နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်

News Image

နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင်သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး အနာဂတ်နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူသားအရင်းအမြစ်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်

နေပြည်တော် ဇွန် ၂၇

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

တက်ရောက်

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်

News Image

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်
မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် ဘယ်လာရုစ်နိုင်ငံမင့်စ်မြို့ရှိ သမ္မတနန်းတော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။

ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်

ဗာဒံစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Posted_Date

Image

ဗာဒံစေ့၏ ကျန်းမာရေး အကျိုးကျေးဇူးများ

Body

ဗာဒံပင်သည် အသီးရော အရွက်ပါ ဆေးဖက်ဝင်ပြီး ကျန်းမာရေးအတွက် အကျိုးများစွာရရှိစေနိုင်သည်။ ဗာဒံစေ့ ၂၈ ဂရမ်တွင် အမျှင်ဓာတ် ၃ ဒသမ ၅ ဂရမ်၊ အသားဓာတ် ၆ ဂရမ်၊ အဆီ ၁၄ ဂရမ်၊ ဗီတာမင်- E ၃၇ ရာခိုင်နှုန်း၊ မဂ္ဂနိစ် ၃၂  ရာခိုင်နှုန်း၊ မဂ္ဂနီဆီယမ် ၂၀ ရာခိုင်နှုန်းပါဝင်သည့်အပြင် ဗီတာမင် B2၊  ကော့ပါး နှင့်    ဖော့စပရပ်စ်ဓာတ်များလည်း    အနည်းငယ်စီ ပါဝင်သည်။

ဗာဒံစေ့တွင်   ခန္ဓာကိုယ်အတွက်   လိုအပ်သောအာဟာရဓာတ်ပြည့်ဝစွာပါဝင်နေသဖြင့် လိုအပ်သည့် ဗီတာမင်နှင့်သတ္တုဓာတ်များကို ပြည့်ဝအောင်စားသုံးခြင်းဖြင့် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကို လျော့ကျစေကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေနိုင်သကဲ့သို့ သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်သည်။ ဗာဒံစေ့သည် အသားအရေကိုနုပျိုစေပြီး   မှတ်ဉာဏ်စွမ်းအားလည်း ကောင်းစေသောကြောင့် အမျိုးသား၊ အမျိုးသမီး အရွယ်သုံးပါးမရွေး  စားသုံးသင့်ကြောင်းကို အမေရိကန်စိုက်ပျိုးရေးဌာနမှ အကြံပြုထားသည်။ ဗာဒံစေ့ကို တစ်ကြိမ်စားလျှင် ၄-၅ စေ့စားနိုင်ပြီး တစ်ရက်လျှင်  နှစ်ကြိမ်ခန့်စားနိုင်သည်။

အရွယ်တင်နုပျိုစေသောဗာဒံစေ့

ဗာဒံစေ့စားခြင်းအားဖြင့်   အူသိမ်၊ အူမများနှင့် အတွင်းပိုင်းအကျဆုံးရှိ အူအားလုံးကိုသန့်စင်စေသည်။ ဗာဒံစေ့ကို ပုံမှန်စားပေးခြင်းဖြင့် အစာအိမ်ထဲရှိအကျိုးပြုဗက်တီးရီးယားများကို လှုံ့ဆော်ပေးသောကြောင့် အစာချေဖျက်မှုကိုအားပေးကာ ဝမ်းပုပ်များ သက်စေပြီး  အစာခြေအင်္ဂါအဖွဲ့အစည်းကိုလည်းသန့်စင်စေကာ အသားအရေကိုကောင်းမွန်စေသည်။လူတစ်ဦး၏အသားအရေသည် အစာခြေအင်္ဂါအဖွဲ့အစည်း၏   အလုပ်လုပ်နိုင်စွမ်းအားနှင့်   တိုက်ရိုက်အချိုးကျနေသည်။   အစာခြေအင်္ဂါများ  အားနည်းလာ‌သည့်အခါ ဝမ်းချုပ်ခြင်းကိုဖြစ်စေပြီး ဝက်ခြံစို၊ ဝက်ခြံခြောက်များဖြစ်ပေါ်လာစေသည်။  ဝက်ခြံစို၊ ဝက်ခြံခြောက်၊  ဆားဝက်ခြံအမျိုးမျိုးနှင့်  မျက်နှာပေါ်ရှိ   အမည်းစက်များ၊   အမာရွတ်များအတွက်   ဗီတာမင်-E   သောက်သုံးနိုင်သည်။ ထိုဗီတာမင်-E ဆေးတောင့်နှင့်  ဗီတာမင်-E  ဓာတ်ပါသော    ဆေး အားလုံးသည် Alpha-Tocopherol  ဓာတ်ပစ္စည်းနှင့်ဖော်စပ်ထားခြင်းကြောင့် အသားအရေကိုကောင်း မွန်စေသည်။ ဗီတာမင်- E ကြွယ်ဝရာအရင်းအမြစ် ဖြစ်သော ဗာဒံစေ့သည် ဝက်ခြံပေါက်သူများသာမက အရေပြားရောဂါရှိသူများလည်း  မဖြစ်မနေ စားသုံးသင့်သည်။ 

