အမေရိကန် ကျန်းမာရေးဝန်ထမ်း ၈၀,၀၀၀ ကို လျော်ကြေးပေး၍ အလုပ်နုတ်ထွက်ရန် ကမ်းလှမ်းထားကြောင်း မီဒီယာများ ပြောကြား
News Image

အမေရိကန်ပြည်ထောင်စု ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန (The US Department of Health and Human Service - HHS) သည် ဝန်ထမ်း ၈၀,၀၀၀ ဦးအား လျော်ကြေးငွေ ဒေါ်လာ ၂၅,၀၀၀ ပေးအပ်ပြီး အလုပ်မှ နုတ်ထွက်ရန် ကမ်းလှမ်းထားကြောင်း၊ ထိုလုပ်ဆောင်ချက်မှာ သမ္မတဒေါ်နယ်ထရမ့်၏ ဖက်ဒရယ် အစိုးရဝန်ထမ်းများ လျှော့ချရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။