နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဗျူဟာများနှင့် အမိမြန်မာနိုင်ငံ

Posted_Date

Image

မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဗျူဟာများနှင့် အမိမြန်မာနိုင်ငံ

Body

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာမှာ နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင် အားနဲ့ ကာကွယ်ရေးမောင်းနှင်အားဆိုပြီး မောင်းနှင်အား သုံးမျိုးရှိပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုရှိမယ်၊ စည်းလုံးညီညွတ်မှု ရှိမယ်ဆိုရင်   နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါကလည်း  ကာကွယ်ရေးအင်အား ကောင်းမွန်မှာဖြစ်ပါတယ်။   ဒီအင်အားနှစ်ခု ကောင်းမွန်နေဖို့အတွက် အခြေခံကတော့ စီးပွားရေးအင်အားပဲ ဖြစ်ပါတယ်။ စီးပွားရေး မောင်းနှင်အားဟာ တိုင်းပြည်အတွက် အဓိကကျပါတယ်။

မိမိတို့နိုင်ငံဟာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်တွေကို အောင်မြင်အောင်ထုတ်လုပ်နိုင်တဲ့ အခြေခံ ကောင်းတွေကို ပိုင်ဆိုင်ထားရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့အတွက် နိုင်ငံတကာ မှာ  စားရေရိက္ခာလုံခြုံရေး Food Security ကို များစွာအထောက်အကူပြုနိုင်တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ စားသောက်ကုန်တွေ၊ လူသုံးကုန်တွေကို ဒေသထွက်ကုန်ကြမ်းတွေ အသုံးပြုပြီး အရည်အသွေးမြင့်ထုတ်လုပ်ကာ ဒေသတွင်းစီးပွားရေး ဖြစ်တဲ့ ပြည်တွင်းထွက်ကုန်ကနေ ပြည်ပပို့ကုန်ထိ မျှော်မှန်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်မှုရေချိန်တစ်ခုကို အားလုံးလှမ်းမျှော်မြင်တွေ့ကြမှာလည်း ဖြစ်ပါတယ်။ ဒီကတစ်ဆင့် ပြည်ပပို့ကုန်ဆိုတဲ့အပိုင်းမှာလည်း မိမိတို့နိုင်ငံရဲ့ ဘိုးဘွားအမွေ ပထဝီမြေဟာ  ဘယ်လိုနေရာမျိုးပိုင်ဆိုင်ထားပါသလဲ၊ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံ့စီးပွားရေးကို ပြည်ပအထိ ဘယ်လိုထိုးဖောက်ဆောင်ရွက်သွားမလဲဆိုတာ နိုင်ငံသားတိုင်း  သိသင့်တဲ့ အချက် တစ်ချက်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်  ဒီနေရာမှာ စာရေးသူဟာ မြန်မာနိုင်ငံပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေနဲ့ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာ ရည်မှန်းချက်အချို့ကို စာဖတ်သူများထံ သတင်းစကားပါးသွားမှာပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဆိုသည်မှာစာရေးသူဆိုခဲ့တဲ့ မဟာဗျူဟာရည်မှန်းချက်တွေကို မပြောခင်မှာ မဟာမဲခေါင်ဒေသခွဲရဲ့ သမိုင်းအကျဉ်းကို စာဖတ်သူတို့နဲ့ မိတ်ဆက်ပေးချင်ပါသေးတယ်။ မဟာမဲခေါင်ဒေသခွဲ( Greater Mekong Subregion-GMS ) ဟာ အင်ဒိုချိုင်းနားကျွန်းဆွယ်မှာ တည်ရှိပါတယ်။ အာရှဒေသမှာ ရှိတဲ့  မဲခေါင်မြစ်ရဲ့ နိုင်ငံဖြတ်ကျော်ဒေသတစ်ခုလို့ ဆိုရပါမယ်။ အာရှဖွံ့ဖြိုးရေးဘဏ်( Asian Development Bank-ADB) ဟာ ၁၉၉၂ ခုနှစ်မှာ အာရှဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို စတင်ရေးဆွဲခဲ့တယ်။  ဒီအစီအစဉ်မှာ အာရှဒေသတွင်း ခြောက်နိုင်ငံဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့ပါဝင်ခဲ့ကြတယ်။ မဟာမဲခေါင်ဒေသခွဲ (GMS) ဆိုတာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ တစ်လျှောက်ဖြစ်ပြီး မြေဧရိယာအကျယ်အဝန်း ၂ ဒသမ ၆ သန်း စတုရန်းကီလိုမီတာနဲ့ လူဦးရေပေါင်း ၃၂၆ သန်းကျော် မှီတင်းနေထိုင်တဲ့ ဒေသခွဲကြီးတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့ပြင် မဟာမဲခေါင်ဒေသခွဲဟာ အရှေ့အာရှ၊   တောင်အာရှနဲ့အရှေ့တောင် အာရှဒေသတွေရဲ့ Land Bridge (ကုန်းမြေပေါင်းကူး)တစ်ခုအဖြစ် မဟာဗျူဟာကျကျ အရေးပါနေတယ်ဆိုတာကို စာဖတ်သူများဆီ မျှဝေပေးလိုပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)အတွင်းမှာရှိတဲ့ နိုင်ငံတွေဟာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  မဲခေါင်မြစ်ကော်မရှင်(Mekong River Commission -MRC) ၊ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်(GMS – Programme)နဲ့ အာဆီယံ-မဲခေါင်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် ( ASEAN - Mekong Basin Development Cooperation -AMBDC) စတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကိုပါ ချမှတ် ဆောင်ရွက်နေတာကို တွေ့ရပြန်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ကြတဲ့ နေရာမှာ  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ရယူဆောင်ရွက်ကြသလို အဓိကထောက်ပံ့ပေးတဲ့အဖွဲ့အစည်းကတော့ အာရှဖွံ့ဖြိုးရေး ဘဏ် (ADB)ပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွယ်ချက်ကတော့ ပိုမိုပေါင်းစည်း ၍  ပြည့်စုံကြွယ်ဝပြီး လိုက်လျောညီထွေမှုရှိသည့် မဲခေါင်ဒေသခွဲ ဖြစ်လာစေရေး၊ ချိတ်ဆက်မှု (Connectivity)   ပိုမိုကောင်းမွန်လာစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း( Competitiveness) မြင့်မားလာ စေရေးနှင့် အသိုက်အဝန်း(Community) စိတ်ဓာတ်ကို မြှင့်တင်ရေးတွေပဲဖြစ်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ၏ မဟာဗျူဟာဦးတည်ချက် လူ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်၊ ဒေသတွင်း နိုင်ငံတွေကြားမှာပဲဖြစ်ဖြစ်၊ ကမ္ဘာကြီးအတွင်းမှာပဲ ဖြစ်ဖြစ်ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း ဟာ  မည်ရွေ့မည်မျှ ခိုင်မာကျစ်လျစ်လည်းဆိုတာကို  အားလုံး သိချင်ကြမှာပါပဲ။ သူတို့ဘာတွေ လုပ်ကြမှာလဲ၊ ဒေသတွင်းကတစ်ဆင့် ပါဝင်တဲ့နိုင်ငံတွေထိ အမျိုးသား အကျိုးစီးပွားမည်ရွေ့မည်မျှ ခိုင်မာကောင်းမွန်သွားကြမှာလဲ၊ ပြည်သူတွေဘယ်လောက်  မျှော်လင့်ချက်ရေချိန်ထားနိုင်ကြမှာလဲ စတဲ့အချက်တွေဟာ ပေါ်ပေါက်လာတဲ့ ဒီအဖွဲ့အစည်းကြီးကို အကဲခတ်မေးမြန်းနေကြမယ့် မေးခွန်းများလည်းဖြစ်ပါတယ်။ဥပမာလက်ရှိကမ္ဘာကြီးက  စိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့ BRICS အဖွဲ့ အစည်းကြီးကို စိတ်ဝင်တစားစောင့်ကြည့်နေကြသလိုမျိုးလို့ ဆိုရမှာပေါ့။