အသားအရေကိုလှပစေသောဗာဒံစေ့

ဗာဒံစေ့ကိုမှန်မှန်စားသည့်အပြင်  ဗာဒံစေ့အဆီနှင့်  မျက်နှာကို  အသာအယာနှိပ်နယ်ပေးခြင်းဖြင့် အရေးအကြောင်းများမဖြစ်စေနိုင်ဘဲ အသားအရေကို ပိုကောင်းစေနိုင်သည်။ မျက်လုံးအောက်တစ်ဝိုက် ဗာဒံစေ့အဆီမှန်မှန်လိမ်းပေးခြင်းဖြင့်    မျက်ကွင်းညိုခြင်းကို    ရက်အနည်းငယ်အတွင်း    လျော့ပါးစေသည်။

ကင်ဆာအကျိတ်ကိုချေဖျက်ပေးနိုင်သောဗာဒံစေ့

အမျိုးသမီးတော်တော်များများတွင်    ခံစားနေရသော ရင်သားကင်ဆာဖြစ်ပွားမှုမရှိစေရန် ဗာဒံစေ့ စားသုံး၍  ကာကွယ်နိုင်သည်။   ဓာတ်တိုးဆန့်ကျင် အာနိသင်(Antioxidant)  ကြွယ်ဝသော   ဗာဒံစေ့ သည် ကင်ဆာရောဂါအမျိုးမျိုးကို အထိရောက်ဆုံး  ကာကွယ်ပေးနိုင်သည်။    ဗာဒံစေ့တွင်    ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများပါဝင်သည့်အတွက်    ကင်ဆာရောဂါဖြစ်ပွားခြင်းကိုလျော့ကျစေပြီး    အူမကြီး ကင်ဆာ၊   ရင်သားကင်ဆာနှင့်    ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုများကို   အဓိကလျော့ကျစေနိုင်သည်ဟု လေ့လာချက်များအရ သိရှိရသည်။  ဗာဒံစေ့ကိုပုံမှန် စားသုံးပေးခြင်းဖြင့်   အူမကြီးတစ်လျှောက်  အစာလှုပ်ရှားမှုကိုအားကောင်းစေသည်။ 

