြမ်း ရရှိရေးအတွက် အလွတ်သဘော ဆွေးနွေးမှု (၂၂) ကြိမ်၊ တရားဝင်ဆွေးနွေးမှု (၇) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး NCA သဘောတူစာချုပ် အတည်ပြု မူကြမ်းကို နှစ်ဖက်သဘောတူညီမှုရရှိကာ သမိုင်းဝင် (NCA) စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ ဖြစ်သည့် ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/SSA တို့သည် နိုင်ငံတကာအသိသက်သေများ၏ ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။ NCA တွင်ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဆင့်(၃)ဆင့် ပါဝင်သော လမ်းပြမြေပုံ (Road Map) ပါဝင်နေပါသည်။ NCA စာချုပ်သည်လွယ်လွယ်နှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ ၎င်းစာချုပ်ရရှိဖြစ်ထွန်းလာစေဖို့ ငြိမ်းချမ်းရေး စတင် ဖိတ်ခေါ်ခဲ့သည့်နေ့ကစပြီး NCA သဘောတူစာချုပ် အပြီးသတ် ရရှိတဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပေသည်။ ၎င်းကာလအတွင်းမှာ အစည်းအဝေးငယ်များ၊ တွေ့ဆုံ ညှိနှိုင်းမှုများ အကြိမ်ပေါင်း ၅၀၀၀ ထက်မနည်း ဆောင်ရွက်ခဲ့ကြရပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အုတ်မြစ်ချနေသည့်အတိုင်းအတာမှ အနည်းငယ် ရုပ်လုံးပေါ်ပေါက် လာခဲ့လေပြီဟု ဆိုနိုင်ပါသည်။
NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
၂၀၁၅ ခုနှစ် NLD အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဟူသော အမည်ဖြင့် လေးကြိမ်တိုင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၂)ဖွဲ့ ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြင့်သာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ထပ်မံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ယခင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘော တူညီချက်များ၊ ၎င်းတို့နဲ့ ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဖော် ဆောင်လျက်ရှိပါသည်။
ထို့ကြောင့် ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ (၃)ရပ်ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့လေသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော် နိုင်ရေး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များအား ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ခဲ့လေသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် (NCA) လက်မှတ်ရေးထိုးထားပြီးသော အဖွဲ့များ ထဲမှ အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့များမှ (၃)ဖွဲ့ တို့သည် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြလေသည်။ အဖွဲ့အစည်းအသီးသီးနှင့် (၁၂၃)ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူညီချက်များအား ဆက်လက်လက်မှတ် ရေးနိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့လေသည်။ ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောထားအကြံပြုချက်များကို အခြေခံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံ

NCA နှင့် အနာဂတ်မြန်မာ့ငြိမ်းချမ်းရေးခရီး
NCA တွင် အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်ပြီး၊ နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက်ဆိုင်ရာအချက် ၅၅ ချက်၊ လူမှုစီးပွားဘဝနှင့်သက်ဆိုင်သောအချက် (၂၃) ချက်တို့ ပါဝင်ပါသည်။ NCA ၏ အနှစ်သာရများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ရန် အဓိကရည်ရွယ်ရေးဆွဲထားပါသည်။
NCA သည် နိုင်ငံရေးပဋိပက္ခ များကို နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရေး ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် ပြေလည်မှုမရရှိခဲ့သော ဖြေရှင်းမှု နည်းလမ်းများအစား ပြည်သူလူထု အားထိခိုက်မှုမရှိစေဘဲ အထိရောက်ဆုံးဖြေရှင်းနိုင်သည့် နည်းလမ်း မှာ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာဖြစ်ကြောင်း သတိပြုရပါမည်။ အထူးသဖြင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကတစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများကို အုတ်မြစ်ချပေးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပေသည်။
လက်ရှိ ကမ္ဘာတစ်လွှားနှင့် မြန်မာပြည်တွင်းရေးတို့တွင် ပဋိပက္ခများ၊ တင်းမာမှုများနှင့် စစ်ပွဲ များကြောင့် စွမ်းအင်ပြတ်လပ်ခြင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်းများ ရင်ဆိုင်နေကြရပါသည်။ ပြည်သူများအနေဖြင့်လည်း စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး၍ ကူညီပေးမှုကို ရယူထားသော အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များ၏ အဘက်ဘက်မှတိုက်ခိုက်မှုများကို နိုင်ငံတော်အနေဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် အချိန်ဖြစ်နေပါသည်။ ယင်းအခြေအနေသည် မည်မျှ ကြာမြင့်၍ မည်သည့် အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းရန်ခက်ခဲသည့် အခြေအနေ ဖြစ်နေပေသည်။ ထိုသို့သောအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေးအကြပ်အတည်းများ ပြေလည်စေရေးအတွက် လက်နက်ကိုင် လမ်းကြောင်းအစား ငြိမ်းချမ်းရေး ညှိနိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ် တွင်လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်မှုများ ဆက်တိုက် လုပ်ဆောင်ကြရမည့် အချိန် ဖြစ်ပါသည်။
