ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya သည် မကြေညာဘဲ အလည်အပတ် ခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ ရောက်ရှိ

News Image

japan foreign affairs minister visit ukraine

နိုဝင်ဘာ ၁၇

ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya သည် မကြေညာဘဲ အလည်အပတ် ခရီးစဉ်အဖြစ် ကိယက်ဗ်မြို့သို့ ရောက်ရှိခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ယူကရိန်းအပေါ် ဂျပန်၏ ရပ်တည်ချက်ကို ပြသရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ ရောက်ရှိလာကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Iwaya သည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andriy Sybiha နှင့် တွေ့ဆုံမည်ဖြစ်ပြီး နောက်ပိုင်းတွင် သမ္မတ Zelensky နှင့်လည်းတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တိုင်ဖွန်းမုန်တိုင်း Man Yi ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်

News Image

typhoon man yi

နိုဝင်ဘာ ၁၇

တိုင်ဖွန်းမုန်တိုင်း Man Yi  သည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်ခဲ့ပါသည်။ ဤသည်မှာ တစ်လအတွင်း ခြောက်ကြိမ်မြောက် မုန်တိုင်းဝင်ရောက်ခြင်းဖြစ်သည်။

တိုင်ဖွန်းမုန်တိုင်းသည် စနေနေ့ညမှ တနင်္ဂနွေနေ့မနက်ပိုင်းတွင် Catanduanes ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသပညာရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာများက ရေးသားဖော်ပြကြသည်။

တရုတ်နိုင်ငံသည် 1 kW ထုတ်လုပ်နိုင်သည့်ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်

News Image

ocean sola
ocean sola

နိုဝင်ဘာ ၁၇

တရုတ်နိုင်ငံသည် 1 kW ထုတ်လုပ်နိုင်သည့်ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆ်ိုပါ နေရာသည် Dongying City ကမ်းရိုးတန်းမှ ၈ ကီလိုမီတာအကွာတွင် တည်ရှိပြီး ဧရိယာ၁,၂၂၃ ဟက်တာကျော် ကျယ်ဝန်းကာ နှစ်စဉ် ၁.၇၈ ဘီလီယံ ကီလိုဝပ်နာရီ ထုတ်လုပ်မည့် ၂,၉၃၄ panels ပါ၀င်ပြီး အိမ်ခြေ ၂.၆၇ သန်းအတွက် လုံလောက်မည်ဖြစ်သည်ဟု နိုင်ငံပိုင်ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော်၊အောက်လွှတ်တော်နှင့် ဒေသဆိုင်ရာအစိုးရ နေရာအများစုတွင် အနိုင်ရရှိ

News Image

presidential result
us senate result
house result
governor result

နိုဝင်ဘာ ၁၄ 

ဒီမိုကရက်တစ်ပါတီသည် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်အပြင် အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် ဒေသဆိုင်ရာအစိုးရရွေးကောက်ပွဲများတွင်လည်း ရှုံးနိမ့်ခဲ့ရပြီး ရီပတ်ဘလီကင်ပါတီက အထက်လွှတ်တော်၊အောက်လွှတ်တော်နှင့် ဒေသဆိုင်ရာအစိုးရနေရာအများစုတွင် အနိုင်ရရှိလိုက်ကြောင်း The Guardian သတင်းကဖော်ပြခဲ့သည်။