ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ချ်ဖိုမန် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်

News Image

ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ချ်ဖိုမန် အသက် ၇၆ နှစ်အရွယ်၌ ကွယ်လွန်

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ရရှိခဲ့သူ ကမ္ဘာကျော်လက်ဝှေ့သမား ဂျော့ခ်ျဖိုမန် (George Foreman) သည် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုမှ ဖော်ပြချက်များအရ သိရှိရသည်။

ဂျော့ခ်ျဖိုမန်ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊ မာရှယ်မြို့တွင် မွေးဖွားခဲ့ကာ ဆင်းရဲ နွမ်းပါးသောမိသားစုမှ ဆင်းသက်လာပြီး ငယ်စဉ်ကတည်းက လက်ဝှေ့ အားကစားကို စိတ်ဝင်စားခဲ့သည်။

Conor McGregor က အိုင်ယာလန်သမ္မတရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာ

News Image

Conor McGregor က အိုင်ယာလန်သမ္မတရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကြေညာ

UFC ချန်ပီယံဟောင်း Conor McGregor သည် ယခုနှစ် ရွေးကောက်ပွဲ တွင် အိုင်ယာလန်သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ထပ်မံ ကြေညာခဲ့ပြီး ၎င်းအနိုင်ရပါက လွန်ခဲ့သောနှစ်က ဥရောပလွှတ်တော်မှ အတည်ပြုခဲ့သည့် EU ရွှေ့ပြောင်းနေထိုင်မှုသဘောတူညီချက်ကို ဆန့်ကျင်မည်ဟု ကတိပြုခဲ့သည်။

“လာမည့်သမ္မတရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ မတိုင်မီ ကျင်းပရမည်ဖြစ်ပြီး EU ၏သဘောတူညီချက်ကိုဆန့်ကျင်ရန် အစိုးရကို ၎င်းကရပ်တည်မည်” ဟု McGregor က ကြာသပတေးနေ့ (မတ် ၂၀) တွင် ၎င်း၏ လူမှုကွန်ရက် X ၌ ရေးသားခဲ့သည်။

သမ္မတ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် မြို့တော်ဝန်ဖမ်းဆီးခံရခြင်းကို မကျေနပ်သည့်အတွက် တူရကီနိုင်ငံတွင် လူပေါင်းထောင်ချီဆန္ဒပြ

News Image

သမ္မတ၏နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် မြို့တော်ဝန်ဖမ်းဆီးခံရခြင်းကို မကျေနပ်သည့်အတွက် တူရကီနိုင်ငံတွင် လူပေါင်းထောင်ချီဆန္ဒပြ

တူရကီနိုင်ငံ သမ္မတအာဒိုဂမ်၏ နိုင်ငံရေးပြိုင်ဘက်ဖြစ်သည့် အစ္စတန် ဘူလ်မြို့ မြို့တော်ဝန်ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ မတ်လ ၁၉ ရက် တွင် လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ အစ္စတန်ဘူလ် မြို့တော် အကျင့်ပျက်လာဘ်စားမှု အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ် ထားသည့် (PKK)ပါတီနှင့်ဆက်နွယ်မှုသည်ဆိုသော စွပ်စွဲချက်များကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။