ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

ရုရှားသည် တရုတ်၏ ဩဇာခံနိုင်ငံ ဖြစ်လာနိုင်ချေ ရှိပါသလား
-

အနောက်တိုင်းပညာရှင်အများစုက ရုရှားသည် တရုတ်၏ “မိတ်ဖက်ငယ်” အဖြစ်သော်လည်းကောင်း၊ တစ်ခါတစ်လေတွင် “လက်အောက်ခံနိုင်ငံ” အဖြစ်ပင်လည်းကောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။ ထိုဇာတ်လမ်းသည် ရုရှား-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ အနောက်တိုင်း ဆွေးနွေးမှုအားလုံးတွင် အချိန်အတော်ကြာ လွှမ်းမိုးထားသည်။လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ယူကရိန်းပဋိပက္ခ စတင်ပြီးနောက် အနောက်နိုင်ငံများက ရုရှား နှင့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် အဆက်အသွယ် ဖြတ်တောက်ရန် ကြိုးပမ်းလာ သောကြောင့် ပေကျင်းသည် မေ

အနောက်တိုင်းပညာရှင်အများစုက ရုရှားသည် တရုတ်၏ “မိတ်ဖက်ငယ်” အဖြစ်သော်လည်းကောင်း၊ တစ်ခါတစ်လေတွင် “လက်အောက်ခံနိုင်ငံ” အဖြစ်ပင်လည်းကောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။ ထိုဇာတ်လမ်းသည် ရုရှား-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ အနောက်တိုင်း ဆွေးနွေးမှုအားလုံးတွင် အချိန်အတော်ကြာ လွှမ်းမိုးထားသည်။လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ယူကရိန်းပဋိပက္ခ စတင်ပြီးနောက် အနောက်နိုင်ငံများက ရုရှား နှင့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် အဆက်အသွယ် ဖြတ်တောက်ရန် ကြိုးပမ်းလာ သောကြောင့် ပေကျင်းသည် မော်စကို၏ စီးပွားရေးနှင့် နိုင်ငံရေး မဟာမိတ်အဖြစ် ချွင်းချက်မရှိ ကြီးထွား လာခဲ့သည်။ တရုတ်နှင့် ရုရှားတို့သည် ဆရာ-တပည့် ဆက်ဆံရေးရှိနေသည်ဟု ယုံကြည်သူများသည် ရုရှားအနေဖြင့် တရုတ်နောက်သို့လိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဟု သက်သေပြရန် ဤဆွေးနွေးမှု ကို အသုံးပြုကြသည်။ဤသီအိုရီကို ထောက်ခံသည့် နောက်ထပ်ရေပန်းစားသောဆွေးနွေးမှုတစ်ခုမှာ နှစ်နိုင်ငံ၏ လူဦးရေနှင့် စီးပွားရေးပမာဏ ကွာခြားချက်ဖြစ်သည်။ (တရုတ်နိုင်ငံ၏လူဦးရေသည် ရုရှားထက် ဆယ်ဆများပြားပြီး စီးပွားရေးသည်လည်း အလားတူပင်ဖြစ်သည်။) စာရင်းအင်းဆိုင်ရာ အချက်အလက်များအရ မှန်ကန် သော်လည်း နိုင်ငံအချင်းချင်းဆက်ဆံရေး၏ နက်နဲမှုများကို စာရင်းအင်းကိစ္စအဖြစ် လျှော့ချခြင်းသည် မိုက်မဲမှုတစ်ရပ် သို့မဟုတ် တမင်တကာ အလေးအနက်မထားခြင်းပင် ဖြစ်သည်။ ပထမဦးစွာ ရုရှားသည် စစ်ရေး-ဗျူဟာမြောက်အလားအလာကဲ့သို့သော အခြားနယ်ပယ်များတွင် ပြတ်ပြတ်သားသား အသာစီးရနေ ပါသည်။ ဒုတိယအချက်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒကို ထိန်းချုပ်သည့်ကိရိယာအဖြစ် ၎င်း၏ စီးပွားရေးသြဇာကို အသုံးချနိုင်ခဲ့သည့်ဖြစ်စဉ် (အမေရိကန်နိုင်ငံ၏ ကြီးစိုးမှုမှလွဲ၍) ကမ္ဘာပေါ်တွင် ဥပမာ များစွာမရှိပါ။ တရုတ်သည် ကုန်သွယ်မှု ကဏ္ဍတွင် အာရှနှင့် အာဖရိကဈေးကွက်များကို လွှမ်းမိုးထား သော်လည်း နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်လာလျှင် အနည်းငယ်မျှသာ လွှမ်းမိုးမှုရှိသည်ကို တွေ့ရှိ ရပါသည်။တရုတ်နှင့် စစ်ရေး-နိုင်ငံရေး မဟာမိတ်ဖွဲ့ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြောက်ကိုရီးယား ကို သုံးသပ်ကြည့်ကြပါစို့။ နိုင်ငံနှစ်နိုင်ငံ၏ အရွယ်အစားနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်များ (မြောက် ကိုရီးယားနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရမှုအပါအဝင်) မှာ ထင်ရှားသော်လည်း ပေကျင်း သည် ပြုံယမ်း၏လုပ်ရပ်များအပေါ် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာ မူဝါဒများအရ လွှမ်းမိုးခြင်းမရှိပါ။တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်၍ အမြဲတစေအခိုင်အမာရပ်တည်လျက်ရှိသည်။ ပေကျင်းက ကန့်ကွက် နိုင်စွမ်းမရှိသည့် မြောက်ကိုရီးယားနှင့် ရုရှားတို့၏ စစ်ရေး-နိုင်ငံရေး မိတ်ဖက်ဆက်ဆံရေးသည် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ခိုင်မာသောသက်သေတစ်ခု ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယားထက် အဆပေါင်းများစွာကြီးမားပြီး ပိုမိုအားကောင်းသည့် ရုရှားနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးနိုင်မှုသည် ဖြစ်နိုင်ဖွယ်ရာမရှိဟု ထင်ရသည်။တရုတ်နှင့်ဆက်ဆံရေးတွင် ရုရှားသည် “လက်အောက်ခံ” အဆင့်ဖြစ်သည်ဟူသော မဟုတ်မမှန်သည့် အယူအဆကို သွတ်သွင်းရန် ကြိုးပမ်းခြင်းသည် အချိန်ဖြုန်းသလိုပင်ဖြစ်မည်။ တရုတ်သည် ရုရှား၏ “နောင်တော်ကြီး” ဖြစ်လာရန် အမှန်တကယ်လိုလားခြင်း ရှိ၊ မရှိနှင့် အနောက်နိုင်ငံများအနေဖြင့် ရုရှား-တရုတ် ဆက်ဆံရေးနှင့်ပတ်သက်လာလျှင် ဤအချက်ကို အလေးထားရန် သင့်၊ မသင့် ဆိုသည့်အချက်မှာ ပို၍စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ 

အမေရိကန်နိုင်ငံ၏ရှုထောင့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က “ရုရှားတွေဟာ တရုတ်ကို ပိုမိုမှီခို လာရပြီး ဒါဟာ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ကောင်းမွန်တဲ့ရလဒ်မဟုတ်ဘူး” ဟုပြောကြားခဲ့သည်။ ဆိုလိုသည်မှာ တရုတ်နှင့်ဆက်ဆံရေးကြောင့် ရုရှားသည် ၎င်း၏ဗျူဟာမြောက် လုပ်ပိုင်ခွင့်ကို ဆုံးရှုံးရနိုင် သည်ဟု အမေရိကန်က ယုံကြည်နေသည်။ ထို့အပြင် အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ဝါရှင်တန်ကိုဆန့်ကျင်သည့် မော်စကိုနှင့် ပေကျင်းအကြား မဟာမိတ် ဖွဲ့ရန်အလားအလာကို အကြံပြုထားသည်။မကြာသေးမီက အမေရိကန်သမ္မတ Donald Trump ၏ မော်စကိုနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုများကို “Nixon Effect” ကို ပုံတူကူးရန် ကြိုးပမ်းမှုအဖြစ် သရုပ်ဖော်ကြသော်လည်း လက်တွေ့ တွင် ပြောင်းပြန်ဖြစ်နေသည်။ ၁၉၇ဝ ပြည့်နှစ်ဦးကာလများတွင် ထိုစဉ်က သမ္မတ Richard Nixon ၏ တရုတ် နိုင်ငံခရီးစဉ်သည် ဆိုဗီယက်ပြည်ထောင်စုကို ဆန့်ကျင်သူများ ကြားတွင် အမေရိကန်-တရုတ် ဆက်ဆံရေး ကို ခိုင်မာစေခဲ့သည်။ ယခုအခါတွင် အမေရိကန်သံခင်း တမန်ခင်းအရ ရုရှားအား တရုတ်နှင့်ဝေးရာသို့ ဆွဲဆောင်ပြီး အမေရိကန်သည် တရုတ်အား ဗျူဟာမြောက် ထိုးနှက်နိုင်မည်ဟု ယုံကြည်ရသည်။သို့သော် အဆိုပါနှိုင်းယှဉ်ချက်မှာ ယုတ္တိခိုင်လုံခြင်းမရှိပါ။ ပထမအချက်မှာ ၁၉၇ဝ ပြည့်နှစ် လွန်ကာလ များတွင် တရုတ်နှင့် ဆိုဗီယက်တို့သည် ထိပ်တိုက်ရင်ဆိုင်နှင့်ပြီးသား အခြေအနေ ဖြစ်သည်။ Nixon ၏ လုပ်ရပ်များသည် အဆိုပါထိပ်တိုက်ရင်ဆိုင်မှုကို မဖြစ်ပေါ်စေသော်လည်း ၎င်းသည် အမေရိကန်အတွက် တရုတ်ဈေးကွက်ဖွင့်လှစ်ရန်နှင့် ဆိုဗီယက်ကို တွန်းလှန်ရာတွင် သြဇာ လွှမ်းမိုးမှုရရှိရန် ကောင်းမွန်သော အခြေအနေများကို အသုံးချခဲ့သည်။ ယနေ့ခေတ်တွင် ရုရှားနှင့် တရုတ်တို့သည် အမေရိကန်နှင့် ဝေးကွာ လိုခြင်း မရှိကြပေ။ အကယ်၍ ၎င်းတို့၏ နီးကပ်သော မဟာမိတ်ပြုမှုအတွက် တစ်စုံတစ်ဦးအပေါ် အပြစ်တင် ရမည်ဆိုလျှင် ၎င်းတို့အား “မဟာရန်သူတော် ကြီးများ” ဟုတံဆိပ်ကပ်ပြီး အထက်စီးဆန်မှုနှင့် တွက်ကိန်း လွဲမှားမှုများဖြင့် နှစ်နိုင်ငံစလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည့် “Dual Containment” မူဝါဒကို စတင် ချမှတ်လုပ်ဆောင်ခဲ့သော အမေရိကန်ကိုယ်တိုင်ပင်ဖြစ်သည်။ယခု Dual Containment မူဘောင်တွင် အမေရိကန်သည် တရုတ်နိုင်ငံကို ပို၍ အန္တရာယ်များသော ပြိုင်ဘက်အဖြစ် ရှုမြင်ပြီး ရုရှားသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးရေးကြိုးပမ်းမှုအတွက် အမေရိကန် သို့မဟုတ် တရုတ်နှင့် လိုက်လျောညီထွေနေမည့် “အဖြည့်ခံ” အဖြစ်မြင်သည်။ သို့သော် ဤအရာသည် မမှန်ကန်ပါ။ ဤအမြင်သည် အမေရိကန်အထက်တန်းလွှာများ၏ စိတ်ထဲမှ ပုံရိပ်လွှာမျှသာဖြစ်သည်။ပထမအချက်မှာ ရုရှားသည် အင်အားကြီးနိုင်ငံဖြစ်ပြီး လိုအပ်သော စစ်ရေး၊ နိုင်ငံရေးနှင့် အရင်းအမြစ် ဆိုင်ရာ စွမ်းရည်များရှိပြီး မည်သူတစ်ဦးတစ်ယောက်၏ အဖြည့်ခံအဖြစ် နေထိုင်ရန် လိုလားခြင်းမရှိပါ။ ဒုတိယ အချက်မှာ တရုတ်နိုင်ငံသည် ကမ္ဘာကြီးအား ကြီးစိုးရန်အတွက် အမေရိကန်နှင့် ယှဉ်ပြိုင်လိုခြင်းမရှိပါ။ သို့ဖြစ်ရာ တရုတ်သည် အမေရိကန်နှင့် “ခေတ်သစ်စစ်အေး တိုက်ပွဲ” တွင် ရုရှားကို မဟာမိတ်အဖြစ် မလိုအပ်ပေ။ ယင်းအစား ရုရှားသည် ပဋိပက္ခဖြစ်မှ ထိတွေ့ဆက်ဆံခြင်းထက် ပူးပေါင်းဆောင်ရွက်ထား ခြင်းက ပိုမိုအကျိုးရှိသောမိတ်ဖက်အဖြစ် ရှုမြင်သည်။ ရုရှားသည် တရုတ်အတွက် အရေးပါသော မိတ်ဖက် နိုင်ငံဖြစ်သော်လည်း မော်စကိုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် ပေကျင်းက စွန့်စားလိမ့်မည် မဟုတ်ပေ။

တရုတ်နိုင်ငံ၏ရှုထောင့်

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တင်းမာမှုများ ပြင်းထန်လာသည်ကိုသိရှိပြီး ဒွိဝင်ရိုးကမ္ဘာအုပ်စုနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် ပါဝင်လိုခြင်းမရှိပေ။ ယင်းမှာ တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ဖြစ်သည်။ အမေရိကန်သည် “စစ်အေးတိုက်ပွဲခံယူချက်” ၏ ရလဒ်ကို ထိန်းချုပ်ရန် သဲကြီးမဲကြီး ဆောင်ရွက်နေသည် ဟု တရုတ်က မှတ်ယူပြီး နှစ်နိုင်ငံစလုံးကို အကျိုးရှိ စေသည့် အမြတ်အစွန်းရှိသော စီးပွားရေး မိတ်ဖက် ဆက်ဆံရေးကို အမေရိကန်က အဘယ်ကြောင့် ထိခိုက်စေသည်ကို အံ့အားသင့်နေသည်။တရုတ်သည် အမေရိကန်ကို ကမ္ဘာ့ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချ၍ အစားထိုးနိုင်သည်ဟု ယုံကြည်သော အမေရိကန်နိုင်ငံရေးသမားများနှင့်မတူဘဲ တရုတ်တို့သည် ၎င်းတို့၏ကိုယ်ပိုင် စွမ်းရည်များကို တော်သင့်ရုံသာ အကဲဖြတ်လေ့ရှိသည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်တို့ ကြားတွင် ပေါ်ပေါက်ခဲ့သော ကမ္ဘာ့ အာဏာလုပွဲကို သတိထားစရာပုံပြင်အဖြစ် ရှုမြင်ကြသည်။ ဆိုဗီယက်သည် အရင်းအနှီးပေါင်းများစွာကို အဆိုပါပြိုင်ဆိုင်မှုထဲသို့ ပုံအောခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံသည် ပင်ပန်းနွမ်းလျကာ ကြီးစွာသော အကြပ် အတည်းများက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရေးဆီအထိ ရောက်စေခဲ့သည်။ဆိုဗီယက်ပြည်ထောင်စု၏ အမှားမျိုးကို ထပ်တလဲလဲမလုပ်ရန် တရုတ်က ဆုံးဖြတ်ထားသည်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် ၎င်း၏ထိပ်တန်းဦးစားပေးဖြစ်သည်။ နိုင်ငံခြားရေးရာမူဝါဒသည် ဤဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန်အတွက် ကိရိယာတစ်ခုဟု ယူဆသော်လည်း အဆုံးသတ်မဟုတ်ပေ။ ယခင် ကိုလိုနီနိုင်ငံများနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများ၏ အရေးပါမှုကို တိုးမြှင့်ခြင်းဖြင့် ယခင် ကိုလိုနီ အာဏာရှင် ဟောင်းများ အထူးသဖြင့် အမေရိကန်၏သြဇာကို မလွဲမသွေကျဆင်းစေမည်ဟု တရုတ်က ယုံကြည်သည်။တစ်နည်းဆိုရသော် ရုရှားကဲ့သို့ပင် တရုတ်သည် အမေရိကန်၏ ကြီးစိုးမှုကို ရုပ်သိမ်းရန် ကြိုးပမ်း သော်လည်း ၎င်း၏နေရာကို အစားထိုးရယူရန် ဆန္ဒမရှိပေ။ တရုတ်၏အယူအဆသည် နိုင်ငံပေါင်းစုံဝါဒဖြင့် သွင်ပြင်လက္ခဏာရှိသော “အမေရိကန်ခေတ်လွန်” စုပေါင်းအင်အားနှင့် ကမ္ဘာကို မျှော်မှန်းထားသည်။ ၎င်းတို့၏စုပေါင်းအင်အားကြောင့် သြဇာလွှမ်းမိုးမှုကြီးမားမည် ဖြစ်သော်လည်း အခြားသူတစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် မည်သည့်အရာကိုလုပ်ဆောင်ရန် ညွှန်ကြားခြင်း စသည်တို့ ရှိမည်မဟုတ်ပေ။ အဆိုပါစိတ်ကူးကို “ကံကြမ္မာတူလူ့အသိုက်အဝန်း” ဟု အမည်ပေးထားသည်။၂၀၁၃ ခုနှစ်တွင် တရုတ်ခေါင်းဆောင် Xi Jinping က ကမ္ဘာကြီးအား ကြီးစိုးလိုသူများက ဤသမိုင်းဝင် အရွေ့ကို တွန်းလှန်နေသည့်တိုင် ဤကံကြမ္မာတူလူ့အသိုက်အဝန်းသည် ပုံပေါ်နေပြီး ဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ရုရှား၊ ဘရာဇီးလ်နှင့် အိန္ဒိယ အပါအဝင် ကမ္ဘာ့ တောင်ပိုင်း၏ အဓိကနိုင်ငံကြီး များကြား ဆက်ဆံရေးသည် နိုင်ငံများကို ခေါင်းဆောင် - နောက်လိုက် အဖြစ် ခွဲခြားထားသော အစဉ်အလာ ရှိသည့် စစ်ရေး-နိုင်ငံရေး မဟာမိတ်များနှင့်မတူဘဲ တရုတ်၏ အကျိုးစီးပွားနှင့် နီးကပ်စွာ လိုက်လျောညီထွေ ဖြစ်နေသည်။ အကျိုးဆက်အနေဖြင့် ပေကျင်း၏ ရှုထောင့်မှကြည့်လျှင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား လက်ရှိမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းသောဆက်ဆံရေးဆီသို့ ခြေလှမ်းလှမ်း လာရုံမျှသာမက ပူးပေါင်းဆောင်ရွက်မှု၏ ပန်းတိုင်ဖြစ်နေသည်။ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဘက်စလုံးအတွက် ဧကန်မုချ အကျိုးရှိစေသည်။ တရုတ်နိုင်ငံသည် ရုရှား၏ လူဦးရေသန်း ၁၄၀ ရှိသော စျေးကွက်သို့ ယင်း၏ကုန်ပစ္စည်းများ ရောင်းချနိုင်ပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့သော ရုရှား၏မဟာဗျူဟာမြောက် အရင်းအမြစ်များကိုလည်း တရုတ်က ရရှိစေပါသည်။ ထို့အပြင် အရှေ့နှင့်အနောက်ကြား ရုရှား၏ ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေး သကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ BRICS နှင့် SCO တို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနိုင်ငံနှင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆောင်ရွက်မှု များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။တရုတ်နိုင်ငံသည် အဆိုပါအားသာချက်များအားလုံးကို ခံစားနေပြီး ရုရှားသည် ၎င်း၏ မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒတို့ကို ထိန်းသိမ်းထားသည်။ ဤအချက်သည် တရုတ် နိုင်ငံအား ရုရှားနှင့် နိုင်ငံရေးအရ ကတိကဝတ်များကို ရှောင်ရှားနိုင်စေခဲ့သည်။ ၂၀၂၂-၂၀၂၄ ခုနှစ်တွင် ရုရှားနှင့်မတူဘဲ တရုတ်သည် အမေရိကန်၊ ယူကရိန်းနှင့် အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ ရုရှားနှင့် ပိုမိုနီးကပ်သော မဟာမိတ်ဆက်ဆံရေးရှိပါက ထိုကဲ့သို့ ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ပေကျင်းက ခံယူသည်။ နောက်ဆုံးအနေဖြင့် ဥရောပနှင့် အမေရိကန် ဈေးကွက်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် ပိုမိုအရေးကြီးပြီး မည်သည့်အခြေအနေမျိုးတွင်မှ ၎င်းကိ အထိခိုက်ခံမည် မဟုတ်ပေ။ထို့အပြင် ရုရှားသည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် ရှုပ်ထွေးသော ကမ္ဘာ့စိန်ခေါ်မှုများစွာကို ဖြေရှင်းရာတွင် ကြီးမားသောအတွေ့အကြုံနှင့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များ သိုလှောင် ထားရှိမှုတို့နှင့်အတူ လက်အောက်ခံနိုင်ငံအဖြစ် ဘယ်သောအခါမှ လက်ခံမည်မဟုတ်ကြောင်း တရုတ်က နားလည်သည်။ထို့ကြောင့် ယုတ္တိရှိသော ကောက်ချက်အနေဖြင့် Marco Rubio ၏ ပြောကြားချက်များနှင့် လုံးဝ ဆန့်ကျင် နေလိမ့်မည်ဖြစ်သည်။ ပထမအချက်မှာ တရုတ်သည် ရုရှားနှင့် အလွန်နီးကပ်လိုခြင်း မရှိဘဲ ချစ်ကြည် ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်းပြီး ခပ်လှမ်းလှမ်းမှ နေရန်သာ ဆန္ဒရှိသည်။ ဒုတိယအချက်မှာ ရုရှားနှင့် တရုတ်ကြား မိတ်ဖက်ဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံရေးတွင် မတည်မငြိမ် ဖြစ်စေသော အချက်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အချုပ်အခြာ အာဏာကို လေးစားပြီး အပြန်အလှန် သာတူညီမျှလက်တွဲလုပ်ဆောင်ရန် အင်အားကြီးနိုင်ငံများက ကြိုးပမ်းနေသည့် ကမ္ဘာ့အစီအစဉ်သစ်၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုကို ကိုယ်စားပြုသည်။စိတ်ဝင်စားစရာမှာ အမေရိကန်အနေဖြင့် “ကမ္ဘာ့ပုလိပ်” (အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံ များတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အင်အားကြီးနိုင်ငံ) နှင့် လူသားမျိုးနွယ်၏ တရားသူကြီး ဖြစ်လိုသော ၎င်းတို့၏ရည်မှန်းချက်များကို စွန့်လွှတ်ကာ နိုင်ငံများကို “လူဆိုးနှင့် လူကောင်း” ဟူ၍ အမျိုးအစားခွဲခြားနေခြင်းကို ရပ်တန့်လိုက်လျှင် ဤတူညီသောပုံစံသည် အမေရိကန် တို့ထံ သက်ရောက်နိုင်ကောင်းပေသည်။ ထို့နောက် အမေရိကန်အနေဖြင့် ကမ္ဘာတစ်ဝှမ်း ရောင်စုံ တော်လှန်ရေးများ  ဖန်တီးခြင်း သို့မဟုတ် စိတ်ကူးယဉ် ရုရှား-တရုတ် မဟာမိတ်ဖွဲ့ခြင်းကို တန်ပြန်ခြင်း တို့ထက် ၎င်းတို့၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်  စိုးရိမ်နေကြသည့် (မကြာသေးမီက သိသာ ထင်ရှားစွာ ကျဆင်းသွားခဲ့သောကြောင့်) အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပေသည်။

