ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း ယူကရိန်းခေါင်းဆောင် ဇီလန်စကီး ကပြောကြား
News Image

“ယူကရိန်းငြိမ်းချမ်းရေးအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ညှိနှိုင်းဆွေးနွေးရန် နည်းလမ်းသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်ပါက သမ္မတပူတင်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေပါပြီ" ဟု ယူကရိန်း ခေါင်းဆောင်က ဗြိတိန်သတင်းထောက် Piers Morgan နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပါသည်။
ထို့အပြင် ယူကရိန်းအနေဖြင့် ဆုံးရှုံးသွားသော နယ်မြေ များကို ပြန်လည်ရယူနိုင်ရန် မဖြစ်နိုင်ကြောင်းလည်း ၎င်းက ဝန်ခံပြောဆိုခဲ့ပါသည်။