ထရမ့်က ဟားဗတ်အပြည်ပြည်ဆိုင်ရာကျောင်းသားအသစ်များအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ရန် ကြေညာချက်ကို လက်မှတ်ရေးထိုး

News Image

ထရမ့်က ဟားဗတ်အပြည်ပြည်ဆိုင်ရာကျောင်းသားအသစ်များအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ရန် ကြေညာချက်ကို လက်မှတ်ရေးထိုး

ထရမ့်အစိုးရက ဟားဗတ်တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားအသစ်များအတွက် ဗီဇာထုတ်ပေးမှုကို ဆိုင်းငံ့ရန် ကြေညာချက်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က လက်မှတ်ရေးထိုးလိုက်ကြောင်း အိမ်ဖြူတော်က ကြေညာခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အဆင့်အတန်းမြင့် တက္ကသိုလ် ဖြစ်သည့် ဟားဗတ်တက္ကသိုလ်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို တားဆီးရန် အစိုးရ၏ ကြိုးပမ်းမှုများကို ပိုမိုထိရောက်စွာ မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ထရမ့်က ယူကရိန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပူတင်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ

News Image

ထရမ့်က ယူကရိန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပူတင်နှင့် စကားပြောခဲ့ကြောင်း ဖွင့်ဟ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနိုင်ငံအတွင်းရှိ လေတပ်စခန်းများကို ယူကရိန်းဘက်မှ ဒရုန်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဗလာဒီမာ ပူတင်နှင့် ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ဖုန်းစကားပြောဆိုခဲ့ကြောင်း ပြောကြား ခဲ့သည်။

US က ကိယက်ဗ်ရှိ အမေရိကန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်ထုတ်ပြန်

News Image

US က ကိယက်ဗ်ရှိ အမေရိကန်နိုင်ငံသားများအတွက် လုံခြုံရေး သတိပေးချက်ထုတ်ပြန်

US သံရုံးက Kyiv ရှိ အမေရိကန်နိုင်ငံသားများကို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေးချက်မြည်သံများကို သတိထားပြီး သင့်လျော်သည့် ခိုလှုံရာနေရာများတွင် ခိုလှုံရန် အကြံပြုထားပါသည်။ “ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေသည်” ဟု ဗုဒ္ဓဟူးနေ့ (ဇွန် ၄) က ထုတ်ပြန်သည့် လုံခြုံရေး သတိချက်ပေးချက်၌ ဖော်ပြထားပါသည်။

ဇီလန်စကီးက ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှတ်တမ်းကို ပယ်ချ

News Image

ဇီလန်စကီးက ရုရှား၏ ငြိမ်းချမ်းရေးအဆိုပြုချက်မှတ်တမ်းကို ပယ်ချ

ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ရုရှား၏ နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်သင့်မခံနိုင်သော “ရာဇသံ” အဖြစ် ပယ်ချလိုက်ပြီး စဉ်းစားရန် ငြင်းဆန်လိုက်ပါသည်။