Source: https://www.rt.com/news/613825-china-russia-junior-partner/

(RT website တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Ivan Zuenko ၏ “Is Russia at risk of becoming a ‘satellite’ of China?” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

Ivan Zuenko

မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင်
-

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၇၇ နှစ်ပြည့် မြောက်ခဲ့ပြီး ဖြစ်သည်။ ထို ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအရွှေ့အပြောင်း များစွာဖြစ် ခဲ့သည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ရခြင်းကား မဟုတ်ပေ။ ပြည်သူများ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးပြီးမှရယူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကာလတွင် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အလျှိုလျှို ပေါ်ပေါက်ခဲ့သည်။ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများမှ သည် မိမိအာဏာရရှိရေး၊ မိမိပါတီဩဇာအာဏာရရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြသည်။ ပကတိ အမြင်ဖြင့် ရှုမြင

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၇၇ နှစ်ပြည့် မြောက်ခဲ့ပြီး ဖြစ်သည်။ ထို ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအရွှေ့အပြောင်း များစွာဖြစ် ခဲ့သည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ရခြင်းကား မဟုတ်ပေ။ ပြည်သူများ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးပြီးမှရယူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကာလတွင် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အလျှိုလျှို ပေါ်ပေါက်ခဲ့သည်။ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများမှ သည် မိမိအာဏာရရှိရေး၊ မိမိပါတီဩဇာအာဏာရရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြသည်။ ပကတိ အမြင်ဖြင့် ရှုမြင်သုံးသပ်ခြင်းမပြုနိုင်ခဲ့ကြဘဲ နိုင်ငံရေး အယူအဆမတူမှု၊ နိုင်ငံရေးရေလိုက်လွဲမှုများကြောင့် နိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းများကို တွေ့ခဲ့ကြရသည်။ နိုင်ငံရေးရေလိုက်လွဲမှုကြောင့် တွေ့ကြုံခဲ့ရသော နိုင်ငံရေးအကျပ်အတည်းများမှာ (၅) ကြိမ် ရှိခဲ့ပြီး ယင်းအကျပ်အတည်းများကြောင့်ပင် နိုင်ငံ၏ဖွံ့ဖြိုးရေး၊ နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးတွင် အဟန့်အတားအနှောင့်အယှက်များဖြစ်ခဲ့ကာ ပြည်သူများဘဝဖွံ့ဖြိုးမှုနည်းခဲ့ရသည်။

နိုင်ငံတော်တာဝန်ယူနေကြသူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား အတွက် ဖြစ်ပျက်ခဲ့သည်များကို လေ့လာသုံးသပ်ဆင်ခြင် နိုင်ကြပြီး သမိုင်းသင်ခန်းစာများကိုရယူကာ ပြုပြင်သင့်သည်များကိုပြုပြင်၊ ရှောင်တန်သည်ကို ရှောင်၊ ဆောင်ရမည့် အရာများကိုဆောင်၍ နိုင်ငံတော်၏အနာဂတ်ရေးအတွက် ရှေးရှုဆောင်ရွက်သွားကြရန်လိုပေမည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းများ

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်။ သို့ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် တောခိုသွားခဲ့သည်။ ကွန်မြူနစ်ပါတီ တောခိုသောအခါ ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ရန် ဖဆပလ အစိုးရအဖွဲ့က နည်းမျိုးစုံဖြင့်ကြိုးစားခဲ့သည်။ ကွန်မြူနစ်များနှင့် ဆွေးနွေးသည်။ ရလဒ်မှာ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်နှစ် ခြမ်းကွဲပြီး ရဲဘော်ဖြူများထပ်မံတောခိုခြင်းဖြစ်သည်။ ကွန်မြူနစ်များ စည်းရုံးထားသော တပ်ရင်းတပ်ဖွဲ့အချို့ကလည်း တောခိုသည်။ ကေအင်(န်)ဒီအို လက်နက်ကိုင်တပ်များကလည်း မြို့များ၊ ရွာများကို သိမ်းယူလာသည်။ ၁၉၄၈ခုနှစ်၊ ၁၉၄၉ ခုနှစ် တို့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံရေး အကျပ်အတည်းကြီးလည်း ဖြစ်သည်။ တိုင်းပြည်ကို ပြည်တွင်းစစ်သို့တွန်းပို့ခဲ့သော ဖြစ်ရပ်လည်းဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းသူအချို့ လက်နက်ချကြသည်။ ထိုအချိန်တွင် ဖဆပလ အစိုးရ အဖွဲ့သည်လည်း တည်မြဲနှင့်သန့်ရှင်း ဆိုပြီး နှစ်ပိုင်းကွဲခဲ့သည်။ ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်များဖွဲ့ ကြသည်။ အစိုးရသည် ကိုယ့်လူကိုယ်မနိုင်တော့။ တပ်မတော်မှနိုင်ငံတော်အာဏာကိုထိန်းသိမ်းရေး ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု နှင့်သွားရောက်ဆွေးနွေးသည်။ ဦးနုက အာဏာသိမ်းယူသည့်ပုံစံဖြင့် တိုင်းပြည်အာဏာကိုသိမ်းယူပါက သူ့အတွက်လည်းမကောင်း၊ တပ်မတော်အတွက် လည်းမကောင်း၊ ထို့ကြောင့် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းသို့ တရားဝင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးနုသည် ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူပြီး ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်ပြီး အိမ်စောင့်အစိုးရဖွဲ့စည်းပေးရန် တရားဝင်တာဝန်လွှဲပြောင်းပေးခဲ့သည်။ အိမ်စောင့်အစိုးရအဖွဲ့သည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လကြာတာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတစ်ဦးက ဝန်ကြီးချုပ် တာဝန် ကို ၆ လသာရယူခွင့် ရှိသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတထံသို့ နုတ်ထွက်လွှာ တင်သွင်း ခဲ့သည်။ သို့ရာတွင် အိမ်စောင့်အစိုးရ၏တာဝန်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သေးသဖြင့် ပါလီမန်လွှတ်တော်ခေါ်ယူပြီး ဗိုလ်ချုပ် ကြီးနေဝင်းအား ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဒုတိအကြိမ်တာဝန်အပ်နှင်းခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရ သည် ရွေးကောက်ပွဲပြုလုပ်ပေးပြီး အနိုင်ရသော ပြည်ထောင်စုပါတီ(သန့်ရှင်း ဖဆပလ)သို့ ၁၉၆၀ပြည့် နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင်ပြန်လည် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့တွင်း နိုင်ငံရေးပဋိပက္ခသည် နိုင်ငံ၏ ဒုတိယအကြိမ် နိုင်ငံရေးအကျပ်အတည်းဖြစ်သည်။

သို့သော် ဦးနုခေါင်းဆောင်သော အရပ်သားအုပ်ချုပ်မှုသည် ကြာရှည်ခြင်းမရှိခဲ့။ ပါတီတွင်း ဦး၊ ဗိုလ်၊ သခင် အုပ်စုကွဲများဖြစ်လာသည်။ တိုင်းရင်းသားပြည်နယ်များ၏ အရေးကလည်းမအေး။ ပြည်နယ် တစ်ခုဆိုလျှင် ပြည်မမှခွဲထွက်ပြီး အနောက်အုပ်စု ဆီတိုးအဖွဲ့နှင့်ပူးပေါင်းရန်ကြံစည်လာသည်။ အနောက်အုပ်စု၏ ကွန်မြူနစ်ဆန့်ကျင်ရေးအခြေစိုက်စခန်းကြီးတစ်ခုဖြစ်လာမည်။ ဦးနုအစိုးရကဟန့်တားခြင်းငှာတတ်နိုင်စွမ်း မရှိတော့။ ထို့ကြောင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရသည်။ တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ကိုဖျက်သိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ် နိုင်ငံရေး အကျပ်အတည်းမှာ တတိယအကြိမ်နိုင်ငံရေး အကျပ်အတည်းဖြစ်သည်။

၁၉၆၂ ခုနှစ်တွင်အာဏာသိမ်းယူပြီး တော်လှန်ရေး ကောင်စီအစိုးရကိုဖွဲ့စည်းသည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းသည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲများပြုလုပ်ကာ လွှတ်တော်ခေါ်ယူလျက် တစ်ပါတီအာဏာရှင်အစိုးရအဖြစ် အုပ်စိုးခဲ့သည်။ တိုင်းပြည်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ထူထောင်ခဲ့သည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ဆိုရှယ်လစ်စနစ် များကျဆုံးလာခြင်းနှင့် ကြုံရသည်။ ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ အင်အားတောင့်တင်းလှသော ကွန်မြူနစ် အင်ပါယာကြီးပင်လျှင် ပြိုကွဲရသောအခါ မြန်မာနိုင်ငံကဲ့သို့ အမှီအခိုကင်းစွာရပ်တည်ခဲ့သောနိုင်ငံမှာ ပိုမို ဆိုးရွားခဲ့သည်။ ၁၉၈၈ ခုနှစ်ကာလတွင် နိုင်ငံ၏စီးပွားရေးမှာ ချွတ်ခြုံကျနေသည်။ ပြည်သူများ ကျေနပ်ခြင်း မရှိကြတော့။ လူများလမ်းပေါ်ထွက် ဆန္ဒပြလာကြသည်။

၁၉၈၈ ခုနှစ်က တစ်နှစ်အတွင်း လမ်းစဉ်ပါတီအစိုးရအဖွဲ့တွင် သမ္မတ(၃)ဆက် အပြောင်းအလဲဖြစ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးစိန်လွင်အပြီး ဆက်ခံသော နိုင်ငံတော်သမ္မတ ဦးမောင်မောင်က မိမိ တို့အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးမည်။ လွှတ်တော်ခေါ်ယူပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရေး ဆောင်ရွက် ပေးမည်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြရန် တိုက်တွန်း သည်။ ရွေးကောက်ပွဲတွင် လမ်းစဉ်ပါတီဗဟိုကော်မတီဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပါဝင်ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမောင်မောင်က အာဏာလွှဲပြောင်း ရေးသည် ၁၉၇၄ ခုနှစ်ဥပဒေနှင့်အညီသာဖြစ်သင့်သည်။ ဥပဒေနှင့်မညီသောအလုပ်ကို လုပ်ခွင့်မပေးနိုင်။ ရွေးကောက်ပွဲ ပြုလုပ်ပြီးသည်အထိ ခဏစောင့်ပါဟုဆိုသည်။ သို့ရာတွင် ထိုစဉ်ကအင်အားကြီး အဖွဲ့အစည်း များကလက်ခံခြင်းမရှိခဲ့ကြ။ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပေးရန်သာ တွင်တွင်တောင်းဆိုခဲ့ကြသည်။

သို့ဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမျှ မတည်ငြိမ်။ လူများကျီးလန့်စာ စားဖြစ်နေရသည်။ ရပ်ရွာများလည်း မအေးချမ်း၊ မသာယာ။ မည်သူ့ကို ကြောက်ရမှန်းမသိ။ မည်သူ့စကားနားထောင်ရမှန်း မသိ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးဆို သည်မှာယုံတမ်းစကားဖြစ်နေသည်။ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ ဖြစ်နေသည်။

ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံများလုယက် ဖျက်ဆီးခြင်းခံနေရသည်။ သို့ဖြင့် တပ်မတော်မှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံ အာဏာကိုသိမ်းယူခဲ့သည်။ အာဏာသိမ်းယူသည် ဆိုခြင်းထက် ထိုစဉ် ကလမ်းစဉ်ပါတီအစိုးရက အာဏာသိမ်းရန်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ အာဏာကို လွှဲပြောင်း ပေးလိုက်ခြင်းလည်းဖြစ်သည်။အာဏာသိမ်းခြင်းနှင့်အတူ ၁၉၇၄ ခုနှစ်အခြေခံ ဥပဒေသည်လည်း နိဂုံးချုပ် သွားခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအကျပ်အတည်းကား မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းလည်းဖြစ်သည်။

နောက်ဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင်ဖြစ်ပျက်ခဲ့သည့်အရင်းခံအကြောင်းတရားမှာ ရွေးကောက်ပွဲ မသမာမှုကြောင့်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မဲစာရင်းကွာခြားမှု ကြီးမားနေခြင်းနှင့် ပတ်သက်၍ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကဖြေပေးရန် ပထမ အဆင့် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးရန်ငြင်းဆန်သဖြင့် ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ဥပဒေ နှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ငြင်းဆန်ခြင်းခံလိုက်ရသည်။ ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်သည့် အခြေအနေများကို နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်း ပေးရန် အဆင့်ဆင့်တောင်းဆိုခဲ့သော်လည်း အဆင့်အားလုံးတွင် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ထိုအဆင့်များ အားလုံးတွင် ငြင်းပယ်ခြင်းခံရသည့်အခါ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေး ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပေးရန်တင်ပြခဲ့သေးသော်လည်း တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးခြင်း မရှိခဲ့။ ထိုသို့ ဖြေရှင်းမပေးဘဲ အမှန်တရားကိုလျစ်လျူရှုပြီး မသမာသည့်ရွေးကောက်ပွဲရလဒ်များဖြင့် လွှတ်တော်အသီးသီးကိုခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်ကြိုးစားခြင်းတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ပုဒ်မ (၄၀)၊ ပုဒ်မခွဲ(ဂ)နှင့်ပုဒ်မ(၄၁၇) ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်း” ဖြစ်သည့် အတွက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကို ကြေညာဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ၏နိုင်ငံရေး အကျပ်အတည်းမှာ မြန်မာနိုင်ငံ၏ပဉ္စမမြောက်အကျပ်အတည်းလည်းဖြစ်သည်။

ဤအကျပ်အတည်းမှာယနေ့ထက်ထိပြီးဆုံးခြင်းမရှိနိုင်သေး။ အာဏာလက်လွတ်ခဲ့ရသော NLD ပါတီ နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၊ ပါတီဝင်များသည် နိုင်ငံရေးအာဏာပြန်လည်ရရှိနိုင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲများကိုဆင်နွှဲကာ တိုင်းပြည်အားစစ်နွံအတွင်းသက်ရောက်စေခဲ့သည်။ တစ်ဆက်တည်း မှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိတို့တိုင်းရင်းသား လူမျိုးတို့၏ ရပိုင်ခွင့်ကို အကြောင်းပြကာ ဖက်ဒရယ်အရေးရှေ့တန်းတင်ပြီး တိုက်ပွဲများကိုဖော်ဆောင်ခဲ့ ကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အကြောင်းပြုကာ တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပေးမှုဖြင့် (၁၀၂၇)စစ်ဆင်ရေးကိုစတင်ခဲ့ပြီး နယ်မြေများချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ သိမ်းပိုက်ခံထားရသောနယ်မြေများရှိ တိုင်းရင်းသားပြည်သူများ၏ ဘဝမှာ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ နေကြရသည်။ ထို့ထက်မက ဖက်ဒရယ်အရေးအကြောင်းပြကာ နိုင်ငံတော် ပြိုကွဲမည့်အန္တရာယ်နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်ကြုံတွေ့ခဲ့ရသော နိုင်ငံတော်၏ ပဉ္စမမြောက် အကျပ်အတည်းမှာ စစ်ရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ အကျပ်အတည်းများကို ဖြစ်ပေါ် စေပြီး နိုင်ငံတော်မှဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်ရဆဲလည်း ဖြစ်သည်။

တပ်မတော်မှ နိုင်ငံရေးတာဝန်ယူခဲ့ရမှုများ

မြန်မာနိုင်ငံသမိုင်းတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေး အကျပ်အတည်းအဖြစ်အပျက်များကို လေ့လာသုံးသပ် ရသလောက်ဆိုပါက (၅)ကြိမ်ရှိခဲ့သည်။ ဤကာလများအတွင်း တပ်မတော်သည် နိုင်ငံရေး တာဝန်ကို ယူခဲ့ရသည့် အကြိမ်ပေါင်း(၄)ကြိမ်ရှိခဲ့သည်။ ၁၉၅၈ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ်ဖြစ်သည်။ ဤ (၄)ကြိမ် အနက် ၁၉၅၈ခုနှစ် ဖြစ်စဉ်နှင့် ၂၀၂၁ခုနှစ် ဖြစ်စဉ်နှစ်ရပ်တွင် တပ်မတော်မှနိုင်ငံတာဝန်ယူခဲ့ရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ရယူခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၁၉၅၈ ခုနှစ် ဖြစ်စဉ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်မှ လွှတ်တော် ခေါ်ယူပြီးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကရှိခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ဖျက်သိမ်းခြင်းမပြုခဲ့ပေ။ ၂၀၂၁ခုနှစ် ဖြစ်စဉ်တွင်လည်း ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်ဖြစ်သော အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ အာဏာကို လွှဲပြောင်း ထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း မပြုချေ။ ၁၉၈၈ ခုနှစ်ဖြစ်စဉ်တွင်လည်း တပ်မတော်မှ နိုင်ငံတော်အာဏာကိုထိန်းသိမ်းရယူခဲ့သည်ဆိုသော်လည်း ထိုစဉ်က လမ်းစဉ်ပါတီအစိုးရအနေဖြင့် နိုင်ငံတော်ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် နိုင်ငံတော်အာဏာကိုတပ်မတော်သို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ကိုတွေ့ရပေသည်။

(ဆက်လက်ဖော်ပြပါမည်)

စစ်မုန်း

ပထဝီဝင်နိုင်ငံရေးလမ်းဆုံမှ ဉာဏ်ရည်တု (AI)
-

လွန်ခဲ့သောရက်သတ္တပတ်များက ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် Artificial Intelligence (AI) Action Summit သည် AI နှင့်စပ်လျဉ်း၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြားတွင် စိတ်ဝမ်းကွဲမှု ကြီးထွားလာခြင်းကို မီးမောင်းထိုးပြခဲ့သည်။ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံးသည် လျင်မြန်သောတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို နှစ်သက်ကြသည်။ သို့သော် တရုတ်နိုင်ငံသည် အစိုးရ ကျောထောက်နောက်ခံပြု AI စမ်းသပ်မှုများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေချိန်တွင် အမေရိကန် အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ပွဲထုတ်ရန် ကြိုးပမ်းနေသည်။ ဥရောပသည် ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် ပိုမိုသတိထားရမည့်လမ်းကြောင်းကို

လွန်ခဲ့သောရက်သတ္တပတ်များက ပဲရစ်မြို့တွင် ကျင်းပခဲ့သည့် Artificial Intelligence (AI) Action Summit သည် AI နှင့်စပ်လျဉ်း၍ ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြားတွင် စိတ်ဝမ်းကွဲမှု ကြီးထွားလာခြင်းကို မီးမောင်းထိုးပြခဲ့သည်။ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံလုံးသည် လျင်မြန်သောတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို နှစ်သက်ကြသည်။ သို့သော် တရုတ်နိုင်ငံသည် အစိုးရ ကျောထောက်နောက်ခံပြု AI စမ်းသပ်မှုများကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်နေချိန်တွင် အမေရိကန် အနေဖြင့် ပုဂ္ဂလိကကဏ္ဍကို ပွဲထုတ်ရန် ကြိုးပမ်းနေသည်။ ဥရောပသည် ဘေးကင်းရေးနှင့် လုံခြုံရေးအတွက် ပိုမိုသတိထားရမည့်လမ်းကြောင်းကိုရှာဖွေနေသည်။ အိန္ဒိယသည် အန္တရာယ် များကို သတိပြုမိသော်လည်း အလယ်အလတ်လမ်းစဉ်ကို ကိုင်စွဲလျက် AI ၏ အကျိုးကျေးဇူးများကို အားလုံးရရှိစေရန် “ကမ္ဘာ့စုပေါင်းကြိုးပမ်းအားထုတ်မှု” ကို ထောက်ခံအားပေးလျက်ရှိသည်။

ဤကွဲပြားသောချဉ်းကပ်မှုများသည် ကြီးထွားလာသော ဘက်စုံကမ္ဘာကြီးရှိ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုဖြင့်ပုံဖော်ထားပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် အရေးပါသော သက်ရောက်မှုရှိမည်ဖြစ်သည်။ အဓိကစဉ်းစားရန်အချက်မှာ AI စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ဝိရောဓိဖြစ်နေသလော သို့မဟုတ် နိုင်ငံတကာလုံခြုံရေးကို အာမခံပြီး အမျိုးသားအကျိုးစီးပွားများကို တိုးတက်အောင် ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်လောဟူသည့် မေးခွန်းဖြစ်သည်။

အင်အားကြီးနိုင်ငံများအား ချဉ်းကပ်လေ့လာမှု

ထိပ်သီးအစည်းအဝေးတွင် မီးမောင်းထိုးပြထားသည့်ချဉ်းကပ်မှုတစ်ခုမှာ အင်အားကြီးတို့၏ ပြိုင်ဆိုင်မှုရှုထောင့်ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က AI ၏ အရေးပါမှုကို ဤသို့ အလေးပေးပြောကြားခဲ့သည်-  “Artificial Intelligence သည် ရုရှားနိုင်ငံအတွက်သာမက လူသားအားလုံးအတွက်ပါ အနာဂတ်ဖြစ်သည် xxxxx ဤ (AI) နယ်ပယ်တွင် ခေါင်းဆောင်ဖြစ်လာသူသည် လောကကို အုပ်စိုးသူ ဖြစ်လာလိမ့်မည် xxxxx” ရှစ်နှစ်ကြာပြီးနောက်တွင် AI ထိပ်တန်းနိုင်ငံများ၏ မဟာဗျူဟာမြောက် အရေးပါမှုမှာ အဆမတန်ကြီးထွားလာခဲ့သည်။ ယနေ့ခေတ်တွင် ၂၁ ရာစု AI လက်နက်ပြိုင်ပွဲကို မိမိတို့ မြင်တွေ့ နေရသည်။             

