အမေရိကန်ပြည်ထောင်စုတွင် ပြည်နှင်ဒဏ်ပေးရေး စစ်ဆင်ရေးကို မကြာမီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ကတိပြု
News Image

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေး စစ်ဆင်ရေးကို မကြာမီ စတင်မည်ဖြစ်ကြောင်း ကတိပြုလိုက် ပါသည်။
“မကြာမီ အမေရိကန်သမိုင်းတွင် အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးရေးစစ်ဆင်ရေးကို စတင်မည်ဖြစ်ကြောင်းနှင့် ယခင် စံချိန်တင်ထားသည့် သမ္မတ Dwight D. Eisenhower ထက်တောင် ပိုမည်ဖြစ်ကြောင်း” ဝါရှင်တန်ရှိ Capital One အားကစားကွင်း၌ ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် လူထုစည်းဝေးပွဲတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ထောက်ခံသူများရှေ့တွင် ပြောဆိုခဲ့ပါသည်။