ရုရှားရေငုပ်သင်္ဘော တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုန်ထဲ ရောက်ရှိနေ

News Image

ရုရှားရေငုပ်သင်္ဘော တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် သီးသန့်စီးပွားရေးဇုန်ထဲ  ရောက်ရှိနေ

တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ သီးသန့် စီးပွားရေးဇုန်(EEZ)တွင် ရုရှားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်း ရောက်ရှိနေခြင်းသည် လွန်စွာစိုးရိမ်  ဖွယ်ရာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက် ပါသည်။

၂၀၂၄ အိုက်စလန်ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရ

News Image

၂၀၂၄ အိုက်စလန်ရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရ

၂၀၂၄ ခုနှစ် အိုက်စလန်ရွေးကောက်ပွဲတွင် ဆိုရှယ် ဒီမိုကရက်တစ်ပါတီ အနိုင်ရကြောင်း တနင်္လာနေ့တွင် နိုင်ငံပိုင်ရုပ်သံက ထုတ်ပြန်ကြေညာလိုက်ပါသည်။ဆိုရှယ်ဒီမိုကရက်ပါတီက မဲအများဆုံး ရရှိသော်လည်း ညွှန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်မည်ဖြစ်ပါသည်။

သားဖြစ်သူ တရားစွဲခံထားရသည့် ရာဇဝတ်မှု ၂ ခုကို ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်

News Image

သားဖြစ်သူ တရားစွဲခံထားရသည့် ရာဇဝတ်မှု ၂ ခုကို  ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်

သားဖြစ်သူ ဟန်တာဘိုင်ဒန် တရားစွဲဆိုခံနေရသည့် ရာဇဝတ်မှု ၂ ခုကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပါသည်။  ဘိုင်ဒန်အနေဖြင့် သားဖြစ်သူ သေနတ်ဝယ်ယူမှုနှင့် အခွန်တိမ်းရှောင်မှုစသည့် ရာဇဝတ်မှုနှစ်ခုဖြင့် တရားစွဲဆိုခံထားသည့်အပေါ်  လွတ်ငြိမ်းချမ်းသာခွင့်ပြုမည့် အစီအစဉ် မရှိဟု ယခင်က အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးသည်။

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့ ရောက်ရှိ

News Image

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့ ရောက်ရှိ

ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz သည် လွန်ခဲ့သည် ၂ နှစ်ခွဲအတွင်း ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသို့  ရောက်ရှိခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြထားသည်။

၎င်းသည် ယူကရိန်းခေါင်းဆောင် ဇယ်လင်စကီးနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယူရို သန်း ၆၅၀ တန်ဖိုးရှိ လက်နက်များကို ဒီဇင်ဘာလတွင် ယူကရိန်းသို့ ထပ်မံပေးပို့မည်ဟု ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား - Reuters