မိုင် ၅၀၀၀ အကွာမှ ကမ္ဘာ့ပထမဆုံး အဝေးရောက်ခွဲစိတ်မှု

News Image

မိုင် ၅၀၀၀ အကွာမှ ကမ္ဘာ့ပထမဆုံး အဝေးရောက်ခွဲစိတ်မှု

တရုတ်နိုင်ငံမှ   ခွဲစိတ်ဆရာဝန်ကြီးတစ်ဦးက အဝေးရောက်ခွဲစိတ်မှုကြီးတစ်ခုကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီခွဲစိတ်မှုကို မိုင် ၅၀၀၀ အဝေးကနေ လုပ်ဆောင်ခဲ့တာပါ။ လူနာက ပေကျင်း မှာရှိနေပြီး   ဆရာဝန်ကရောမမှာရှိနေခဲ့တာဖြစ်ပါတယ်။   ဒါက တကယ့်ကိုပဲ ကမ္ဘာ့ပထမဆုံးပါ။

တရုတ်က ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏ သုံးဆပိုထုတ်နိုင်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်မည်

News Image

တရုတ်က ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏ သုံးဆပိုထုတ်နိုင်မည့် ရေအားလျှပ်စစ် စက်ရုံတည်ဆောက်မည်

တရုတ်အစိုးရက ကမ္ဘာကျော်ချောက်သုံးလုံးတမံထက် လျှပ်စစ်ဓာတ်အားပမာဏသုံးဆပိုမိုထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ်စက်ရုံကြီးတစ်ခုကိုတည်ဆောက်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါရေအားလျှပ်စစ်စက်ရုံကြီးကို တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ယာလန်းဆန်းပိုမြစ်ကြီးပေါ်၌ တည်ဆောက်သွားမည်ဖြစ်သည်။ အင်ဂျင်နီယာပညာပိုင်းအရစိန်ခေါ်မှုများစွာရှိမည့် ထိုရေအားလျှပ်စစ်စက်ရုံစီမံကိန်းကြီးကို ယွမ် ၁ ထရီ လီယံအထိရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သောကြောင့် ကမ္ဘာပေါ်တွင်ကုန်ကျစရိတ်အများဆုံးသော အခြေခံအဆောက်အအုံစီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မည့်အစီအစဉ် အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိ

News Image

ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မည့်အစီအစဉ် အကောင်အထည်ဖော်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိ

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကို၊ ကနေဒါနှင့် တရုတ်နိုင်ငံတို့အပေါ် အခွန်စည်းကြပ်မည့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ကမ္ဘာလုံးဆိုင်ရာ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP)သည် သုည ဒသမ ၃ ရာခိုင်နှုန်း လျော့ကျသွားဖွယ်ရှိကြောင်း ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့ (JETRO) က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောသည်။

ဆွစ်နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဩစတြီးယား၌ အရေးပေါ် ဆင်းသက်ခဲ့ရ

News Image

ဆွစ်နိုင်ငံတကာလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဩစတြီးယား၌ အရေးပေါ် ဆင်းသက်ခဲ့ရ

ဇူးရစ်   ဒီဇင်ဘာ ၂၄

ဆွစ်နိုင်ငံတကာလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ရိုမေးနီးယားနိုင်ငံ ဘူခါရက်စ်မြို့မှ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ ပျံသန်းနေစဉ် ဩစတြီးယားနိုင်ငံ ဂရက်ဇ်မြို့လေဆိပ်၌ ယနေ့တွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ပျံသန်းနေစဉ် အင်ဂျင်ပြဿနာတစ်ရပ်ပေါ်ထွက်လာပြီး လေယာဉ်မောင်းခန်း၌ မီးခိုးများအူလာမှုကြောင့် ယင်းလေယာဉ်အနေဖြင့် ဂရက်ဇ်မြို့လေဆိပ်တွင် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း ဆွစ်နိုင်ငံတကာလေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။