လူမမာများစားသုံးသင့်သောဗာဒံစေ့

အာဟာရပိုမိုရရှိစေရန်နှင့် အစာကြေညက်စေရန် ဗာဒံစေ့အဆန်ကို ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သည့် ငရုတ်ကောင်း၊ နနွင်း၊ ဖာလာတို့နှင့်တွဲဖက်စားသုံးလေ့ရှိသည်။ နွေရာသီနှင့်ပူအိုက်သည့် အခြေအနေ များတွင် ဗာဒံသီးစားပါက အပေါ်ယံအခွံပါးကိုဖယ်ရှားပြီးစားရန်လိုသည်။  သို့မဟုတ်ပါက  ခန္ဓာကိုယ်အတွင်း အလွန်ပူလာနိုင်သည်။ ဗာဒံစေ့သည် ဖွံ့ဖြိုးစ အရွယ်ကလေးများအတွက်  အားဆေးတစ်မျိုးဖြစ်သည်။  ဗာဒံစေ့အဆန် သုံးခုမှခြောက်ခုကို   ရေစိမ်၊အခွံပါးကိုခွာ၍   ကြိတ်ပြီး   နို့နှင့်ပျားရည်တစ်ဇွန်းထည့်ကာ   ကလေးငယ်များကို    တစ်နေ့နှစ်ကြိမ် နှစ်လဆက်တိုက်ကျွေးပါက ခန္ဓာကိုယ်ကြီးထွားပြီး   အရိုးများသန်မာစေသည်။  အပျိုဖော်ဝင်နောက်ကျ သော    အမျိုးသမီးငယ်များအတွက်    အထူးသင့်လျော်သည်။  နာလန်ထလူမမာများအတွက်လည်း အကောင်းဆုံးအစားအစာဖြစ်သည်။

အားကောင်းစေသောဗာဒံစေ့

ဗာဒံစေ့အဆန် ၁၂ ခုမှ ၁၅ ခုခန့်ကို ရေနွေးဖြင့်စိမ် ပြီး အခွံပါးကိုဖယ်၍  ညက်အောင်ကြိတ်ကာ နို့နှင့် ရောပြီးနောက် ငှက်ပျောသီးအမှည့်တစ်လုံးကိုခြေထည့်ပြီး အဖတ်များကို အဝတ်ပါးဖြင့်စစ်၍ ပျားရည် လေးဇွန်းထည့်ကာ တစ်နေ့နှစ်ကြိမ်ခန့် စားသုံးခြင်း ဖြင့်  အားနည်းခြင်းကို  သက်သာပျောက်ကင်းစေသည်။ ဆံပင်ကျွတ်သူများအနေဖြင့် ဗာဒံဆီကိုလိမ်း ပေးနိုင်သည်။ သွေးထဲရှိ ကိုလက်စထရောပမာဏကို လျော့နည်းစေသောကြောင့်    နှလုံးကျန်းမာစေပြီး  မှတ်ဉာဏ်နှင့် ကိုယ်ခံစွမ်းအားများ   တိုးပွားလာစေ သည်။  အယ်လ်ဇိုင်းမား (ခေါ်)  ဦးနှောက်ဇရာအကြို ရောဂါဝေဒနာရှင်များ     ဗာဒံစေ့ကို     ဖြည့်စွက်စာအားဆေးအဖြစ် စားပေးနိုင်သည်။

ဗာဒံရွက်၏အကျိုးကျေးဇူးများ

ဗာဒံရွက်တွင် ပိုးသတ်ဆေးအာနိသင်ပါဝင်သဖြင့် ဗာဒံရွက်သတ္တုရည်ကို  ထိခိုက်ဒဏ်ရာများအတွက် လိမ်းဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ ဓာတ်မတည့်မှုကြောင့် အရေပြားယားယံခြင်း၊ အရေပြားနီမြန်းခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများဖြစ်လျှင်လည်း အရွက်သတ္တုရည်ကို     လိမ်းပေးခြင်းဖြင့်သက်သာစေသည်။   သွေးအားနည်းခြင်းအတွက်   ဗာဒံရွက် သတ္တုရည်  ဟင်းစားဇွန်းတစ်ဇွန်းကို  တစ်ရက်လျှင် နှစ်ကြိမ်မှ   သုံးကြိမ်အထိ   သောက်ပေးနိုင်သည်။ အသည်းရောင်ခြင်းနှင့် အသည်းဆိုင်ရာရောဂါများအတွက် ဗာဒံရွက်ပြုတ်ရည် ရေနွေးကြမ်းတစ်ခွက်ကို  တစ်ရက်လျှင် နှစ်ကြိမ်မှသုံးကြိမ်အထိ သောက်ပေးနိုင်သည်။       ဝမ်းကိုက်ရောဂါရှိသူများအတွက်  အခေါက်ပြုတ်ရည် ရေနွေးကြမ်းတစ်ခွက်ကို တစ်ရက်လျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ သောက်ပေးနိုင်သည်။ မျက်စိနာခြင်းအတွက် ဗာဒံရွက်သတ္တုရည်ကိုမျက်စဉ်း ခတ်ပေးနိုင်သည်။ သွားနှင့်ခံတွင်းရောဂါများအတွက် ဗာဒံပင်၏အခေါက်ပြုတ်ရည်ကို     ငုံဆေးအဖြစ် အသုံးပြုနိုင်သည်။

