ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

News Image

ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၇၁၅၂ ဧက စိုက်ပျိုးပြီးစီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

ငဖဲ     ဇန်နဝါရီ    ၂၉

မကွေးတိုင်းဒေသကြီး   ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်   ဆည်ရေနှင့်မြေအောက်ရေတို့ကို အသုံးပြု၍    ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ   ၇၁၅၂   ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ပန်း(ချင်းမိုင်မျိုး)များ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ ဝင်ငွေအကျိုးအမြတ်ရရှိနေ

News Image

ပွင့်ဖြူမြို့နယ်၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ပန်း(ချင်းမိုင်မျိုး)များ  အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးသူများ ဝင်ငွေအကျိုးအမြတ်ရရှိနေ

ပွင့်ဖြူ     ဇန်နဝါရီ     ၃၀

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခု    ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မုန်းချောင်းရေနှင့် မြေအောက်ရေတို့ဖြင့်  တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် မေမြို့ ပန်း(ချင်းမိုင်မျိုး)များ အောင်မြင်ဖြစ်ထွန်း ၍   စိုက်ပျိုးသူများ  ဝင်ငွေအကျိုးအမြတ်
ရရှိပြီး   လုပ်ငန်းအဆင်ပြေနေကြောင်း  ဒေသခံတောင်သူများ၏ပြောပြချက်အရ သိရသည်။ 

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း ၆၃ သင်းမှ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား

News Image

ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း ၆၃ သင်းမှ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား

ကျောက်ဆည်   ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက်ဆောင်းရာသီဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ  စိုက်ပျိုးကြောင်းနှင့်အခြေခံသမဝါယမအသင်း ၆၃ သင်းမှအသင်းသားတောင်သူ၂၃၃၉  ဦးက ဆောင်းနေကြာ ၈၇၈၄ ဧကစိုက်ပျိုးထားကြောင်း သိရသည်။