GMS လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့အစည်းရဲ့ အစီအစဉ်ကဏ္ဍတွေကို လေ့လာကြည့် ကြမယ်ဆိုရင်-

(၁)     သယ်ယူပို့ဆောင်ရေးကဏ္ဍ (Transport)

(၂)     စွမ်းအင်ကဏ္ဍ (Energy)

(၃)     ဆက်သွယ်ရေးကဏ္ဍ(ICT)

(၄)     လယ်ယာစိုက်ပျိုးရေးကဏ္ဍ (Agriculture)

(၅)    သဘာဝပတ်ဝန်းကျင်ကဏ္ဍ (Environment)

(၆)    ခရီးသွားလုပ်ငန်းကဏ္ဍ (Tourism)

(၇)    ကျန်းမာရေးကဏ္ဍ (Health)

(၈)   ကုန်သွယ်ရေးနှင့်  သယ်ယူပို့ဆောင်မှု     လွယ်ကူချောမွေ့စေရေး ကဏ္ဍ (Tran sport  and  Trade Facilitation)

(၉)    မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍ  (Urban Development)

(၁၀) အခြားကဏ္ဍပေါင်းစုံနှင့် နယ်စပ်ဖြတ်ကျော် စီးပွားရေးဇုန်များ ( Other Multisector) စတဲ့ ကဏ္ဍအသွယ်သွယ်ရဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ မဟာဗျူဟာ  ဦးတည်ချက်တွေချမှတ်ထားတာကို လေ့လာတွေ့ရှိရတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)၏ ဖွဲ့စည်းဆောင်ရွက်မှုများ