အချုပ်အားဖြင့်ဆိုသော်  ဗာဒံစေ့သည်  ဗီတာမင်- E ကြွယ်ဝသည့် အရင်းအမြစ်တစ်ခုဖြစ်သောကြောင့် ဝက်ခြံပေါက်သူများသာမက  အရေပြားရောဂါရှိသူ များလည်း မဖြစ်မနေစားသုံးသင့်သည်။ ဗီတာမင်-E သည်    အသားအရေတစ်ခုတည်းအတွက်သာမက  နှလုံးရောဂါ၊   ကင်ဆာရောဂါနှင့်     အယ်လ်ဇိုင်းမား ရောဂါကဲ့သို့  ရောဂါများဖြစ်ပွားနိုင်ခြေကိုပါ လျော့နည်းစေသည်။  မဂ္ဂနီဆီယမ်ဓာတ်ပါဝင်နေခြင်းကလည်း ခန္ဓာကိုယ်၏သွေးဖိအားကျဆင်းရန် အထောက် အကူပြုသည်။     ခန္ဓာကိုယ်တွင်   သွေးဖိအားတက်နေမည်ဆိုလျှင်    လေဖြတ်ခြင်းအပြင်     နှလုံးနှင့် ကျောက်ကပ်ကို ထိခိုက်နိုင်သောကြောင့် မဂ္ဂနီဆီယမ် ဓာတ်ရရှိမည်ဆိုပါက သွေးဖိအားကျဆင်းရန် များစွာ ကူညီနိုင်မည်ဖြစ်သည်။

ဗာဒံစေ့တွင်ပါဝင်သည့်  အမျှင်ဓာတ်များက စားသုံးလိုက်သောအစားအစာများတွင်ပါလာသည့် ပြင်ပအဆီများအား     ခန္ဓာကိုယ်မှစုပ်ယူခြင်းကို   ဟန့်တားပေးသည်။  ထို့ပြင် ဗာဒံစေ့တွင်  ဗီတာမင်-E၊  ပြည့်ဝဆီများ၊   မဂ္ဂနီဆီယမ်နှင့်    ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများ လုံလောက်စွာပါဝင်နေသောကြောင့် နှလုံးသွေးလည်ပတ်စီးဆင်းမှုအားကောင်းစေသည်။ ဗာဒံစေ့သည် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးခြင်း၊ ရောင်ရမ်းမှုကိုဆန့်ကျင်ခြင်းနှင့် အသည်းအဆိပ်သင့်ခြင်းတို့ကို   တားဆီးပေးသောကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်သည့်ဓာတ်စာတစ်ခုဖြစ်သည်။  ဗာဒံစေ့က  နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သကဲ့သို့   ဗာဒံစေ့တွင်ပါဝင်သည့်အဆီက  ဝမ်းဗိုက်ပိုင်းတွင် ဖြစ်သည့် နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်သည်။

