၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွား ၂၅ သန်းကျော် ဝင်ရောက်ခဲ့

News Image

  • ၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွား ၂၅ သန်းကျော် ဝင်ရောက်ခဲ့

ကွာလာလမ်ပူ   ဖေဖော်ဝါရီ ၅

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၂၅ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း မလေးရှား ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်လာသော ပြည်ပခရီးသွား ဧည့်သည်အရေအတွက်မှာ ၂၅၀၁၆၆၉၈ ဦးထိ ရောက်ရှိခဲ့ကြောင်း မလေးရှားအစိုးရကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွားအရေအတွက်မှာ ၂၀၂၃ ခုနှစ်ကထက် ၂၄ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း မလေးရှားခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နှိုင်းယှဉ်ကြည့်ပါက ၂၀၂၃ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ ဝင်ရောက်ခဲ့သော နိုင်ငံတကာခရီးသည်အရေအတွက်မှာ ၂၀၁၄၁၈၄၆ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်အတွင်း မလေးရှားနိုင်ငံသို့ အများဆုံးလာရောက်ခဲ့သော ပြည်ပခရီးသည်များမှာ စင်ကာပူနိုင်ငံသားများဖြစ်ပြီး ၉ ဒသမ ၁ သန်းထိ ဝင်ရောက်ခဲ့သည်။

ဒုတိယအများဆုံးဝင်ရောက်သူများမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြပြီး တတိယအများဆုံးဝင်ရောက်ခဲ့သူများမှာ တရုတ်နိုင်ငံသားများ ဖြစ်ကြကြောင်း မလေးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: ရတနာပုံသတင်းစာ