ပြည်တွင်း ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲ အကျပ်အတည်းများစွာရှိကြစမြဲဖြစ်ပါသည်။ NCA သည် ငြိမ်းချမ်းရေးအတွက် ပင်မတံခါးပေါက်တစ်ချက် ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှု၊ ခိုင်မာအောင် ထိန်းသိမ်းမှုများရှိမှသာ ငြိမ်းချမ်းရေး၏ လိုရာခရီးပေါက်မည် ဖြစ်ပေသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခု မဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင် ရပေမည်။ သို့မှသာ အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးရရှိမှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် များစွာသက်ဆိုင်နေသည်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိလျှင် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲခြင်းဆိုသည်မှာ မဖြစ်နိုင်တော့သည့်အလျှောက် တို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်မဟုတ်။ ပြည်ထောင်စု ကြီးလည်း တနေ့ ပြိုကွဲသွားနိုင် မည်သာတည်း။ နိုင်ငံတော်တိုးတက်ရေးဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေး၊ ငြိမ်းချမ်းရေး ပျက်သုဉ်း၍ စစ်ပွဲများ၊ မီးလောင်ပြင်ကြား မြို့ပျက်ကြီးများဖြင့် တိုင်းသူပြည်သားအားလုံး စစ်ဘေးဒုက္ခ၊ အငတ်ဘေးဒုက္ခ စသည့် ဒုက္ခအတိဖြင့် ကြုံတွေ့ကြရမည် သာဖြစ်ပေသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရိုးရှင်းသည့်အရာမဟုတ်၊ နက်နဲ သိမ်မွေ့လှသည့် ပညာရပ် တစ်ခုဟုဆိုနိုင်သည်။ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောထားကြီးစွာဖြင့် သည်းခံ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများ အားလုံး မှန်မှန်ကန်ကန်သိရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ရည်မှန်းချက်ထား ဦးတည်ရမည်ဖြစ်သည်။ အထူးသဖြင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အကျိုးစီးပွားစွဲဟူသော အစွန်းရောက်မှုများကို ရှောင်ကြဉ်ကာ တိုင်းရင်းသားပြည်သူများ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးပါဝင်မှုဖြင့် အဖြေရှာနိုင်ရန် ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။
နိဂုံး
ငြိမ်းချမ်းရေးသည် ထိရှလွယ်သည့်အရာတစ်ခုဖြစ်သည်။ သို့သော် ကိုင်တွယ်ထိန်းသိမ်းတတ်မည် ဆိုပါက ရေရှည်တည့်ခိုင်မြဲအောင် ပြုလုပ်နိုင်ကြောင်း သက်သေ၊ သာဓကများစွာလည်း ကကမ္ဘာ့သမိုင်းများတွင်ရှိနေပြန်သည်။ ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းနေပြီးသောနိုင်ငံအများအပြားတွင် နည်းပညာ အသစ်အဆန်းများဖြင့် လူနေမှုဘဝများ တိုးတက်ဖွံ့ဖြိုးနေချိန်တွင် မြန်မာနိုင်ငံသည် ဗုံးသံ သေနတ်သံများကြား စစ်နွံထဲမှ မရုန်းထွက်နိုင်သေးဘဲ ခေတ်နောက်ကျကျန်နေခဲ့မည်ဆိုလျှင် အမှန်စင်စစ် ရှက်ဖွယ်အတိပင် ဖြစ်သည်။ လက်တွေ့မှာတော့ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်းချမ်းရေး ခရီးသည် ခက်ခဲကြမ်းတမ်းဆဲ ဖြစ်နေသည်မှာဝမ်းနည်းစရာ ကောင်းလှသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ တိုးတက် ဖွံ့ဖြိုးမှုများမှာ လည်း တိုက်ရိုက်အချိုးကျကာ ခေတ်နောက်ကျ နေဦးမည်သာဖြစ်ပေသည်။
ထို့ကြောင့် မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရေးထက် ပိုပြီးအရေးကြီးသော လုပ်ငန်း မရှိတော့ဘူးဆိုသည်ကို တိုင်းရင်းသားပြည်သူအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံကြရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းနှင့် အဖြေတစ်ခုကို ဝိုင်းဝန်းကူညီ ရှာဖွေအကြံပြုကြရင်း ရှိပြီးသား သဘောတူပြီးသား NCA လမ်းကြောင်းကို တိုးတက်ခိုင်မာအောင် ပြုလုပ်ကြရမည်မှာ အစိုးရနှင့် တိုင်းရင်းသား ပြည်သူအဆင့်အတန်းအားလုံးကြား တာဝန်တစ်ခုပင်ဖြစ်ပါသည်။
ဆောင်းပါးအား download ရယူရန်
အကိုးအကား အထောက်အထား
၁။ ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ဆောင်းပါး၊ ဇာနည်ဘွား၊ ကြေးမုံ နေ့စဉ်သတင်းစာ (၁၃-၅-၂၀၂၂ )။
၂။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်၊ စလင်း-စည်သူကျော်ထင်၊ မြန်မာ့အလင်းသတင်းစာ (၁၄-၁၁-၂၀၂၃)။
၃။ NCA မှသည် စဉ်ဆက်မပြတ်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကျဉ်း ချဉ်းကပ် လေ့လာခြင်းစာတမ်း – ရန်ကျော် (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)။
၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း- ရဲဘော်သစ်မောင်၊ အပိုင်း(၁၊ ၂၊ ၃၊ ၄၊ ၅)။
၅။ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းရေး (၁၉၆၃-၁၉၈၈)၊ ဒေါက်တာစိန်မြင့်။
၆။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်-၁၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။
၇။ ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်၊ ဇင်ဦး၊ MOI.GOV.MM။
စာရေးသူ၏ကိုယ်ရေးအကျဉ်း
- ကြည်း ၁၈၂၇၂ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင်သည် OTS အပတ်စဉ် ၆၆ မှ စံပြထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပါသည်။
- ၂၀၁၀ ပြည့်နှစ်တွင် တပ်မ (၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ အထိ တွဲဖက်စစ်ထောက်ချုပ်၊ ဗိုလ်ချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။
- ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းထံမှ လွှဲပြောင်းဆက်ခံခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “ဇေယျကျော်ထင်” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ချီးမြှင့်သည့် “ စည်သူ” ဘွဲ့ကို ရရှိခဲ့ပါသည်။
- ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၃ ခုနှစ်တွင် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတွင် အတွင်းရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

ရုရှားနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ဟိုဘက်၊ ဒီဘက်မျှတမှုရှိစွာရပ်တည်လာတဲ့ အင်အား ကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ အီရန် နိုင်ငံနဲ့ စီးပွားရေး၊ စစ်ရေးဆက်ဆံမှုကို ပိုမိုခိုင်မာလာ အောင် တည်ဆောက်ထားနိုင်သလို အစ္စရေးနိုင်ငံနဲ့ ဆိုရင်လည်း နွေးထွေးတဲ့ဆက်ဆံရေးတစ်ခုကို ထူထောင်ထားနိုင်တဲ့ နိုင်ငံတစ်ခုလည်းဖြစ်တာကို တွေ့ရှိရပါတယ်။

အခုသီတင်းပတ်အတွင်း အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်လာတဲ့အတွက် အီရန်ကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်လာချိန်မှာ နှစ်နိုင်ငံကြားတင်းမာမှုတွေက စစ်ပွဲကြီးတစ်ပွဲဆီကို ဦးတည်သွားနေတဲ့အခြေအနေ ဖြစ်ပေါ်နေပါတယ်။ အစ္စရေးက အီရန်ရဲ့နျူကလီး ယားဆိုင်ရာအဆောက်အအုံတွေနဲ့ စစ်ရေးပစ်မှတ် တွေကိုပစ်မှတ်ထားတိုက်ခိုက်သလို အီရန်ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့နျူကလီးယားသိပ္ပံပညာရှင်တွေသေဆုံးသွားရတဲ့အတွက် အီရန်ဘက်ကလည်း ဒရုန်းများ၊ ဒုံးကျည်များနဲ့ပြင်းထန်စွာလက်တုံ့ပြန်တိုက်ခိုက်လာတာပါ။
ဒီအချိန်မှာ အင်အားကြီးတစ်နိုင်ငံက ကြားဝင်ပြီး ဖျန်ဖြေပေးမှသာ အခုပြဿနာက ဒီထက်ပိုပြီးမဆိုးလာမှာဖြစ်ပါတယ်။ အင်အားကြီးနိုင်ငံများအနက် အမေရိကန်နိုင်ငံက အစ္စရေးဘက်ကနေပါဝင်နေ သလိုရှိပြီး အီရန်ကိုဖိအားပေးနေတဲ့အတွက် သူကတော့ ဘယ်လိုမှကြားဝင်ဖျန်ဖြေပေးနိုင်မှာမဟုတ်ပါဘူး။
ဒီအချိန်မှာ အစ္စရေး၊ အီရန်နှစ်နိုင်ငံစလုံးနဲ့ကောင်းမွန်တဲ့သံတမန်ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ ရုရှားနိုင်ငံဟာ လက်ရှိဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်သူ ဖြစ်လာလေမလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာစေတာဖြစ်ပါတယ်။
လက်ရှိအနေအထားအရတော့ ဒီကိစ္စကိုဖျန်ဖြေပေးနိုင်မယ့်တစ်ခုတည်းသော အင်အားကြီးနိုင်ငံက ရုရှားနိုင်ငံသာဖြစ်တယ်လို့ လေ့လာသူတချို့က တထစ်ချယုံကြည်ထားပါတယ်။
အစ္စရေးနဲ့အီရန်တို့ကြား အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့သာမက အီရန်သမ္မတ မာဆွတ်ပီ ဇက်ရှကီယန်နဲ့ပါ တယ်လီဖုန်းဆက်ဆွေးနွေးမှုတွေကိုလုပ်ဆောင်ထားပါတယ်။ အဲဒီလိုတယ်လီဖုန်းနဲ့ ဆွေးနွေးစဉ်မှာ ရုရှားနိုင်ငံအနေနဲ့လိုအပ်လာမယ်ဆိုရင် အစ္စရေးနဲ့အီရန်တို့ကြား တင်းမာမှုများပြေလည်စေရေးအတွက် ကူညီပေးဖို့အသင့်ရှိတယ်လို့ ကမ်းလှမ်းထားတယ်ဆိုပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြထားတာတွေ့ရပါတယ်။
ပူတင်က ပီဇက်ရှကီယန်နဲ့ တယ်လီဖုန်းဆက်စကားပြောတဲ့အခါ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကို ပြင်းပြင်း ထန်ထန်ရှုတ်ချပြီး အီရန်ရဲ့ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့အခြေအနေတွေကိုဖြေရှင်းဖို့ ရုရှားဘက်က သီးခြားအဆို ပြုချက်တွေနဲ့လုပ်ဆောင်မယ့်အစီအစဉ်တွေရှိနေ တယ်လို့လည်း ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို “လုံးဝလက်မခံနိုင်ဘူး”လို့ပြင်း ထန်စွာရှုတ်ချပြီး“ဒီဖြစ်စဉ်ရဲ့အကျိုးဆက်အားလုံးက အစ္စရေးခေါင်းဆောင်တွေ အပေါ်ကျ ရောက်လိမ့်မယ်”လို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးကို တင်းမာမှုတွေထပ်မတိုးအောင် ထိန်းသိမ်းဖို့နဲ့ ဒေသတစ်ခုလုံး စစ်မက်ဖြစ်ပွားတဲ့အထိ မဖြစ်လာစေရေး ရှောင်ရှားဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တစ်ဖက်မှာ ရုရှားက အစ္စရေးရဲ့လုပ်ရပ်တွေကို အပြင်းအထန်ဝေဖန်ထားပေမယ့် ရုရှားနိုင်ငံအနေနဲ့ အီရန်အပေါ် နိုင်ငံရေးအရကလွဲလို့ တခြားဘယ်လို ထောက်ပံ့မှုမှပေးမယ်လို့ ပြောခဲ့တာမရှိပါဘူး။ ဒါ တောင်မှ ရုရှားနိုင်ငံက အီရန်နိုင်ငံနဲ့စစ်ဘက်မိတ်ဖက် ဆက်ဆံရေးကိုထူထောင်ထားတာပါ။ သို့သော် လည်း အခုအခြေအနေမှာတော့ ရုရှားက အီရန်ကိုစစ်ရေး အကူအညီတွေပေးနိုင်ဖွယ်မရှိပါဘူး။
ဒီကြားထဲမှာပဲ ပူတင်က အစ္စရေးဝန်ကြီးချုပ်နဲ့ ဖုန်းဆက်ပြီး "အီရန်နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဖို့အရေးကြီးတယ်"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တင်းမာမှုတွေပိုမိုကြီးထွားလာခြင်းမရှိနိုင်စေဖို့ ကြားဝင်ဆောင်ရွက်ပေးမယ်လို့လည်း ပူတင်ကပြောကြောင်း ရုရှား သမ္မတရုံးကထုတ်ပြန်ထားပါတယ်။
ရုရှားဘက်က အီရန်နဲ့ အစ္စရေးခေါင်းဆောင်တွေနဲ့ဆက်သွယ်ပြီး အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး အတွက် အပျက်သဘောဆောင်နိုင်တဲ့ အခြေအနေကိုဖြေရှင်းဖို့ နီးကပ်စွာ ဆက်လက်လုပ် ဆောင်သွားမယ်လို့ သဘောတူခဲ့ကြတယ်လို့လည်း သမ္မတ ရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ ဖြည့်စွက်ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဇွန်လ ၁၄ ရက်က ဖုန်းဆက်ပြီး အရှေ့အလယ်ပိုင်းမှာ ဆက်တိုက်ဆိုသလို ပြင်းထန်လာနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါသေးတယ်။ ဒီဆွေးနွေးမှုမှာ လက်ရှိပဋိပက္ခတွေကို ရုရှားဘက်ကကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ရှိနေတဲ့အကြောင်းနဲ့ အီရန်နဲ့အမေရိကန်တို့ကြား နျူကလီးယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာသဘောတူညီမှုရရှိဖို့ရည်ရွယ်တဲ့ အဆိုပြုချက်တွေကိုပြောပြထားကြောင်း ပူတင်က ထည့်သွင်းပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးအကြံပေးယူရီယူရှာကော့ကပြောပါတယ်။