ဗာဒံစေ့တွင်  Linolenic   အက်စစ်နှင့်  Linolenic   အက်စစ်ကဲ့သို့   အကျိုးပြု  Fatty  Acid  များပါဝင် နေသောကြောင့်  ခန္ဓာကိုယ်တွင်ဖြစ်သည့် ရောင်ရမ်းမှုများကိုသက်သာစေနိုင်သည်။  Fatty   Acid  က  သွေးတွင်းရှိ အကျိုးမပြုသောကိုလက်စထရောများကို  ကျဆင်းစေနိုင်သည်။  ကိုယ်ဝန်ဆောင်ချိန်တွင်    မိခင်ရော ကလေးပါလိုအပ်သည့် ဖောလစ်အက်စစ် ကို ဗာဒံစေ့မှရရှိနိုင်သည်။  ဗာဒံစေ့က စိတ်ကျေနပ်မှု ရစေပြီး   မကြာခဏအစာစားချင်စိတ်မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။     အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် အဆာခံနိုင်ပြီး အစာခြေစနစ်နှင့် အူမကြီးကို ကျန်းမာစေနိုင်သည်။ ဗာဒံစေ့ကိုပုံမှန် စားသုံးပေးခြင်းဖြင့် ဝမ်းမှန်စေနိုင်ပြီး ကိုယ်အလေး ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ကာ ဦးနှောက် စွမ်းဆောင်ရည်ကောင်းစေသည်။

ဗာဒံစေ့ကို အတန်အသင့်စားသုံးခြင်းဖြင့် ကျန်းမာ ရေးအကျိုးကျေးဇူးများ  ရရှိနိုင်မည်ဖြစ်သော်လည်း အလွန်အကဲစားသောက်ခြင်းဖြင့်     ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊   မူးဝေခြင်း၊   ခေါင်းကိုက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊  ဝမ်းလျှောခြင်း၊  ထုံထိုင်းခြင်းတို့ ဖြစ်စေနိုင်သည်။    ဓာတ်မတည့်သူများအနေဖြင့် အသက်ရှူရခက်ခြင်း၊ အဖုများထွက်ခြင်း၊ ပျို့အန်ခြင်း တို့ဖြစ်နိုင်သောကြောင့်   ဗာဒံစေ့နှင့် ဓာတ်မတည့်သူများ   ဗာဒံပင်ထွက်ပစ္စည်းများကို   ရှောင်ကြဉ်သင့်ပါ ကြောင်း ရေးသားလိုက်ရပါသည်။

MWD Web Portal

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည့် ထိန်းချုပ်ဓာတုပစ္စည်းများ ကုန်သွယ်မှု၊ အသုံးပြုမှုနှင့် ထိန်းသိမ်းဆောင်ရွက်မှုများ  အပိုင်း(၄)

Posted_Date

Image

Drugs

Body

အရေးပါသည့်ထိန်းချုပ်ဓာတုပစ္စည်းများ(ပရီကာဆာများ)ကို တရားဝင်နှင့် တရားမဝင် အသုံးပြုခြင်းများ Anthranilic Acid (အင်သရာနီလစ် အက်စစ်) C7H7NO2 သည် အဖြူရောင်၊ အဝါနုရောင်အမှုန့်၊ အခဲ၊ ပုံဆောင်ခဲဖြစ်ပြီး ချိုသောအရသာရှိသည်။ အရက် (Ethyl alcohol)၊ ရေပူနှင့်ရေအေးတို့တွင် ပျော်ဝင်သည်။ မျက်စိနှင့်အသက်ရှူလမ်းကြောင်းကို ထိခိုက်နိုင်သည်။ ဆိုးဆေးများ၊ ဆေးဝါးများနှင့် ရေမွှေးများ ထုတ်လုပ်ရာတွင် ဆက်စပ်အသုံးပြုသည်။ ငှက်များနှင့်ပိုးမွှားများ အန္တရာယ်မှ ကာကွယ်ဆေးများ၊ သန်ချဆေးများ ထုတ်လုပ်ရာတွင်လည်းသုံးသည်။ မက်သာကွာလုံး (Methaqualone)  (C16H14N2O)နှင့် မက်ကလိုကွာလုံး (Mecloqualone) (C15H11ClN2O) ထုတ်လုပ်ရာ၌ တရားမဝင် ဖန်တီး၍သုံးသည်။

