အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

News Image

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုလုပ်ဆောင်

အမေရိကန်-တောင်ကိုရီးယားနှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ပြစ်တင်ဝေဖန်ပြီးနောက် နာရီအနည်းငယ်အကြာ၌ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါပူးတွဲစစ်ရေး လေ့ကျင့်မှုသည် နှစ်နိုင်ငံထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်စေနိုင်ပြီး အန္တရာယ်ရှိသော ရန်စသည့်လုပ်ရပ်အဖြစ် မြောက်ကိုရီးယားက သတ်မှတ်ထားသည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အန္တရာယ် ရှိသည့် ရန်စမှုတစ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

News Image

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အန္တရာယ် ရှိသည့် ရန်စမှုတစ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောကြား

အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အန္တရာယ်ရှိသည့်ရန်စမှု လုပ်ရပ်တစ်ခုဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ (၁၀) ရက်နေ့တွင် နိုင်ငံပိုင်KCNရုပ်သံမှတစ်ဆင့် ထုတ်ပြန်ကြေညာ ခဲ့သည်။

နှစ်စဉ်ကျင်းပမြဲ Freedom Shield ဟုအမည်ရသည့် အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ(၁၀)ရက်မှ (၂၀)ရက်နေ့အထိ (၁၁)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အမေရိကန်အပေါ် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင် ကာကွယ်ရေး ယူနီယံ ထူထောင်ရေး အီးယူက ကြိုးပမ်းသင့်သည်ဟု  ဥရောပကော်မရှင် အကြီးအကဲပြော

News Image

အမေရိကန်အပေါ် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင် ကာကွယ်ရေး ယူနီယံ ထူထောင်ရေး အီးယူက ကြိုးပမ်းသင့်သည်ဟု  ဥရောပကော်မရှင် အကြီးအကဲပြော

အမေရိကန်ပြည်ထောင်စုအပေါ် ဆက်လက် အမှီသဟဲပြုမည့်အစား ကိုယ်ပိုင်ကာကွယ်ရေး ယူနီယံတစ်ရပ်ထူထောင်နိုင်ရေးအတွက်   ကြိုးပမ်းသင့်သည်ဟု ဥရောပကော်မရှင် အကြီးအကဲ အူဆူလာ ဗွန်ဒါလေယန်က ပြောကြားလိုက်ကြောင်း သိရသည်။

အီးယူအဖွဲ့သည် လက်ရှိတွင် ခက်ခဲသည့် ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသည့် ကာလအတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပြီး အကာအကွယ်ပေးမည် ဟူသော ကတိကဝတ်များသည် ယခုအခါ သံသယ ဖြစ်စရာအခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဗွန်ဒါလေယန်က ဘရပ်ဆဲမြို့၌ မတ်လ ၉ ရက်တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားသည်။

မတ်လ(၁၁)ရက်နေ့တွင် ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်များနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်

News Image

မတ်လ(၁၁)ရက်နေ့တွင် ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်များနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ ဆော်ဒီအာရေဗျ၌ တွေ့ဆုံမည်

ယူကရိန်းထိပ်ပိုင်းခေါင်းဆောင်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့များ မတ်လ(၁၁)ရက်နေ့တွင် ဆော်ဒီအာရေဗျ၌ တွေ့ဆုံသွားမည်ဖြစ်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့တွင် သမ္မတရုံးအကြီးအကဲ Andriy Yermak ၊ နိုင်ငံခြားရေး ဝန်ကြီး Andrii Sybiha နှင့် ကာကွယ်ရေးဝန်ကြီး Rustem Umerov တို့ပါဝင်မည်ဖြစ်ကြောင်း ဇီလန်စကီးက ၎င်း၏လူမှုကွန်ယက်မီဒီယာတွင် မတ်လ(၈)ရက်နေ့က ရေးသားဖော်ပြခဲ့သည်။