ဟင်းခတ်ငရုတ်ကောင်း၏ ကျန်းမာရေးအကျိုးကျေးဇူးများ
ငရုတ်ကောင်းဆိုသည်မှာ ဟင်းခတ်အမွှေးအကြိုင်များတွင် လူကြိုက်အများဆုံး ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်သည်။ မြန်မာ့တိုင်းရင်းဆေးကျမ်းတွင် ငရုတ်ကောင်း၏ အရသာသည် ပူစပ်ဆိမ့်အရသာဖြစ်သည်။ အနံ့စူးရှပြီး တေဇောဓာတ်၊ အာကာသဓာတ်နှင့် အားဖြစ်စေသည့် ပထဝီဓာတ်လည်းရှိသည်။ ခန္ဓာကိုယ်ပူနွေးစေသည့် အပူအပွင့်ဓာတ်ကို ရရှိစေပြီး အအေးဒဏ်ကိုလည်း ကာကွယ်နိုင်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဟင်းခတ်အမွှေးအကြိုင်အဖြစ် ငရုတ်ကောင်းကို နေ့စဉ် စားသုံးကြခြင်းဖြစ်သည်။ ငရုပ်ကောင်းစားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဗဟုသုတဖြစ်စေရန် ဖော်ပြပေးပါမည်။