ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

News Image

ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ကိုရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် (KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလခအပါအဝင် ပညာသင် ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်) ကို ပံ့ပိုးပေး သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း ဖိတ်ကြားထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့ကို တုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရပြော

News Image

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့ကို တုံ့ပြန်ရန် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရပြော

မြောက်ကိုရီးယားအစိုးရက မိမိနိုင်ငံကို ကာကွယ်နိုင်ရန်အတွက် စစ်ရေးလေ့ကျင့်ခန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၅ ရက်က စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်လာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်က ကိုရီးယားကျွန်းဆွယ်အနီး ရေပိုင်နက်အနီး တွင်ပြုလုပ်ခဲ့သော တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံ တို့ပူးပေါင်းပြုလုပ်သော လေကြောင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမေရိ

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို ပါလက်စတိုင်းများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်အစိုးရ ချီးကျူးပြောဆို

News Image

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို ပါလက်စတိုင်းများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်အစိုးရ ချီးကျူးပြောဆို

အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပါလက်စတိုင်း ပြည်သူများနှင့် ၎င်း၏ထောက်ခံသူများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်နိုင်ငံက ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ၎င်း၏ ကတိဝတ်များကို လေးစားလိုက်နာလိမ့်မည် မဟုတ် ကြောင်း အီရန်အစိုးရက သတိပေးပြောဆိုခဲ့သည်။

TikTok ဝန်ဆောင်မှုကို အမေရိကန်တွင် ရပ်ဆိုင်း

News Image

TikTok ဝန်ဆောင်မှုကို အမေရိကန်တွင် ရပ်ဆိုင်း

တရုတ်နိုင်ငံအခြေစိုက် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းဖြစ်သော TikTokကို ပိုင်ဆိုင်သည့် ကုမ္ပဏီက ဇန်နဝါရီ ၁၉ရက်နေ့မှ စတင် အသက်ဝင် မည်ဖြစ်သည့် TikTok ကို ပိတ်ပင်တားမြစ်သည့် ဥပဒေ ကြောင့် အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှုကို ယာယီ ရပ်ဆိုင်းထားကြောင်း အမေရိကန်နိုင်ငံမှ သုံးစွဲသူများကို အသိပေးလိုက်ပါသည်။

အဆိုပါဥပဒေအရ ပိတ်ပင်မှုကို ရှောင်ရှားနိုင်ရန်အတွက် ByteDance ကုမ္ပဏီအနေနှင့် အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ထံ ရောင်းချရန်လိုအပ်ကြောင်း သိရှိရ ပါသည်။