နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

News Image

နယ်စပ်ဖြတ်ကျော်မှုခင်းများကို ပြတ်ပြတ်သားသား တိုက်ဖျက်ပြီး ခရီးသွားများ၏လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းင်းနိုင်ငံသက်ဆိုင်ရာဌာနများ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများအား ပြတ်ပြတ်သားသားတိုက်ဖျက်ကာ ခရီးသွားများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်သွားရန် ညွှန်ကြားထားကြောင်း ထိုင်းဝန်ကြီးချုပ်ပေထုံတန်က ဇန်နဝါရီ ၁၇ ရက် လူမှုကွန်ရက်စာမျက်နှာတွင် စာဖြင့်ရေးသား ဖော်ပြခဲ့သည်။

Greenland သည် ရောင်းချရန်မဟုတ်ဟု ဒိန်းမတ် ဝန်ကြီးချုပ်က ထရမ့် ကိုပြောကြား

News Image

Greenland သည် ရောင်းချရန်မဟုတ်ဟု ဒိန်းမတ် ဝန်ကြီးချုပ်က ထရမ့် ကိုပြောကြား

ဂရင်းလန်းကို အမေရိကန်ထံ ရောင်းချမည် မဟုတ်ကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ကို ပြောကြားခဲ့ပါသည်။

နိုင်ငံ့လုံခြုံရေးရည်ရွယ်ချက်အတွက် ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဂရင်းလန်းကို အမေရိကန်က ရယူသင့်ကြောင်း ထရမ့် ကပြောကြားထားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ၎င်း၏သမ္မတသက်တမ်း အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံသို့သွားရောက်ရန် စီစဉ်နေ

News Image

ဒေါ်နယ်ထရမ့်သည်  ၎င်း၏သမ္မတသက်တမ်း အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံသို့သွားရောက်ရန် စီစဉ်နေ

‌ဒေါ်နယ်ထရမ့်သည်  ၎င်း၏ သမ္မတသက်တမ်း အစောပိုင်းကာလများအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန်စီစဉ်နေကြောင်း WSJ က ဖော်ပြထားပါသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေး စစ်ပွဲအသစ်ဖြစ်လာမည့် အလားအလာကြောင့် တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်နှင့် ဆက်ဆံရေး ပိုမို ကောင်းမွန်လာစေရန် ၎င်း၏ သမ္မတ သက်တမ်း ပထမရက် ၁၀၀ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်လိုကြောင်း သတင်းအရင်းမြစ်များကို ကိုးကား၍ Wall Street Journal က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်များကို စတင် ဖြန့်ကျက်မည်ဖြစ်ကြောင်း ကတိပြု

News Image

ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်များကို စတင် ဖြန့်ကျက်မည်ဖြစ်ကြောင်း ကတိပြု

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်တွင် Iron Dome နည်းဗျူဟာမြောက် ဒုံးကျည်ကာကွယ်ရေးစနစ်ကို စတင်ထုတ်လုပ်ပြီး ဖြန့်ကျက်ရန် ကတိပြုခဲ့သည်။ 

အမေရိကန်ပြည်ထောင်စုတွင်  Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်တစ်ခုလုံး စတင်တည်ဆောက်ရန် အမေရိကန်စစ်တပ်ကို အမိန့်ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ရှိ Capital One Sports Arena တွင် ပြုလုပ်သည့် လူထုစုဝေးပွဲ၌ သမ္မတ ဒေါ်နယ်ထရမ့် က ထောက်ခံသူများကို ပြောကြားခဲ့ပါသည်။

ကိုးကား - TASS

Photo: The Times of Israel