အမေရိကန်က နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ကြောင်းပြောဆိုခဲ့သည့် သမ္မတအကြီးတန်းအကြံပေး၏စကားကို အီလွန်မက် ထောက်ခံ

News Image

အမေရိကန်က နေတိုးအဖွဲ့ကနေ နှုတ်ထွက်သင့်ကြောင်းပြောဆိုခဲ့သည့် သမ္မတအကြီးတန်းအကြံပေး၏စကားကို အီလွန်မက် ထောက်ခံ

အမေရိကန်နိုင်ငံသည် နေတိုးအဖွဲ့မှ နှုတ်ထွက်သင့်သည်ဟု ကမ္ဘာကျော် ဘီလျံနာ အီလွန်မက်က ပြောဆိုခဲ့ပြီး ဥရောပ၏ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံသားများက ပေးဆောင်မှုများ လုပ်ဆောင်နေရခြင်းသည် အဓိပ္ပါယ်မရှိကြောင်း ပြောခဲ့ပါသည်။

အမေရိကန်သည် နေတိုးအဖွဲ့မှ ချက်ချင်းနှုတ်ထွက်သင့်သည်ဟု ပြောဆိုခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အကြီးတန်း အကြံပေး တစ်ဦး၏ ပြောဆိုချက်များကို အီလွန်မက်ကလည်း ထောက်ခံခဲ့ခြင်း ဖြစ်ပါသည်။

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး အမေရိကန်နှင့် ဆွေးနွေးပွဲများ မတိုင်မီ ဆော်ဒီအာရေဗျသို့ သွားရောက်မည်

News Image

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီး အမေရိကန်နှင့် ဆွေးနွေးပွဲများ မတိုင်မီ ဆော်ဒီအာရေဗျသို့ သွားရောက်မည်

ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးသည် ရုရှားနှင့် စစ်ပွဲအဆုံးသတ်ရန် ယူကရိန်းနှင့် အမေရိကန် အရာရှိများအကြား ဆွေးနွေးပွဲမတိုင်မီ ဆော်ဒီ အာရေဗျ Crown Prince Mohammed bin Salman နှင့်တွေ့ဆုံရန် မတ်လ ၁၀ ရက်နေ့တွင် ဆော်ဒီအာရေဗျသို့ သွားရောက်မည် ဖြစ်သည်။

ယူကရိန်း၏ အဓိကမဟာမိတ်ဖြစ်ခဲ့သော အမေရိကန်သည် စစ်ပွဲ အမြန်အဆုံးသတ်ရန် ကြေညာချက်အရ ၎င်း၏ စစ်ပွဲကာလမူဝါဒများကို ပြောင်းလဲလိုက်ပြီး ကိယက်ဗ်အတွက် စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေး မျှဝေမှုများကိုဖြတ်တောက်ကာ မော်စကိုနှင့် တိုက်ရိုက် ဆွေးနွေးနေကြောင်း သိရှိရသည်။

ဩစတြေးလျအရှေ့ပိုင်းတွင် အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပွားနေ

News Image

ဩစတြေးလျအရှေ့ပိုင်းတွင် အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပွားနေ

ဩစတြေးလျအရှေ့ပိုင်း၌ အပူပိုင်းဆိုင်ကလုန်း အယ်လ်ဖရက်ကြောင့် အိမ်ရာတစ်သန်းကျော်၏ လေးပုံတစ်ပုံကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်သည်အထိ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက မတ်လ ၉ ရက်တွင် ပြောကြားခဲ့ပါသည်။

ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ က သတ်ဖြတ်ကြောင်း ဝန်ခံလာ

News Image

ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတဆရာတော်ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အဖွဲ့ က သတ်ဖြတ်ကြောင်း ဝန်ခံလာ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံရှမ်းကျောင်းမှ ပရဟိတ ဆရာတော် ကို “ဒလန်” ဟု စွပ်စွဲကာ ပျားစစ်ကြောင်းအမည်ခံ PDF အကြမ်းဖက် အဖွဲ့ကသတ်ဖြတ်ကြောင်း ဝန်ခံချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်၊ ညနေ ၄ နာရီအချိန်ခန့်က ဖယ်ခုံမြို့နယ် ဖယ်ခုံရှမ်းကျောင်း ဆရာတော် ဦးဓမ္မသာရနှင့် အိုက်ပီး တို့ကို PDF အဖွဲ့က ဆိုင်ကယ် (၄) စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။