ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများက ဗြိတိန်အခွန်နှင့် အကောက်ခွန်ဌာနမှ စတာလင်ပေါင် ၄၇ သန်းကို ခိုးယူ
News Image

ဂိုဏ်းဖွဲ့ရာဇဝတ်မှု ကျူးလွန်သူများသည် ဗြိတိန်နိုင်ငံ အခွန်နှင့် အကောက်ခွန်ဌာန (HMRC) မှ စတာလင်ပေါင် ၄၇ သန်း (ဒေါ်လာ ၆၄ သန်း) ကို ခိုးယူသွားခဲ့ကြောင်း သိရသည်။
ရာဇဝတ်မှုကျူးလွန်သူများသည် လူပေါင်း ၁၀၀၀၀၀ ကျော်ထံသို့ အီးမေးနှင့် မက်ဆေ့များပေးပို့၍ ၎င်းတို့၏ ကိုယ်ရေး အချက်အလက်များနှင့် စာရင်းများကို ခိုးယူ၍ ငွေများကို လိမ်ညာထုတ်ယူ သွားခြင်းဖြစ်ကြောင်း HMRC မှ ဒုတိယ ညွှန်ကြားရေးမှူး အိန်ဂျဲလာ မက်ဒေါ်နယ် မက်ဒေါ်နယ်က ပြောသည်။