အမေရိကန်နိုင်ငံတွင် မကြာသေးမီက တာဝန်ယူခဲ့ကြသည့်အစိုးရများသည် AI ကို စိတ်အားထက်သန်စွာအသုံးပြုရေးကို စဉ်ဆက်မပြတ်ထိန်းသိမ်းထားသည်။ ထိပ်သီးအစည်းအဝေး တွင် အမေရိကန် ဒုတိယသမ္မတ J.D. Vance က ဥရောပ၏ တင်းကြပ်သောစည်းမျဉ်းများကို ဝေဖန်ခဲ့ပြီး အလွန်အကျွံကြီးကြပ်မှုသည် ဆန်းသစ်တီထွင်မှုကို အဟန့်အတားဖြစ်နိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းသည် AI တွင် လျင်မြန်ပြီး အထိန်းအကွပ်မဲ့ တိုးတက်မှုအတွက် အမေရိကန်၏ ကတိကဝတ်ကို ထင်ဟပ်စေသည့် “all gas, no brakes” ဟူသည့် အစိုးရသစ်၏ အလုံးစုံဗျူဟာ သစ်ကို ယခင်က ဖော်ပြခဲ့ဖူးသည်။             

မကြာသေးမီက Trump အစိုးရအဖွဲ့၏ အမိန့်သည် ဆန်းသစ်တီထွင်မှုကို အဟန့်အတား ဖြစ်စေသည်ဟုယူဆသော ယခင်မူဝါဒများကို ရုပ်သိမ်းလိုက်ပြီး စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေးကို အဓိကထားကာ အမေရိကန် AI ခေါင်းဆောင်မှုကို ဆက်လက်ထိန်းထားရန် ရက်ပေါင်း ၁၈၀ အတွင်း လုပ်ဆောင်ချက်အစီအစဉ်ကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် အမေရိကန်သည် OpenAI ၊ SoftBank နှင့် Oracle တို့ပါဝင်သော ဖက်စပ်လုပ်ငန်းဖြစ်သည့် "Stargate" ပရောဂျက်တွင် AI အခြေခံအဆောက်အအုံအတွက် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံရန် ရည်မှန်းထားသည်။ AI စွမ်းရည်ကိုမြှင့်တင်ရန်နှင့် အဆိုပါနယ်ပယ်တွင် အမေရိကန်ခေါင်းဆောင်မှုကို လုံခြုံစေရန် နိုင်ငံတစ်ဝှမ်း ဒေတာစင်တာများဆောက်လုပ်ရန် ကနဦးစီစဉ်ထားပြီး တက္ကဆက်တွင် စတင် ဆောင်ရွက်လျက်ရှိသည်။             

အမေရိကန်သည် AI ဖွံ့ဖြိုးတိုးတက်မှု၏ အချို့သောကဏ္ဍများကို ကန့်သတ်ချက်များအား ဖြေလျှော့ရန် မကြာသေးမီက ကြိုးပမ်းခဲ့သည့်အပြင် AI ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာ့ဇာတ်ခုံတွင် ဝင်ရောက်ပြိုင်ဆိုင်မှုပြုရမည်ဟူသည့် မူဝါဒအပေါ်၌ တသမတ်တည်းရပ်တည်လျက်ရှိနေပါသည်။ အဆိုပါရပ်တည်ချက်အတွက် အစောပိုင်းလှုပ်ရှားမှုများထဲမှ တစ်ခုမှာ တရုတ်နည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ပြည်တွင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို အားကောင်းလာ စေရန် ကြီးမားသောရန်ပုံငွေ ခွဲဝေပေးသည့် 2022 CHIPS and Science ဥပဒေဖြစ်သည်။ ယင်းဥပဒေတွင် AI ဖွံ့ဖြိုးတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်သည့် အဆင့်မြင့်တစ်ပိုင်းလျှပ်ကူး ပစ္စည်းများအတွက် အမေရိကန်ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန်ရည်ရွယ်သည့် ဖီးနစ်နှင့် အရီဇိုးနားတို့တွင် ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ တည်ထောင်ရာတွင် ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြုပ်နှံမှုပါဝင်သည်။ လက်ရှိတွင် ထိုင်ဝမ်သည် ကမ္ဘာ့အဆန်းပြားဆုံးချစ်ပ်များ၏ ၉၀% ကျော်ကို ထုတ်လုပ်နေပြီး အထူးသဖြင့် ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကိုကျူးကျော်မည်ဟု တရုတ်၏ခြိမ်းခြောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ AI နှင့် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ အတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။             

Biden အစိုးရသည် တရုတ်နိုင်ငံ၏ AI တိုးတက်မှုကို ဟန့်တားရန်အတွက် တင်းကြပ်သော ပို့ကုန်ထိန်းချုပ်မှုများကို အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။ AI ချစ်ပ်များ၊ cloud ဝန်ဆောင်မှုများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်ပစ္စည်းများအပါအဝင် တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာ များအသုံးပြုခွင့်ကိုကန့်သတ်ရန် အမေရိကန်ကုန်သွယ်ရေးဌာန၏ စက်မှုနှင့်လုံခြုံရေးဗျူရိုမှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအမံများသည် တရုတ်နိုင်ငံ၏ စစ်ရေးနှင့် ထောက်လှမ်းရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်သည့် အရေးကြီးသော AI နည်းပညာများ လွှဲပြောင်းခြင်းကို တားဆီး ခြင်းဖြင့် အမေရိကန်၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။             

သို့သော် အဆိုပါကန့်သတ်ချက်များရှိနေသော်လည်း တရုတ်နိုင်ငံ၏ AI ကဏ္ဍသည် ခံနိုင်ရည်ရှိမှုနှင့် ဆန်းသစ်တီထွင်မှုများကို ပြသနိုင်ခဲ့ကြောင်း သတိပြုသင့်ပေသည်။ တရုတ်၏ AI လုပ်ငန်းသစ်တစ်ခုဖြစ်သော DeepSeek သည် အဆင့်မြင့် AI မော်ဒယ်ကို တီထွင်ဖန်တီး၍ သိသာစွာ နည်းပါးသောကုန်ကျစရိတ်ဖြင့် လည်ပတ်ကာ အမေရိကန်နှင့်မိတ်ဖက်များကို တုန်လှုပ် ချောက်ချားစေခဲ့သည်။ ကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အပါအဝင် အရေးကြီးသောကဏ္ဍများတွင် နည်းပညာသာလွန်မှုကိုထိန်းသိမ်းရန် အမေရိကန်၏ဆောင်ရွက် ချက်များကို ကျော်လွန်နိုင်ချေရှိသည့် တရုတ်နိုင်ငံ၏အရှိန်အဟုန်မြှင့် AI စွမ်းရည်များကို အသားပေး ခဲ့ခြင်းကြောင့်အဆိုပါအောင်မြင်မှုသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်စေခဲ့သည်။             

နောက်ဆုံးတွင် အမေရိကန်နှင့် ယူကေတို့သည် AI စီမံအုပ်ချုပ်မှုဆိုင်ရာတွင် လက်ရှောင်ရန် အချင်းချင်းညှိခဲ့ကြပြီး ထိပ်သီးအစည်းအဝေး၏ နောက်ဆုံးကြေညာချက်ကို လက်မှတ်ရေးထိုးရန် ငြင်းဆိုခဲ့သည်။ စျေးကွက်က လိုလားနေသည်မှာ ရှင်းနေသော်လည်း အမေရိကန်သည် AI မူဝါဒ များကို အခြေအတင် ဆွေးနွေးနေဆဲဖြစ်ပြီး အမေရိကန်၏အကျိုးစီးပွားကို ကာကွယ်ပေးမည့် ဥပဒေများနှင့် အဖွဲ့အစည်းများကို ဖွဲ့စည်းတည်ဆောက်ရန်အတွက် လွှတ်တော်တွင် ခိုင်မာသော အခြေအတင် ဆွေးနွေးမှုများမှတစ်ဆင့် ပုံဖော်သင့်ပေသည်။ 

ဥရောပ၏ သတိထားချဉ်းကပ်မှု             

ထိပ်သီးအစည်းအဝေးတွင် ပြင်သစ်သမ္မတ Emmanuel Macron က “နည်းပညာဆိုင်ရာ ကြိုးနီစနစ်ကို ဖြတ်တောက်ရန်” ကတိပြုခဲ့သော်လည်း ဥရောပမှ ချဉ်းကပ်မှုအလုံးစုံသည် သတိထား နေဆဲဖြစ်သည်။ နည်းပညာကဏ္ဍကို ပစ်မှတ်ထားသည့် ထိန်းချုပ်မှုများပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် အတည်ပြုပြဋ္ဌာန်းခဲ့သော ဥရောပသမဂ္ဂ၏ Artificial Intelligence ဥပဒေသည် AI အတွက် ကမ္ဘာ့ပထမဆုံး ပြည့်စုံသောဥပဒေမူဘောင်ကို ကိုယ်စားပြုပါသည်။ ၎င်းတွင် AI application များအား အန္တရာယ်အမျိုးအစားခွဲခြားမှုကို- “လက်မခံနိုင်သော၊ မြင့်မားသော၊ အကန့်အသတ်နှင့် အနည်းဆုံး” စသဖြင့် အဆင့်သတ်မှတ်ခွဲခြားထားသည်။ အန္တရာယ်မြင့်မားသော application များ ပေါ်တွင် တင်းကြပ်သောစည်းမျဉ်းများချမှတ်ထားပြီး စီးပွားဖြစ်အဆင့်မြင့်လက်နက်များ တီထွင် ထုတ်လုပ်နိုင်မှုများအတွက် သက်ရောက်မှုရှိသောအန္တရာယ်များအပါအဝင် လက်မခံနိုင်ဟု ယူဆရမှု များအားလုံးကို လုံးဝပိတ်ပင်ထားသည်။ AI စနစ်များသည် အခြေခံအခွင့်အရေးများနှင့် ဘေးကင်းရေး စံနှုန်းများကို လိုက်နာကြောင်းသေချာစေရန် ဒေတာအရည်အသွေးစံနှုန်းများ၊ ပွင့်လင်းမြင်သာမှု၊ လူကိုယ်တိုင်ကြီးကြပ်မှုနှင့် တာဝန်ခံမှုဆိုင်ရာအစီအမံများ အပါအဝင် တင်းကြပ်သောပြဋ္ဌာန်းချက် အချို့ကို ဥပဒေတွင် ပြဋ္ဌာန်းထားသည်။             

EU သည် AI စနစ်များတွင် ဆိုက်ဘာလုံခြုံရေးကို အားကောင်းစေရန် ဆိုက်ဘာဥပဒေ အပြင် ပွင့်လင်းမြင်သာမှု၊ အကြောင်းအရာပိုင်းဖြတ်မှုနှင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများတွင် တရား မျှတသောယှဉ်ပြိုင်မှုတို့ကို မြှင့်တင်ရန် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများဥပဒေနှင့် ဒစ်ဂျစ်တယ် စျေးကွက်များဥပဒေတို့အပါအဝင် AI နှင့် ပိုမိုကျယ်ပြန့်သော နည်းပညာကဏ္ဍအတွက် သက်ရောက်မှု ရှိသော အခြားသောအဓိကကျသည့် စည်းမျဉ်းများကိုလည်း ပြဋ္ဌာန်းခဲ့သည်။             

ဤသတိထားရမည့်ချဉ်းကပ်မှုကို နိုင်ငံအများအပြားက သဘောတူမျှခဲ့ကြပြီး ၇၉ ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင်ကျင်းပသည့် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂအနာဂတ်ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွင် ပဓာနကျသောအချက်ဖြစ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးအတွင်း ကမ္ဘာ့ ခေါင်းဆောင်များသည် AI ဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့်စပ်လျဉ်းသည့် ပထမဆုံးကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ဖြစ်သည့် Global Digital Compact ပါ၀င်သည့် အနာဂတ်အတွက် သဘော တူညီချက်ကို အတည်ပြုခဲ့သည်။ သဘောတူညီချက်သည် AI ဖွံ့ဖြိုးတိုးတက်မှုနှင့် အသုံးချမှုတွင် တာဝန်ခံမှုရှိစေမည့် မူဘောင်များအတွက် လှုံ့ဆော်ပေးသည့် "AI အသုံးပြုမှုဆိုင်ရာကျင့်ဝတ်" ကို အလေးပေး ဖော်ပြထားသည်။ ထိပ်သီးအစည်းအဝေးအတွင်း မီးမောင်းထိုးပြထားသည့် စိုးရိမ် ပူပန်မှုများမှာ လူမှုမငြိမ်မသက်မှုများကို ပိုမိုဆိုးရွားလာစေနိုင်သည့် AI ၏ အလားအလာများကို ဖော်ပြထားပြီး အဆိုပါအချက်များတွင် လူ့အခွင့်အရေးကို ချိုးဖောက်ကာ လုပ်သားစျေးကွက်ကို ထိခိုက်စေခြင်း၊ ကမ္ဘာတဝှမ်းရှိ အကြမ်းဖက်ပဋိပက္ခများနှင့် ဆက်နွှယ်နေသည့် ပြဿနာအားလုံး စသည်တို့ ပါဝင်သည်။             

ပဲရစ်တွင် အိန္ဒိယဝန်ကြီးချုပ် Narendra Modi က AI သည် ၎င်း၏ ရည်ရွယ်ချက်များ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းများကိုဖွင့်လှစ်ရန် ဆောင်ရွက်ပေး နိုင်ကြောင်း သေချာစေရန် အုပ်ချုပ်မှုမူဘောင်များ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ချဉ်းကပ်မှုပုံစံသည် ဆန်းသစ်တီထွင်မှုနှင့်ကြီးကြပ်မှုကို မျှတစေပြီး ကျန်းမာရေး စောင့်ရှောက်မှု၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေးတို့တွင် အားလုံးပါဝင်နိုင်သော တိုးတက်မှုအတွက် AI ကို မောင်းနှင်အားတစ်ခုအဖြစ် အသုံးပြုရန်ဖြစ်သည်။ အလားတူ အာဖရိက သမဂ္ဂသည် စွန့်စားမှုများကို လျော့နည်းစေပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့အတွက် AI ကို အသုံးချရန် အာဖရိကတိုက်လုံးဆိုင်ရာ AI မဟာဗျူဟာ (Continental Artificial Intelligence Strategy) ကို ကျင့်သုံးရေး ထောက်ခံအားပေးခဲ့သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပုံဖော်ခြင်း            

 ဂရိသမိုင်းပညာရှင် Thucydides က “အားကြီးသူများသည် ၎င်းတို့ ထိုးနှက်နိုင်စွမ်းရှိသမျှ ထိုးနှက်ကြပြီး အားနည်းသူများမှာ ခံစားရန်ရှိသမျှ ခံစားကြရသည်” (တူဖြစ်လျှင်နှံ၊ ပေဖြစ်လျှင်ခံ) ဟု ဆိုခဲ့လေသည်။ ယခင်က နည်းပညာဆိုင်ရာ တော်လှန်ရေးများကဲ့သို့ပင် AI ပြိုင်ပွဲသည် အရင်းအမြစ်များနှင့် ဗျူဟာမြောက်ကြီးစိုးလိုစိတ်ရှိသူတို့က ပုံဖော်ကြမည်ဖြစ်သည်။ သို့သော် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမရှိပါက AI သည် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက် နိုင်သည့် အင်အားစုတစ်ရပ် ဖြစ်လာနိုင်သည်။             

အန္တရာယ်ရှိနည်းပညာများကို အရှိန်အဟုန်ဖြင့် အရှိန်မြှင့်တင်ခြင်းသည် နျူကလီးယား မတည်ငြိမ်မှု သို့မဟုတ် နိုင်ငံဖြတ်ကျော်အကြမ်းဖက်မှုတို့ကဲ့သို့ပင် ကမ္ဘာ့လုံခြုံရေးစိန်ခေါ်မှုတစ်ခု မျှသာ မကပေ။ ၎င်းသည် မကြုံစဖူးသော အရှိန်အဟုန်ဖြင့် အခြားခြိမ်းခြောက်မှုအားလုံးကို ပိုမို ဆိုးရွားအောင် လုပ်နိုင်စွမ်းရှိသော လောင်စာတစ်ခုပင်ဖြစ်သည်။ ဤအခင်းအကျင်းတွင် AI သည် ယင်း၏ဆိုးကျိုးဆက်များကို ကမ္ဘာကြီးက ထိန်းချုပ်ဖြေရှင်းကိုင်တွယ်နိုင်စွမ်းထက်ကျော်လွန်၍ ပိုမို လျင်မြန်စွာပြောင်းလဲတိုးတက်နေသည့် အဆင့်အမြင့်ဆုံး အင်အားဆပွားစွမ်းအင်တစ်မျိုးဖြစ်လာသည်။             

ပါရီထိပ်သီးအစည်းအဝေးက ကမ္ဘာ့ချဉ်းကပ်မှုများအကြား သိသာစွာကွဲလွဲမှုများ (အမေရိကန်နှင့် တရုတ်တို့က ဦးဆောင်ထားသည့် AI လွှမ်းမိုးမှုအတွက် အထိန်းအကွပ်မဲ့ ပြိုင်ဆိုင်မှုနှင့် ဥရောပကဦးဆောင်ပြီး ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းပေါင်းစုံမှ ကျောထောက် နောက်ခံပြုထားသည့် သတိထား၍ နည်းလမ်းတကျသွားလိုသည့်လမ်းကြောင်း) ကို အလေးပေး ဖော်ပြခဲ့သည်။             

သမိုင်းအစဉ်အလာရှိခဲ့သည့်အတိုင်း အဆိုပါချဉ်းကပ်မှုများသည် အပြန်အလှန်ဖယ်ထုတ် နေကြမည်တော့မဟုတ်ပါ။ စစ်အေးတိုက်ပွဲကို နျူကလီးယားလက်နက်တပ်ဆင်မှုပြိုင်ပွဲဟု သတ်မှတ် ခဲ့သကဲ့သို့ တစ်ချိန်တည်းမှာပင် လက်နက်ထိန်းချုပ်ရေးစာချုပ်များနှင့် အဟန့်အတားနည်းဗျူဟာ များကို တပြိုင်နက်တည်း ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် AI ခေတ်တွင်လည်း ချဉ်းကပ်မှုနှစ်မျိုး လိုအပ်မည်ဖြစ်သည်။ ဦးဆောင်နိုင်ငံများသည် မဟာဗျူဟာမြောက်အားသာချက်များ ရရှိရန်အတွက် AI ကို မလွဲမသွေတွန်းအားပေးရန် ကြိုးပမ်းနေကြသော်လည်း တပြိုင်နက်တည်းမှာပင် ကပ်ဘေး ဆိုးကျိုးများကိုကာကွယ်ရန် ခိုင်မာသောအုပ်ချုပ်မှုမူဘောင်များ အရေးတကြီးလိုအပ်ပါသည်။ အမေရိကန်နှင့် ဆိုဗီယက်ယူနီယံတို့အကြား နျူကလီးယားမပြန့်ပွားရေးသဘောတူစာချုပ်များနှင့် မဟာဗျူဟာမြောက် တည်ငြိမ်ရေးဆွေးနွေးပွဲများဖြင့် အဏုမြူခေတ်၏ အဆိုးရွားဆုံးလွန်ကဲမှုများကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သလိုပင် AI အုပ်ချုပ်မှုမူဘောင်သည် မဟာဗျူဟာအကျိုးစီးပွားများကို ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုနှင့် ချိန်ခွင်လျှာညှိရန် ကြိုးပမ်းရမည်ဖြစ်ပေသည်။             

အမေရိကန်သည် AI ကဏ္ဍတွင် ပြိုင်ဘက်ကင်းသော ဆန်းသစ်တီထွင်မှုနှင့် စက်မှုစွမ်းအား တို့ဖြင့် ဦးဆောင်သင့်သည်။ သို့သော် ကောင်းမွန်သောမူဝါဒများဖြင့် အမေရိကန်၏ အကျိုးစီးပွားကို ခြိမ်းခြောက်ခြင်းမပြုနိုင်ကြောင်း သေချာစေရန် အကာအကွယ်ပေးသင့်သည်။ ပရပ်ရှားစစ်ရေးသုတေသီ Clausewitz က “စစ်ပွဲ၏သွင်ပြင်လက္ခဏာသည် ပြောင်းလဲတတ်သော်လည်း ၎င်း၏သဘော သဘာဝမှာ ပုံသေရှိနေသည်” ဟု ဆိုခဲ့လေသည်။ AI နှင့်ပတ်သက်၍ များစွာမသိရသေးသော်လည်း သေချာသည်မှာ အန္တရာယ်ကောင်များသည် ၎င်းကိုအသုံးချကာ အကြမ်းဖက်မှုများ ဆောင်ရွက်မည် သာပင်။ ထို့အပြင် ပြည့်စုံလုံလောက်သော ကာကွယ်မှုများမရှိပါက  ကြိုတင်မျှော်မှန်းမထားသည့် ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမည်ဖြစ်ပေသည်။

(USIP Website တွင် ဖော်ပြထားသည့် စာရေးသူ Andrew Cheatham ၏ “AI at a Geopolitical Crossroads: The Tension Between Acceleration and Regulation” ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုထားပါသည်။)

ဘာသာပြန်ဆိုသူ-ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

Andrew Cheatham Senior Advisor, USIP

ကုလသမဂ္ဂတွင် ဥရောပနှင့်အမေရိကန်ကြား ကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာ
-

ကုလသမဂ္ဂတွင် မကြာသေးမီက ဖြစ်ပွားခဲ့သောထူးခြားသည့်ဖြစ်ရပ်များသည် ဥရောပနှင့် အမေရိကန်ကြားကွဲလွဲမှုများကို ပိုမိုနက်ရှိုင်းလာစေခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် ကမ္ဘာ့နိုင်ငံရေးစင်မြင့်သို့ ပြန်လည်ရောက်ရှိလာပြီး အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒပြောင်းလဲမှုနှင့်အတူ အမေရိကန်နှင့် ဥရောပမဟာမိတ်အဖွဲ့များအကြား ကွဲလွဲမှုများ ပိုမိုကြီးမား နက်ရှိုင်းလာခဲ့သည်။

လွန်ခဲ့သော သုံးနှစ်အကြာကာလ ရုရှား-ယူကရိန်း ပဋိပက္ခစတင်ခဲ့သည့်အချိန်က ဥရောပအတွက် အမေရိကန်ထက် ပိုမိုအားကောင်းသော မဟာမိတ်မရှိခဲ့ပေ။

သို့သော် ယခုသီတင်းပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် အမေရိကန်သည် ၎င်း၏ အနီးကပ်ဆုံးမဟာမိတ်များကို ဆန့်ကျင်ကာ ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အတည်ပြုရန်အတွက် ရုရှား၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယား တို့နှင့် ပူးပေါင်းရပ်တည်ခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထွေထွေညီလာခံအစီအစဉ်တစ်ခုတွင် ကုလသမဂ္ဂပဋိညာဉ်နှင့်အညီ ယူကရိန်း၏နယ်မြေပိုင်ဆိုင်မှုကို ပြန်လည်အတည်ပြုရန်နှင့် ရုရှားတပ်များ ဆုတ်ခွာရန် တောင်းဆိုသည့် အဆိုတစ်ရပ်ကို အဖွဲ့ဝင် ၁၉၃ ဦးမှ အတည်ပြုနိုင်ရေး ယူကရိန်းက ကြိုးပမ်းခဲ့သည်။ 

ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် အတည်ပြုခဲ့သော်လည်း ယခင်နှစ်များကထက် ထောက်ခံမှု နည်းပါးခဲ့သည်။ အဖွဲ့ဝင်များစွာက အမေရိကန်၏ ရပ်တည်ချက်ကြောင့် ဖြစ်ပေါ်လာသည့် တင်းမာမှုများကို ရှောင်ရှားလိုခဲ့ကြသည်။

ဝါရှင်တန်၏ သံတမန်များသည် အခြားနိုင်ငံများအား ယူကရိန်း၏အဆိုကို ဆန့်ကျင်မဲပေးရန် နှင့်၎င်းတို့၏ “ရှေ့ဆက်လှမ်းမည့် ဆုံးဖြတ်ချက်” ကို ထောက်ခံရန် တိုက်တွန်းခဲ့သည်။ ထိုဆုံးဖြတ်ချက်တွင် စစ်ပွဲနှင့်ပတ်သက်၍ ရုရှားကိုသာ အပြစ်မတင်ဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြင့် စစ်ပွဲအလျင်အမြန် ပြီးဆုံး နိုင်ရေးဆောင်ရွက်သွားကြရန် တောင်းဆိုထားသည်။

ဝါရှင်တန်သည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံတိုင်း၏ ဆန္ဒမဲနှင့် တန်းတူညီမျှရှိစေသည့် အထွေထွေညီလာခံတွင်သာမက ပိုမိုဆုံးဖြတ်နိုင်စွမ်းရှိသည့် လုံခြုံရေးကောင်စီတွင်လည်း အသိပေးခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များသည် တရားဝင်အာဏာသက်ရောက်မှုရှိသော်လည်း တစ်ခါတစ်ရံတွင် အတည်ပြုရန်ခက်ခဲပြီး ရုရှား၏ ဗီတိုအာဏာကြောင့် ယူကရိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

အမေရိကန်၏ ရပ်တည်ချက်သည် ဥရောပကို အံ့အားသင့်စေခဲ့ပြီး ဥရောပသံတမန်တစ်ဦးက BBC ကို အမေရိကန်သည် ဗိုလ်ကျကာ ဥရောပ၏ လုံခြုံရေးနှင့်ပတ်သက်သည့် ၎င်းတို့၏ သဘောထားကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီတွင် ပါဝင်သော ဆလိုဗေးနီးယားသံအမတ် Samuel Zbogar က BBC ကို ဥရောပသည် ဝါရှင်တန်၏ မြန်ဆန်သောအရွေ့များနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုးပမ်းနေရကြောင်း ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် ကောင်စီအစည်းအဝေးတွင် ပြန်လည် သုံးသပ်မှုအချို့ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 “ဥရောပသမဂ္ဂခေါင်းဆောင်များသည် အခြားသူများ လုပ်ဆောင်နေသည်များကို တုံ့ပြန်နေရုံမျှဖြင့် မလုံလောက်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ တက်ကြွစွာပါဝင်နိုင်ရေးအစီအစဉ်တစ်ခုရေးဆွဲရန် လိုအပ်ကြောင်းနှင့် ဥရောပအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းရန် တာဝန်ရှိ ပါကြောင်း” ၎င်းက BBC ကို ပြောကြားခဲ့သည်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၏ ညီလာခံခန်းမတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်၏ နောက်ဆုံးသဘောထားနှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေစဉ် တုံ့ပြန်မှုများစွာ ရှိခဲ့သည်။

ကိုးကား- BBC News

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

အပြည့်အစုံဆက်လက်ဖတ်ရှုရန်-https://www.bbc.com/news/articles/c5y0de4wpvlo?fbclid=IwZXh0bgNhZW0CMTEAAR18_UUqp4xuLyl78FVSjSePRFD52PLyD1L9c9P37IJ_RfO0uhTEWpREBQ_aem_vkzsBu5AVLNanQDf2RzMmQ

Nada Tawfik

အမေရိကန် USAID , NED တို့နှင့်ပတ်သက်၍ ...
-

ဒီမိုကရေစီအရေးကြွေးကြော်၊ လူ့အခွင့်အရေးရှေ့တန်းတင်၊ လစ်ဘရယ်လမ်းကြောင်း ထာဝရလျှောက်လှမ်းနိုင်ရေး ရေသောက်မြစ်များဖြစ်တဲ့ USAID  နဲ့ NED...၊ ထိုအေဂျင်စီနဲ့ ဖောင်ဒေးရှင်းနှစ်ခုကို ဒီမိုကရေစီနဲ့ လစ်ဘရယ်အရေး ဦးဆောင်ခဲ့တဲ့ အမေရိကန်နိုင်ငံက ယနေ့ဒီမိုကရေစီဘက်တော်သားများဖြစ်တဲ့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အစိုးရအဖွဲ့ဝင် အီလွန်မတ်စ်တို့ကိုယ်တိုင် USAID နဲ့ NED တို့ရဲ့ဆောင်ရွက်ချက်နဲ့ အဂတိဖြစ်မှုတွေအပေါ် ပိတ်ဆို့ဟန့်တားစိစစ်ခြင်း တွေကို ဘာကြောင့်များ ပြင်းပြင်းထန်ထန်ဆောင်ရွက်နေကြပါသလဲ။

အမှန်တကယ် ထိုကမ္ဘာလုံးဆိုင်ရာ USAID နဲ့ NED တို့ဟာ ဒီမိုကရေစီစံနှုန်းတွေ၊ လူ့အခွင့်အရေးတန်ဖိုးတွေ၊ လစ်ဘရယ်တန်ဖိုးတွေနဲ့ မကိုက်ညီပါကြောင်း အကြောင်းအချက်များစွာကို ယနေ့အမေရိကန်ခေါင်းဆောင်တွေနဲ့ အမေရိကန်နိုင်ငံသားတွေကိုယ်တိုင်က သိမြင်နားလည်လက်ခံသွားကြလို့ပဲလား။ ဖြစ်ပေါ်လာသော အတွေးသစ်အမြင်သစ်များနဲ့အတူ...။

စေတနာမမှန် အကြောင်းမကောင်းခြင်းကနေ သင်ခန်းစာယူနိုင်ရန်

မှန်ကန်တဲ့ အပြောင်းအလဲတစ်ခုဆိုတာ လူနည်းစု သိနေရုံနဲ့မပြီး လူအများစုက လက်ခံလာဖို့လည်း လိုပါတယ်။ အမေရိကန်တို့သာ သိနေရုံမဟုတ်၊ EU လို နိုင်ငံတွေ အချို့အချို့သောလူတွေ နားလည်လက်ခံလာဖို့လည်း လိုပါသေးတယ်။

မဟုတ်ရင် ယူကရိန်းလို၊ အီရတ်၊ လစ်ဗျားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့သလို အကြောင်းကြောင့် အကျိုးဖြစ်ရတဲ့ အကြောင်းအကျိုးဆက် ဆိုးကျိုးသဘောတွေ များစွာရှိလာနိုင်ပါတယ်။ သင်ခန်းစာ ယူစရာတစ်ခုက... ဘယ်လောက်ပဲကောင်းတဲ့ရည်ရွယ်ချက်တွေ၊ မျှော်မှန်းချက်တွေ ချမှတ်ထားသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်သူတွေမှာ အတ္တနဲ့ ကိုယ်ကျိုးစီးပွား အလွန်အမင်းရှေးရှု မိတဲ့အခါ မကောင်းစေတနာအရင်းခံ အဖျက်လုပ်ရပ်တွေနဲ့ အကျိုးဆက်မကောင်းခြင်းများ ဖြစ်ပေါ်လာရကြောင်း လက်ခံနိုင်ဖို့ဖြစ်ပါတယ်။ ပညာဉာဏ်အမြော်အမြင်နည်းပြီး လုပ်နည်းလုပ်ဟန်မမှန်တဲ့ အကြောင်းတရားတွေရဲ့ အကျိုးဆက်က အဆုံးသတ်မကောင်း၊ ဇာတ်သိမ်းမလှဖြစ်ရတယ်ဆိုတဲ့ သဘောတရားအတိုင်းပါပဲ။

ဆက်ရရင် အမေရိကန်နိုင်ငံရေးဟာ ကမ္ဘာအနှံ့ရောင်စုံတော်လှန်ရေးတို့ရဲ့ မြစ်ဖျားခံရာ ဖြစ်ခဲ့တာကြာပါပြီ။ မိမိ တို့အလိုကျ မတရားပုံသွင်းယူ အားလုံးအပေါ် ပြိုင်ဘက်ကင်းဖြစ်ခဲ့တာ ရာစု နှစ်တစ်ခု မကတော့ဘူး ထင်ပါတယ်။ မူဝါဒရေးရာမှာ ငါသာ Unipolar တစ်ကိုယ်တော် ထင်တိုင်းကြဲ ကမ္ဘာ့စူပါပါဝါအဆင့်ကနေ တဖြည်းဖြည်းလျှောကျလာပြီး နိုင်ငံတကာ Multipolar အရွေ့မှာ နိုင်ငံရေး၊ စီးပွားရေး အစစအရာရာဆုတ်ယုတ်လာတဲ့ အမေရိကန်နိုင်ငံကြီးကို ပြန်လည် ဆွဲတင်နေတဲ့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်တို့ဟာ ယခုအချိန်မှာတော့ အမေရိကန်တို့အတွက် သူရဲကောင်းများ ဖြစ်နေကြပါပြီ။ ဒီမှာတင် ရီပတ်ဘလစ်ကင်ပြိုင်ဘက် ဒီမိုကရက်တို့ ကျဆုံးသွားခဲ့ရပြီး အမေရိကန်ပထမဆိုတဲ့ အမျိုးသားရေးဆန်ဆန် MAGA တို့က ရှေ့တန်း ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မဟုတ်ခဲ့ပါ

အမျိုးသားရေးဆန်တဲ့ လက်ရှိခေါင်းဆောင်တွေရဲ့ အမေရိကန်အကျိုးစီးပွား ဦးစားပေးမူဝါဒတွေဟာ ခေါင်းဆောင်အစဉ်အဆက် ကိုင်စွဲလာခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လာဖွယ်ရာရှိနေပါတယ်။ ကိုယ်မလိုလားတဲ့ အစိုးရတွေကို ဖြုတ်ချဖို့ ယခင်ကလို မစဉ်းစားနိုင်တော့ဘဲ ပြည်တွင်းရေးမှာ ဦးစားပေးပြုပြင်ရမယ့် ပြောင်းလဲမှုများဘက် ဦးတည်နေခြင်းက အမေရိကန်နဲ့တကွ ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့ ငြိမ်းချမ်းရေးအတွက် မှန်ကန်တယ်လို့ ယူဆပါတယ်။

အရင်က ဒီမိုကရေစီ တန်ဖိုးစစ်စစ်နဲ့ လူ့အခွင့်တန်ဖိုး အမှန်အကန်တွေကို USAID နဲ့ NED တို့ကို အသုံးပြုပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အသုံးချနေတယ်လို့ ယူဆခဲ့ကြတယ်။ သို့ပေမယ့် အမေရိကန်ခေါင်းဆောင်အဆက်ဆက်ဟာ ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ်မှာ မိမိအလိုကျ ပုံစံသွင်းဖို့၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ စစ်ရေးနည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးဖို့သာ အလားတူ ဖောင်ဒေးရှင်းတွေ၊ အေဂျင်စီတွေကို အသုံးချခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း ဒီမိုကရေစီစံတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံနှုန်းတွေ၊ သက်ဆိုင်ရာနိုင်ငံတန်ဖိုးတွေနဲ့ ကိုက်ညီဖို့ မလိုပါဘူး။ အဓိကအရေးကြီးတာက မိမိအလိုကျ Global Agenda အတိုင်း ကမ္ဘာကြီးတစ်ခုလုံးက လိုက်ပါဆောင်ရွက်ကြဖို့ပါပဲ။ မိမိတို့အစီအစဉ်အတိုင်း မဆောင်ရွက်နိုင်တဲ့ အစိုးရများဟာ ပြုတ်ကျအောင် ဖြုတ်ချခံခဲ့ရပါတယ်။

မူလလစ်ဘရယ်စံနှုန်းများနဲ့ရော ကိုက်ညီပါရဲ့လား

Agenda ဆိုရာမှာ အနာဂတ်ကာလ တစ်ချိန်ချိန်မှာ အဆမတန်အင်အားကြီးထွားတိုးတက်လာမယ့် တရုတ်နိုင်ငံ နဲ့ ရုရှားနိုင်ငံတို့ကို ကြိုတင်ဟန့်တား ပိတ်ဆို့ထားပြီး ထိုနှစ်နိုင်ငံနဲ့ ပလဲနံပသင့်နိုင်ငံတွေ ပြိုကျပျက်သုဉ်းသွားရန် အစီအစဉ်ဖြစ်ပါတယ်။ ဒီ Agenda အစီအစဉ်ကြောင့်ပဲ ယနေ့ကမ္ဘာမှာ စိတ်မချမ်းသာဖွယ် အဖြစ်အပျက်များစွာ မြင်တွေ့နေရခြင်းဖြစ်ပါတယ်။ လက်ရှိရော အတိတ်က မြန်မာနိုင်ငံနဲ့ ယူကရိန်းဖြစ်စဉ်ဖြစ်ရပ်များကိုကြည့်ရင် တရုတ်နိုင်ငံကို ဝိုင်းပတ်ပိတ်ဆို့ကန့်သတ်ရေး China containment မှသည် China confinement နဲ့ Russia containment အထိ သွားနေတဲ့ အမေရိကန်နဲ့ အနောက်အုပ်စုအစီအစဉ်များရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်စပ်မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုပဲ အမေရိကန်နဲ့အနောက်အုပ်စုတို့မှာ အလားတူအစီအစဉ်များစွာ ရှိခဲ့ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့နဲ့အတူ လစ်ဘရယ်အယူဝါဒတစ်ခုကို မတူကွဲပြားခြားနားမှုရှိကြတဲ့ လူ့အဖွဲ့ အစည်းများအတွင်း အတင်းအဓမ္မသွတ်သွင်းနေခြင်းပါပဲ။ ကမ္ဘာကြီးမှာ မတူညီတဲ့ယဉ်ကျေးမှု၊ ကွဲပြားတဲ့ဘာသာ တရား၊ ခြားနားတဲ့ နောက်ခံသမိုင်းအသီးသီးရှိကြပါလိမ့်မယ်။ ဒါကို ကမ္ဘာကြီးတစ်ခုလုံးမှာ လွတ်လွတ်လပ်လပ် လူတစ်ဦးချင်းစီတိုင်း ကိုယ်ကြိုက်တဲ့ ဘာသာအယူဝါဒကို ကိုးကွယ်နိုင်တယ်၊ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ မူလလစ်ဘရယ်ဆိုင်ရာ တန်းတူညီမျှတရားမျှတမှုစံနှုန်းတချို့က အချို့သောသူတွေအတွက်တော့ နမူနာယူစရာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

ဒါပေမယ့် မိမိတို့ကျင့်သုံးနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစနစ်များ၊ တန်ဖိုးများ၊ စံနှုန်းများအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် ကောင်းသည်ထက်ကောင်းအောင် မပြုပြင်နိုင်ခဲ့ကြပါဘူး။ ဒီအချက်ကို အခြေခံပြီး အမေရိကန်နဲ့ အနောက်အုပ်စုတို့က ကမ္ဘာကြီးကို လွှမ်းမိုးပြီးမှ ဖြစ်နိုင်ရင် ရွာကြီးတစ်ရွာတည်းအဖြစ် မြင်လိုနေခြင်း ဖြစ်ဟန်တူပါတယ်။ လိုချင်တာကို မရမကပုံဖော်မယ်၊ အကျိုးဆက်အနေနဲ့ ရောင်စုံတော်လှန်ရေးနဲ့ အကြမ်းဖက် မှုတွေ၊ အာခံအန်တုမှုနဲ့ အရိုအသေတန်မဲ့ ရိုင်းစိုင်းမှုတွေ၊ ဘာသာတရားစော်ကားမှုနဲ့ ခွဲခြားမှုတွေ၊ ကျင့်ဝတ်ဖောက်ဖျက်မှုတွေ၊ Sex education နဲ့ ရုပ်ရှင်ဗီဒီယိုနဲ့ မီဒီယာကနေ ပျံ့နှံ့လာတဲ့ လိင်တူလိင်ကွဲ LGBT Lesbianနဲ့ sex change operation ကိစ္စတွေစတဲ့ သဘာဝလွန်ဆန့်ကျင်ဘက် သက်ရောက်မှုများစွာကို ယနေ့ခေတ်မှာ မြင်တွေ့ ကြားသိလာကြရပါတယ်။

ကျောထောက်နောက်ခံနဲ့ အသွင်ယူပုံ

ဒီလိုသက်ရောက်မှုတွေနဲ့ ကိုယ်လိုချင်တဲ့ရည်မှန်းချက်များဖြစ်လာဖို့ မီဒီယာလွတ်လပ်ခွင့် ခေါင်းစဉ်အောက်မှာ မီဒီယာကို ကောင်းကောင်းအသုံးချခဲ့ကြ တယ်၊ CIA လို ထောက်လှမ်းရေးအဖွဲ့ အစည်းများရဲ့ ကျောထောက်နောက်ခံနဲ့ INGO, NGO တွေက အေဂျင်စီဖောင်ဒေးရှင်းများအဖြစ် အသွင်အမျိုးမျိုး ယူခဲ့ကြတယ်။ လူသားချင်းကူညီထောက်ပံ့မှု ခေါင်းစဉ်အောက်မှာ စစ်ဘေးရှောင်၊ သဘာဝဘေး၊ ကျန်းမာရေး၊ ပညာရေးအကြောင်းပြ ထောက်ပံ့မှုမျိုးစုံနဲ့ အမျိုးမျိုးကူညီပြကြပါလိမ့်မယ်။ ဒါပေမယ့် ထိုကူညီမှုမျိုးစုံကတစ်နိုင်ငံလုံးမှာ လွှမ်းခြုံမှုမရှိဘဲ နယ်စပ်ဒေသက ရောင်စုံလက်နက်ကိုင်မျိုးစုံ ထိန်းချုပ်ရာဒေသခံတွေနဲ့ လက်နက်ကိုင်တွေအတွက်ပဲဖြစ်နေတာ တွေ့ရတယ်။ သက်ဆိုင်ရာ နိုင်ငံရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်မယ်၊ ကိုယ်လိုချင်တဲ့သူ အနိုင်ရအောင်လုပ်၊ ကိုယ့်လူတည်မြဲဖို့အတွက် သာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရေးအရာတွေမှာ လွှမ်းမိုးမှုယူ၊ ချုပ်ကိုင်ခြယ်လှယ်မှုအမျိုးမျိုးကို တွေ့ကြရမှာဖြစ်ပါတယ်။

ဒီလို ခြယ်လှယ်ချုပ်ကိုင်မှုအမျိုးမျိုးအတွက် US နဲ့ အနောက်အုပ်စုရဲ့ လက်တံခြေတံများစွာအနက်က USAID နဲ့ NED တို့ကို မျက်နှာဖုံးလှလှစွပ်ထားတဲ့ INGO အဖွဲ့များအဖြစ် မြင်တွေ့နိုင်ပါတယ်။ ဒီနေရာမှာ အမေရိကန် CIA သည် USAID နဲ့ NED တို့ရဲ့ ရှေ့တန်းစခန်းတစ်ခုအဖြစ် လျှို့ဝှက်လှုပ်ရှားပါတယ်။

အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာဘီလီယံချီငွေများစွာဟာ CIA က တစ်ဆင့် ထိုအဖွဲ့နှစ်ဖွဲ့ဆီ စီးဝင်စေပြီးမှ အစိုးရဆန့်ကျင်သူတွေဆီကို ပြည်တွင်း NGO တွေကတစ်ဆင့် လျှို့ဝှက်ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ ဒီနေရာ မှာ USAID နဲ့NED တို့ကို ပရိယာယ်ဝေဝုစ်၊ အလိမ်အညာ၊ အဂတိတွေနဲ့ ပွစာတက် နေတဲ့ အဖွဲ့တွေအဖြစ် အီလွန်မတ်စ် ကိုယ်တိုင်ရဲ့ ဖော်ပြထားချက်များကို မှတ်သားမိပါတယ်။

ဆန့်ကျင်ဘက်နိုင်ငံတွေအပေါ် မြေပေါ်မြေအောက်နည်းလမ်းစုံနဲ့ ချဉ်းကပ်ရာမှာ အင်မတန်လက်သံပြောင်တဲ့အဖွဲ့တွေဖြစ်ပါတယ်၊၊ မီဒီယာကို ငွေကြေးပုံအောပြီး သူတို့ ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့သင်ခန်းစာမျိုးကတော့ အတုယူစရာဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျမဖြစ်တဲ့ နိုင်ငံတွေကို မတည်မငြိမ်ဖြစ် စေဖို့၊ လူတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားဖို့၊ ကျောင်းသား၊ ဝန်ထမ်း၊ ရဟန်းစတဲ့ လူ့အဖွဲ့အစည်းတွေအတွင်း စိမ့်ဝင်ပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲရာမှာ ထိရောက်ထက်မြက်တဲ့ လက်နက်ကိရိယာများ ဖြစ်ခဲ့ပါတယ်။

ဘယ်လောက်ပဲ လူထုထောက်ခံတဲ့အစိုးရတစ်ခု ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ စီးပွားရေးဖွံ့ဖြိုးနေပါစေ၊ ဘယ်လိုပဲတည်ငြိမ်တဲ့နိုင်ငံဖြစ်နေပါစေ ဒေါ်လာလွှမ်းမိုးမှုပါတဲ့ လမ်းပေါ်ထွက် ဆူပူအုံကြွဆန္ဒပြမှုဒဏ်ကို နိုင်ငံအစိုးရတွေ၊ ပြည်သူတွေဟာ မခံနိုင်ကြပါဘူး။ အာဏာရှင်နဲ့ အဂတိခေါင်းစဉ်တပ် နည်းလမ်းပေါင်းစုံနဲ့ အပုပ်ချမှုများအောက်က လှုံ့ဆော်မှုမှန်သမျှဟာ ပြည်သူလူထုကို ဖြားယောင်းသွေးဆောင်ရာမှာ အလွန်လွယ်ကူပါတယ်။ နိုင်ငံတကာ၊ အထူးသဖြင့် အနောက်အုပ်စုရဲ့ နိုင်ငံရေးဖွံ့ဖြိုးရေး၊ ပွင့်လင်းမြင်သာမှုစတဲ့ ခေါင်းစဉ်အမျိုးမျိုးအောက်က ဘာဖိုရမ်၊ ညာဖိုရမ်၊ ဘယ်လိုလူ့အဖွဲ့ အစည်းဆိုတာတွေဟာ အလွန်အန္တရာယ်များတဲ့အတွက် ထိုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆက်ဆံရာမှာ များစွာသတိ ထားရမှာဖြစ်ကြောင်း ဖော်ပြလိုတယ်။

