နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
News Image

နေပြည်တော် ဇွန် ၂၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် Buryatia ပြည်နယ်၊ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ပြည်သူတွေအနေနဲ့ နိုင်ငံရေးကို ကြောက်နေတာတို့၊ မပတ်သက်တာတို့ စတာတွေလုပ်နေလို့မရဘူး။ နိုင်ငံရေးကကိုယ့်ကိုစီမံသွားတာမျိုးခံရနိုင်တယ်။ နိုင်ငံရေးဆိုတာ မပတ်သက်ဘဲနေလို့မရဘူး။ အနည်းဆုံးတော့သိနေရမယ်။ နိုင်ငံရေးနည်းလမ်းနဲ့ ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး တက်တက်ကြွကြွနဲ့ ဝင်ရောက်ဆောင်ရွက်ကြရမယ်။ ဦးကိုကိုကြီး
ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှစတင်၍ သုံးရက်တာ ကျင်းပခဲ့သည်။
ထိုကဲ့သို့ဆွေးနွေးပွဲသုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သည်များနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူအချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။
ဒီဖိုရမ်မှာ ပညာရှင်တွေက အကြံပြုချက်တွေကို လွတ်လွတ်လပ်လပ်ပေးကြပါတယ်။ ပညာရှင်တွေရဲ့အမြင်က ပညာရပ်ဆိုင်ရာဖြစ်တဲ့အတွက် အမှားမရှိဘူးလို့ ပြောလို့ရတယ်။ တစ်ကမ္ဘာလုံးကပညာရပ်တွေနဲ့ ပညာရှင်တွေရဲ့ လုပ်ပုံလုပ်နည်းတွေ၊ အတွေးအခေါ်တွေ ဒါတွေကို ကိုယ့်နိုင်ငံအတွက် ပြန်ပြီးမျှဝေပေးကြတာပါ။ ကျွန်တော်တို့ လုပ်လို့ရတယ်၊ မရဘူးဆိုတာကတော့ အခြေအနေအပေါ် မူတည်ပါတယ်(ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း))
ငြိမ်းချမ်းရေးဖိုရမ် Peace Forum 2025 ငြိမ်းချမ်းရေးရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို့ ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇွန် ၂၅ ရက်မှ စတင်၍ သုံးရက်တာကျင်းပခဲ့သည်။
ထိုကဲ့သို့ ဆွေးနွေးပွဲသုံးရက်တာကာလအတွင်း ဆွေးနွေးခဲ့သည်များနှင့်စပ်လျဉ်း၍ တက်ရောက် လာကြသူအချို့၏ စကားသံများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း(ငြိမ်း) ပြည်ထောင်စုဝန်ကြီး(ငြိမ်း)