အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် လောင်ကျွမ်းနေသည့်တောမီးက အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွား
News Image

ဗျူနို့စ်အေရိစ် ဖေဖော်ဝါရီ ၁၂
အာဂျင်တီးနားနိုင်ငံ ပါတာဂိုနီးယားနယ်မြေတွင် ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေပြီး တောမီးကို ငြှိမ်းသတ်နိုင်ရန် ကြိုးပမ်းနေသော်လည်း လေတိုက်နှုန်းမြင့်မားမှုကြောင့် တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၁၁ ရက်မှစ၍ အာဂျင်တီးနားနိုင်ငံ အရှေ့မြောက်ဘက်ပိုင်းသို့ ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားနေကြောင်း Asociación de Sociedades Rurales de Corrientes ကထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။