ပရိယာယ်ဝေဝုစ်များဖြင့် NED

ဒီနေရာမှာ USAID နဲ့ NED နှစ်ခု အနက် National Endowment for Democracy (NED) ဆိုတဲ့ အကျိုးအမြတ်မယူတဲ့ ဒီမိုကရေစီအထောက်အပံ့ဖောင်ဒေးရှင်းတစ်ခုအကြောင်း ဦးစွာ တင်ပြလိုပါတယ်။ သမ္မတရော်နယ်ရေဂင် လက်ထက် ၁၉၈၃ ခုနှစ်က စတင်သန္ဓေတည်လာခဲ့တဲ့ NED ဟာ NDI National Democratic Institute နဲ့ IRI International Republican Institute ဆိုပြီး ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်အထိုင်နှစ်ဖွဲ့ ခွဲခြားလှုပ်ရှားပါတယ်။

မူလရည်ရွယ်ချက်က ဒီမိုကရေစီအရေး၊ မီဒီယာလွတ်လပ်မှုနဲ့ လွတ်လပ်စွာ ကုန်သွယ်ရေးဖြစ်ပြီး ဆိုဗီယက်နဲ့ အရှေ့ဥရောပကို ဖြိုခွဲဖို့အဓိကဖြစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာ NED ရဲ့ မူလအစီအစဉ်တွေ ဘေးရောက်သွားရပြီး အမေရိကန်ဒီမိုကရေစီစနစ် ကမ္ဘာအနှံ့ခြေဆန့်နိုင်ရေး CIA ရဲ့ လက်ရုံးတစ်ခုဖြစ်လာခဲ့တယ်။ NED ကြောင့် ပိုလန်အစိုးရ ပြိုကွဲခဲ့ရဖူးတယ်၊ ယူဂိုဆလားဗီးယားနိုင်ငံ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ရတယ်။ ယနေ့ရုရှား - ယူကရိန်းပဋိပက္ခဟာဆိုရင်လည်း ၂၀၀၄ ခုနှစ်ကတည်းက ရုရှားယိမ်းတဲ့ ယူကရိန်းအစိုးရကို အနောက်အုပ်စုထောက်ခံတဲ့ပါတီတွေက ဖြုတ်ချခဲ့ခြင်းရဲ့ အကျိုးဆက်ပါပဲ။

၂၀၀၃ ဂျော်ဂျီယာ နှင်းဆီတော်လှန် ရေးနဲ့ ၂၀၀၄ ယူကရိန်း လိမ္မော်ရောင် အုံကြွမှုတွေမှာ NED ရဲ့ များပြားတဲ့ ငွေကြေးအကူအညီတွေက အဓိကကျခဲ့ကြောင်း တွေ့ရှိချက်တွေရှိပါတယ်။ အမေရိကန်ရဲ့ NED လုပ်ရပ်တွေဟာ ဥရောပတင်လား၊ မဟုတ်ပါဘူး။ ကမ္ဘာအနှံ့ ခြေဆန့်နိုင်ခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ် အီဂျစ်သမ္မတ မူဘာရက်ပြုတ်ကျခဲ့မှုနဲ့အတူ ယီမင်၊ လစ်ဗျား၊ အယ်လ်ဂျီး ရီးယားနိုင်ငံတွေဆီက အာရပ်နွေဦး တော်လှန်ရေးတွေ၊ လက်တင်အမေရိက ဘိုလီဗီးယားနိုင်ငံက ပြည်သူအရွေးချယ် ခံသမ္မတ မိုဆာရေးလ် ပြုတ်ကျသွားတဲ့ဖြစ်စဉ်တွေမှာ NED က ခိုးကြောင်ခိုးဝှက်နဲ့ ပါဝင်ပတ်သက်ခဲ့ပုံတွေကို လေ့လာကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအမေရိကန်နိုင်ငံရဲ့ အဖြစ်အပျက်များစွာက လျင်မြန်စွာ ပြောင်းလဲနေပါပြီ။ အရင်အစိုးအဆက်ဆက်ထားရှိခဲ့တဲ့ အစီအစဉ်တွေ နေရာမှာ လိုလားချက်အသစ်တွေနဲ့ ပြည်တွင်း‌ရော ပြည်ပမှာပါ ပုံဖော်မှုများ တွေ့နေရပြီဖြစ်ပါတယ်။ ရိုက်ခတ်မှုက အတော်ပြင်းထန်မယ့် လက္ခဏာရှိနေ တယ်။ အမြဲတမ်းမိတ်ဆွေဆိုတာမရှိ၊ ထာဝရရန်သူဆိုတာမရှိဆိုတဲ့စကားကို လက်ခံနိုင်ရင် အပြောင်းအလဲက တည်ငြိမ်မယ့်သဘော ရှိပါတယ်။

ရွေ့လျောနေတဲ့ အပြုသဘောဖြစ်တည်မှုတစ်ခုကို မရမက ဟန့်တားရင်တော့ ရှိပြီးသားပဋိပက္ခက ပိုမိုကြီးထွားလာရုံပါပဲ။ ဘယ်လိုအပြောင်းအလဲပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့က ကမ္ဘာ့ရေးရာနဲ့ မြန်မာ့အရေးအဆက်အစပ်များကို မျက်ခြည်မပြတ်ဖို့ လိုပါတယ်။ အကွက်ကျကျအရွေ့တွေမှာ အမြော်အမြင်ရှိရှိ လိုက်ပါနိုင်ရင်တော့ အပြောင်းအလဲက ကိုယ့်အတွက်ပါပဲ။ ဘယ်လိုပဲရိုက်ခတ်ရိုက်ခတ် အပြုသဘောဆန်နေမှာသာဖြစ်ပါတယ်။ ယခုဆောင်းပါးမှာတော့ အမေရိကန် NED အပေါ်မှာ ရေးရေးလေးမြင်သာရုံ ဖော်ပြထားပါတယ်။ နောက်ဆောင်းပါးမှာတော့ USAID နဲ့ NED နှစ်ဖွဲ့ ပူးပေါင်းပြီး ကမ္ဘာ့ရေးရာများစွာမှာ ဘယ်လို လျှို့ဝှက်ပါဝင်ပတ်သက်နေကြပါသလဲ ဆက်လက်လေ့လာဖော်ပြသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

Source: www.moi.gov.mm

မြင့်မြတ်

“တိုင်းရင်းသားအားလုံး ရှေ့တန်းတင်ရမည့် အမျိုးသားစည်းလုံးညီညွတ်ရေး”
-

အမိပြည်ထောင်စုမြန်မာတော်သည် ရှေးပဝေသဏီကာလကပင် ကိုယ့်ထီး ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့် ကမ္ဘာ့အလယ်တွင် တင့်တည်ထည်ဝါစွာ ရပ်တည်ခဲ့သော နိုင်ငံဖြစ်ပါသည်။ တကောင်းအဘိရာဇာမင်းကြီးလက်ထက်မှသည် မယိမ်းမယိုင် တည်တံ့ခိုင်မြဲသော ကျွန်ုပ်တို့ နိုင်ငံသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက် (အေဒီ ၁၀၄၄) ပထမမြန်မာနိုင်ငံတော်၊ အင်းဝခေတ် ဘုရင့်နောင်မင်းလက်ထက် (အေဒီ ၁၅၅၁) ဒုတိယမြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက် (အေဒီ ၁၇၅၂) တတိယမြန်မာနိုင်ငံတော် စသဖြင့် အင်ပါယာ ဘဝသို့ပင် ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ဖူးသော နိုင်ငံဖြစ်ပါသည်။[1]

ရှေးယခင်က မြန်မာဘုရင်မင်းမြတ်များသည် ဘုန်းမီးနေလ တောက်ပခဲ့ကြသဖြင့် မြန်မာဘုရင်များထံသို့ စော်ဘွားများ၊ နယ်စား၊ နယ်ရှင်များက အခွန်ဘဏ္ဍာများ ဆက်သခဲ့ ကြပြီး ဘုန်းတော်ရိပ်တွင် ခိုလှုံခဲ့ကြသည်မှာ ငြင်းမရနိုင်သည့် သမိုင်းအမှန်ပင်ဖြစ်ပါသည်။ ခိုင်လုံသော သမိုင်းသက်သေအထောက်အထားများအရ ဗမာတိုင်းရင်းသားများသာ လူဦးရေ အရဖြစ်စေ၊ နယ်မြေအနေအထားအရဖြစ်စေ၊ စီးပွားရေးအင်အားအရဖြစ်စေ အင်အား တောင့်တင်းကာ တစ်ထီးတစ်နန်းဖြင့် အနီးပတ်ဝန်းကျင်နယ်မြေများသာမက ယိုးဒယားစသည့် တိုင်းတပါးနယ်မြေများအထိပါ ဩဇာလွှမ်းမိုးနိုင်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရား ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ထို့နောက်တွင်ကား ဗြိတိသျှနယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ် တွင် ပထမအကြိမ်၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ်၊ သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ်တိတိ အနိုင်ကျင့်ဗိုလ်ကျ၍ ကျူးကျော်စစ် ဆင်နွှဲခဲ့သဖြင့် ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက် (မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက်)တွင် ထီးကျိုးစည်ပေါက်၍ တစ်နိုင်ငံလုံးသူ့ကျွန် ဘဝ ကျရောက်ခဲ့ရသည်။

ကမ္ဘာ့သမိုင်းတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ခင်းကြရာဝယ် စစ်နိုင်သည့်နိုင်ငံက စစ်ရှုံးသည့် နိုင်ငံကို ကိုလိုနီအဖြစ်သိမ်းပိုက်ခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း အင်္ဂလိပ် တို့က မြန်မာနိုင်ငံအပေါ် ကောက်ကျစ်စဉ်းလဲသည့်နည်းလမ်းများဖြင့် စစ်ပြုခဲ့ခြင်းဖြစ်ကြောင်း သမိုင်းအထောက် အထားများအရ တွေ့ရှိရပါသည်။ ကောက်ကျစ်စဉ်းလဲသော နယ်ချဲ့အင်္ဂလိပ် တို့၏ လုပ်ရပ်အဖြစ် ထင်ရှားသည့်သာဓကတစ်ခုမှာ “မြင်ကွန်းအရေးတော်ပုံ” ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ရန်အကြံအစည်ရှိသည့် နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် နောင်တစ်ချိန် မြန်မာနှင့် တတိယအကြိမ် စစ်ပွဲဖြစ်ပွားမည့်အချိန်၌ အနှောင့်အယှက် ဖြစ်နိုင်သည့် မြန်မာဘုရင် မင်းတုန်းမင်းကြီး၏ ညီတော်ဖြစ်သောဘက်စုံထူးချွန်သူ အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ရန်အတွက် နယ်ချဲ့အင်္ဂလိပ်တို့က ပြည်တွင်း သစ္စာဖောက် များဖြစ်ကြသည့် ဘုရင့်အာဏာရယူလိုသော မြင်ကွန်းနှင့် မြင်ခုံတိုင်မင်းသား တို့ကို အသုံးချခဲ့ကြောင်း တွေ့ရှိရပါသည်။ 

လွတ်လပ်ရေးဆုံးရှုံးပြီးနောက် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားမှ တိုင်းရင်းသားလူမျိုး များက အမျိုးသားဇာတိမာန်တက်ကြွစွာဖြင့် ရရာလက်နက်စွဲကိုင်ကာ ကိုလိုနီနယ်ချဲ့တို့ကို ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ် နှင့်အခြေအနေ၊ အချိန်အခါကို တွက်ဆထောက်ချင့်၍ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ကျွန်သက် ၁၂၃ နှစ်တိုင်တိုင် သက်ဆိုးရှည်ခဲ့ရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သွေးခွဲအုပ်ချုပ်ရေး (Divide and Rule) နည်းဗျူဟာဖြင့် မြေပြန့် ဒေသနှင့် တောင်တန်းဒေသဟူ၍ ခွဲခြားမှုများပြုလုပ်ခဲ့ခြင်း၊ ‘တောင်တန်းဒေသများရှိ တိုင်းရင်းသား များသည် မြေပြန့်ဒေသများရှိ ဗမာတိုင်းရင်းသားများထက် အဆင့်အတန်း မြင့်မားစွာနေထိုင်ခဲ့သည်၊ ဗမာတိုင်းရင်းသားများက လွှမ်းမိုးသိမ်းပိုက်ခဲ့သည်’စသဖြင့် သမိုင်း အချက်အလက် အမှားများဖြင့် ရိုးသားသောတိုင်းရင်းသားများကို သွေးထိုးမြှောင့် ပင့်လှုံ့ဆော် ခြင်းနှင့် သေးငယ်သော ချီးမြှင့်မြှောက်စားခြင်းတို့ဖြင့် မြန်မာတိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်စွာဖြင့် တည်ရှိနေသော အခြေအနေကို ရည်မှန်းချက်ရှိရှိ၊ အကွက်ကျကျ ဖျက်ဆီးခဲ့ပေသည်။

အလားတူ ဂျပန်ခေတ်အတွင်း၌လည်း နယ်ချဲ့အင်္ဂလိပ်တို့က ခလောက်ဆန်အကြံဖြင့် မရိုးသားသောလုပ်ရပ်များ ဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအချို့ တင်ပြရမည်ဆိုပါက ၁၉၄၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ “ဗမာပြည်စီမံကိန်း”(Blueprint for Burma) အစီရင်ခံစာအား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ(တောင်တန်းဒေသ) နှင့်ပတ်သက်၍ “သီးခြားဒေသများဖြစ်ကြသည့်  ရှမ်း၊ ချင်း၊ ကချင်၊ ကရင်ဒေသတို့မှာ မြန်မာ ဒိုမီနီယံနိုင်ငံနှင့် ပူးပေါင်းရန်ဆန္ဒရှိကြောင်း ထုတ်ဖော်မပြမချင်း ထိုဒေသများကို မြန်မာဒိုမီနီယံ နိုင်ငံထူထောင်ရာတွင် သီးခြားဒေသများ၏ လက်ရှိအနေအထားကို ပြောင်းလဲရေးမှာ အဓိက လိုအပ်ချက်ဟူ၍ ကော်မတီက သဘောမထားပေ[2]ဟူ၍ စဉ်းလဲသောဉာဉ်ဖြင့်ဖော်ပြခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားလူမျိုးများအကြား သပ်လျှိုသွေးခွဲခဲ့သည့် ထင်ရှားသည့် သာဓကတစ်ခုပင် ဖြစ်ပါသည်။

နောက်ထပ်သာဓကတစ်ခုမှာ နယ်ချဲ့အင်္ဂလိပ်တို့၏ မြန်မာပြည်စိုးမိုးရေး လမ်းစဉ် (Burma Statement Policy by X.M.J, 1945) သို့မဟုတ် ဆင်းမလား စီမံကိန်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းတွင် “မြန်မာနိုင်ငံတော်အလယ်ပိုင်းဒေသများတွင် နေထိုင်ကြသော မြန်မာ လူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့၊ ထုံးစံ၊ နိုင်ငံရေးတိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်သည့် ရှမ်းပြည်နယ်မြေများနှင့် နိုင်ငံတော်အစွန်အဖျား လူမျိုးစုတို့နေထိုင်သော တောတောင် ဒေသများ ပါဝင်သည့်စာရင်းပါ နယ်မြေများကိုမူကား ထိုလူမျိုးများက မိမိတို့ နေထိုင်သော ရပ်ကွက်ဒေသများကို မြန်မာလူမျိုးတို့နှင့် သင့်တော်သောနည်းဖြင့် ပေါင်းစပ် လိုပါသည်ဟု မိမိတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုသည့်အချိန်သို့ မရောက်သေးမီ အတေ အတွင်း ၌ ဘုရင်ခံမင်းကြီးက အထူးစီမံအုပ်ချုပ်ထားလိမ့်မည်ဖြစ်ကြောင်း[3]  စသဖြင့် သွေးခွဲစကား ဖော်ပြထားပြန်သည်ကိုတွေ့ရှိနိုင်ပါသည်။

တစ်ဖန်မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၏ သမိုင်းဝင်စာချုပ်တစ်ရပ်ဖြစ်သော ပင်လုံ စာချုပ် မချုပ်ဆိုနိုင်သေးမီကာလများ၌လည်း ဗြိတိသျှအစိုးရက စေလွှတ်ခဲ့သော မစ္စတာ ဘော်တွမ်လေ ကဲ့သို့ နယ်ချဲ့ကိုယ်စားလှယ်များသည် တောင်တန်းဒေသများမှ တိုင်းရင်းသား များနှင့် အကြိမ်ကြိမ်တွေ့ဆုံ၍တောင်တန်းဒေသကိုယ်စားလှယ်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ မတွေ့ဆုံမီ သွေးထိုးအကြံပေးမှုများဖြင့် မြှောက်ထိုးပင့်ကော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ၎င်းတို့၏ သွေးထိုးပေးမှုကြောင့် ပင်လုံညီလာခံကာလတွင် ရှမ်းနှင့်ကချင်တို့က ဦးဆောင်၍ စာတမ်းရှည်တစ်ခုတင်သွင်းခဲ့ပြီး အဆိုပါစာတမ်းတွင် “လွတ်လပ်ရေးရပြီးသည့်နောက် မြန်မာ ပြည်ထောင်စုမှ ကျွန်ုပ်တို့ခွဲထွက်လိုလျှင် ကျွန်ုပ်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်နိုင်ခွင့် ရှိစေမည်[4] ဟူသောအချက်ကိုပါ ထည့်သွင်းဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

အထက်ပါဥပမာများသည် နယ်ချဲ့အင်္ဂလိပ်တို့၏ စဉ်းလဲသော မဟာဗျူဟာ၊ နည်းဗျူဟာ ရည်မှန်းချက်များအနက် မပြောပလောက်သော ဆောင်ရွက်ချက်အချို့သာဖြစ်ပြီး မြန်မာတိုင်းရင်းသားများအကြား အချင်းချင်းသွေးကွဲပြီး အစဉ်ဒုက္ခကြုံ တွေ့နေရစေရန်အတွက် သမိုင်းစဉ်ဆက် တစ်လျှောက် ထိုထက်မက ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့က သမိုင်းအချက်အလက်အမှားများဖြင့် သွေးထိုးမှုများကို လွတ်လပ် ရေး ရပြီးသည့် ကာလနောက်ပိုင်းတွင်လည်း တွေ့ရှိခဲ့ရပါသည်။ သာဓကတစ်ရပ်အနေဖြင့် ရန်ကုန် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့သော အင်္ဂလိပ်လူမျိုး ပါမောက္ခဂေါ်ဒင်လုစ် (Gordon Luce) က ခေတ်ပြိုင်သမိုင်းအထောက်အထားများ ခိုင်လုံစွာမပြနိုင်ဘဲ “မြန်မာအစ ကျောက်ဆည်က” ဟူ၍ အတင်းအကြပ် ပြောကြားခဲ့ခြင်းကြောင့် အဆိုပါအချက်မှာ မှန်သည်/ မမှန်သည် အပထား၊ မြန်မာ့သမိုင်းတွင် အငြင်းပွားမှုနှင့် ရှုပ်ထွေးမှုများသာပိုမိုဖြစ်ပေါ်ခဲ့ပြီး စုပေါင်းအဖြေရှာရန်ထက် သူ့ဘက်ကိုယ့်ဘက် အုပ်စုများသာ ကွဲသွားခဲ့ကြပါသည်။ ထိုမျှ သာမက ကျောက်ဆည်တွင် ဗမာ၊ ကရင်နှင့် မွန်စသည့် တိုင်းရင်းသားများနေထိုင်ကြရာမှ ဗမာများက လွှမ်းမိုးသိမ်းပိုက် အုပ်ချုပ်ခဲ့သည်ဟူ၍လည်း သမိုင်းလိမ်၊ သမိုင်းညာများ ထုတ်လွှင့်ကာ မြန်မာနိုင်ငံ၏ အမျိုးသားစည်းလုံးညီညွတ်မှုကို အဆိပ်မှိုင်း တိုက်ခဲ့ကြကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

အချို့ရာဇဝင်ဆရာများကလည်း မြန်မာလူမျိုးအစမှာ အရှေ့တစ်လွှားရှိ တိဗက်တိုဘား မင်းအနွယ်များဖြစ်ပြီး ကနဦးကာလ မြန်မာ့မြေပေါ်တွင် လာရောက်နေထိုင်လျက် ထိုမှ မွန်ခမာ၊ မွန်မြန်မာဟူ၍ ဖြစ်လာဟန်ရှိကြောင်း၊ ပျူ၊ ကမ်းယံ၊ သက် အစရှိသည်တို့ပင် တိဗက် အနွယ်မှ ကွဲပြားဆင်းသက်လာဟန်ရှိကြောင်း ဒွိဟသံသယများဖြစ်စေရန် ခိုင်မာသော အထောက်အထား များမရှိဘဲ ရေးသားခဲ့ကြပါသည်။[5]

ထိုကဲ့သို့ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးထိုးလှုံ့ဆော်မှု၊ သွေးခွဲအုပ်ချုပ်မှုလုပ်ရပ်များ၏ ဆိုးကျိုးအဖြစ် ထိုစဉ်က တိုင်းရင်းသားအချို့မှာ လွတ်လပ်သောပြည်ထောင်စု နိုင်ငံကြီးအဖြစ် ဝင့်ကြွားစွာ နေထိုင်ရခြင်းထက် တောင်တန်းဒေသအုပ်ချုပ်ရေး အောက်တွင် နေထိုင်လိုသည့် ဆန္ဒများ ရှိလာခဲ့ခြင်း (ယခုအချိန်တွင်လည်း အချို့က ကိုယ်ပိုင်အုပ်ချုပ်ရေးကို အကြောင်းပြ၍ ခွဲထွက်ခွင့်ကို ဦးတည်လုပ်ဆောင်နေခြင်း)၊ လူမျိုးရေးအတ္တအကျိုးစီးပွားနှင့် စစ်ဘုရင်ဝါဒကို ရှေ့တန်းတင် အသားပေးလာခဲ့ခြင်း၊ မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖုံးကွယ်ရန် “ဗမာလူမျိုးကြီး ဝါဒ”ဟူသော နယ်ချဲ့အင်္ဂလိပ်တို့၏ ခြိမ်းခြောက်သွေးဆောင် ဖြားယောင်းလှည့်ဖျားမှု စကားရပ် ကို ယနေ့အချိန်ထိ အသုံးပြုနေခြင်းတို့သည် အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်၍ ပြည်ထောင်စုကြီးပြိုကွဲမည့် အရိပ်အယောင်များပင် ဖြစ်ပါသည်။