 GMS ဒေသတွင်းနိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများရဲ့ တိုးတက်မှုအခြေအနေ အရပ်ရပ်ကိုတော့ GMS ထိပ်သီးအစည်းအဝေး၊ GMS စီးပွားရေးစင်္ကြံများဖိုရမ်၊ GMS ဝန်ကြီးအဆင့် အစည်းအဝေး၊  GMS အဆင့်မြင့်အရာရှိများ အစည်းအဝေးနဲ့ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး ဆောင်ရွက် တာကိုတွေ့ရတယ်။  GMS ရဲ့ (၈)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကိုတော့ ၂၀၂၄ ခုနှစ်   နိုဝင်ဘာလမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ မဟာမဲခေါင်ဒေသခွဲရဲ့ ကဏ္ဍအလိုက်လုပ်ငန်း(၇)ရပ် လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းအဖွဲ့တွေ၊ ကော်မတီတွေနဲ့ ဖိုရမ်များကိုဖွဲ့စည်းပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆောင်ရွက်နေတာကို တွေ့ရတယ်။ ဒီကဏ္ဍတွေကတော့ -

(၁)     စိုက်ပျိုးရေးလုပ်ငန်းအဖွဲ့

(၂)     ဒေသတွင်း စွမ်းအင်ကုန်သွယ်မှုညှိနှိုင်းရေးကော်မတီ

(၃)     ဒေသခွဲပို့ဆောင်ရေးဖိုရမ်

(၄)     ခရီးသွားလုပ်ငန်းအဖွဲ့

(၅)    မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့

(၆)    ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့

(၇)   ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ စတဲ့ကဏ္ဍတွေအလိုက်၊   လုပ်ငန်းအဖွဲ့အလိုက်၊ ကော်မတီအလိုက်  ဆွေးနွေးညှိနှိုင်းကြတာပဲဖြစ်တယ်။

ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ်   မည်သူကတာဝန်ယူပြီး နိုင်ငံအနေနဲ့ မည်သည့် လုပ်ငန်းတွေမှာ ပါဝင်နေကြတာလဲ၊  ကိုယ့်နိုင်ငံရဲ့ ပထဝီမြေအနေအထားကရော မဟာမဲခေါင်ဒေသခွဲစီမံကိန်းမှာ ဘယ်လောက်အရေးပါလဲဆိုတဲ့ အချက်ဟာ ကျွဲကူးရေပါ အသိမျိုးမဟုတ်ဘဲ တိတိပပသိရမယ့် အချက်ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS) တွင် မြန်မာနိုင်ငံမှဆောင်ရွက်မှုများ

မြန်မာနိုင်ငံရဲ့ GMS ဝန်ကြီးအဖြစ်   တာဝန်ယူဆောင်ရွက်နေတာကတော့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပဲ ဖြစ်ပါတယ်။ ဒါ့ပြင်  မြန်မာနိုင်ငံရဲ့  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံညှိနှိုင်းရေးမှူးရုံး၊   နိုင်ငံဆိုင်ရာ အတွင်းရေးမှူးရုံးတွေအဖြစ် တာဝန်ယူဆောင်ရွက်ပါတယ်။ ဒီနေရာမှာ  GMS အစီအစဉ်ကဏ္ဍများရဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပါဝင်တဲ့ GMS စီးပွားရေးစင်္ကြံလမ်းကြောင်း သုံးခုကို ကနဦးသိဖို့ လိုအပ်ပါတယ်။      

ဒီစင်္ကြံသုံးခုကိုကတော့ မြန်မာနိုင်ငံနဲ့ GMS အဖွဲ့ဝင်နိုင်ငံများကြား တောင်-မြောက်စီးပွားရေးစင်္ကြံမှာ ရန်ကုန် - ကူမင်း၊ အရှေ့-အနောက်စီးပွားရေးစင်္ကြံမှာ ဒါနန်း (ဗီယက်နမ်)-မော်လမြိုင်(မြန်မာ)-သီလဝါ(တိုးချဲ့)နဲ့ တောင်ပိုင်းစီးပွားရေးစင်္ကြံမှာ ဗန်ကောက်-ကန်ချနာဘူရီ-ထားဝယ် တိုးချဲ့အပိုင်းဆိုတဲ့ စင်္ကြံသုံးခုနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ဒေသတစ်လျှောက်ရဲ့ စာဖတ်သူများအနေနဲ့ မိမိဒေသများရဲ့ နိုင်ငံအတွက်အရေးပါမှုနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝစတဲ့  အနာဂတ်ပုံရိပ်များကို  လှမ်းမျှော်ရှုမြင်နိုင်မှာပဲဖြစ်ပါတယ်။