Methaqualone(မက်သာကွာလုံး)နှင့် Mecloqualone (မက်ကလိုကွာလုံး)Methaqualone ၏ Trade Name မှာ Quaalude ဖြစ်ပြီး ယင်းသည် ဗဟိုအာရုံကြောစနစ်၏လုပ်ဆောင်ချက်ကိုနှောင့်နှေးစေပြီး စိတ်ပူပန်မှုကိုလျှော့ချပေးပြီး အိပ်စက်ခြင်းကို နှိမ့်ချပေးသည့် sedative တစ်မျိုးဖြစ်သည်။ Mandrax (Methaqualone)ကို ဆေးခြောက်နှင့်   ရောနှောအသုံးပြုခြင်းကို   တောင်အာဖရိကတွင်သာ အစီရင်ခံခဲ့ပြီး “White pipe”ဟုခေါ်သည်။ Methaqualone သည် Barbiturates နှင့် ဆင်တူသော ဆေးဝါးဗေဒဆိုင်ရာအာနိသင်များရှိသော စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဆေးအဖြစ်   လုပ်ဆောင်ပေးကာ စိတ်ပူပန်မှုကိုသက်သာစေပြီး အိပ်ပျော်ခြင်းကိုမြှင့်တင်ပေးသည်။ Methaqualone ကို ၁၉၅၄ ခုနှစ်တွင် US စျေးကွက်၌ ဆေးခန်းတွင် မိတ်ဆက်ထားခဲ့သော်လည်း မြင့်မားသော အလွဲသုံးစားပြုမှု အလားအလာကြောင့် ၎င်းကို ၁၉၈၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။ ယနေ့ခေတ်တွင် အခြားဆေးဝါးများ မထိရောက်ပါက   ခွဲစိတ်မှုနှင့်ပတ်သက်သော   စိုးရိမ်ပူပန်မှု၊ စိတ်ငြိမ်ဆေးအတွက်နှင့် ခေါင်းကိုက်ခြင်းတို့အတွက် Barbiturates  ကိုအသုံးပြုသည်။ Mecloqualone (Nubarene, Casfen)သည် ၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးထုတ်လုပ်ခဲ့သော Methaqualone ၏ Analogue တစ်ခုဖြစ်ပြီး ပြင်သစ်နှင့်အခြားဥရောပနိုင်ငံအချို့တွင် အဓိကအားဖြင့် စျေးကွက်တင်ခဲ့သည်။ ၎င်းတွင် စိတ်ငြိမ်ဆေး၊ စိတ်ညှို့ဓာတ်နှင့် စိတ်အားထက်သန်သောဂုဏ်သတ္တိများပါရှိပြီး အိပ်မပျော်ခြင်းကို ကုသရာတွင်အသုံးပြုသည်။ Mecloqualone သည် Methaqualone  ထက်  ပိုတိုသော်လည်း တာရှည်ခံနိုင်သောကြောင့်  အိပ်ဆေးအဖြစ်သာ အသုံးပြုခဲ့သည်၊၊ Mecloqualone ကို Methaqualone ကဲ့သို့ တွင်ကျယ်စွာအသုံးမချတော့ဘဲ အလွဲသုံးစားလုပ်မှုနှင့် ဆေးလွန်ကဲမှုဖြစ်နိုင်ခြေကို စိုးရိမ်မှုများကြောင့် သတ်မှတ်ခြင်းမရှိတော့ပါ။