 တစ်ထီးတစ်နန်းနေခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝရောက်ရှိခဲ့စဉ် မည်သည့် ဒေသမှ ကြွင်းကျွန်ရစ်ခဲ့ခြင်းမရှိဘဲ အားလုံးအတူတူ ကျွန်ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကချင်း၊ ချင်း၊ ရှမ်း၊ ကရင်ဟူ၍ ကွက်ကျန်နေခဲ့ခြင်း မရှိခဲ့ချေ။ ဆိုလိုသည်မှာ ထိုစဉ်အချိန်ကတည်းက မြန်မာနိုင်ငံဟု တစ်စုတစ်စည်းတည်းရှိခဲ့ပြီး ကျွန်ဖြစ်ခဲ့ချိန်တွင်လည်း တိုင်းရင်းသားအားလုံး ကျွန်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ နယ်ချဲ့အင်္ဂလိပ်တို့က တတိယမြန်မာ-အင်္ဂလိပ်စစ်ပွဲတွင် အထက် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ခြင်းသာဖြစ်ပါသည်။ ရှမ်းနိုင်ငံ၊ ကချင်နိုင်ငံ၊ ချင်းနိုင်ငံဟူ၍ တိုက်ခိုက်ခဲ့သည်ဟု မည်သည့်သမိုင်းမှာမျှ တွေ့ရှိခဲ့ရခြင်းမရှိချေ။ အနောက်နိုင်ငံများက ဘက်လိုက်စွာဖြင့် ပြုစုရေးသားသည့် မြန်မာ့သမိုင်းများတွင်သော်မှ ထိုကဲ့သို့ တွေ့ရှိရခြင်း မရှိချေ။[6] လွတ်လပ်ရေး မဆုံးရှုံးမီကာလနှင့် သူ့ကျွန်ဘဝရောက်ခဲ့ရစဉ်ကာလများ၌ တစ်စု တစ်စည်းတည်း စုပေါင်းနေထိုင်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ရှေ့ဆောင်ရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးရရှိချိန်မှသာ ပြည်ထောင်စုမှ ခွဲထွက်ကာ တစ်သီးတစ်သန့်နေလိုသည့် ပြည်တွင်း/ပြည်ပ အမျိုးဖျက်များကြောင့် မြန်မာနိုင်ငံ၏ အမျိုးသား စည်းလုံးညီညွတ်မှုပြိုကွဲမည့် အန္တရာယ်များ ကျရောက်ကြုံတွေ့လျက်ရှိသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏“အမျိုးသားစည်းလုံးညီညွတ်ရေး”အပေါ် အဆိပ်မှိုင်း၊ ဝါဒမှိုင်းတိုက်ခဲ့ သော အင်္ဂလိပ်နယ်ချဲ့တို့၏ ကောက်ကျစ်စဉ်းလဲသော၊ သွေးထိုးလှုံ့ဆော်လှည့်ဖျားသော လုပ်ရပ်များ၏ အကျိုးဆက်များကြောင့်သာမက အနောက်အုပ်စုနိုင်ငံများက သတင်းမီဒီယာ များနှင့် ငွေကြေး အင်အားများအသုံးပြု၍ အားပေးအားမြှောက်ပြုလုပ်နေခြင်းများသည် ယနေ့ အချိန်ထိ အမျိုးသား စည်းလုံးညီညွတ်ရေး (National Solidarity)အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေလျက်ရှိပြီး ကိုယ်ကျိုးစီးပွား ရှေ့တန်းထားတင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ သဘောထားနှင့် လုပ်ရပ်များ၊ NUG နှင့် CRPH စသည့် အကြမ်းဖက်အဖွဲ့များ၏ သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သမား PDF များ၏ အဖျက်အမှောက်လုပ်ရပ်များကြောင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း နှောင့်နှေးလျက်ရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရန်ဆိုသည့် နိုင်ငံတော်၏ အန္တိမ ရည်မှန်းချက်နှင့် အလှမ်း ဝေးကွာလျက်ရှိပါသည်။

နိဂုံးချုပ်အားဖြင့် အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေး၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေး၊ ညှိနှိုင်းတိုင်ပင်ကာ မိမိတို့ပြည်တွင်း ရေးကို မိမိတို့နည်းလမ်းများဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ သွေးထိုး လှုံ့ဆော်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများနှင့် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို လစ်လျူရှု၍ အဖျက်လုပ်ရပ်များ ဆောင်ရွက်နေခြင်းတို့ကြောင့် ယနေ့အချိန်အခါတွင် အမျိုးသားရင်ကြားစေ့ရန်၊ တစ်နည်းအားဖြင့် အမျိုးသားစည်းလုံးညီညွတ်မှုဖော်ဆောင်ရန် ခက်ခဲနှောင့်နှေးလျက် ရှိသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေခြင်းသာဖြစ်ပါသည်။

ပြည်ထောင်စုနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ၊ စိတ်ခံစားချက်များထက် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့တန်းတင်ကာ အမြင်ကျယ်ကျယ်၊ နားလည်မှုရှိရှိဖြင့် အင်အားကြီးနိုင်ငံအချို့၏ ဖိနှိပ်ခြယ်လှယ်အုပ်စိုးလိုသည့် ဘေးအန္တရာယ်များ၊ တန်းတူနိုင်ငံအချို့၏ ပျက်စီးရာ ပျက်စီးကြောင်း လိုလားသည့် လုပ်ဆောင်ချက်များကို လက်တွဲပူးပေါင်း၊ ဝိုင်းဝန်းဖြေရှင်းသွားရန် ချိန်တန်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။
 
[1]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀။

[2]။ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့၊ ‘တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ပထမတွဲ’။ စာ-၇၅။

[3]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[4]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၃၅၊ ၃၇။

[5]။  စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၄၉။

[6]။ စည်သူအောင်နှင့် ရတနာပုံမောင်မှတ်၊ “ရွှေပြည်တော်မျှော်မဝေးပြီမို့”၊ စာ-၅၀၊ ၅၁။

Photo: Pinterest

ဦးနေဟိန်း၊ ညွှန်ကြားရေးမှူး၊ NSPD

အတ္တလန္တိတ် နှစ်ဖက် ဆက်ဆံရေးအခင်းအကျင်း ပြောင်းလဲသွားပြီလား
-

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က ယူကရိန်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုအတွက် ဗြိတိန်စစ်တပ်များကို စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ပြောကြားလိုက်ပါသည်။ ထိုလုပ်ဆောင်ချက်မှာ အမေရိကန်နှင့်ရုရှားအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဉရောပနိုင်ငံများကို ပါဝင်လာစေရန် ကြိုးပမ်းမှုဖြစ်ပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖုန်းခေါ်ဆိုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ကြေညာလိုက်ပြီး ဥရောပနိုင်ငံများကိုမူ ဆွေးနွေးမှုမှန် ချန်လှပ်ထားခဲ့ပါသည်။

Starmer သည် ဗြိတိန်စစ်သားများကို အန္တရာယ်များပြားလှသည့်နေရာများသို့ ပို့ဆောင်ရန် ဆုံးဖြတ်ချက်မှာ လွယ်ကူစွာ ချမှတ်ခဲ့ခြင်း မဟုတ်ကြောင်း ယူကရိန်း၏ လုံခြုံရေးကို အာမခံပေးရန် ငြိမ်းချမ်းရေးတည်တံ့မှုသည် အရေးကြီးကြောင်း ပြောကြားထားပါသည်။

အဆိုပါထုတ်ဖော်ပြောကြားချက်မှာ ပြင်သစ်သမ္မတ Macron ၏ ဖိတ်ကြားချက်အရ ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာအရေးပေါ် အစည်းအဝေးတစ်ရပ်ကို ပါရီမြို့တွင် မကျင်းပမီ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။

Starmer သည် ဥရောပနိုင်ငံများက ယူကရိန်း၏ လုံခြုံရေးအာမခံချက်များတွင် ပိုမိုပါဝင်လာကြရန် အထူးလိုအပ်နေကြောင်း၊ ဥရောပနှင့် အမေရိကန်အကြား ပူးပေါင်းဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးတည်တံ့မှုအတွက် လွန်စွာအရေးကြီးကြောင်း ပြောကြားထားပါသည်။

ပါရီမြို့တွင် ကျင်းပမည့် အစည်းအဝေးသို့ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နှင့် ဒိန်းမတ်တို့မှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး ဥရောပလုံခြုံရေးနှင့် ယူကရိန်း အနာဂတ်ကို ဆွေးနွေးကြမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည့် ၂၀၂၅ ခုနှစ် မြူးနစ်လုံခြုံရေးညီလာခံမှာလည်း  ဥရောပလုံခြုံရေးကို မိမိဘာသာတာဝန်ယူကြရန် အမေရိကန်ဒုတိယသမ္မတ JD Vance ၏ သတိပေးပြောကြားချက်ကြောင့် လက်ရှိအချိန် စစ်ရေးဘဏ္ဍာငွေ အကျပ်အတည်းကြောင့် လက်ရှောင်နေကြသော ဥရောပခေါင်းဆောင်များအတွက် ကြိတ်မနိုင်ခဲမရ အနေအထားဖြင့် အဆုံးသတ်သွားကြပါသည်။ 

ဒေါ်နယ်ထရန့်၏ ယူကရိန်းကိစ္စအပေါ် ဥရောပကို လျစ်ရှုပြုမှုနှင့် အမေရိကန်ဒုတိယသမ္မတက မြူးနစ်ညီလာခံတွင် ပြောကြားသည့် ဥရောပအပေါ် အမေရိကန်ရပ်တည်ချက်တို့ကြောင့် ဥရောပနိုင်ငံများအကြား သဘောထားကွဲလွဲနေကြပြီး အချို့နိုင်ငံများက နေတိုးမှ တရားဝင်နုတ်ထွက်သွားမည် မဆိုသော်လည်း ကိုယ်ပိုင်တပ်မတော် ထူထောင်ရန် အဆင့်ထိ လမ်းကြောင်းရှာနေကြပါသည်။ ယူကရိန်းအနာဂတ်နှင့် ဥရောပလုံခြုံရေးကို လာမည့် ပါရီလုံခြုံရေးဆိုင်ရာ အရေးပါ်အစည်းအဝေးတွင် အကြိတ်အနယ် ဆွေးနွေးရတော့မည် ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ အတ္တလန္တိတ်သမုဒ္ဒရာနှစ်ဖက် အမေရိကန်-ဥရောပအခင်းအကျင်း (transatlantic )ရွေ့လျားပြောင်းလဲသွားပြီလား စိတ်ဝင်စားဖွယ် ကောင်းနေပါသည်။ 

ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ အခွန်အယူခံခုံအဖွဲ့ရုံး

နိဒါန်း

ကမ္ဘာ့ပေါ်တွင် သတ္တမမြောက်နယ်မြေအကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ နိုင်ငံရေးတည်ငြိမ်မှုရှိပြီး ဖွံ့ဖြိုး တိုးတက်စေသည့် အကြောင်းအရင်းများစွာရှိသည့်အနက် ၎င်းနိုင်ငံက ကျင့်သုံးလျက် ရှိသော နိုင်ငံရေးစနစ်ကောင်းမွန်မှုရှိသည်မှာလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယသမ္မတနိုင်ငံ၏ နိုင်ငံရေးစနစ်သည် အခြားနိုင်ငံများကဲ့သို့ပင် ပြည်ထောင်စုအဆင့်၌ နိုင်ငံတော်သမ္မတ (President) နှင့် နိုင်ငံတော်ဝန်ကြီးချုပ် (Prime Minister) တို့ရှိသော်လည်း ထူးခြားမှုတစ်ခုမှာ ပြည်နယ်များ၌ ရွေးကောက်ခံ ပြည်နယ်ဝန်ကြီးချုပ်များအပြင် နိုင်ငံတော်သမ္မတက ခန့်အပ်သည့် ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) များပါရှိကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။  ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် ဝန်ကြီးချုပ်တို့အကြား Power Balance ဟုဆိုနိုင်သည့် အပြန်အလှန်ထိန်းကျောင်းမှု စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်နယ်အဆင့်တွင်လည်း ပြည်နယ်အုပ်ချုပ် ရေးမှူးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့အကြား အပြန်အလှန် ထိန်းကျောင်းမှုစနစ်ဖြင့် အောင်မြင်စွာချီတက်နိုင်လျက်ရှိသောကြောင့် ယခုကဲ့သို့ နိုင်ငံရေးတည်ငြိမ်ပြီး ဖွံ့ဖြိုး တိုးတက်လျက်သည်ဟု မှတ်ယူနိုင်မည် ဖြစ်ပါသည်။

အိန္ဒိယသမ္မတနိုင်ငံရှိ ပြည်နယ် ၂၈ ခုတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးများ (State Governors) များရှိကြပြီး ဒေလီမြို့ (တရားဝင်အမည် အပြည့်အစုံမှာ National Capital Territory (NCT) of Delhi ဖြစ်ပါသည်) အပါအဝင် ပြည်ထောင်စု နယ်မြေ ၈ ခုတွင် ဒုတိယအုပ်ချုပ်ရေးမှူးများ (Lieutenant Governors)၊ သို့မဟုတ် စီမံအုပ်ချုပ်သူများ (Administrators) ရှိကြပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများ (Governors) ၏ အခွင့်အာဏာများ (Powers) နှင့် လုပ်ငန်းတာဝန်များ (Functions)  မှာ နိုင်ငံတော်သမ္မတနိုင်ငံ၏ အခွင့်အာဏာများ (Powers)၊ လုပ်ငန်းတာဝန်များ (Functions) နှင့်ဆင်တူမှုရှိကြောင်း တွေ့ရှိရပါသည်။

ပြည်ထောင်စုနယ်မြေများတွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနေရာမရှိဘဲ ဒုတိယအုပ်ချုပ်ရေးမှူးများသာရှိပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီး များ ကောင်စီ (Council of Minister) နှင့် အခွင့်အာဏာတူညီစွာခွဲဝေ အုပ်ချုပ်လျက် ရှိကြောင်း သိရှိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ဒုတိယအုပ်ချုပ်ရေးမှူး များကို နိုင်ငံတော်သမ္မတက ခန့်အပ်ပြီး သက်တမ်းမှာ ၅ နှစ်ဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံရှိ ပြည်နယ်များတွင် ပြည်နယ်အစိုးရခေါင်းဆောင်ဖြစ်သည့် ပြည်နယ် ဝန်ကြီးချုပ် (Chief Minister of the State) များက အခွင့်အာဏာ ပိုမိုရှိကြသည်ဟု ယူဆနိုင်သော်လည်း  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်အကြီးအကဲများအဖြစ် တာဝန်ထမ်းရွက်ကာ ပြည်နယ်များ၏ နိုင်ငံရေးယန္တရားတွင် အဓိကထိန်းကျောင်း ပါဝင်လျက်ရှိသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ဗဟုသုတ ဖြစ်စေရန် ရည်ရွယ်၍ ဤဆောင်းပါးကို ရေးသားတင်ပြခြင်း ဖြစ်ပါသည်။

နိုင်ငံတော်ယန္တရားလည်ပတ်မှုတွင် အရေးပါလျက်ရှိသည့် အိန္ဒိယ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း

အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution of India) ပုဒ်မ ၁၅၇ နှင့် ပုဒ်မ ၁၅၈ တို့တွင် အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုက်ညီရမည့် အရည်အချင်း များနှင့်စပ်လျဉ်း၍ ဖော်ပြထားပြီး အောက်ပါအတိုင်းဖြစ်ပါသည် - 

  • အသက် ၃၅ နှစ် ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။

  • ပြည်ထောင်စုလွှတ်တော် (Parliament) နှင့် ပြည်နယ်လွှတ်တော် (State Legislature) တို့မှ ကိုယ်စားလှယ်မဖြစ်စေရ။

  • မည်သည့်ရုံးဌာနတွင်မှ တာဝန်ထမ်းဆောင်နေသူ မဖြစ်စေရ။

ပုံမှန်အားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့၏ဇာတိပြည်နယ် များတွင် ခန့်အပ်လေ့မရှိကြောင်းနှင့် အဆိုပါအချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်း မရှိကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း

ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor of State) ကို ပြည်ထောင်စုအစိုးရက အမည်စာရင်းတင်သွင်းပြီး နိုင်ငံတော်သမ္မတ (The President) က ခန့်အပ်ပါသည်။ အုပ်ချုပ်ရေးမှူးဖြစ်လာမည့် ကိုယ်စားလှယ်လောင်းကို သမ္မတအနေဖြင့် မည်သည့် အချက်များကိုအခြေခံ၍ ထည့်သွင်းစဉ်းစားသည်ဆိုသည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖော်ပြထားခြင်း မရှိသော်လည်း အောက်ပါအချက် ၂ ချက်ကို ထည့်သွင်း စဉ်းစား၍ ဆောင်ရွက်ကြောင်း သိရှိရပါသည်-

  • ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းသည် အဆိုပါပြည်နယ်တွင် နေထိုင်သောသူ မဖြစ်စေရ။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ရန်လျာထားသည့် ကိုယ်စားလှယ်လောင်းနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် (Chief Miniter) ၏ အကြံဉာဏ်ရယူဆောင်ရွက်လေ့ရှိပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များ

အုပ်ချုပ်ရေးမှူးတစ်ဦး၏ အဓိကလုပ်ငန်းတာဝန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၉ တွင် ဖော်ပြထားသော အုပ်ချုပ်ရေးမှူးတာဝန်မထမ်းဆောင်မီ ပြုလုပ်ရ မည့် ကျမ်းသစ္စာကျိန်ဆိုမှုတွင် ပါရှိသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို စောင့်ထိန်း၊ လိုက်နာ၊ ကာကွယ်စောင့်ရှောက်ရန် ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၇(ဂ)၊ ပုဒ်မ ၂၀၀၊ ပုဒ်မ ၂၁၃ နှင့် ပုဒ်မ ၃၅၅ တို့တွင် ဖော်ပြထား သည့်အတိုင်း အုပ်ချုပ်ရေးမှူးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးဆိုင်ရာ အဖွဲ့အစည်းများအပေါ် ကြီးကြပ်ခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ရ ပါသည်။

အုပ်ချုပ်ရေးအာဏာ (Executive Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) တွင် မဲအများစု ရရှိသော ကိုယ်စားလှယ်အား ပြည်နယ်ဝန်ကြီးချုပ် (Chief Minister) အဖြစ် ခန့်အပ် နိုင်ပါသည်။ ထို့ပြင် အုပ်ချုပ်ရေးမှူးသည် ဝန်ကြီးချုပ်၏ အကြံဉာဏ်ဖြင့် ဝန်ကြီးများ ကောင်စီ (Council of Ministers) အဖွဲ့ဝင်များကို ခန့်အပ်ခြင်းနှင့် ဝန်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးအဖြစ် သတ်မှတ်တာဝန်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

ဝန်ကြီးများကောင်စီအဖွဲ့ဝင်များသည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ သဘောထားအပေါ်မူတည်၍ တာဝန်ထမ်းဆောင်နိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်အခြေအနေမှာ အောက်လွှတ်တော်၏ ထောက်ခံမှုအပေါ် များစွာ မူတည်ပါသည်။ အောက်လွှတ်တော်တွင် အစိုးရအပေါ်ထောက်ခံမဲအများစု ရှိနေသမျှ ကာလပတ်လုံး ပြည်နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးများကောင်စီကို ဖျက်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ် (Advocate General)၊ ပြည်နယ်ဝန်ထမ်းရေးရာကော်မရှင် (State Public Service Commission) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုလည်း ခန့်အပ်နိုင်ခွင့်ရှိပါသည်။ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နာ (State Election Commissioner) ကို အုပ်ချုပ်ရေးမှူးက ခန့်အပ်နိုင်သော်လည်း ၎င်းကော်မရှင်နာအား ရာထူးမှဖယ်ရှားခွင့်ကိုမူ နိုင်ငံတော်သမ္မတကသာ ဆောင်ရွက် နိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးများအား ၎င်းတို့ပြည်နယ်ရှိ တက္ကသိုလ်အများစုက အဓိပတိ (Chancellor) အဖြစ် ဂုဏ်ပြုခန့်အပ်ထားကြပါသည်။ တက္ကသိုလ်၏ ဂုဏ်သိက္ခာနှင့် သမာသမတ်မြင့်မားသည့် အဓိပတိရာထူး၌ ပြည်နယ်အုပ်ချုပ် ရေးမှူးအား ခန့်အပ်ထားခြင်းဖြင့် ၎င်းတက္ကသိုလ်၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အကာအကွယ်ပေးနိုင်သည့်အပြင် ပြင်ပမှ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်ခြင်း တို့ကိုလည်း ကာကွယ်တားဆီးရာရောက်နိုင်သည်ဟူသော ရည်ရွယ်ချက်ဖြင့် ထိုသို့ ခန့်အပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ တက္ကသိုလ်တစ်ခု၏ အဓိပတိဖြစ်သော ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အဆိုပါတက္ကသိုလ်၏ မည်သည့်ဌာနကိုမဆို စစ်ဆေး ပိုင်ခွင့်နှင့် စစ်ဆေးတွေ့ရှိချက်များအရ လိုအပ်သော အရေးယူဆောင်ရွက်မှုများအား လုပ်ပိုင်ခွင့်ရှိကြောင်း သိရှိရပါသည်။

တက္ကသိုလ်တစ်ဦး၏ အဓိပတိသည် တက္ကသိုလ်ပညာရေးအဖွဲ့ (Senate) ၏ ဥက္ကဋ္ဌဖြစ်သဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေးအဖွဲ့၏ အကြံပြုထောက်ခံချက်ဖြင့် ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တက္ကသိုလ်ပညာရေး အဖွဲ့က တင်ပြသည့် နည်းဥပဒေများကို အတည်ပြုခြင်းနှင့် ပယ်ချခြင်းတို့ ပြုလုပ် နိုင်သည့်အပြင် သက်ဆိုင်ရာကော်မတီများ၏အကြံပြုထောက်ခံချက်ဖြင့် တက္ကသိုလ် ဆရာ/ဆရာမများကို ခန့်အပ်နိုင်ကြောင်း သိရှိရပါသည်။

ဥပဒေပြုရေးအာဏာ (Legislative Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ၂ ရပ်စလုံးအား လွှတ်တော် အစည်းအဝေးကျင်းပရန် ဆင့်ခေါ် ခြင်းနှင့် အစည်းအဝေးကျင်းပမှု ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထား ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အောက်လွှတ်တော် (State Legislative Assembly) ကို ဖျက်သိမ်းနိုင်ခွင့် အာဏာရှိပါသည်။ သို့ရာတွင် ထိုသို့ လုပ်ဆောင်မည်ဆိုပါက ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ၏ အကြံဉာဏ်နှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးနောက်ပြုလုပ်သော ပထမဆုံးအကြိမ်လွှတ်တော်အစည်းအဝေးကို မိန့်ခွန်း တက်ရောက်ပြောကြား၍ လွှတ်တော်အစည်းအဝေး စတင်ဖွင့်လှစ်ပေးရပါသည်။ အဆိုပါလွှတ်တော်အစည်းအဝေးတွင် ပြောကြားသော အုပ်ချုပ်ရေးမှူး၏ မိန့်ခွန်းတွင် ပါရှိသည့် အချက်များမှာ ပြည်နယ်အစိုးရ၏ မူဝါဒသစ်များကို ဖော်ညွှန်းလေ့ရှိ ပါသည်။ 