GMS အဖွဲ့ဝင် မြန်မာနိုင်ငံအနေနဲ့ တိုးတက်ပြောင်းလဲလာမယ့် လူဦးရေ၊ လူမှုစီးပွား၊ ပတ်ဝန်းကျင်  အခြေအနေဆိုင်ရာ အချက်အလက်တွေကို ကြိုတင်တွက်ဆ ထားပြီးဖြစ်တယ်။ တွက်ဆထားချက်များအရ နိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို အရည်အသွေးပြည့်ဝစေဖို့ GMS ၏ ကျန်းမာရေးမဟာဗျူဟာနှင့် ချိတ်ဆက်ပြီး ဒေသန္တရအစိုးရတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမှုတွေရှိနေကြောင်း လေ့လာတွေ့ရှိရတယ်။ နိုင်ငံတော်ရဲ့စီးပွားရေး ရည်မှန်းချက်ဖြစ်တဲ့ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်တွေကို ခေတ်မီနည်းစနစ်တွေသုံးပြီး အလေးထားဆောင်ရွက်လျက်ရှိတယ်။ ပြည်တွင်းပို့ကုန်မှသည် ပြည်ပပို့ကုန်အထိ တိုးမြှင့်နိုင်ဖို့နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ ဦးတည်ချက်ချမှတ် ဆောင်ရွက်နေတာကို   စာဖတ်သူတို့ သိမြင်ပြီးသားပဲဖြစ်ပါတယ်။  GMS အဖွဲ့ဝင်နိုင်ငံများနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေအပြင်  အဖွဲ့ဝင်နိုင်ငံများနှင့် ချုပ်ဆိုခဲ့တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားသောနိုင်ငံတကာ ကတိကဝတ်များကိုလည်း တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဦးတည်ချက်

စီးပွားရေးကဏ္ဍ တိုးတက်မှုတွေကို နိုင်ငံများမှာ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှု ကဏ္ဍစတဲ့   ကဏ္ဍတစ်ခုခုနဲ့  အကောင်အထည်ဖော် ဆောင်ရွက်မှုကိုကြည့်ပြီး နိုင်ငံတော်၏ GDP ကို တွက်ချက်ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့  စီးပွားရေးဦးတည်ချက်များတွင်  စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကအခြေခံထားတာကိုလည်း တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီလို အခြေခံထားရခြင်းအကြောင်းကလည်း မိမိနိုင်ငံရဲ့ ပထဝီပိုင်ဆိုင်မှုကိုက စိုက်ပျိုးမွေးမြူရေးကို အခြေခံစေတဲ့ သမိုင်းမြေခံဖြစ်နေလို့ပဲဆိုတာကို အားလုံးသိမြင်နားလည်ကြရပါမယ်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများက    ရရှိလာတဲ့ ထွက်ကုန်တွေကို ကုန်ထုတ်စွမ်းအားစုတွေအဖြစ်ပြောင်းလဲပြီး   ပြည်တွင်းဖူလုံမှုမှသည် ပြည်ပပို့ကုန်မြှင့်တင်ရေးအထိ   တိုးချဲ့မျှော်မှန်းဆောင်ရွက်ကြရပါမယ်။   မိမိနိုင်ငံရဲ့  ပြည်တွင်းထုတ်လုပ်မှုအတွက်  အသေချာဆုံးလုပ်ငန်းဟာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကနေ ကုန်ထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မဖြစ်မနေတိုးမြှင့် ဆောင်ရွက်သွားဖို့ တိုက်တွန်း ပြောကြားနေခြင်းပဲဖြစ်ပါတယ်။  နိုင်ငံတိုင်းမှာ သူ့လူ့စွမ်းအား အရင်းအမြစ်၊ သူ့ Productများနဲ့သူ   နိုင်ငံ့စီးပွားရေးကို ခိုင်မာအောင်တည် ဆောက်နေကြပါတယ်။ ကိုယ့်နိုင်ငံအနေနဲ့လည်း ကိုယ့်လူ့စွမ်းအား အရင်းအမြစ်၊ ကိုယ့် Product ကို ကိုယ်တိုင်တည်ဆောက်ပြီး  ကမ္ဘာကိုပြသနိုင်ရပါမယ်။ ကိုယ့်နိုင်ငံစီးပွားရေးကို အရှိန်အဟုန်မြှင့် တိုးတက်ပြီး  ပုံမှန်လည်ပတ်နိုင်အောင် ကြိုးစားကြရပါမယ်။ ဟုတ်ပါပြီ ၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရဲ့ ရှုထောင့်ကနေကြည့်ရင်လည်း ကိုယ့်နိုင်ငံရဲ့ပိုင်ဆိုင်ထားတဲ့ ရေခံမြေခံကောင်းဟာ မဟာမဲခေါင်ဒေသခွဲ (GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာ မည်ရွေ့မည်မျှ  အရေးပါနေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခုစာရေးသူ စိတ်ဝင်စားတာကတော့ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့  ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး ကဏ္ဍပါပဲ။ အဲဒါနဲ့ဆက်စပ်တဲ့ မဟာဗျူဟာကတော့  စင်္ကြံ  သုံးခုပါပဲ။ ဒီအပိုင်းမှာလည်း ကိုယ့်နိုင်ငံရဲ့ ပြည်ထောင်စုလမ်းမကြီးတွေရဲ့ အရေးပါနေပုံကို လယ်ပြင်မှာ  ဆင်သွားသလို အထင်းသားမြင်နေရပြန်ပါတယ်။