ရုရှားနဲ့ အီရန်ဆက်ဆံရေးဟာ စစ်အေးခေတ်မှာ မကြာခဏ တင်းမာခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အီရန်က အမေရိကန်ရဲ့မဟာမိတ်ဖြစ်ခဲ့ပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးအပြီးမှာတော့ အီရန်ခေါင်းဆောင် အယာတိုလာခိုမေနီက အမေရိကန်ကို စေတန်ကြီး၊ ဆိုဗီယက်ပြည်ထောင်စုကို စေတန်လေးလို့ ဝေဖန်ခဲ့ပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲပြီးနောက်ပိုင်းမှာ ရုရှားနဲ့ အီရန်ဆက်ဆံရေးက မြန်ဆန်စွာပဲနွေးထွေးလာခဲ့ပါတယ်။ အီရန်ဟာ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရစဉ်မှာ ရုရှားက အရေးပါတဲ့ ကုန်သွယ်ရေးမိတ်ဖက်အဖြစ်သာမက စစ်လက်နက်နဲ့နည်း ပညာ အဓိကထောက်ပံ့ သူဖြစ်လာခဲ့ပါတယ်။ ရုရှားဟာ အီရန်ရဲ့ ပထမဆုံးနျူကလီးယားဓာတ်ပေါင်းဖိုကို တည်ဆောက်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ စတင်လည်ပတ်နိုင်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ နျူကလီးယားအင်အားကြီး ခြောက်နိုင်ငံတို့ကြား သဘောတူညီမှုရရှိခဲ့ရာမှာ ရုရှားလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီသဘောတူညီမှုအရ အီရန်အပေါ် ဒဏ်ခတ်မှုတွေ လျှော့ချပေးမယ့်အပြင် အီရန်ဘက်က နျူကလီးယားလုပ်ငန်းစဉ်ကို ကန့်သတ်ပြီး နိုင်ငံတကာစောင့်ကြည့်မှုကိုဖွင့် ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က သူ့ရဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ အမေရိကန်ကဒီသဘောတူညီမှုကနေ တစ်ဖက်သတ်နုတ်ထွက်သွားတဲ့အခါမှာလည်း ရုရှားက အီရန်ကိုနိုင်ငံရေးအရ ထောက်ခံမှုပေးခဲ့ပါတယ်။
ရုရှားက အီရန်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပေမယ့် ပူတင်ဟာ အစ္စရေးရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာ ထပ်ခါထပ်ခါ ပြသခဲ့ပါတယ်။ နေတန်ယာဟုနဲ့ ကိုယ်ရေးကိုယ်တာ နွေးထွေးတဲ့ ဆက်ဆံရေးကိုလည်း ပူတင်ကထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ရုရှားနဲ့ အစ္စရေးတို့က နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ နီးကပ်တဲ့ ဆက်ဆံရေးတွေတည်ဆောက်ထားပြီး ဆီးရီးယားကိစ္စလို အနုတ်လက္ခဏာဆောင်တဲ့ အရေးကိစ္စတွေကိုတောင်မှ အတူတကွဖြေရှင်းနိုင်ခဲ့ကြတာပါ။
ရုရှားနိုင်ငံက S-300 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေကို အီရန်ဆီရောင်းချခဲ့ပေမယ့် အခြားလက်နက်တွေပေးဖို့ကိုတော့ အစ္စရေးရဲ့ စိုးရိမ်မှုကို ထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ဆိုင်းငံ့ထားခဲ့ပါတယ်။ အထူးသဖြင့် အီရန်က မျှော်မှန်းနေတဲ့ Su-35 တိုက်လေယာဉ်တွေကို ရောင်းချပေးခြင်း မရှိခဲ့တာ ကိုတွေ့ရပါတယ်။
အခုအချိန်မှာ အစ္စရေးနဲ့ အီရန်နှစ်ဖက်စလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးထားရှိခြင်းဟာ ရုရှားကို နှစ်နိုင်ငံစလုံးက ယုံကြည်တဲ့ အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်စေနိုင်ပြီး အီရန်နျူကလီးယား အစီအစဉ်နဲ့ပတ်သက်တဲ့ အနာဂတ်ညှိနှိုင်းမှုတွေမှာ ပါဝင်လာနိုင်တဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်လာခြင်းဖြစ်ပါတယ်။
မကြာသေးခင်က အမေရိကန်နဲ့ အီရန်တို့ကြား ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တစ်ခုထွက်ပေါ်လာစေရေးကို ရုရှားကအဆိုပြုခဲ့တာတွေ့ရပါတယ်။
အဲဒီအဆိုပြုချက်မှာတော့ ရုရှားက အီရန်နိုင်ငံမှအဆင့်မြင့်သန့်စင်ပြီးသားယူရေနီယံအများအပြားကိုရယူပြီး အရပ်ဘက်သုံးနျူကလီးယားလောင်စာအဖြစ် ပြောင်းလဲပေးနိုင်တယ်လို့ ရုရှားနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့ကပြောထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေအားလုံး ရဲ့အရင်းခံက အီရန်နိုင်ငံဟာယူရေနီယံသန့်စင်မှုကို တိုးမြှင့်လုပ်ဆောင်လာတဲ့အတွက်ဖြစ်တယ်လို့ဆိုနိုင်တာကြောင့် အခုလိုမျိုးအဆိုပြုချက်က သင့်လျော် ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးရဲ့အီရန်အပေါ်တိုက်ခိုက်မှုကြောင့် အမေရိကန်နဲ့အီရန်တို့ကြား နျူကလီးယား အရေးဆွေးနွေးပွဲပျက်စီးသွားသော်ငြား တကယ်လို့ များ အဲဒီဆွေးနွေးပွဲပြန်လည်စတင်ဖြစ်ခဲ့ရင် ရုရှား နိုင်ငံရဲ့ကမ်းလှမ်းချက်က နျူကလီးယားသဘောတူ ညီချက်အတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ် လာမှာအသေအချာပါပဲ။
ဒါကြောင့် ရုရှားနိုင်ငံသည် လက်ရှိအခြေအနေမှာ လည်း အစ္စရေး၊ အီရန်နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ဆက် ဆံရေးကိုတည်ဆောက်ထားနိုင်တဲ့အတွက် သူတို့ နှစ်နိုင်ငံကြားတင်းမာမှုများကို ကြားဝင်ဖြေရှင်းပေး နိုင်မယ့် တစ်ခုတည်းသောအင်အားကြီးနိုင်ငံဖြစ်လာ စေမယ့်အပြင် အနာဂတ်မှာလည်း အီရန်နျူကလီး ယားသဘောတူညီချက်ရရှိစေရေးအတွက် အခြေခံ အုတ်မြစ်တစ်ခုကို ဖန်တီးပေးနိုင်မယ့်တစ်ခုတည်း သောနိုင်ငံအဖြစ်တည်ရှိနေတဲ့အကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။

ဇွန်လ ၁၃ ရက်နံနက်အစောပိုင်းမှာ အီရန် နိုင်ငံအတွင်းရှိ နေရာတော်တော်များများကနေ ပေါက်ကွဲသံတွေကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်နေတဲ့နေရာတွေ၊ ယူရေနီယံသန့်စင်စက်ရုံတချို့နဲ့ တာဝေးပစ် ဒုံးကျည်များသိုလှောင်သိမ်း ဆည်းထားရာနေရာများအပြင် စစ်ရေးပစ်မှတ်နေရာများဆီကနေ ထွက်ပေါ်လာတာပါ။ အကြောင်းရင်းက အစ္စရေးက အီရန်အပေါ်စစ်ဆင်ရေးတစ်ရပ်ဆင်နွှဲခြင်းကြောင့်ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးရဲ့အမည်ကို "Operation Rising Lion" လို့ပေးထားပါတယ်။ ဒီစစ်ဆင်ရေးဟာ ရက်ပေါင်းများစွာကြာမြင့်မှာဖြစ်ပြီး အထူးသဖြင့်အီရန် နိုင်ငံရဲ့အမြင့်ပျံဒုံးကျည်အစီအစဉ် ဗဟိုချက်ကို ပစ်မှတ်ထားတာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကပြောထားပါတယ်။ ဒီစစ်ဆင်ရေးမှာ အစ္စရေးတပ်မတော်ဘက်က တိုက်လေယာဉ် အစင်းရေ ၂၀၀ ကိုအသုံးပြုပြီး အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်ပေါင်း ၁၀၀ ကျော်ကို ပစ်မှတ်ထားကာလေကြောင်း တိုက်ခိုက်မှုတွေလုပ်ခဲ့တာ ဖြစ်တယ်လို့အစ္စရေးတပ်မတော်မှပြောရေးဆိုခွင့်ရှိသူ အက်ဖီဒက်ဖရင်ကပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုဟာ အီရန်အတွက်တော့ တော်တော်လေးကိုဆုံးရှုံးမှုကြီးမားတာတွေ့ရှိရပါတယ်။ ပထမဆုံးသောဆုံးရှုံးမှုကသိက္ခာပါ။ အီရန်နိုင်ငံအနေနဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်နေလင့်ကစား အစ္စရေးဘက်ကတက်လာတဲ့ လေယာဉ်တွေကို တစ်စင်းမျှပစ်ချနိုင်ခြင်းမရှိပါဘူး။ အစ္စရေးတိုက် လေယာဉ်တွေကပဲ သူတို့ရဲ့ပစ်မှတ်တွေကို တိတိကျကျချေမှုန်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဒုတိယဆုံးရှုံးမှုက လူသားအရင်းအမြစ်ဖြစ်ပါတယ်။