ပြည်နယ်လွှတ်တော်တွင် အတည်ပြုသည့် ဥပဒေကြမ်း (Bill) တစ်ရပ်သည် အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ရရှိမှသာ ဥပဒေအဖြစ် အသက်ဝင်မည်ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းမှလွဲ၍ လွှတ်တော်က တင်ပြလာသော ကျန်ဥပဒေကြမ်းများကို ပြန်လည်စဉ်းစားသုံးသပ်ရန် လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်ပါသည်။ သို့သော်လည်း လွှတ်တော်က အဆိုပါ ဥပဒေကြမ်းကိုပင် ဒုတိယအကြိမ်မြောက် ပြန်လည်တင်ပြလာပါက ပြည်နယ် အုပ်ချုပ်ရေးမှူးက မဖြစ်မနေ အတည်ပြုပေးလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း  သိရှိရပါသည်။ ထိုသို့သောဖြစ်စဉ်မှာ ပြည်နယ်များ၏ သမိုင်းတွင် ဖြစ်တောင့် ဖြစ်ခဲကိစ္စရပ်သာ ဖြစ်ပါသည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်တွင် တမီးလ်နာဒူး (Tamil Nadu) ပြည်နယ်လွှတ်တော်က ထောက်ခံတင်သွင်းသော အမျိုးသားကျောင်းဝင် ဆန်းစစ် ကင်းလွတ်ခွင့်ဆိုင်ရာ ဥပဒေကြမ်း [National Eligibility cum Entrance Test (Undergraduate)-NEET Exemption Bill] ကို ပြန်လည်စဉ်းစားသုံးသပ်ရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက  လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ရာ အဆိုပါဖြစ်စဉ်သည် ပြည်နယ်စတင်ထူထောင်ခဲ့သည့် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြည်နယ်သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အတွင်း လွှတ်တော်အစည်းအဝေးများ ရပ်နားထားသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်သည်ဟု ထင်မြင် ယူဆပါက လွှတ်တော်အစည်းအဝေးများ ပြန်လည်ကျင်းပရန် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ပါသည်။ 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၁ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းလျက်ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင် (Election Commission) က မှတ်ချက်ပြုတင်ပြလာပါက ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပုဒ်မ ၁၉၂ အရ အဆိုပါ ကိုယ်စားလှယ်ကို ရာထူးမှဖယ်ရှားနိုင်ပါသည်။ ထို့ပြင် ပုဒ်မ ၁၆၅ နှင့် ၁၇၇ တို့အရ “ဥပဒေနှင့်မညီသောလုပ်ဆောင်ချက်များ ရှိ/မရှိ လေ့လာဆန်းစစ်၊ အစီရင်ခံတင်ပြစေရန်ရည်ရွယ်ချက်ဖြင့်” ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ရှေ့နေ့ချုပ် (Advocate General) အား လွှတ်တော်နှစ်ရပ်စလုံးက ကျင်းပသည့် အစည်းအဝေး များသို့ တက်ရောက်ရန် တောင်းဆိုနိုင်ကြောင်း သိရှိရပါသည်။

တရားစီရင်ရေးအာဏာ (Judicial Power) ။ ပြည်နယ်တရားရုံးများ (High Courts) အတွက် တရားသူကြီးများ ခန့်အပ်ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ရပြီး ခရိုင်တရားရုံးများ (District Courts) အတွက် တရားသူကြီးများ ခန့်အပ်ခြင်းနှင့် ရာထူးတိုးပေးခြင်းကိစ္စရပ်တို့ တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံးနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရပါသည်။ ပြည်နယ်တရားရေးဌာနများ၌ ဝန်ထမ်းများခန့်အပ်ခြင်းကိစ္စရပ် တွင်မူ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားရုံး၊ ပြည်နယ်ဝန်ထမ်းရေးရာ ကော်မရှင်တို့နှင့် ညှိနှိုင်းတိုင်ပင်၍ ဆောင်ရွက်ရပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး သည် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြစ်ဒဏ်ရွှေ့ဆိုင်းခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးခြင်းတို့ ဆောင်ရွက်ရန် အခွင့်အာဏာရှိကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးအာဏာ (Financial Power) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်ဆိုင်ရာ ထုတ်ပြန်ချက်ကို ပြည်နယ် လွှတ်တော် ရှေ့မှောက်တွင် ချပြနိုင်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါဘဲ မည်သည့်အသုံးစရိတ်ကိုမျှ ထုတ်ယူခွင့် မရှိချေ။ အရေးပေါ် အသုံးစရိတ်များအတွက်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ထောက်ခံခွင့်ပြုပေးနိုင် ပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ဘဏ္ဍာရေးကော်မရှင် (Financial Commission) ကိုလည်း ဖွဲ့စည်းပေးနိုင်ခွင့် အာဏာရှိပါသည်။ ထို့ပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်က အတည်ပြုတင်ပြလာသော ဘဏ္ဍာရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်အပေါ် ခွင့်ပြုခြင်း၊ ဆိုင်းငံ့ခြင်းတို့ ပြုလုပ် နိုင်ကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အထူးအခွင့်အာဏာများ (Discretionary Powers) ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်ပါအခြေအနေများတွင် အထူး အခွင့်အာဏာကို ကျင့်သုံးနိုင်သည်-

  • အောက်လွှတ်တော်အတွင်း မည်သည့်ပါတီကမှ ပြတ်သားသော မဲရလဒ် ရရှိခြင်း မရှိသည့်အချိန်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်နိုင်သည့် အခွင့်အာဏာရှိပါသည်။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ အရေးအရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံစာများ ပေးပို့တင်သွင်းနိုင် သည့် အခွင့်အာဏာရှိပါသည်။

  • ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ သဘော တူညီအတည်ပြုခြင်း မပြုဘဲ ထားနိုင်သကဲ့သို့ သဘောထားမှတ်ချက် တောင်းခံရန်အတွက် နိုင်ငံတော်သမ္မတထံသို့ ဆက်လက်တင်သွင်း နိုင်သည့် အခွင့်အာဏာရှိပါသည်။ 

  • ပုဒ်မ ၃၅၃ အရ အရေးပေါ်အခြေအနေကာလအတွင်း ပြည်နယ် အုပ်ချုပ်ရေးမှူးသည် နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဝန်ကြီးများ ကောင်စီ၏ အကြံဉာဏ်ပေးမှုများကို ကျော်လွန်ပယ်ဖျက်နိုင်သည့် အခွင့် အာဏာရှိပါသည်။

အရေးပေါ်အခြေအနေ (Contigency Situation) ။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၆၀၊ ပုဒ်မ ၃၅၆ နှင့် ပုဒ်မ ၃၅၇ တို့အရ နိုင်ငံတော်သမ္မတ၏ အထူးခွင့်ပြုချက် မရှိလျှင် ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အရေးပေါ်အခြေအနေကြေညာရန် အခန်း ကဏ္ဍ (Role) နှင့် အခွင့်အာဏာ (Power) မရှိချေ။ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၆) (Part VI) ပါ ပြဋ္ဌာန်းချက်များအရ ရွေးကောက်ခံအစိုးရတစ်ရပ်က တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ် အစိုးရအဖွဲ့ (State Cabinet) ၏ အကြံဉာဏ် ရယူခြင်းမရှိဘဲ မည်သည့်ဆုံးဖြတ် ချက်မျှ ချမှတ်ခြင်း မပြုရကြောင်း သိရှိရပါသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့်ခံစားခွင့်များ

ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် “အုပ်ချုပ်ရေးမှူးများ ချီးမြှင့်ငွေ၊ စရိတ် များနှင့် အထူးအခွင့်အရေးများဆိုင်ရာအက်ဥပဒေ (၁၉၈၂ ခုနှစ်) [Governors (Emoluments, Allowances and Privileges) Act 1982 ] ပါ သတ်မှတ်ပြဋ္ဌာန်းချက် များအရ လစာနှင့်ခံစားခွင့်များအား ခံစားပိုင်ခွင့်ရှိပါသည်။ အဆိုပါဥပဒေအရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လစာမှာ တစ်လလျှင် ရူပီး ၃၅၀,၀၀၀ (အမေရိကန် ဒေါ်လာ ၅၂၀၀ ခန့်) ဖြစ်ပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အိမ်ငှားခ ကင်းလွတ်ခွင့်ရသည့် အစိုးရ အိမ်တော် (Official Residence) ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အဆောင် အယောင် မော်တော်ယာဉ်များ ရရှိပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် များသည် အခမဲ့ဆေးကုသခွင့်အား ရာသက်ပန်ခံစားခွင့်ရှိကြောင်း သိရှိရပါသည်။

ထူးခြားချက်အနေဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် ပြည်နယ် ၂ ခု၊ သို့မဟုတ် ၂ ခုပိုသော ပြည်နယ်များတွင်ပါ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ရပါက အုပ်ချုပ်ရေးမှူးရရှိမည့် လစာမှာ နိုင်ငံတော်သမ္မတက သတ်မှတ်ပေး သည့်အတိုင်းဖြစ်ပြီး သတ်မှတ်ပေးသည့်ငွေပမာဏအား ၎င်းတာဝန်ယူထားသည့် ပြည်နယ်များက အချိုးကျ ကျခံရမည် ဖြစ်ပါသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လစာနှင့် စရိတ်များအား ပြည်ထောင်စုလွှတ်တော် (Parliament) က ရုပ်သိမ်းခြင်း မပြုနိုင်ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူး ရရှိနိုင်သည့် ဥပဒေကင်းလွတ်ခံစားခွင့်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၆၁ အရ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ လုပ်ဆောင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း အကြောင်း ပြချက်ဖြင့် ၎င်းပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်း၏ကိုယ်ပိုင်သဘောထားဆန္ဒအရ လာရောက်ထွက်ဆိုခြင်းမှလွဲ၍ တရားရုံးသို့ ဆင့်ခေါ်ပိုင်ခွင့် မရှိချေ။ အဆိုပါအမှုအား တရားရုံးများက ပြည်ထောင်စုအစိုးရ (Union Government) ၏ အချက်အလက် ထောက်ပံ့မှုများဖြင့် ဆုံးဖြတ်နိုင်ပါသည်။ သို့ရာတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးအား ၎င်းတာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပြစ်ဒဏ်စီရင်ချမှတ်နိုင်ခြင်း မရှိဘဲ ရာထူးမှ အနားယူချိန်မှသာ အဆိုပါအမှုအတွက် ၎င်းအား တရားစွဲဆိုနိုင်ကြောင်း သိရှိရပါသည်။ 

ပြည်နယ်အုပ်ချုပ်ရေးမှူးအား ရာထူးမှဖယ်ရှားခြင်း

ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၏ သက်တမ်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသော်လည်း နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒရှိသည့် ကာလအတွင်း တာဝန်ထမ်းဆောင်ရသည်ဖြစ်၍ ယေဘုယျအားဖြင့် သမ္မတ သက်တမ်းအတိုင်း ၅ နှစ်တာကာလ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မတသည် ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးအား အခြားပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူးအဖြစ်လည်း ပြောင်းရွှေ့ခန့်အပ်နိုင်သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးသည် အောက်ပါအချက် ၂ ချက်ကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ရာထူးလစ်လပ်နိုင်ပါသည်-

  • ‌ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၅၆ အရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ တာဝန်ထမ်းဆောင်မှုအပေါ် ကျေနပ်မှုမရှိပါက နိုင်ငံတော်သမ္မတက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ရာထူးမှ ဖယ်ရှားလျှင်။ 

  • ပြည်နယ်အုပ်ချုပ်ရေးမှူးက ရာထူးမှ နုတ်ထွက်ခွင့်တင်ပြလျှင်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးနှင့်စပ်လျဉ်း၍ ပြဋ္ဌာန်းချက်များ (အကျဉ်းချုပ်)

ပုဒ်မ ၁၅၃ ။ ပြည်နယ်တစ်ပြည်နယ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးရှိရမည်။

ပုဒ်မ ၁၅၄ ။ ပြည်နယ်၏ အုပ်ချုပ်ရေးအာဏာသည် အုပ်ချုပ်ရေးမှူးထံတွင် တည်ရှိပြီး အုပ်ချုပ်ရေးမှူးက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်ပေးအပ်စေခိုင်းနိုင်သည်။

ပုဒ်မ ၁၅၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးအား နိုင်ငံတော်သမ္မတက လက်မှတ် ရေးထိုးအတည်ပြုခန့်အပ်ရမည်။

ပုဒ်မ ၁၅၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အသက် ၃၅ နှစ်ပြည့်ပြီးသူ အိန္ဒိယနိုင်ငံသားဖြစ်ရမည်။

ပုဒ်မ ၁၅၈ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် အကျိုးအမြတ်ရရှိသော ရုံးဌာနတစ်ခုတွင် အလုပ်လုပ်နေသူ မဖြစ်စေရ။လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါက အဆိုပါလွှတ်တော်ကိုယ်စားလှယ်သည် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်သည့်နေ့မှစ၍ လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။

ပုဒ်မ ၁၅၉ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်သည် တာဝန်မထမ်းဆောင်မီ ကျမ်းသစ္စာကျိန်ဆိုခြင်း ပြုလုပ်ရမည်။

ပုဒ်မ ၁၆၀ ။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၂) တွင် ဖော်ပြထားခြင်းမရှိသော အရေးပေါ်အခြေအနေတစ်ရပ်တွင် ပြည်နယ်တစ်ခုမှအုပ်ချုပ်ရေးမှူး၏ လုပ်ငန်းတာဝန်များကို ရပ်ဆိုင်းရန်အတွက် လိုအပ်သည်ဟု ထင်မြင်ယူဆပါက သတ်မှတ်ပြဋ္ဌာန်းချက်အချို့ ထုတ်ပြန်နိုင်သည်။

ပုဒ်မ ၁၆၁ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်းတို့ ဆောင်ရွက်နိုင်ခွင့်ရှိသည်။

ပုဒ်မ ၁၆၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ အထူးအခွင့်အာဏာအသုံးပြုချိန်မှတစ်ပါး ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော ဝန်ကြီးများကောင်စီ (Council of Ministers) ထံမှ အကြံဉာဏ်ကို ရယူဆောင်ရွက် ရမည်။

ပုဒ်မ ၁၆၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအား ခန့်အပ်ရမည်။

ပုဒ်မ ၁၆၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်ရှေ့နေချုပ်အား ခန့်အပ်ရမည်။

ပုဒ်မ ၁၆၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင် ချက်အားလုံးတွင် အုပ်ချုပ်ရေးမှူး၏ အမည်နာမကို ဖော်ပြဆောင်ရွက်ရမည်။

ပုဒ်မ ၁၇၄ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော် အစည်း အဝေးကျင်းပရန် ဆင့်ခေါ်ခြင်းနှင့် ရပ်ဆိုင်းခြင်း၊ အောက်လွှတ်တော်ကို ဖျက်သိမ်း ခြင်းတို့ ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၁၇၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်း၊ အောက်လွှတ်တော်သို့သဝဏ်လွှာပေးပို့ခြင်းတို့ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၁၇၆ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် အောက်လွှတ်တော်တွင် အထူး မိန့်ခွန်း ပြောကြားနိုင်သည်။

ပုဒ်မ ၂၀၀ ။ အောက်လွှတ်တော်က အတည်ပြုတင်ပြသော ဥပဒေကြမ်း တစ်ရပ်အား ပြည်နယ်အုပ်ချုပ်ရေးမှူးက သဘောတူခြင်း၊ ပြန်လည်ပေးပို့ခြင်းနှင့်  နိုင်ငံတော်သမ္မတ၏ သဘောထားတောင်းခံရန် သီးသန့်ချန်ထားခြင်းတို့ ဆောင်ရွက် နိုင်သည်။

ပုဒ်မ ၂၀၂ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်အရအသုံးခန့်မှန်းခြေ ငွေစာရင်းအား အောက်လွှတ်တော်၌ ရှင်းလင်းချပြနိုင်သည်။

ပုဒ်မ ၂၀၃(၃) ။ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်မပါရှိဘဲ မည်သည့်ထောက်ပံ့ငွေမှ ထုတ်ယူသုံးစွဲခွင့်မရှိ။

ပုဒ်မ ၂၀၅ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်၏ ခန့်မှန်းခြေအသုံး စရိတ်ရှင်းတမ်းအား အောက်လွှတ်တော်ရှေ့မှောက်တွင် ရှင်းလင်းချပြရမည်။

ပုဒ်မ ၂၁၃ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် တိကျသော အကြောင်းအရင်း တစ်ရပ်ရပ်အရ ညွှန်ကြားချက်များကို ရပ်ဆိုင်းနိုင်သည်။

ပုဒ်မ ၂၁၇ ။ ပြည်နယ်အုပ်ချုပ်ရေးမှူးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်မှုအတွက် နိုင်ငံတော်သမ္မတထံသို့ အကြံဉာဏ်များပေး နိုင်သည်။ 

ပုဒ်မ ၂၁၉ ။ ခန့်အပ်ခံရသော ပြည်နယ်တရားလွှတ်တော် တရားသူကြီး များသည် တာဝန်မထမ်းဆောင်မီ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုရမည်။

နိဂုံး

အိန္ဒိယနိုင်ငံ၏ ပြည်နယ်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတော်သမ္မတက အတည်ပြုရွေးချယ်ခန့်အပ်ထားသည့် ဂုဏ်သိက္ခာကြီးမားသူ၊ လူမှုနယ်ပယ်တွင် ထူးချွန်သူများဖြစ်ကြပြီး ပြည်နယ်အစိုးရနှင့် လွှတ်တော်တို့၏ ဆောင်ရွက်ချက် များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန်အတွက် ထိန်းကျောင်းပေးလျက်ရှိကြသူများဖြစ်ကြသဖြင့် ပြည်နယ်၏ အာဏာ ၃ ရပ် အပြန် အလှန်ထိန်းကျောင်းတည့်မတ်ရာတွင်လည်းကောင်း၊ ပြည်နယ်၏အကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက် ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

မှီငြမ်းကိုးကား

- T. Ramakrishnan (8 February 2022). House Will Create History if It Re-Adopts NEET Bill Today

- The Governors (Emoluments, Allowances and Privileges) Act, 1982

The Dismissal of Governors. The Hindu. 13

- https://www.india.gov.in/my-government/whos-who/lt-governors-administrators

- https://byjus.com/free-ias-prep/governor/

အမေရိကန်သမ္မတ Donal Trump ၏ ဒုတိယအကြိမ် သက်တမ်းကာလအတွင်း ASEAN အဖွဲ့အနေဖြင့် ကြားနေဝါဒများကိုသာ ကျင့်သုံးသင့်ကြောင်း
-

အမေရိကန်သမ္မတ Donald Trump ၏ ဒုတိယသက်တမ်းကာလအတွင်း မူဝါဒ ပြောင်းလဲမှုများသည် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သွယ်ဝိုက်၍ သက်ရောက်လျက်ရှိကြောင်းနှင့် နိုင်ငံ၏အကျိုးစီးပွားအတွက် နိုင်ငံခြားရေးမူဝါဒများ စီးပွားရေး၊ လုံခြုံရေးနှင့် မဟာဗျူဟာမြောက် လွတ်လပ်မှုများကို ထိန်းညှိဆောင်ရွက်ရန်လိုအပ်ကြောင်း ရေးသားထားသည့် ဆောင်းပါးကို China Daily သတင်းဌာနတွင် ရေးသားဖော်ပြထားရှိပါသည်။"

တွေ့ရှိချက်

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်က ဖိလစ်ပိုင်တက္ကသိုလ် အာဆီယံစင်တာ (Asian Center-AC) ၌ ကျင်းပပြုလုပ်ခဲ့သည့် အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးပွဲ (Webinar) တွင် ပညာရှင်များသည် အာရှဒေသနှင့် Trump ဒုတိယသက်တမ်းအကြား အခြေအနေများ (Asia and Trump 2.0) ကို ဆွေးနွေးခဲ့ကြကြောင်း၊ ၎င်းဆွေးနွေးပွဲတွင် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် သမ္မတ Trump လက်ထက်အတွင်း ပထဝီနိုင်ငံရေးအခြေအနေများပြောင်းလဲရန်နှင့် ပြည်တွင်းလုပ်ငန်းများအပေါ် ပြည်ပမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်အတွက် ကုန်သွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှုများ တိုးချဲ့လုပ်ဆောင်သင့်သည်ကို ဆွေးနွေးခဲ့ကြကြောင်း၊ ASEAN အဖွဲ့သည် သမ္မတ Trump ၏ နိုင်ငံခြားရေးမူဝါဒတွင် အဓိကဦးစားပေးအဖြစ် ပါဝင်နေခြင်းမရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများနှင့် အခြားအင်အားကြီးနိုင်ငံများကြား မိတ်ဖက်ဆက်ဆံရေးနှင့် သဘောတူညီချက်များသည် အမေရိကန်နိုင်ငံအတွက် အရေးပါသည့်ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ Trump ၏ တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်မြှင့်တင်ခြင်းမူဝါဒသည် တရုတ်နိုင်ငံထောက်ပံ့ရေးကွင်းဆက်များတွင် တစ်စိတ်တစ်ပိုင်းပတ်သက်မှုရှိနေသည့် ASEAN အဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်မှုများရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့နောက် ပညာရှင်များက သမ္မတ Trump ၏ ရာသီဥတုပြုပြင်ပြောင်းလဲရေးဆိုင်ရာ Paris သဘောတူညီမှုနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့မှ နုတ်ထွက်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်း၌ သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ကြကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အင်အားကြီးနိုင်ငံများ မဟုတ်သော်လည်း နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးတွင် အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးနိုင်သည်ဟု University of Copenhagen မှ ပညာရှင် Melissa Hubahib Loja က ပြောကြားထားကြောင်း၊ အင်အားကြီးနိုင်ငံမဟုတ်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏လုပ်နိုင်စွမ်းများ ဆက်လက်ခိုင်မာအားကောင်းစေရန် နိုင်ငံရေးကဏ္ဍများတွင် စဉ်းစားချင့်ချိန်၍ နည်းလမ်းများချမှတ်ရန်လိုအပ်သည်ဟု ပြောကြားထားကြောင်း၊ စင်ကာပူနိုင်ငံ Nanyang Technological University မှ ပညာရှင် Collin Koh Swee Lean က စင်ကာပူနိုင်ငံသည် သေးငယ်ပြီး အဓိကစီးပွားရေးအနေဖြင့် ကုန်သွယ်ရေးကို အလေးထားလုပ်ကိုင်နေရသော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးတွင် ကောင်းမွန်သည့် နိုင်ငံခြားရေးမူဝါဒကို ထိန်းသိမ်းထားနိုင်သည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ASEAN အဖွဲ့ဝင်ကဲ့သို့သော ဒေသတွင်းနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ ကမ္ဘာ့လှုပ်ရှားမှုများတွင်ပါဝင်နိုင်ရန် မိတ်ဖက်ရွေးချယ်ဆက်ဆံခြင်းထက် နိုင်ငံအများနှင့်လက်တွဲလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမှုသည် အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးကို ခြိမ်းခြောက်စေသည့်အတွက် ကုန်သွယ်ရေးကိစ္စရပ်များတွင် ဒေသတွင်းနိုင်ငံအချင်းချင်း သဘောတူညီချက်များ ပိုမို ဖြစ်ပေါ်လာနိုင်ပြီး ASEAN အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင်တွေ့နိုင်လိမ့်မည်ဟု ပညာရှင် Koh က ထပ်လောင်းပြောကြားခဲ့ကြောင်း၊ University of Tokyo မှ ပညာရှင် Maria Thaemar Tana က ASEAN အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အုပ်စုတစ်စုတည်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းထက် မိမိတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အခြားသောအုပ်စုများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အတွက် အကောင်းဆုံးမဟာဗျူဟာဖြစ်သည်ဟု ယူဆ လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဤသို့ဆက်လက်ယူဆနေမည်ဆိုပါက အာဆီယံအဖွဲ့၏ ဒေသအတွင်းဩဇာလွှမ်းမိုးနိုင်မှုသည် အဖွဲ့ဝင်အချင်းချင်း သဘောထားကွဲလွဲမှု၊ ဆွေးနွေးညှိနှိုင်းမှု အားနည်းခြင်းနှင့်ပြည်ပဖိအားများကြီးထွားလာခြင်းကြောင့် ကန့်သတ်ချက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြထားပါသည်။

