အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို ပေးအပ်ရမည်ဟု ယူကရိန်းအား ထရမ့်ပြော

News Image

  • အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို ပေးအပ်ရမည်ဟု ယူကရိန်းအား ထရမ့်ပြော

မော်စကို၊ စီးပွားရေး

    ယူကရိန်းအနေဖြင့် အမေရိကန်၏ အကူအညီကို ဆက်လက်ရယူလိုပါက မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်ရမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ကြောင်းသိရသည်။

ယူကရိန်းအစိုးရအနေဖြင့် အမေရိကန် အစိုးရသစ်နှင့် သဘောတူညီချက်သစ် တစ်ရပ်ချမှတ်ရန် လိုအပ်နေပြီး မြေရှားသတ္တုများကို အမေရိကန်ပြည်ထောင်စုသို့ ပေးအပ်နိုင်ရေးကို အာမခံပေးရန် လိုအပ်လျက်ရှိကြောင်း ထရမ့်က ဖေဖော်ဝါရီလ၃   ရက်တွင်    သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

ယူကရိန်းနိုင်ငံသည်  အဖိုးတန်သည့် မြေရှားသတ္တုများကို ပိုင်ဆိုင်ထားပြီး အဆိုပါ အရင်းအမြစ်များကို   ရရှိနိုင်ရေးအတွက် အမေရိကန်က ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်   ယူကရိန်းနိုင်ငံသည် ကာကွယ်ရေး၊ အဆင့်မြင့်နည်းပညာနှင့် green စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့်  အရေးပါသော ကုန်ကြမ်းများကို အဓိကတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်သော အလားအလာရှိကြောင်း ၂၀၂၄  ခုနှစ်    ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင်    အမေရိကန်အစိုးရက ယူကရိန်းသို့ ပေးအပ်နေသည့် အကူအညီများကို ရပ်တန့်ပစ်ပါက အီးယူအဖွဲ့ဝင်နိုင်ငံများအား အကူအညီပေးရန် တောင်းဆိုမည့် အလားအလာရှိကြောင်း သိရသည်။

Source: Myawady Web Portal