လက်သံပြောင်လှပါတယ်ဆိုတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီးဟော့စိန်ဆာလာမီ၊ အီရန်တပ်မတော်အလယ်ပိုင်းတိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ဂိုလမ်အလီရာရှစ်၊ အီရန်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မိုဟာမတ်ဘာဂါရီတို့လို စစ်ဘက် ခေါင်းဆောင်များအပြင် နာမည်ကျော်ကြား လှတဲ့အီရန်နျူကလီးယားသိပ္ပံပညာရှင်အနည်းဆုံးခြောက်ဦး၊ အီရန်အမျိုးသား လုံခြုံရေးအကြီးအကဲဟောင်း အလီရှမ်ခါနီတို့သေဆုံးသွားရပါတယ်။
အစ္စရေးနိုင်ငံက အီရန်ကိုမကြေညာဘဲတိုက်ခိုက်တာမျိုးမဟုတ်ပါဘူး။ အီရန်ကိုတိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေတယ်။ ဒီလိုတိုက်ခိုက်နိုင်ဖို့အတွက်ကိုလည်း အမေရိကန်ဆီတင်ပြထားပြီး အမေရိကန်ကလည်း အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့သူတို့ရဲ့ သံရုံးမှဝန်ထမ်းများကို အင်အားလျှော့ချတဲ့အနေနဲ့ ပြန် ခေါ်မှုတွေလုပ်ကြောင်းသတင်းဌာနတွေကအလီလီဖော်ပြခဲ့တာပါ။ အဲဒီလိုဖော်ပြမှုတွေအပေါ်မှာလည်း အီရန်နိုင်ငံက သူတို့အပေါ်အစ္စရေးကတိုက်ခိုက်လာမယ်ဆိုရင် ဒုံးကျည်တွေနဲ့အဆက်မပြတ်ပစ်ခတ်ပြီး လက်တုံ့ပြန်မယ်လို့တောင် ပြီးခဲ့တဲ့နေ့ကပြောနေပါသေးတယ်။ ဒါပေမဲ့တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရချိန်မှာတော့ ပြောထားသလိုဖြစ်မလာခဲ့ပါဘူး။
ဒါဆိုရင်မေးစရာရှိတာက အီရန်ကရော အစ္စရေးကိုပြန်မတိုက်ဘူးလားဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ အီရန်က အစ္စရေးကိုပြန်တိုက်ပါတယ်။ ဒရုန်းအစင်းရေရာနဲ့ချီလွှတ်တင်ပြီးတော့ကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့အီရန်ရဲ့လက်တုံ့ပြန်မှုဟာ ရေပေါ်အရုပ်ရေးလိုက်သလိုပါပဲ။ အီရန်ရဲ့ဒရုန်းတွေဟာ အစ္စရေးလေပိုင်နက်ထဲမရောက်ခင်မှာဘဲ ပစ်ချ ဖျက်ဆီးခံလိုက်ရပါတယ်။ အစ္စရေးနိုင်ငံအပေါ် သေးမွှားလှတဲ့သက်ရောက်မှုတောင်မှမရှိခဲ့ပါဘူး။
အီရန်က အစ္စရေးအနေနဲ့ သူတို့ရဲ့နျူကလီးယားစက်ရုံတွေအပေါ်တိုက်ခိုက်ခြင်းကို စစ်ကြေညာခြင်း အဖြစ်သတ်မှတ်တယ်လို့ ထုတ်ပြန်လာချိန်မှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်လာမယ်ဆိုတာကို ကြိုတင်သိရှိထားတယ်လို့ ပွင့်ပွင့်လင်းလင်းထုတ် ဖော်ပြောလာတာတွေ့ရပါတယ်။ ဒါဆိုရင် အခုတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာ အမေရိကန်ရဲ့စနက်တွေ ပါဝင်နေမလားဆိုတာ တွေးဆစရာပါ။ အခုလိုမျိုး တိုက်ခိုက်မှုတွေမလုပ်ခင် အစ္စရေးက အမေရိကန်ကိုကြိုတင်အသိပေးခဲ့တယ်လို့ဆိုထားခြင်းကြောင့် အမေရိကန်အစိုးရအနေနဲ့ အစ္စရေးကိုမတားခဲ့လို့ သာ ဒီနေ့လိုအခြေအနေမျိုးဖြစ်လာတာလို့ဆိုနိုင်ပါတယ်။
အခုအခြေအနေတွေမှာတိုက်ဆိုင်မှုဆိုတာမရှိနိုင်ပါဘူး။ဘာကြောင့်ဒီလိုပြောရတာလဲဆိုတာကို ပြန်စဉ်းစားကြည့်ရင် အစ္စရေးက အီရန်ကိုတိုက်ခိုက် ချင်နေတာကြာပါပြီ။ ဘယ်လိုအကြောင်းကြောင့် တိုက်ခိုက်ချင်တာလဲဆိုရင် အီရန်က အစ္စရေးနိုင်ငံ ကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ်လက်နက်ကစလို့ ငွေကြေးတွေအဆုံးထောက်ပံ့မှုတွေပေးနေတယ်ဆိုတာ အီရန်အစိုးရက တရားဝင်မထုတ်ပြန်သည့်တိုင်အောင် အားလုံးကသိရှိပြီးဖြစ်ပါတယ်။
ပြဿနာရဲ့အရင်းအမြစ်
အီရန်နဲ့အစ္စရေးတို့က တစ်ဦးကိုတစ်ဦးအပြန်အလှန် ဘာကြောင့်ကျရှုံးစေချင်တာလဲဆိုရင် ပထမတစ်ချက်က ကိုးကွယ်ရာဘာသာမတူညီမှုကြောင့်ပါ။ ဒုတိယတစ်ချက်က ပါလက်စတိုင်းနဲ့ အစ္စရေးကြား ဖြစ်နေတဲ့ပြဿနာမှာ အီရန်နိုင်ငံက ကိုးကွယ်ရာဘာသာတူတဲ့ ပါလက်စတိုင်းဘက်ကနေပါဝင်ကူညီ ပေးနေတာကြောင့်ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ ဒေသတွင်းမှာ အင်အားကြီးနိုင်ငံ ဖြစ်လာစေရေးကို အပြိုင်ကြိုးပမ်းမှုဖြစ်ပါတယ်။ ဒီနေရာမှာ အစ္စရေးနိုင်ငံက နျူကလီးယားလက်နက်ကိုပိုင်ဆိုင်ထားနိုင်ဖွယ်ရှိတယ်လို့ယူဆရတဲ့အတွက် အီရန်ကလည်း နျူကလီးယားလက်နက်ပိုင်ဆိုင်အောင် သူ့နည်းသူ့ဟန်နဲ့ကြိုးစားလာနေပါတယ်။ ဒါကိုသိထားကြတဲ့ အစ္စရေးနဲ့အမေရိကန်တို့က အီရန်ကိုနျူကလီးယား လက်နက်ပိုင်ဆိုင်ခွင့်မပေးရရေးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်လာကြပါတယ်။
အီရန်နိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံးဓာတ် အားပေးစက်ရုံတွေရှိပါတယ်။ ဒီစက်ရုံတွေအတွက် လိုအပ်တဲ့ယူရေနီယံသန့်စင်မှုကို အီရန်ကကိုယ်တိုင် လုပ်ပါတယ်။ အခုဆိုရင် သူတို့ရဲ့ယူရေနီယံသန့်စင်နိုင်စွမ်းက နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးရောက်ရှိအောင် မြင့်မားလာနေပြီလို့ သတင်းတွေမှာမြင်တွေ့ရပါတယ်။ တကယ်လို့များ အီရန်က ယူရေနီယံသန့်စင်မှုကို အခုထက်ပိုမို တိုးမြှင့်လုပ်ဆောင်နိုင်ပြီဆိုရင် သူတို့စိတ်ရှိတဲ့အခါ နျူကလီးယားလက်နက်ကိုထုတ်လုပ်ဖို့ဆိုတာ အလှမ်းမဝေးတော့ပါဘူး။ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်ကိုသာပိုင်ဆိုင်သွားရင် ဒေသတွင်းအင်အား ချိန်ခွင်လျှာက သူ့ဘက်ကိုအလေးသာသွားမှာအမှန်ပါပဲ။ ဒါကြောင့်လည်း အမေရိကန်နဲ့အစ္စရေးတို့က အီရန်အနေနဲ့ နျူကလီးယားလက်နက်မပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းလာကြတာပါ။
