အမေရိကန်မှ အလိုရှိနေသည့် ရုရှားဟက်ကာများကို ထိုင်းတွင် ဖမ်းဆီးရမိ

News Image

အမေရိကန်မှ အလိုရှိနေသည့် ရုရှားဟက်ကာများကို ထိုင်းတွင် ဖမ်းဆီးရမိ

ကုမ္ပဏီများကို ခြိမ်းခြောက်ငွေညှစ်ခဲ့သော အမေရိကန်နှင့် ဆွစ်ဇာလန် တို့မှ အလိုရှိနေသည့် ရုရှားနိုင်ငံသား လေးဦးအား ဖူးခက်တွင် ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။

အသက် ၂၇ နှစ်မှ ၃၉ နှစ်ကြားရှိ သံသယရှိသူများအား Muang နှင့် Thalang ခရိုင်ရှိ နေအိမ်များတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း Cyber Crime Investigation Bureau အကြီးအကဲ Trairong Phiwpan က ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမက်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ်သတိပေး

News Image

ဖမ်းဆီးခံထားရသူများကို ပြန်မလွှတ်လျှင် ဟားမက်စ်နှင့်ရရှိထားသည့် အပစ်ခတ်ရပ်စဲရေးအဆုံးသတ်မည်ဟု အစ္စရေးဝန်ကြီးချုပ်သတိပေး

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ အနေဖြင့် ပြန်လွှတ်ပေးရန် ကျန်ရှိနေသူများကို ဖေဖော်ဝါရီ ၁၅ ရက် အထိ ပြန်မလွှတ်ပေးပါက အပစ်ခတ်ရပ်စဲရေးပျက်စီးသွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့သည် အမေရိကန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ယာယီအပစ်ခတ်ရပ်စဲရေးရယူနိုင်ခဲ့ပြီး ဖမ်းဆီးထားသူများကို အပြန်အလှန်ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြောင်းသိရသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်းလုယက်မှု မန္တလေးတွင်ဖြစ်ပွား

News Image

လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည်ဆိုသော အကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်းလုယက်မှု မန္တလေးတွင်ဖြစ်ပွား

မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အယောင်ဆောင်၍ VPN ပါသည် ဆိုသောအကြောင်းပြချက်ဖြင့် ထိုးကြိတ်ရိုက်နှက်ပြီး ကားနှင့်ဖုန်း လုယက်မှုဖြစ်ပွားခဲ့ကြောင်း ရွှေကြေးစည်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၉နာရီခွဲအချိန်ခန့်က မဟာအောင်မြေမြို့နယ် ၃၈လမ်း၊ ၇၆×၇၈ လမ်းကြားတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းကြားအတွင်းသို့ အသက် (၅၇) နှစ် အရွယ် အမျိုးသားတစ်ဦးက Max II ကားဖြင့်‌ရောက်ရှိလာပြီး အပေါ့ဆင်း သွားနေစဉ် ဆိုင်ကယ် (၂) စီးဖြင့် လူ (၄) ဦး က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၅)ဦး သေဆုံး

News Image

အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၅)ဦး သေဆုံး

အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါသည်။