အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသ

News Image

အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသ

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ Yelahanka လေတပ်စခန်း၌ စတင်ကျင်းပသော Aero India 2025 အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် အမေရိကန်၏ F-35A နှင့် F-16 တိုက်လေယာဉ်များ ပါဝင်ပြသခဲ့ကြောင်း၊ ထို့အပြင် ရုရှား၏ Su-57 တိုက်လေယာဉ်လည်း ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့ကြောင်း သိရသည်။ 

အိန္ဒိယ၏ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ၁၉၉၆ ခုနှစ် မှစတင်ပြုလုပ်သည့် ယခုလေကြောင်းပြပွဲတွင် ကမ္ဘာ့အဆင့်မြင့် တိုက်လေယာဉ်များ၏ စွမ်းဆောင်ရည် ပြိုင်ဆိုင်မှုများကို ပြသနေကြပါသည်။ 

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည် ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေ

News Image

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည် ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေ

ယူကရိန်းနိုင်ငံ အစိတ်အပိုင်းအများစုသည် ရုရှားနှင့် ပြန်လည်ပေါင်းစည်းလိုကြောင်းကို လက်ရှိ စစ်ပွဲမြေပြင်အနေအထားက ထင်ရှားစွာ ပြသနေပြီဖြစ်ကြောင်း၊ ဒေါ်နယ်ထရမ့် ပြောကြားသကဲ့သို့ အမှန်တကယ် မြေပြင်တွင် ဖြစ်နေကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ၁၁ ရက်တွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသည် တစ်ချိန်ချိန်တွင် ရုရှားဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်ပြီးနောက် မကြာမီ ကရင်မလင် က ထုတ်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။

ကိုးကား- ကရင်မလင်

အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘော ဘူဆန်၌ ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယား အပြစ်တင်ရှုတ်ချ

News Image

အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘော ဘူဆန်၌ ဆိုက်ကပ်မှုအပေါ် မြောက်ကိုရီးယား အပြစ်တင်ရှုတ်ချ

နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘောသည် တောင်ကိုရီးယား၌ ဆိုက်ကပ်မှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကြောင့် ဒေသတွင်း တင်းမာမှုများပိုမိုပြင်းထန်လာစေကြောင်း မြောက်ကိုရီးယားက ဆိုပါသည်။

မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီသတင်းစာ Rodong Sinmun က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတနှင့်ဂျော်ဒန်ဘုရင်တို့ အိမ်ဖြူတော်၌ တွေ့ဆုံ

News Image

အမေရိကန်သမ္မတနှင့်ဂျော်ဒန်ဘုရင်တို့ အိမ်ဖြူတော်၌ တွေ့ဆုံ

အမေရိကန်သမ္မတ Donald Trump သည် ဂျော်ဒန်ဘုရင် Abdullah နှင့် အိမ်ဖြူတော်၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။ ဂါဇာကမ်းမြောင်ကို အမေရိကန်ပြည်ထောင်စုက လွှဲပြောင်းထိန်းသိမ်းပြီး ဒေသခံ ပါလက်စတိုင်းတို့ကို အခြားနေရာများသို့ ပြန်လည်နေရာချထားသင့်သည်ဟု Trump က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။