အခုလုပ်ဆောင်တဲ့ အစ္စရေးတိုက်ခိုက်မှုကိုကြည့်ရင် အီရန်ရဲ့နျူကလီးယားနဲ့သက်ဆိုင်တဲ့အဆောက်အအုံတွေကို အများဆုံးတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ဒီတိုက်ခိုက်မှုထဲမှာမှ လူပုဂ္ဂိုလ်တွေကိုပါရောပြီး ပစ်မှတ်ထားခဲ့တာပါ။ ဒါကြောင့် အစ္စရေးဘက်က အခုလုပ်တဲ့တိုက်ခိုက်မှုဟာ အီရန်အပေါ်ကြိုတင် လက်ဦးမှုယူတဲ့တိုက်ခိုက်မှုလို့ ပြောထားတာတွေ့ရပါတယ်။ ဘာကြောင့် ကြိုတင်လက်ဦးမှု ယူတာလဲဆိုရင် အခုနကရှင်းပြခဲ့တဲ့အခြေအနေကြောင့်ပါပဲ။
ဒီနေရာမှာ နောက်ထပ်ပြောစရာရှိတာက အီရန်အပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုကို အမေရိကန်အစိုးရရဲ့ခွင့်ပြုပေးမှုပါ။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ကသမ္မတအဖြစ်တာဝန်ထမ်းဆောင်ကတည်းက အီရန်နဲ့နျူကလီးယားသဘောတူညီချက်ရရှိရေးကို ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဆွေးနွေးပွဲကိုငါးကြိမ်မြောက်အထိလုပ်ပြီးပါပြီ။ ဒီသီတင်းပတ် အကုန်မှာ ခြောက်ကြိမ်မြောက် ဆွေးနွေးဖို့စီစဉ်ထားပါတယ်။ အိုမန်နိုင်ငံမှာ ဆွေးနွေးပွဲလုပ်မှာပါ။ ထရမ့်က သူ့အနေနဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ အီရန်နဲ့နျူကလီးယားသဘောတူညီချက်က အီရန်အတွက် အရေးသာလွန်းတယ်ဆိုပြီး အဲဒီသဘောတူညီချက်ကိုဖျက်သိမ်းခဲ့တာပါ။ အခုမှ သူ့စိတ်ကြိုက် ပုံစံနဲ့နျူကလီးယားသဘောတူညီချက်ရရှိဖို့ ဆွေးနွေးမှုတွေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်နဲ့အီရန်တို့ကြား နျူကလီးယားအရေး ဆွေးနွေးပွဲပြန်လည်စတင်ပါပြီဆိုကတည်းက တိကျ သေချာတဲ့ သဘောတူညီချက်တစ်ခုတောင်မရသေး ပါဘူး။ အဓိကကတော့ အီရန်နိုင်ငံအနေနဲ့ ယူရေနီယံသန့်စင်မှုကိုစွန့်လွှတ်ဖို့ အမေရိကန်ကတွင်တွင် တောင်းဆိုနေတာဖြစ်ပါတယ်။ အီရန်အနေနဲ့က လည်း ဒီတောင်းဆိုမှုကိုဘယ်လိုနည်းနဲ့မှမလိုက်လျောနိုင်ပါဘူး။ တကယ်လို့များ ဆွေးနွေးပွဲပျက်သွားရင် အီရန်အနေနဲ့ဆိုးကျိုးတွေကိုခံစားရလိမ့်မယ်လို့လည်း ထရမ့်ကခြိမ်းခြောက်ခဲ့ပါသေးတယ်။
ဒီကနေ့မှာတော့ အမေရိကန်က အစ္စရေးအနေနဲ့အီရန်အပေါ်တိုက်ခိုက်မှုလုပ်တာကို မီးစိမ်းပြ လိုက်ပါပြီ။ ထရမ့်ကလည်း သူ့အနေနဲ့အားလုံးသိတယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောထားပါတယ်။ ဒါ့အပြင် နောက်ထပ်လုပ်ဆောင်ဖို့စီစဉ်ထားတဲ့ အီရန်အပေါ် တိုက်ခိုက်မှုကအခုထက်ပို ပြီးကြီးမားပြင်းထန်လိမ့်မယ်လို့လည်း ထရမ့်ကသတိပေးထားပါတယ်။ ဒီလို သတိပေးမှုနဲ့အတူ အီရန်အနေနဲ့ အမေရိကန်ရေးဆွဲထားတဲ့သဘောတူစာချုပ်ကို လက်ခံလိုက်ဖို့လိုအပ်ကြောင်းနဲ့ ဒီလိုမှမဟုတ်ရင်အီရန်နိုင်ငံအနေနဲ့ဆုံးရှုံးစရာဘာမှမကျန်တော့အောင်ကို ပျက်သုဉ်းသွားနိုင်တယ်ဆိုပြီး ထရမ့်ကပြောထားပါတယ်။
ဒီအချက်တွေကို ဆက်စပ်ပြီးတော့တွေးကြည့်ရင် အစ္စရေးက အီရန်ကိုတိုက်ခိုက်တာဟာ ကြိုတင် လက်ဦးမှုယူတာလို့ဆိုထားပေမယ့် ထရမ့်အနေနဲ့ ကျတော့ အီရန်သာ နျူကလီးယားသဘောတူညီချက်ကိုလက်မှတ်မထိုးရင် ဒီထက်ပိုဆိုးတဲ့ဒုက္ခနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့သတိပေးထားတာကြောင့် အခုတိုက်ခိုက်မှုဟာ အမေရိကန်အနေနဲ့ အီရန်နဲ့ဆွေးနွေးရာမှာ အထက်ကနေအသာစီးယူပြီးဆွေးနွေးနိုင်စေဖို့ အကြောင်းရင်းတစ်ရပ်တစ်နည်းအားဖြင့် ရန်စမှုတစ်ရပ်ကို ဖန်တီးလိုက်တယ်ဆိုတဲ့အခြေအနေကိုပဲမြင်မိပါတယ်။
ဘာတွေဆက်ဖြစ်လာမလဲ
ဒါဆိုရင် ဒီကနေ့ဖြစ်စဉ်ကနေ ဘာဆက်ဖြစ်လာ နိုင်သလဲဆိုတာနဲ့ပတ်သက်လို့ အချက်အလက်တွေ အပေါ်မူတည်ပြီး သုံးသပ်ကြည့်ရအောင်။ ရှေ့မှာ ပြောခဲ့သလိုမျိုးပဲ အီရန်က အစ္စရေးကိုလက်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေပစ်လွှတ်မယ်လို့ဆိုထားစေကာမူ လက်တွေ့မှာ ဒရုန်းတွေကိုသာစေလွှတ်နိုင်ခဲ့ပါတယ်။ ကြည့်ရတာ အစ္စရေးရဲ့တိုက်ခိုက်မှုအောက်မှာ အီရန်ရဲ့ဒုံးကျည်တွေပျက်စီးသွားပုံပါပဲ။ ဒါပေမဲ့ အီရန်ရဲ့နယ်ရုပ်တွေဖြစ်တဲ့ ဟားမတ်တို့၊ ဟစ်ဇဘို လာတို့ကနေတစ်ဆင့် အစ္စရေးကိုတိုက်ခိုက်မှုတွေ လုပ်လာနိုင်ပါတယ်။ ကြားခံစစ်သဘောမျိုးပါ။ တကယ်လို့များ အီရန်ဘက်ကတင်းခံနေရင် အစ္စရေး ဘက်ကလည်း ဒီထက်ပိုတဲ့တိုက်ခိုက်မှုတွေကိုဆက်လုပ်လာနိုင်ပါတယ်။ အဲဒီအခါ နှစ်နိုင်ငံကြားစစ်မီးက ဒေသတွင်းရှိ တခြားနိုင်ငံတွေကိုပါ ကူးစက်စေမှာပါ။
အင်အားကြီးနိုင်ငံတွေအနေနဲ့ ဝင်ပါလာနိုင်မှုကို ကြည့်ရင် အမေရိကန်ကပဲ ထဲထဲဝင်ဝင်ပါဝင်လာနိုင်ပါတယ်။ အစ္စရေးဘက်ကနေပေါ့။ အီရန်ဘက်ကတော့ တချို့အင်အားကြီးနိုင်ငံတွေအနေနဲ့သံတမန်ရေးအရ ကန့်ကွက်မှုကလွဲလို့ စစ်ရေးအရကူညီမှုသိပ်မရှိနိုင်ပါဘူး။ သွယ်ဝိုက်ထောက်ပံ့မှုတွေသာပေးနိုင်ပါလိမ့်မယ်။ ဒါလည်းသိပ်တော့မသေချာပါဘူး။ သေချာတာတစ်ချက်ကတော့ ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်လာနိုင်ပါတယ်။ စီးပွားရေးတွေကျပ်တည်းလာနိုင်ပါတယ်။ ဒီတော့ နိဂုံးချုပ်အနေနဲ့သုံးသပ်ရရင် အခုလုပ်တဲ့အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ကြိုတင်လက်ဦးမှုယူတာဆိုခြင်းထက် အမေရိကန်အတွက်အသာစီးရစေမယ့်အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးလိုက်တာဖြစ်ပြီး အီရန်ဘက်ကလည်း ခေါင်းငုံ့ခံမယ့်ပုံစံမရှိ တာကြောင့် ဒီပဋိပက္ခဟာတော်တော်လေးတော့ တင်းမာမှုမြင့်တက်လာနိုင်ခြေရှိကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Ref: SCMP, RT

မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် စတင်ခဲ့ကြသည်။ သို့သော်အိမ်နီးချင်းနှစ်နိုင်ငံတို့၏ မိတ်ဝတ်မပျက်ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး မှာမူ နှစ်ပေါင်းထောင်ချီ ရှည်ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်သည့်အခါ မြန်မာနိုင်ငံက ကွန်မြူနစ်မဟုတ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ပထမဆုံးအသိအမှတ်ပြုခဲ့သည်။

ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမမျိုးဆက်ခေါင်းဆောင်ကြီး မော်စီတုံး (၁၉၄၉ - ၁၉၇၆)၊ ဒုတိယမျိုးဆက်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်(၁၉၇၈-၁၉၈၉)၊ တတိယမျိုးဆက်ခေါင်းဆောင်ကြီး ကျန်ဇီမင်း (၁၉၈၉-၂၀၀၄)၊ စတုတ္ထမျိုးဆက်ခေါင်းဆောင်ကြီး ဟူကျင်ထောင်း (၂၀၀၂-၂၀၁၂)နှင့် လက်ရှိ ပဉ္စမမျိုးဆက်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင် (၂၀၁၂ - လက်ရှိ) အထိတိုင်အောင် တရုတ်ခေါင်းဆောင်အဆက်ဆက်သည် မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် နိုင်ငံ့ခေါင်းဆောင်များနှင့် မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးမှုရှိခဲ့ကြသည်။ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်ဆံမှုများရှိခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်များသည်လည်း မြန်မာနိုင်ငံမှ ခေတ်အဆက်ဆက် ဝန်ကြီးချုပ်များနှင့် အထူးတလည် ရင်းနှီးခင်မင်ခဲ့ကြသည်။
အထူးသဖြင့် နှစ်နိုင်ငံလွတ်လပ်ရေးခေတ်ဦးကာလများတွင် မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝန်ကြီးချုပ် ချူအင်လိုင်းတို့၏ ပုဂ္ဂိုလ်ရေးရင်းနှီးကျွမ်းဝင်မှုမှာ ညီရင်းအစ်ကိုပမာရှိခဲ့သည်ကို သမိုင်းမှတ်တမ်းများအရ တွေ့ရှိနိုင်သည်။ ဝန်ကြီးချုပ် ဦးနုနှင့် ချူအင်လိုင်းတို့သည် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် တရုတ်-မြန်မာချစ်ကြည်ရေးသည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု ယုံကြည်ထားသူများပီပီ တရုတ်-မြန်မာချစ်ကြည်ရေးကို အစွမ်းကုန်တည်ဆောက်ခဲ့ကြသည်။
၁၉၅၄ ခုနှစ်တွင် နှစ်နိုင်ငံဝန်ကြီးချုပ်တို့သည် အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားလာလည်ပတ်ခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်ကို ဝင်ရောက်ဆင်နွှဲခဲ့သည့်နည်းတူ ဝန်ကြီးချုပ်ဦးနုကလည်း ၁၉၅၇ ခုနှစ်တွင် ယူနန်ပြည်နယ်ရှိ ရှစ်ဆောင်ပဏ္ဏားဒေသ သင်္ကြန်ရေသဘင်ပွဲတော်ကို သွားရောက်ဆင်နွှဲခဲ့သည်။
ဝန်ကြီးချုပ်ဦးနုကို တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီး မာရှယ်ချင်ယီတို့က ယူနန်ပြည်နယ်မှ ခရီးဦးကြိုဆိုခဲ့ကြသည်။ ထိုအချိန်တွင် ဝန်ကြီးချုပ်ချူအင်လိုင်းမှာ ကျန်းမာရေးအားနည်းကာ နေထိုင်မကောင်းဖြစ်ပြီး၍ နာလန်ထူခါစရှိသေးသည်။ ဝန်ကြီးချုပ်ဦးနု၏ ခရီးဦးကြိုဆိုမှုကို ယူနန်ဒေသအာဏာပိုင်တို့နှင့်သာ လွှဲထား၍ရနိုင်သော်လည်း ဝန်ကြီးချုပ်ချူအင်လိုင်းမှာ သူမြန်မာပြည်လာစဉ်အခါတိုင်း ဦးနုက အမြဲလိုက်ပါ၍ ဧည့်ဝတ်ကျေပွန်မှုကို အတုံ့အလှည့်အားဖြင့် အပြန်အလှန်ဧည့်ဝတ်ကျေပွန်ချင်လှသောကြောင့် ကိုယ်တိုင်ခရီးဦးကြိုလိုက်ပါခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဦးနုကလည်း ဝန်ကြီးချုပ် ချူအင်လိုင်း၏ ဧည့်ဝတ်ကျေပွန်မှုကို အသိအမှတ်ပြုခဲ့သည်။ ဦးနုက ဝန်ကြီးချုပ်ချူအင်လိုင်းသည် တစ်ဖက်သားအပေါ် မထီမဲ့မြင်မလုပ်ခြင်း၊ သည်းခံခြင်း၊ ဧည့်သည်များအပေါ် အသေးအဖွဲ့မှအစ မလစ်ဟင်းရအောင် အထူးဂရုတစိုက် ဧည့်ဝတ်ကျေပွန်ခြင်းရှိသူ၊ အတုယူစရာကောင်းသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ် ပြုလေးစားသမှုရှိခဲ့သည်။
၁၉၇၀ ကျော်လွန်နှစ်များတွင် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှခေါင်းဆောင်အချို့သည် တရုတ်ပြည်ကြီးနှင့် ရွှေလမ်းငွေလမ်းဖောက်ချင်လာကြသဖြင့် တရုတ်ခေါင်းဆောင်ကြီးများ၏ ဝါသနာနှင့် ဓလေ့စရိုက်ကို လေ့လာခဲ့ကြသည်။ တရုတ်ခေါင်းဆောင်များမှာ ပင်ပေါင်အားကစားနည်းကို အထူးဝါသနာပါကြသည်ကိုသိရ၍ အမေရိကန်က ကနဦးပင်ပေါင်အားကစားအဖွဲ့ကို ပေကျင်းသို့စေလွှတ်ပြီး စတင်လမ်းဖောက်ရာမှ အမေရိကန် သမ္မတနစ်ဆင်နှင့် တရုတ်ခေါင်းဆောင်ကြီး မော်စီတုံးတို့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြသည်။ ထိုသို့ ၁၉၇၀ ကျော်လွန်နှစ်များတွင် တရုတ်နှင့် အမေရိကန်တို့ ရွှေလမ်းငွေလမ်း သံတမန်စခန်းဖွင့်လှစ်နိုင်ခဲ့မှု အပေါ် ထိုစဉ်က ကမ္ဘာ့နိုင်ငံရေးလောကတွင် “ပင်ပေါင် ဒီပလိုမေစီ”၊ “ပါဆင်နယ် ဒီပလိုမေစီ” ဟူ၍ တင်စားခဲ့ကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံခေါင်းဆောင်များ၏ “ပါဆင်နယ်ဒီပလိုမေစီ”ကမူ “ဆွေမျိုးပေါက်ဖော်” အဆင့်ခရီးပေါက်ခဲ့ပြီဖြစ်၍ မြန်မာနှင့်တရုတ်တို့သည် နှစ်နိုင်ငံသမိုင်းတွင် သမိုင်းဝင်၊ သမိုင်းတွင်စေမည့် တရုတ်-မြန်မာနယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်ခြားသတ်မှတ်ရေး သဘောတူစာချုပ်ကို ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပေကျင်းမြို့၌ ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းတို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ သံတမန်ရေးရာကိစ္စများတွင်လည်း နှစ်နိုင်ငံစလုံးက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဖေးမကူညီခဲ့ကြသည်။ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ ဘိုဂေါ မြို့၌ကျင်းပခဲ့သည့် ကိုလံဘိုငါးနိုင်ငံညီလာခံတွင် အာဖရိကနှင့် အာရှနိုင်ငံများညီလာခံတစ်ရပ်ကို ၁၉၅၅ ခုနှစ် ဧပြီလ၌ကျင်းပရန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားရန် အဆိုတင်သွင်းခဲ့သည်။