ဒါ့ပြင် ပြည်တွင်းရေလမ်းသယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းတွေကလည်း တွဲဖက်အရေးပါလာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့သယ်ယူ ပို့ဆောင်ရေးလမ်းမကြီးတွေဟာ  အမိမြန်မာနိုင်ငံမှသည် မဟာမဲခေါင်ဒေသခွဲထိဆိုတဲ့ ခရီးပန်းတိုင်တစ်ခုထိ  ဦးတည်နေတယ်ဆိုတာကို  အမိမြေရဲ့  သမိုင်းရေခံမြေခံတွေက  သက်သေညွှန်းဆိုနေပါတယ်။  ဒီလမ်းကြောင်းတွေက တစ်ဆင့်  မြင်လာရမယ့် အခြားသော  ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်များဟာ   ကန့်လန့်ကာနောက်ကွယ်က ပြကွက်ပြရုပ်များပမာ  စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။

အဓိက  သယ်ယူပို့ဆောင်ရေးလမ်းများဆီက နယ်စပ်ကုန်သွယ်ရေးဇုန်များရဲ့ အရေးပါမှုကို လည်း   အထင်းသားမြင်ရပြန်ပါတယ်။ဒီလမ်းမကြီးများမှာ မည်သို့သော  အခက်အခဲ အတားအဆီးများ ရှိနေစေကာမူ GMS အဖွဲ့ဝင်နိုင်ငံတစ်ခု၊ အဖွဲ့ဝင်နိုင်ငံများရဲ့ အသိုင်း အဝိုင်းနှင့်ဆိုလျှင်  တစ်စတစ်စပျောက် ကွယ်သွားမယ့် ဒီအခက်အခဲ အတားအဆီးများရဲ့ အနာဂတ်မှေးမှိန်သွားနိုင်မှုကိုလည်း မှန်းဆမြင်တွေ့နိုင်မှာပဲ ဖြစ်တယ်။ ဒါဆိုရင်  အစိုးရ တစ်ရပ်ခိုင်မာစေရေးဟာ အဓိကအရေးပါနေပြီး ခိုင်မာတဲ့ အစိုးရတစ်ရပ် ပိုင်ဆိုင်နိုင်ရေး ဟာ  တိုင်းရင်းသားပြည်သူများရဲ့ မှန်ကန်တဲ့အတွေးအခေါ် အယူအဆရွေးချယ်မှုများဟာ အဓိကကျကြောင်း ညွှန်းဆိုနေပြန်ပါတယ်။

နိုင်ငံတော်ရဲ့တာဝန်ကိုထမ်းဆောင်တဲ့ ဘယ်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်အစိုးရတစ်ရပ်ဟာ   အမျိုးသားအကျိုးစီးပွားအတွက် မဆုတ်မနစ် သောဇွဲနဲ့ ကြိုးပမ်းဆောင်ရွက်နေချိန်မှာ  တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ   မှန်ကန်တဲ့အမြင်နဲ့   ရှုမြင်တတ်ဖို့လိုပြီး ကျစ်လျစ်တဲ့စုပေါင်းအားနဲ့ ဝန်းရံထောက်ခံဖို့ အရေးကြီးပါတယ်။ ဒါဟာ ပြည်သူတစ်ရပ်လုံးအတွက် တာဝန်ထက်ပိုတဲ့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတရား တစ်ခုသာဖြစ်ကြောင်း  အသိပေးနှိုးဆော်လိုပါတယ်။

မဟာမဲခေါင်ဒေသခွဲ(GMS)ရဲ့ စီးပွားရေးပူးပေါင်း ဆောင်ရွက်ခြင်း အစီအစဉ်တွေမှာ မြန်မာနိုင်ငံ အနေနဲ့  ပူးပေါင်းဆောင်ရွက်မှုတွေ အားတက်သရော ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့မြင် ရမှာပဲဖြစ်ပါတယ်။ သမိုင်းကပေးတဲ့ ပထဝီဆိုတဲ့ ရေ၊ မြေ အခြေခံကောင်းတွေ ကြောင့်  အမိမြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဆီဆိုတဲ့ ရည်မှန်းချက်ကို မဆုတ်မနစ်  လျှောက်လှမ်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့  ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှု၊ မြန်မာ့လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေမှုစတဲ့ တိုးတက်မှု အခြေခံကောင်းများကို မြင်တွေ့နိုင်စေဖို့ မဟာမဲခေါင်ဒေသခွဲဗျူဟာများနှင့် အမိမြန်မာနိုင်ငံဟူသော ဆောင်းပါးလေးဖြင့် စာလွှာပါးလိုက်ရပါတော့တယ်။    ။

Source- Myawady Webportal

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

News Image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ထွက်ခွာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Sub-region (GMS) Summit (၁၀) ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်းအဝေး 10th Ayeyawady - Chao Phraya - Mekong Economic Cooperation Strategy (ACMECS) Summit နှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်း

