နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

News Image

Asia Buddhist Summit 2024 အစည်းအဝေးသို့ သီတဂူအဓိပတိဆရာတော်ကြီး တက်ရောက်

နယူးဒေလီ နိုဝင်ဘာ ၆

International Buddhist Confederation ၏ ဖိတ်ကြားချက်အရ အဘိဓဇမဟာရဋ္ဌဂုရုသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူအဓိပတိဆရာတော်ကြီးသည် ဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာအနှံ့ပြန့်ပွား စေရန် ရည်ရွယ်၍ နိုဝင်ဘာ ၆ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အသောကဟိုတယ်၌ ကျင်းပသော ပထမအကြိမ် Asia Buddhist Summit 2024 သို့ တက်ရောက်သည်။

သဘောထားကွဲလွဲမှု ဖြစ်ပွားပြီး ဝန်ကြီးချုပ် နေတန်ယာဟုက ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါးလန့်ကို ရာထူးမှထုတ်ပယ်

News Image

middle east conflict

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ယုံကြည်ချက်ပျက်ပြားမှုကြောင့် ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂါးလန့်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်က ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းနှင့် ဂါးလန့်တို့အကြား လွန်ခဲ့သည့် လအနည်းငယ်အတွင်း ယုံကြည်မှုပျက်ပြားသွားခဲ့ကြောင်း ဖော်ပြထားသည်။ အစ္စရေးနိုင်ငံ၏ လုံခြုံရေးသည် ၎င်း၏တာဝန်ဖြစ်ကြောင်းနှင့် မိမိတွင် တာဝန်အဖြစ် အမြဲတမ်းဆက်လက်ရှိနေမည်ဖြစ်ကြောင်း ဂါးလန့်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိဟု ထရမ့်ပြောကြား

News Image

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိဟု ထရမ့်ပြောကြား

မီဒီယာများက ကိုယ်စားလှယ်ဆန္ဒမဲ ၂၇၀ ထက် မနည်းရရှိမည်ဟု ခန့်မှန်းခဲ့ပြီးနောက် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပြိုင်ပွဲတွင် မိမိအနိုင်ရရှိခဲ့ကြောင်း နိုဝင်ဘာ ၆ ရက်အစောပိုင်းက ကြေညာ ခဲ့သည်။

အမေရိကန်သမ္မတရာထူးကို ရရှိရန် ကိုယ်စားလှယ်ဆန္ဒမဲအနည်းဆုံး ၂၇၀ လိုအပ်သည်။

ဖလော်ရီဒါ West Palm Beach ရှိ ၎င်း၏ ရွေးကောက်ပွဲရုံးချုပ်၌ မိန့်ခွန်းပြောကြားရာတွင် အမေရိကန်ကို ကုစားရန် ကတိပေးခဲ့သလို အမေရိကန်-မက္ကဆီကို နယ်စပ်ကိုလည်း ပြင်ဆင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။