ဝန်ကြီးချုပ်ဦးနုက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မဖိတ်ဘဲထားခဲ့ပါက အာဖရိကနှင့် အာရှနိုင်ငံများ ညီလာခံကို တာဝန်ယူဖိတ်ခေါ်မည့် ကိုလံဘို(ငါး)နိုင်ငံအဖွဲ့မှ မြန်မာနိုင်ငံထွက်မည်ဟု တိတိလင်းလင်းကန့်ကွက်ပြောဆိုခဲ့သဖြင့် အဆိုပါအဖွဲ့ဝင်နိုင်ငံမှ ဝန်ကြီးချုပ်က သူ့အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့ရသည်။
ထို့အတူ မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခြေခံကျသည့်မူဝါဒအဖြစ် အစဉ်တစိုက်ခိုင်ခိုင်မာမာကျင့်သုံးလျက်ရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ရေးအတွက်လည်း အပြည့်အဝထောက်ခံပေးခဲ့သည်။ အလားတူတရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက်ရပ်တည် ထောက်ခံပေးခဲ့ပါသည်။
နှစ်နိုင်ငံခေါင်းဆောင်အဆက်ဆက်တို့ အမြော်အမြင်ကြီးမားစွာ ပြုစုပျိုးထောင်ခဲ့သော မြန်မာ-တရုတ်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ၂၀၁၁ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအထိ တိုးမြှင့်လာနိုင်ခဲ့သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကလည်း ကဏ္ဍစုံပိုမိုတိုးတက်များပြားလာသည်။ အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိ တရုတ်-မြန်မာစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
နှစ်နိုင်ငံ ခေါင်းဆောင်အဆက်ဆက်တို့ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကူးလူးယှက်နွှယ် ဆက်သွယ်ခဲ့ကြသည့်နည်းတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ်ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည်။
ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ၂၀၂၅ ခုနှစ် မေလ က ရုရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်စဉ်အတွင်းတွေ့ဆုံ၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအပါအဝင် အရေးကြီးသည့် သဘောတူညီချက်များ ရရှိသည်အထိ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလဆန်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့၌ ကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲထိပ်သီးအစည်းအဝေး(GMS)၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီး အစည်းအဝေး(ACMECS)နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး(CLMV)တို့ တက်ရောက်စဉ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်းနှင့်တွေ့ဆုံ၍ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်ဖောက်လုပ်ရေး စီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများအပြင် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နှစ်နိုင်ငံနိုင်ငံတော်အကြီးအကဲများသည် ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျရောက်သည့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ထံပေးပို့သော သဝဏ်လွှာတွင် “အခွင့်အခါ ကြုံခိုက်မကြာသေးမီက မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုအပြီး လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို အချိန်နှင့်တစ်ပြေးညီ ပေးအပ်ခဲ့ခြင်းအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရနှင့်ပြည်သူများကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ယင်းသို့ ကူညီရိုင်းပင်းမှုများက ဘေးဒုက္ခကြုံတွေ့ရချိန်တွင် မိမိတို့နှစ်နိုင်ငံအကြားရှိထူးကဲသည့် ချစ်ကြည်ရင်းနှီးမှုနှင့် စာနာနားလည်မှုတို့ကို ပြသလျက်ရှိခြင်းပင်ဖြစ်ပါသည်။
ယခုကဲ့သို့ မင်္ဂလာရှိသည့်အခါသမယတွင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရရှိစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက အခိုင်အမာထောက်ခံ ပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။
မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့် ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကို ဖော်ထုတ်နိုင်ရေးအတွက် အဆွေတော်နှင့်အတူဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံပေးပို့သော သဝဏ်လွှာတွင် “တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ နှစ်နိုင်ငံသံတမန်ဆက်ဆံ ရေးထူထောင်မှု (၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန် အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်” စသည်ဖြင့် ရေးသားဖော်ပြခဲ့ပါသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်လီချန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက်အထိမ်းအမှတ် အခါသမယတွင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြသည်။
“ကျွန်ုပ်က မြစ်ဖျားမှာနေပြီး အဆွေတော်က မြစ်အောက်ပိုင်းမှာနေတယ်။
တစ်မြစ်ထဲကရေကို အတူသောက်သုံး၊
အပြန်အလှန်သံယောဇဉ်အနန္တ။
ကျွန်ုပ်ချောင်းဖျားကရေကို သောက်သုံးသလို၊
အဆွေတော်က ချောင်းအောက်ပိုင်းကရေကို သောက်ပါတယ်။
ချောင်းငယ် ထာဝရစီးဆင်းနေသမျှ၊
အချင်းချင်းသာယာလှပခြင်းကို
ရှုစားခံစားနိုင်တယ်။
အချင်းချင်းအိမ်နီးချင်းပေမို့၊
ချစ်ကြည်ရင်းနှီးမှုကို
ရေရှည်တည်ဆောက်ကြမယ်လေ”
၁၄ - ၁၂ - ၁၉၅၇ ရက်နေ့တွင် နိုင်ငံခြားရေး ဝန်ကြီး မာရှယ်ချင်ယီရေးဖွဲ့ခဲ့သော “မြန်မာမိတ်ဆွေများသို့”ဟူသည့် သမိုင်းဝင်ချစ်ကြည်ရေးကဗျာတေးသွားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ပြန်လည်သက်ဝင်နိုးထလာခဲ့ပါသည်။
ခေတ်အဆက်ဆက် လက်ချင်းယှက်၍ ရင်းနှီး ချစ်ကြည်ခဲ့ကြသော မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲ စေသားဟူ၍ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် အထိမ်းအမှတ်အခါသမယတွင် ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ ။