၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွား ၂၅ သန်းကျော် ဝင်ရောက်ခဲ့

News Image

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွား ၂၅ သန်းကျော် ဝင်ရောက်ခဲ့

ကွာလာလမ်ပူ   ဖေဖော်ဝါရီ ၅

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၂၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း မလေးရှား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသော ပြည်ပခရီးသွား ဧည့်သည်အရေအတွက်မှာ ၂၅၀၁၆၆၉၈ ဦးထိ ရောက်ရှိခဲ့ကြောင်း မလေးရှားအစိုးရကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

News Image

သီရိလင်္ကာနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိ

သီရိလင်္ကာ အကောက်ခွန်ဌာနသည် ပထမဆုံးအကြိမ်အဖြစ် ကိုကင်းအရည်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဌာနမှ    ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီလ ၅ ရက်တွင်ပြောသည်။

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့ပိုင်နက်နယ်မြေမှ ဖယ်ရှားမည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ဟု ဆော်ဒီအာရေဗျပြော

News Image

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့ပိုင်နက်နယ်မြေမှ ဖယ်ရှားမည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ဟု ဆော်ဒီအာရေဗျပြော

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့၏ ပိုင်နက်နယ်မြေမှဖယ်ရှားမည့် မည်သည့်ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ရက် တွင် ထုတ်ပြန်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပါထုတ်ပြန်ချက်သည် ဂါဇာကမ်းမြောင်ဒေသအား အမေရိကန်က ထိန်းချုပ်သိမ်းပိုက်မည့် အဆိုပြုချက်ကို ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဖေဖော်ဝါရီလ ၄  ရက်က အိမ်ဖြူတော်၌ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်C-17လေယာဉ်(သို့မဟုတ်) တရားမဝင်ရွှေ့ပြောင်းသူများကို ပထမဆုံး အကြိမ်အဖြစ် ဂွမ်တာနာမိုသို့ ပို့ဆောင်ခဲ့သည့်လေယာဉ်

News Image

အမေရိကန်C-17လေယာဉ်(သို့မဟုတ်) တရားမဝင်ရွှေ့ပြောင်းသူများကို ပထမဆုံး အကြိမ်အဖြစ် ဂွမ်တာနာမိုသို့ ပို့ဆောင်ခဲ့သည့်လေယာဉ်

ဒေါ်နယ်ထရမ့်၏    တရားမဝင် ရွှေ့ပြောင်းသူများ တိုက်ဖျက်ရေးအစီအစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ရွှေ့ပြောင်းသူများကို သယ်ဆောင်လာသော စစ်လေယာဉ်သည် ပထမဆုံးအကြိမ်အဖြစ် ဂွမ်တာနာမို အကျဉ်းထောင်သို့ ဖေဖော်ဝါရီလ ၄ ရက်  ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၄၀ ခန့်တွင်  ဆိုက်ရောက်လာခဲ့ကြောင်း  ABC သတင်းဌာနက ဖော်ပြသည်။