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

Posted_Date

Image

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

Body

ဆောင်းရာသီတွင်   ရာသီဥတုအပူချိန်  ကျဆင်းလာသည်နှင့်အမျှ ပန်းနာရင်ကျပ်ရောဂါ (Asthma) ပို၍အဖြစ်များလာနိုင်သည်။   ပန်းနာ ရင်ကျပ်ရောဂါသည်   အဆုတ်လေပြွန်ရောင်ရမ်းသည့်  နာတာရှည် ရောဂါတစ်မျိုးဖြစ်ပါသည်။ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သကဲ့သို့ ဓာတ်မတည့်မှု၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှု၊ အအေးမိခြင်းတုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးကြောင့် လေပြွန်များရောင်ရမ်းကျဉ်း မြောင်းလာပြီး  အသက်ရှူရခက်လာခြင်းဖြစ်ပါသည်။  ဆောင်းရာသီတွင် လေအေးသည် အဆုတ်လေပြွန်များကိုရောင်ရမ်းစေသည့် Histamine များထုတ်လုပ်ရန် လှုံ့ဆော်ပေးနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ကို ပိုမိုဆိုးရွားလာစေနိုင်သည်။ ခန္ဓာကိုယ်နွေးနွေးထွေးထွေးရှိနေခြင်းသည် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါသည်။  ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာစေရန် ကြိုတင်ကာကွယ် ခြင်းဖြင့် တစ်နှစ်ပတ်လုံး ကျန်းမာနေရန်နှင့် နာတာရှည်အဆုတ်ပျက်စီး မှုမှ ကာကွယ်နိုင်ပါသည်။

ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါလက္ခဏာများပိုမိုဆိုးရွားလာနိုင်သည့် အကြောင်းရင်းများ 

    အဆုတ်အတွင်းရှိ လေပြွန်လမ်းကြောင်းများကို စိုစွတ်သောအလွှာ တစ်ခုဖြင့် ကာကွယ်ထားသည်။ ဆောင်းရာသီတွင် ခြောက်သွေ့သော ပြင်ပလေအေးနှင့် ထိတွေ့သောအခါ စိုစွတ်သောအလွှာသည် အငွေ့ပြန် သွားသဖြင့် လေပြွန်လမ်းကြောင်းရောင်ရမ်းလာပြီး ယားယံစေပါသည်။ လေပြွန်လမ်းကြောင်းများကို အကာအကွယ်ပေးသောချွဲအလွှာသည် ပြင်ပရာသီဥတုအေးလာသည့်အခါ ထူလာပြီး  သာမန်အအေးမိတုပ်ကွေးနှင့် ဗိုင်းရပ်စ်ပိုးများကဲ့သို့  အသက်ရှူလမ်းကြောင်းရောဂါပိုးများဝင်နိုင်ခြေများပါသည်။  အဆိုပါရောဂါပိုးများသည်  အဆုတ်လေပြွန်လမ်းကြောင်းများ  ရောင်ရမ်းခြင်းနှင့်ယားယံခြင်းတို့ကို  ဖြစ်စေနိုင်ပြီး ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကိုဖြစ်စေသည်။

ပန်းနာရင်ကျပ်ရောဂါရှိသူများတွင် လေအေးကဲ့သို့သောအရာများ မှအစပြု၍   ထိလွယ်ရှလွယ်ဖြစ်သော  လေပြွန်လမ်းကြောင်းများရှိသည်။ ဆောင်းရာသီတွင် ပြင်ပအပူချိန်ကျဆင်းပြီး အေးသောလေကို ရှူသွင်းလိုက်သောအခါ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ကာ ချောင်းဆိုးခြင်း၊  အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူမဝခြင်း  စသည့် လက္ခဏာများဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ပန်းနာရင်ကျပ်ရှိသူများ သည် ပြင်ပအပူချိန်ကျဆင်း၍ အေးနေသောအခါ နှာခေါင်းမှ အသကရှူသွင်းရန် အရေးကြီးပါသည်။ နှာခေါင်းပေါက်များမှ တစ်ဆင့် လေကိုရှူရှိုက်သောအခါ  နှာခေါင်းအတွင်းပိုင်းရှိ  ဖွဲ့စည်းပုံများကြောင့် လေသည် စိုစွတ်လာပြီး  နွေးထွေးစေသည်။ အဆုတ်ထဲရောက်သွားသည့် အခါ လေသည် ပို၍ပူနွေးလာသောကြောင့်   လေလမ်းကြောင်းတွင် ယားယံနိုင်ခြေနည်းပါးသည်။ ပါးစပ်မှအသက်ရှူခြင်းကိုရှောင်ကြဉ်ပါ။အေးသောရာသီဥတုတွင် ပါးစပ်မှလေကို ရှူရှိုက်ခြင်းသည် အဆုတ်ထဲသို့ အေးသောလေကို တိုးဝင်စေပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားလာ စေသည်။

ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်သည့် အကြောင်းရင်းများသည် လူတစ်ဦးချင်းစီတွင် ကွဲပြားနိုင်သည်။ ဆောင်း ရာသီတွင်  ရာသီဥတုပိုအေးသောကြောင့်  အိမ်ထဲတွင်နေထိုင်သော အချိန်ပိုများလာသည်နှင့်အမျှ အိမ်တွင်းဓာတ်မတည့်မှုများနှင့် ထိတွေ့မှုပိုများလာပြီး ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနိုင်ခြေ  တိုးမြင့်လာနိုင်သည်။ အေးသောရာသီဥတုကြောင့် ဖြစ်ရသည့် ဓာတ်မတည့်မှုသည် အိမ်တွင်းမှ ပိုးမွှားများ၊ မှိုများ၊  ဖုန်မှုန့်များ၊  အိမ်မွေးတိရစ္ဆာန်များ၏ အညစ်အကြေးများနှင့်  မီးခိုးငွေ့များကြောင့်ဖြစ်သည်။  ဆောင်းရာသီ တွင် အအေးမိခြင်းနှင့် ရာသီတုပ်ကွေးပို၍ဖြစ်တတ်သည်ကို သတိပြုပါ။ ထို့ကြောင့် ဆောင်းရာသီတွင် အအေးမိခြင်း သို့မဟုတ် ဓာတ်မတည့်ခြင်း ရှိ၊ မရှိကို အမြဲစစ်ဆေးသင့်ပါသည်။

ပန်းနာရင်ကျပ်ရောဂါလက္ခဏာများ

    လမ်းလျှောက်ရင်း အေးသောလေကိုရှူရှိုက်ခြင်းဖြင့်    ချောင်းဆိုးပြီး အသက်ရှူမဝသကဲ့သို့ လက္ခဏာများဖြစ်ပေါ်လာနိုင်ပါသည်။ အေး သောလများတွင် ခံစားရသည့် ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများသည် ပူနွေးသောလများတွင် ခံစားရသော လက္ခဏာများနှင့်အတူတူပင်ဖြစ်ပါသည်။ ကွာခြားချက်မှာ ရောဂါလက္ခဏာများသည် ဆောင်းရာသီတွင် ပုံမှန်ထက်ပိုဆိုးနိုင်ပြီး မကြာခဏဖြစ်ပွားလေ့ ရှိသည့်အပြင် ထိန်းချုပ်ရန် ခက်ခဲတတ်ပါသည်။ ပန်းနာရင်ကျပ်ရောဂါ၏အဖြစ်များသော လက္ခဏာများမှာ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးခြင်း၊  အသက် ရှူမဝခြင်း၊ မောခြင်း၊ ရင်ဘတ်ထဲတွင် တင်းကျပ်သကဲ့သို့ ခံစားရခြင်း၊အသက်ရှူသံ   ရွှီရွှီမြည်ခြင်းတို့ဖြစ်ပါသည်။  ပန်းနာရင်ကျပ်ရောဂါ အဆိုးဆုံးဖြစ်နေသည့်အခါတွင် နှလုံးခုန်နှုန်းမြန်လာခြင်း၊ အသက်ရှူမြန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကဲ့သို့သော နောက်ဆက်တွဲလက္ခဏာများ ခံစားရနိုင်သည်။

ပန်းနာရင်ကျပ်ရောဂါကုသမှုနည်းလမ်းများ

    အသက်ရှူရလွယ်ကူစေပြီး     လေလမ်းကြောင်းကို   ဖွင့်ပေးသည့် အောက်ဆီဂျင်ကုထုံးနှင့် ရင်ကျပ်ခြင်းကို သက်သာစေသည့်ဆေးများ ပေးခြင်းဖြင့်ကုသနိုင်ပါသည်။ အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်း မှုကိုထိန်းချုပ်နိုင်ရန် Prednisolone  ကဲ့သို့သော စတီးရွိုက်ဆေးများကို ပေးနိုင်သည်။ ဓာတ်မတည့်မှုများမှ သက်သာစေရန်  Antihistamine ကဲ့သို့ဆေးများပေးခြင်းဖြင့် ကာကွယ်ကုသနိုင်ပါသည်။

ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းကို ရှောင်ကြဉ်ရန်နည်းလမ်းများ

     အိပ်ရာခင်းများကို တစ်ပတ်လျှင် တစ်ကြိမ်ရေနွေးဖြင့်လျှော်ပါ။  အိမ်မွေးတိရစ္ဆာန်များကို  အိပ်ခန်းအပြင်တွင်ထားပါ။ အိမ်တွင်းအစိုဓာတ်ထိန်းစက် (Humidifiers) ကို  အသုံးပြုပါ။    ဖုန်မှုန့်များနှင့်မှိုများ၏ ကြီးထွားမှုကိုဟန့်တားရန်   အိမ်ကိုခြောက်သွေ့အောင်ထားပါ။ အိမ်တွင်းလေထုသန့်ရှင်းမှုရှိစေရန် ဖုန်စုပ်စက်ဖြင့် သန့်စင်ပေးပါ။ ဖုန်မှုန့်များနှင့်ဓာတ်မတည့်မှု ရှိပါက  နေ့ခင်းဘက်တွင် ခေါင်းအုံးနှင့်မွေ့ရာအဖုံးများကို အသုံးပြုပါ။

ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို  ရှောင်ရှားနိုင်သည့် အရေးကြီးဆုံး နည်းလမ်းတစ်ခုမှာ ဆရာဝန်ညွှန်ကြားသော ပန်းနာရင်ကျပ် ပျောက်ဆေးများကို နေ့စဉ် အချိန်မှန်သောက်သုံးခြင်း ဖြစ်ပါသည်။ အေးသောရာသီဥတုတွင် မကြာခဏဖြစ်ပွားနေပါက ပန်းနာရင်ကျပ်ရောဂါ ကို  ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန်  ဆရာဝန်နှင့်ဆွေးနွေး၍ ကုသမှုခံယူပါ။   မကုသဘဲထားပါက   ထိန်းမရသောပန်းနာရင်ကျပ်ရောဂါသည် ရေရှည်တွင်   အဆုတ်ကိုပျက်စီးစေနိုင်ပြီး   အသက်ရှူရ ပိုမိုခက်ခဲစေနိုင်သည်။

ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကိုကာကွယ်ရန် အထောက်အကူဖြစ်စေမည့် အကြံပြုချက်များ

၁။      လက်ကိုမကြာခဏဆေးပါ။ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် အနည်းဆုံးစက္ကန့်  ၂၀ ကြာ  သေချာစွာ ဆေးကြောခြင်း  သို့မဟုတ် အပြင်ထွက်စဉ်   လက်သန့်ဆေးရည်သုံး ခြင်းသည် ရောဂါပိုးမွှားပျံ့နှံ့မှုကိုလျှော့ချပေးပြီး ဆောင်းရာသီတွင် ဖျားနာမှုများကို ကင်းဝေးစေနိုင်သည်။

၂။      နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးထိုးပါ။

၃။      ဖျားနာနေသူများကိုရှောင်ပါ။ ချောင်းဆိုး၊ နှာချေသည့်အခါ ပါးစပ် နှင့်နှာခေါင်းကို တစ်ရှူး သို့မဟုတ် တံတောင်ဆစ်နှင့်အုပ်ပါ။ တစ်ရှူး များကို စနစ်တကျစွန့်ပစ်ပြီးလျှင် လက်ကိုချက်ချင်းဆေးကြောပါ။

၄။      အာဟာရပြည့်ဝအောင်စားပါ။  ရေများများသောက်ပါ၊  ရေဓာတ် ထိန်းထားရန် စွပ်ပြုတ်ရည်၊  ဟင်းချိုများနှင့်  ကဖိန်းဓာတ်မပါသော ရေနွေးကြမ်းများသောက်ပါ။

၅။      နွေးနွေးထွေးထွေးနေပါ။  ဆောင်းရာသီတွင် အနွေးအင်္ကျီ၊  ပဝါ၊ ဦးထုပ်နှင့်လက်အိတ်တို့ကို ဝတ်ဆင်ပါ။  ပါးစပ်နှင့်နှာခေါင်းကို  ပဝါသို့မဟုတ် Mask ဖြင့် ဖုံးအုပ်ခြင်းက ရှူသွင်းလိုက်သည့် လေအေးကိုနွေးထွေးစေသဖြင့်    လေအေးကြောင့် ယားယံစေမည့်အန္တရာယ်ကိုလျော့နည်းစေသည်။အပြင်ထွက်သည့်အခါ  နှာခေါင်းဖြင့် အသက်ရှူ ပါ။

၆။      ဆောင်းရာသီတွင် ပြင်ပလေ့ကျင့်ခန်းလုပ်ရန်  အဆင်မပြေပါက အိမ်အတွင်း သို့မဟုတ် Gym တွင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်သောနေရာကို   လေဝင်လေထွက်ကောင်းအောင်စီမံပါ။   လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်၊ Tai Chi  ကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများကိုပြုလုပ်ခြင်းဖြင့်   ခန္ဓာကိုယ်ကို နွေးထွေး စေပါသည်။

၇။      စိတ်ဖိစီးမှုကိုလျှော့ချပါ။

၈။      အိမ်တွင် သို့မဟုတ် အပြင်ထွက်လျှင် ဆေးလိပ်ငွေ့နှင့် မီးခိုးငွေ့များကို ရှောင်ပါ။

၉။      ရှူဆေး (inhaler) ကို  မိမိနှင့်အတူ   အချိန်တိုင်းဆောင်ထားပါ။

အပြင်သို့ထွက်သောအခါတိုင်း ယူသွားပါ။ ပိုမိုဆိုးရွားသော ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများနှင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ရှောင်ရှားနိုင်ရန် အပြင်မထွက်မီ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်း Ventolin inhaler ကဲ့သို့ လေပြွန်အမြန်ကျယ်စေသော ရှူဆေးကို အသုံးပြုနိုင်ပါသည်။

ပန်းနာရင်ကျပ်ရောဂါသည်   နာတာရှည်ရောဂါဖြစ်သောကြောင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။  ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ပြောင်းလဲနေထိုင်ပြီး ဆေးကုသမှု သေချာစွာခံယူ၍  ဆောင်ရန်၊  ရှောင်ရန်များကို လိုက်နာခြင်းဖြင့် ဆောင်းရာသီတွင် ပန်းနာရင်ကျပ်ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

Source- Myawady Webportal