RFA နှင့် VOA သတင်းဌာနတို့၏ လုပ်ငန်းလည်ပတ်မှုကို အဟန့်အတား ဖြစ်ပေါ်စေသည့် ညွှန်ကြားချက်တစ်ရပ် ထရမ့်ထုတ်ပြန်

News Image

RFA နှင့် VOA သတင်းဌာနတို့၏ လုပ်ငန်းလည်ပတ်မှုကို အဟန့်အတားဖြစ်ပေါ်စေသည့် ညွှန်ကြားချက်တစ်ရပ် ထရမ့်ထုတ်ပြန်

VOA နှင့် RFA သတင်းဌာနတို့၏ မိခင်အေဂျင်စီဖြစ်သည့် United States Agency for Global Media (USAGM) အပါအဝင် အစိုးရဌာန ၇ ခုကို မလိုအပ်သည့်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လုပ်ငန်းများကို အဆုံး စွန်ဆုံးအထိ လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားရန် ညွှန်ကြားထားသော သမ္မတ Donald Trump ၏ သမ္မတအမိန့်တစ်ရပ်ကို အိမ်ဖြူတော်က မတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင် များပင် ထွက်ပြေးနေရ

News Image

မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင် များပင် ထွက်ပြေးနေရ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရတနာနယ်မြေဖြစ်သော မိုးကုတ်တွင် TNLA က အမျိုးသမီးပါမချန် လူသစ်စုသောကြောင့် ပလောင်လူမျိုးများပင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

TNLA က လူသစ်စုဆောင်းရာတွင် မြို့ခံတပ်ဖွဲ့ ဖွဲ့စည်းရန် ဟု ခေါင်းစဉ်တပ်ထားပြီး အသက် (၁၈) နှစ်မှ (၄၅) နှစ် အတွင်း မည်သည့် လူမျိုးကိုမဆို စုဆောင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဆော်ဒီဆွေးနွေးပွဲ၌ ကိယက်ဗ်က အောင်မြင်ခဲ့ကြောင်း အများကလက်ခံ ဟု ဇီလန်စကီးဆို

News Image

ဆော်ဒီဆွေးနွေးပွဲ၌ ကိယက်ဗ်က အောင်မြင်ခဲ့ကြောင်း အများကလက်ခံ ဟု ဇီလန်စကီးဆို

ဗလာဒီမာဇီလန်စကီးက ဆော်ဒီအာရေဗျတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အမေရိကန်နှင့် ပြုလုပ်ခဲ့သည့်ဆွေးနွေးပွဲများ၌ ကိယက်ဗ်၏ သံတမန်ရေးရာ ကျွမ်းကျင်မှုများကို ၎င်းအားထောက်ခံသူ အနောက် ဥရောပနိုင်ငံများက လှိုက်လှဲစွာချီးကျူးဂုဏ်ပြုခဲ့ကြကြောင်း ပြောကြား ခဲ့သည်။ ၎င်းက ကိယက်ဗ်၏ သံတမန်ရေးရာအောင်ပွဲသည် ရုရှားကို ခက်ခဲသောအခြေအနေတစ်ရပ်သို့ ရောက်ရှိစေပြီး ရုရှားအနေဖြင့် ထို အခြေအနေမှလွတ်မြောက်ရန်ခက်ခဲနိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ နိုင်ငံတော်အဆင့်  တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှ အဖွဲ့ဝင်များ၏စကားသံများ