Asian Center မှ တွဲဖက်မောက္ခ Aaron Jed Rabena က Asian အဖွဲ့ဝင်နိုင်ငံများသည် သမ္မတ Trump ၏ ခန့်မှန်း၍မရသော ကုန်သွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒပြောင်းလဲမှုများကြောင့် အမေရိကန်နိုင်ငံအပေါ်မှီခိုနေမှုများ လျှော့ချလာခဲ့ကြသည်ကို တွေ့ရှိရကြောင်း၊ သို့သော် ASEAN အဖွဲ့ဝင်နိုင်ငံများ၏ မဟာဗျူဟာများသည် ၎င်းတို့၏သဘောထားအမြင်၊ လက်တလောကြုံတွေ့ရသည့် ခြိမ်းခြောက်မှုနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အချိန်နှင့်အမျှပြောင်းလဲလျက်ရှိကြောင်း၊ ASEAN အဖွဲ့ဝင်နိုင်ငံအများစုသည် တရုတ်နိုင်ငံနှင့်အငြင်းပွားမှု မရှိသော်လည်း ဖိလစ်ပိုင်နိုင်ငံမှာမူ တရုတ်နိုင်ငံနှင့် တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည့်အပြင် အမေရိကန်နိုင်ငံနှင့်ပင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း၊ ၎င်းအခြေအနေသည် ဖိလစ်ပိုင်နိုင်ငံအတွက် မဟာဗျူဟာမြောက် စိန်ခေါ် မှုများဖြစ်ပြီး ၎င်းတို့အကြားသင့်တော်သည့် နိုင်ငံခြားရေးမူဝါဒများကျင့်သုံးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ပြောကြားထားကြောင်း ဖော်ပြထားပါသည်။

Asian Center မှ ပညာရှင် Noel Christian Moratilla က ကြားနေဝါဒဆိုသည်မှာ အချိန်တစ်ခု၌ အရေးကြီးသောအရာနှင့် ဆက်စပ်နိုင်မှုများကို ရှာဖွေသိရှိခြင်းပင်ဖြစ်ကြောင်း၊ ၁၉၆၁ ခုနှစ်၊ စစ်အေးကာလအတွင်း Non-Aligned Movement (NAM) ကို တည်ထောင်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အမေရိကန်၊ တရုတ်နိုင်ငံတို့နှင့် အငြင်းပွားခြင်းထက် အခြား ASEAN အဖွဲ့ဝင်နိုင်ငံများ၏ နည်းလမ်းများကိုလေ့လာ၍ နှစ်နိုင်ငံအကြား ချိန်ညှိလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ပြောကြားထားကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံမှ သုတေသနပညာရှင် Irine Hiraswari Gayatri က အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အမေရိကန်ဈေးကွက်အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ရန် အခြားစီးပွားရေးမိတ်ဖက်များ ရှာဖွေလျက်ရှိကြောင်း၊ ဥပမာအားဖြင့် BRICS အဖွဲ့တွင် အင်ဒိုနီးရှားနိုင်ငံပါဝင်လာမှုသည် မဟာမိတ်အသစ်များ ဖန်တီးလိုသည့်ရည်ရွယ်ချက်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံသည် မဟာဗျူဟာဆိုင်ရာလွတ်လပ်မှု (strategic autonomy) ကို ထိန်းသိမ်းထားသော်လည်း တရုတ်၊ အမေရိကန်နိုင်ငံတို့နှင့်ပါ မဟာမိတ်ဆက်ဆံရေးကို ထိန်းညှိစီမံလျက်ရှိသည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်ချက်

ဆောင်းပါးတွင် ASEAN အဖွဲ့ဝင်ဒေသတွင်းနိုင်ငံများအနေဖြင့် အမေရိကန်သမ္မတ Donald Trump ၏မူဝါဒများမှ သက်ရောက်မှုအား ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံအပေါ် မှီခိုနေရမှုကို လျှော့ချရန် လိုအပ်သည်ဟု Webinar ဆွေးနွေးပွဲတစ်ခုအတွင်း ပညာရှင်များက သုံးသပ်ချက်များ၊ ခန့်မှန်းချက်များကို ရေးသားဖော်ပြထားရှိပါသည်။ ASEAN အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်နိုင်ငံ၏ စည်းကြပ်ခွန်တိုးမြှင့်ခြင်း၊ ကမ္ဘာ့အဖွဲ့အစည်းများမှ နုတ်ထွက်ခြင်းတို့အပေါ် စိုးရိမ်လျက်ရှိပြီး ဒေသအတွင်း သက်ရောက်မှုများဖြစ်ပေါ်မလာစေရေး ကြိုတင်ပြင်ဆင် နေခြင်းဖြစ်ပါသည်။ ဆွေးနွေးပွဲအရ ပညာရှင်များသည် ASEAN နိုင်ငံများအား အင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေးကို ထိန်းညှိဆောင်ရွက်ရန် အကြံပြုနေခြင်းဖြစ်ပြီး ဒေသတွင်း ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အကြံပေးပြောကြားနေခြင်းဖြစ်သည်ဟု ယူဆမိပါသည်။

အမေရိကန်နိုင်ငံ၏ မူဝါဒပြောင်းလဲမှုများနှင့် တရုတ်နိုင်ငံအပေါ် ပစ်မှတ်ထားနေမှုများမှ အာဆီယံအပေါ်သက်ရောက်မှုများသည် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအပေါ်လည်း ထိခိုက်မှုများ ရှိလာနိုင်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နှင့် ဆက်ဆံရေးတည်ဆောက်ထားရှိမှုတို့ကြောင့် အမေရိကန်နိုင်ငံ၏ မူဝါဒအပြောင်းအလဲများသည် မြန်မာနိုင်ငံအတွက် အဟန့်အတားအချို့ဖြစ်ပေါ်လာစေနိုင်ပါသည်။ ထို့ကြောင့် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား အလွန်အကျွံမှီခိုအားထားနေမှုကို သတိထားခြင်းဖြင့် စီးပွားရေးအရ ASEAN အဖွဲ့အပြင် အခြားနိုင်ငံများနှင့် ဈေးကွက်စီးပွားရေးချဲ့ထွင်ခြင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ ပြည်တွင်းကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံခြားရေးမှုဝါဒများ ချိန်ညှိချမှတ်ခြင်းများ လုပ်ဆောင်သင့်သည်ဟု ယူဆမိပါသည်။ ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားသည် နိုင်ငံ၏သဘောထားအမြင်နှင့် မူဝါဒများအပေါ် များစွာမူတည်လျက်ရှိသောကြောင့် ပြောင်းလဲလာနိုင်သည့် ကမ္ဘာ့နိုင်ငံရေးရေချိန်ကို စောင့်ကြည့်လေ့လာ၍ သင့်တော်မှန်ကန်သည့်နိုင်ငံရေးမူဝါဒများချမှတ်နိုင်ရန် လိုအပ်သည်ဟု ယူဆမိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

နိုင်ငံတကာသတင်းထုတ်ပြန်ချက်များလေ့လာရေးအဖွဲ့ (International News Monitoring Team)

ပြည်ထောင်စုအကျိုးနှင့် အမျိုးသားရေးစိတ်ဓာတ်
-

လူ၏ သဘောသဘာဝသည်ပင်လျှင် တစ်ဦးတည်း သီးခြားရပ်တည်နေထိုင်သည့် အမူအကျင့်မရှိဘဲ မိဘနှစ်ပါးမှ မွေးဖွားလာကတည်းက မိသားစုဘဝကိုရရှိခဲ့ကြသည်။ သွေးရင်းသားရင်းမိသားစုများမှ ဆွေမျိုးသားချင်းများဟူ၍ ဖြစ်လာကြပြီး ထိုမှတစ်ဆင့် ဆွေမျိုးစု၊ မျိုးနွယ်စုများအဖြစ် ပိုမိုကြီးမားသည့် လူ့အဖွဲ့အစည်းဖြစ်လာကာ လူမျိုးစုအထိ ကျယ်ပြန့်လာသည့်သဘောဖြစ်ပါသည်။

ထို့အပြင် လူဟူသည် အခြားသတ္တဝါများထက် ပို၍အသိဉာဏ်ရှိပြီး ဆည်းပူးလေ့လာသင်ယူနိုင်စွမ်းလည်းရှိကြသည်။ မိမိသင်ယူမှတ်သားထားသည်များကို အခြေခံကာ ဆင့်ပွားတွေးခေါ်ဆင်ခြင်နိုင်စွမ်းလည်းရှိပေသည်။ ထိုမှတစ်ဆင့် တီထွင်ဖန်တီးခြင်း၊ ပိုမိုကောင်းမွန်ဆန်းသစ်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်ကြပေသည်။ ထို့ပြင် ခံစားတတ်သည့် နှလုံးသားလည်းရှိသည်မို့ စိတ်ခံစားမှုအမျိုးမျိုးကို ကူးစက်ခံစားနိုင်ကြသည်။ ထိုမှ နားလည်စာနာစိတ်၊ ကိုယ်ချင်းစာစိတ်၊ ကိုယ်ကျိုးစွန့်အနစ်နာခံလိုစိတ်စသည့် အကောင်းမြင်စေတနာသဒ္ဓါတရားများ ပေါ်ပေါက်လာတတ်သကဲ့သို့ မခံချင်စိတ်၊ ရန်လိုအမုန်းပွားစိတ်၊ နာကြည်းစိတ် စသည့်အဆိုးမြင် အာဃာတတရားများလည်း ပေါ်ပေါက်လာတတ်ကြပါသည်။

လူသားတာဝန်

အကောင်းမြင်စိတ်ရှိမှသာ တိုးတက်မှုကို ရှေးရှုနိုင်မည်ဖြစ်ပြီး အဆိုးမြင်စိတ်ဟူသည် ပျက်စီးရာ ပျက်စီးကြောင်းကိုသာ ဦးတည်တတ်သည်ကို လူတိုင်းအသိပင်ဖြစ်သည်။ ဆိုလိုချင်သည်မှာ လူဟူ၍ဖြစ်လာလျှင် မိမိကိုယ်တိုင်ပါဝင်သည့် လူ့အဖွဲ့အစည်းလူ့လောက လူ့အသိုင်းအဝိုင်းကို အကောင်းမြင်စိတ်ဖြင့် တိုးတက်အောင် ဝိုင်းဝန်းတည်ဆောက်ကြဖို့ တာဝန်ရှိနေသည်ဟူသော အချက်ဖြစ်သည်။ ထိုတာဝန်ကို မည်သူကပေးထားသနည်းဟုမေးလျှင် မွေးကတည်းကပါလာသည့် လူသားတာဝန်ဟုသာ ဖြေဆိုရပါမည်။ အဆိုပါတာဝန်ကိုလည်း တခုတ်တရ သတ်သတ်မှတ်မှတ် လုပ်ဆောင်ရန်မဟုတ်ဘဲ မိမိက စိတ်စေတနာကောင်းထားခြင်း၊ အများအကျိုးကို လိုလားခြင်း၊ မိမိကြောင့် သူတစ်ပါးအကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်မျိုးများကို ရှောင်ရှားခြင်း၊ လူအချင်းချင်း ရိုင်းပင်းညှာတာထောက်ထားခြင်းတို့ဖြင့် ပြုမူကျင့်ကြံပြောဆိုနေထိုင်ရုံလောက်ဖြင့်ပင် လူသားတာဝန်ကို ကျေပွန်ရာရောက်သည်ဟု ဆိုနိုင်ပေသည်။

မိမိနေထိုင်ရာနိုင်ငံ၏ လိုအပ်ချက်အရ အရေးကြုံလာပြီဆိုလျှင်တော့ မိမိအနေဖြင့် သည်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် မိမိတွင်လည်း တာဝန်ရှိသည်ဟူသော အသိစိတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များဖြင့် ကိုယ်ကျိုးစွန့် အနစ်နာခံလိုသည့် အသိစိတ်ဓာတ်မျိုးအထိ ရှိထားရန်လိုသည်။ သို့မှသာ နိုင်ငံသားတာဝန် ကျေပွန်ရာရောက်ပေမည်။ ယင်းသို့သော အသိစိတ်ဓာတ်မျိုးသည် တစ်စုံတစ်ယောက်က နှိုးဆော်တိုက်တွန်းရန်မလိုဘဲ နေရာဒေသ အချိန်အခါ အခြေအနေများအရ ဖြစ်ပေါ်လာရမည့်အသိ စိတ်ဓာတ်ဟုပင် ဆိုချင်ပါသည်။ မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များ၊ မိမိနယ်မြေ၊ မိမိဒေသ၊ မိမိနိုင်ငံတွင် ဖြစ်ပျက်နေသည်များကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာ မိမိအနေဖြင့် မည်သို့သော အခန်းကဏ္ဍမှ ပါဝင်ပေးရမည်နည်းဆိုသည့် အသိစိတ်ဓာတ်မျိုး နိုင်ငံသားအားလုံးတွင် ရှိထားကြမည်ဆိုလျှင် အဆိုပါနိုင်ငံသည် စည်းလုံးညီညွတ်မှုရှိသောနိုင်ငံသားများကို ပိုင်ဆိုင်ထားပြီး တစ်စထက်တစ်စ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည်မှာ ဧကန်မုချပင်ဖြစ်ပါသည်။

ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်

နိုင်ငံသားများသည် အဆိုးဘက်တွင် ညီညွတ်သည်ထက် အကောင်းဘက်တွင်သာ ညီညွတ်ကြရန် လိုအပ်ပါသည်။ ယနေ့မိမိတို့နိုင်ငံတွင် အကောင်းမြင်စိတ်ဖြင့် အကောင်းဘက်သို့ ဦးတည်သည့် ညီညွတ်မှုမျိုး အထူးလိုအပ်နေချိန်ဖြစ်ပါသည်။ လတ်တလောနိုင်ငံအခြေအနေကို ပြန်ကြည့်လိုက်လျှင် အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှု ပျက်သုဉ်းနေပြီး လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိသည်။ သည်လိုအနေအထားမျိုးတွင် နိုင်ငံသားများက မိမိနှင့်မဆိုင်ဟုဆိုကာ နေသာသလိုနေရမည့်အချိန်မဟုတ်ပေ။ တည်ငြိမ်အေးချမ်းမှုရရှိစေရန်အတွက် နိုင်ငံတော်အစိုးရနှင့်အတူ လိုအပ်သလို ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ နိုင်ငံသားတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ညီညွတ်မှုအင်အားကို ပြသရမည့်အချိန်ဖြစ်သည်။

နိုင်ငံသားပြည်သူများ ပူးပေါင်းပါဝင်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ဥပမာ မိမိဒေသတွင် ပြည်သူ့စစ်အဖွဲ့များရှိလျှင် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်းမျိုး၊ မိမိရပ်ကွက်ကို လုံခြုံအောင် အလှည့်ကျကင်းစောင့်ခြင်းမျိုး၊ အကြမ်းဖက်သမားများအတွက် ငွေကြေးထောက်ပံ့မှု၊ အွန်လိုင်း မီဒီယာမှတစ်ဆင့် အားပေးအားမြှောက်ပြုမှုများ မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းမျိုး၊ ပုံမှန်မဟုတ်သည့်လုပ်ရပ်များကို မသင်္ကာဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ခြင်းမျိုးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ပါသည်။ ယင်းသို့သောလုပ်ရပ်များသည် နိုင်ငံသားတစ်ယောက်၏ တာဝန်များပင် ဖြစ်သည်။ ထိုသို့သော အသိစိတ်ဓာတ်ဖြင့် အစဉ်အမြဲသတိရှိနေမည်၊ အသိရှိနေမည်၊ အသင့်ရှိနေ မည်ဆိုလျှင် နိုင်ငံအတွက် အားထားရသည့် နိုင်ငံသားတစ်ယောက်ဖြစ်ပြီဟု ဆိုချင်ပါသည်။ အသိစိတ်ဓာတ်ပြည့်ဝသည့် နိုင်ငံသားများနေထိုင်သော နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုဆီ အစဉ်အမြဲ ဦးတည်နေမည်သာဖြစ်ပေသည်။

နိုင်ငံသားတစ်ယောက်သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ဆောင်ချက်များနှင့်လည်း တစ်သားတည်းရှိရန်လိုအပ်ပါသည်။ သာမန်အားဖြင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း၊ ပေးဆောင်ရမည့်အခွန်အခများကို ပေးဆောင်ခြင်း၊ ဥပဒေချိုးဖောက်မည့်သူများကို ဝိုင်းဝန်းတားဆီးကာကွယ်ခြင်း၊ ဥပဒေထိန်းသိမ်းရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ရှိသူများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ခြင်းတို့ ပြုလုပ်သည်ဆိုလျှင်ပင် အစိုးရနှင့် တစ်သားတည်းရှိနေပြီဟု ဆိုနိုင်ပါသည်။ အစိုးရအဖွဲ့ဟူသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒများချမှတ် ဆောင်ရွက်ကြသည် ချည်းဖြစ်သည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားအတွက် ရည်ရွယ်ထားကြခြင်းဖြစ်၍ နိုင်ငံသားများကလည်း အစိုးရနှင့် ရည်မှန်းချက်တူသူများအဖြစ် ပြည်ထောင်စုအကျိုး လိုလားသူများလည်းဖြစ်သည်။ ယင်းကိုပင် ပြည်ထောင်စုစိတ်ဓာတ်ဟု ဆိုရမည်ဖြစ်ပါသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည်

ပြည်ထောင်စုစိတ်ဓာတ်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သကဲ့သို့ အစုအဖွဲ့အလိုက်၊ တိုင်းရင်းသား လူမျိုးစုအလိုက်နှင့်လည်း သက်ဆိုင်နေပါသည်။ ဒို့တာဝန်အရေးသုံးပါးတွင် ပြည်ထောင်စုမပြိုကွဲရေး ကို ဖော်ပြထားရာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံး စိတ်ဝမ်းမကွဲရေးကို ဆိုလိုရာရောက်ပြီး ပြည်ထောင်စု၏ နယ်မြေအစိတ်အပိုင်းတစ်ခု တလေမျှကိုပင်လျှင် ပြိုကွဲမသွားရအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန်လည်း ဆိုလိုခြင်းဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး စိတ်ဝမ်းမကွဲဘဲ ချစ်ခင်စည်းလုံးကြရန်၊ နိုင်ငံနယ်နိမိတ်အတွင်းရှိ မည်သည့်နယ်မြေအစိတ်အပိုင်းကိုမျှ မဆုံးရှုံးရလေအောင် ကာကွယ်စောင့်ရှောက်ကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု ခံယူထားကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ပြည်ထောင်စုစိတ်ဓာတ်ဟူသည် မည်သည့်အဖွဲ့အစည်းဖြစ်စေ၊ မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ၊ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းစဉ်လာများ မည်သို့ပင် ကွဲပြားသည်ဖြစ်စေ ပြည်ထောင်စုတစ်ဝန်းလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အရေးကိစ္စမျိုးတွင် ကွဲပြားခြားနားမှုမရှိ တစ်သွေးတည်း တစ်သားတည်းဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ဤတွင် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသည့် ဖဆပလညီလာခံတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့်မိန့်ခွန်းကို ကောက်နုတ်တင်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းက “လူမျိုးဆိုတာ ဒုက္ခသုခ အတူခံစားကြပြီးတော့ နီးနီးစပ်စပ် အကျိုးထပ်ပြီး နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပဲလို့ စိတ်ထားရှိသူတွေကို တစ်စုတည်းပေါင်းပြီးခေါ်တာပဲဖြစ်တယ်။ အမျိုး အနွယ်၊ ကိုးကွယ်တဲ့ဘာသာတရား၊ ပြောဆိုတဲ့ ဘာသာစကားတို့ကို အရေးထားရမှာဖြစ်ပေမယ့် တကယ်စင်စစ်ကတော့ အေးအတူပူအမျှ ကောင်းတူ ဆိုးဖက်ပေါင်းပြီး နေထိုင်လိုတဲ့အစဉ်အလာဆန္ဒပေါ်မှာ ဝံသာနုရက္ခိတတရားက တည်နေတာဖြစ်တယ်” ဟု မိန့်ကြားခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများအားလုံး မည်သို့ပင် မတူကွဲပြားခြားနား ကြစေကာမူ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပူးပေါင်းနေထိုင်ကြရမည့်စိတ်ထားကို မွေးမြူကြရန် တိုက်တွန်း ထားခြင်းဖြစ်သည်။ ယင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဟူသည့် အဓိပ္ပာယ်နှင့် ထပ်တူကျနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကိုကြည့်လျှင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံခြင်းမရှိဘဲ မိမိတို့နယ်မြေဒေသအလိုက် လွှမ်းမိုးခြယ်လှယ်လိုသည့် ကိုယ်ကျိုးအတ္တအတွက်သာ ဦးတည်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ အဆိုပါအတ္တအကျိုးစီးပွားများသည် ၎င်းတို့၏ နယ်မြေဒေသအတွက် လည်းအကျိုးမရှိ၊ ၎င်းတို့၏ တိုင်းရင်းသားလူမျိုးများ အတွက်လည်း အကျိုးမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးကြရသည့်အပြင် ဒေသတွင်းရှိ လမ်းတံတား၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်၊ ဆက်သွယ်ရေးတာဝါတိုင်စသည့် အခြေခံအဆောက်အအုံများပါ ပျက်စီးဆုံးရှုံး နေရသည်။ ယင်းသည် ပြည်ထောင်စု၏ ဆုံးရှုံးမှုဖြစ်သကဲ့သို့ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဆုံးရှုံးမှုများလည်း ဖြစ်ပေသည်။

ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်နေသော လက်ရှိအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေး အဖြေရှာပြီး တရားဥပဒေနှင့်အညီ ဒီမိုကရေစီနည်းလမ်းကျစွာ လက်တွဲဖြေရှင်းကြရန် ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြပြီဖြစ်၍ ပြည်ထောင်စုအကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဖော်ဆောင်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းနှိုးဆော်တင်ပြလိုက်ရပါသည်။ ။

Source: moi.gov.mm

မျိုးချစ်သစ္စာ