Ethyl Ether (အီသိုင်းလ်အီသာ) (CH3CH2)2O ကို  ဒိုင်အီသိုင်းလ်အီသာ(Diethyl Ether) ဟုလည်းခေါ်ပြီး အတိုကောက်အားဖြင့်  Ether ဟုလည်းခေါ်သည်။ အရည်သွက်၍ အငွေ့ပြန်နိုင်ပြီး အလွန်မီးလောင်လွယ်သည်။ ချိုအီစူးရှသည့်အနံ့ရှိသည်။ Peroxide များနှင့်ရောနှော၍ လေ၊ အလင်းရောင်တို့နှင့်ဓာတ်ပြုပြီး ပေါက်ကွဲမှုဖြစ်စေနိုင်သည်။ ဓာတ်ခွဲခန်းသုံးနှင့်ဓာတုဗေဒလုပ်ငန်းသုံး ဓာတုဆေးရည်များနှင့် ဆေးဝါးများထုတ်လုပ်ရာ၌လည်းကောင်း၊ ဆေးခြောက် စမ်းသပ်ရာ၌ လည်းကောင်း၊ အဆိပ်အတောက်များဓာတ်ခွဲစမ်းသပ်ရာ၌ လည်းကောင်း၊ တိရစ္ဆာန်အဆီ၊ အခြားအဆီများ၊  ဖယောင်းများ၊ အဆီခဲများ၊   သစ်ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ သတ္တုပစ္စည်းများ၊ ပလတ်စတစ်ပစ္စည်းများ၊ ရေမွှေးများ၊ အမွှေးနံ့သာများ၊  အများသုံးထုံဆေး၊ မေ့ဆေးများထုတ်လုပ်ရာ၌လည်းကောင်း၊ ပေါက်ကွဲစေသောဒြပ်ပေါင်းများနှင့်ခဲယမ်းများ ထုတ်လုပ်ရာ၌လည်းကောင်း အသုံးပြုသည်။ အထူးသဖြင့် Cellulose Acetate ကဲ့သို့သော Cellulose ပလတ်စတစ်များထုတ်လုပ်ရာတွင် ဓာတုပစ္စည်းအဖြစ် အသုံးများသည်။ ဓာတ်ခွဲခန်းများတွင် ဓာတုပစ္စည်းအဖြစ်နှင့် အချို့အင်ဂျင်များအတွက် စတင်ရည်အဖြစ် အသုံးများသည်။ Halothane ကဲ့သို့သော မီးလောင်လွယ်သောဆေးဝါးများမတီထွင်မီ   ၎င်းကိုယေဘုယျထုံဆေးအဖြစ် အသုံးပြုခဲ့သည်။ မူးယစ်ခြင်းကိုဖြစ်စေရန်အတွက် အပန်းဖြေဆေးအဖြစ် အသုံးပြုထားသည်။

Hydrochloric  Acid  (ဟိုက်ဒရိုကလိုရစ်အက်စစ်) HCL စူးရှသောအနံ့ရှိသည့် ကြည်လင်သော အဝါဖျော့ရောင်အရည်ဖြစ်ပြီး ယင်းကို ဟိုက်ဒရိုကလိုရိုက်(Hydrochloride)နှင့် ကလိုရိုက်(Chloride) ဆားများ၊ Organic ပစ္စည်းဖြင့်ဖန်တီးသောဓာတ်ဆားရည်များနှင့်အခြေခံဓာတ်ပြယ်ခြင်းစနစ်တွင် ဓာတ်ကူပစ္စည်းကဲ့သို့အရာများ (Chloride နှင့် Hydrochloride ဆားများ)၏ဓာတ်ပြုမှုတွင် ဓာတ်ပြယ်ပစ္စည်းအဖြစ်လည်းကောင်း၊ ဓာတုဆေးရည်အဖြစ်လည်းကောင်း၊ သတ္တုသန့်စင်ရာတွင် လည်းကောင်း အသုံးပြုသည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကြွဆေးများဖြစ်သည့် Heroin ၊ Cocaine ၊ Hydrochloride ၊  Ephetamine ၊ Phency-clidine (PCP)၊ Phantanine နှင့် ၎င်း၏ဓာတ်ပေါင်းများ၊  Methaqualone ၊ Mecloqualone၊ Maxclean၊ L.S.D၊ Cylocine၊   Diethyltritamine (DET)နှင့် PEPAP များ ထုတ်လုပ်ရာ၌ တရားမဝင်အသုံးပြုသည်။

Methyl Ethyl Ketone (MEK) (မီသိုင်းလ်အီသိုင်းလ်ကီတုန်း)ကို  ဗျူတာနုန်း (Butanone) (C8H8O) ဟုလည်းခေါ်သည်။   စူးရှသောမွှေးရနံ့နှင့်အရောင်မဲ့အရည်ဖြစ်သည်။  သဘာဝထုတ်ကုန်တစ်မျိုး ဖြစ်သည့် သစ်ပင်တချို့မှထုတ်လုပ်ထားခြင်းဖြစ်ပြီး   အသီးအရွက်နှင့် အသီးအနှံတို့တွင် အနည်းငယ်သာ တွေ့ရသည်။ ၎င်းကို ကား၊ ထရပ်ကားအိတ်ဇောများမှလည်း လေထဲသို့ ထုတ်လွှတ်သည်။  MEK ကို  ကော်များ၊  သန့်စင်ရည်များ၊ အရောင်တင်ပစ္စည်းများ၊ အဆီအခဲများ၊  အရည်ပျော်စေသောပစ္စည်းများနှင့်  အခိုးမဲ့ပေါင်ဒါများထုတ်လုပ်ရာတွင် အသုံးများသော ဓာတုဆေးရည်ဖြစ်သည်။ ကိုကင်းဘေ့စ်(Cocaine Base)နှင့် ကိုကင်းဟိုက်ဒရိုကလိုရိုက်(Cocaine Hydrochloride)သို့ ပြောင်းလဲရာတွင် အသုံးပြုသော ဓာတုဆေးရည်ဖြစ်သည်။

Phenylacetic   Acid  (ဖီနိုင်းလ်အက်စီတစ်အက်စစ်) C8H8O2 သည် ရှည်မျောမျောအပြားငယ် အမှုန့်များဖြစ်သည်။ မင်သော်(Menthol)နှင့်ဆင်တူပြီး ရေတွင်အနည်းငယ်သာပျော်ဝင်၍  Ether Alcohol နှင့်ရေပူတွင်ပျော်ဝင်နိုင်သည်။ စားသောက်မိပါက အဆိပ်ဖြစ်ပြီး  အပူ သို့မဟုတ် မီးနှင့်တွေ့ပါက မီးလောင်တတ်သည်။  ဓာတုပစ္စည်းစက်ရုံနှင့်ဆေးဝါးစက်ရုံများတွင် Phenyl Acetate Ester၊ Ephetamine နှင့် ၎င်း၏ဘေးထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပင်နီဆီလင်ပေါင်းစပ် ထုတ်လုပ်သည်။ အမွှေးနံ့သာပစ္စည်းများနှင့်ရေမွှေးများ၊  သန့်စင်သောဓာတုဆေးရည်များတွင် ပေါင်းစပ်ထုတ်လုပ်ရာ၌လည်းသုံးသည်။

Piperidine  (ပိုင်ပါရီဒင်း)  C5H11N သည် အရောင်မဲ့ သို့မဟုတ် အဝါနုရောင်ဖြစ်ပြီး ဆပ်ပြာရည်နှင့်ဆင်တူသည်။  Chloroform၊ Benzene နှင့် Ether တို့တွင်ပျော်ဝင်သည်။ မီးလောင်လွယ်ပြီး အရေပြားကိုလောင်စေနိုင်သည်။ ဓာတုဗေဒစက်ရုံ၊ ဆေးဝါးစက်ရုံနှင့် ဓာတ်ခွဲခန်းများတွင် ပျော်ရည်နှင့်ဓာတ်ပြုပစ္စည်းအဖြစ်အသုံးများသကဲ့သို့ အနံ့ရှိသောပုံဆောင်ခဲများ၊ ရော်ဘာပစ္စည်းများနှင့်  ပလတ်စတစ်များထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။ မက်သာမက်ဖက်တမင်း (Methamphe-tamine)၊  Phencyclidine (PCP) နှင့် Tenocylidine (TCP)များ ထုတ်လုပ်ရာ၌ တရားမဝင် အသုံးပြုသည်။

Phencyclidine (PCP) 

PCP သည် အရက် သို့မဟုတ် ရေတွင်ပျော်ဝင်နိုင်သော အဖြူရောင်အမှုန့်အဖြစ်များသောအားဖြင့် ထွက်လာသော တရားမဝင်လမ်းဘေးဆေး(Street Drug)ဖြစ်သည်။ အမှုန့် သို့မဟုတ် အရည်အဖြစ် ဝယ်နိုင်သည်။ အရည်များတွင် လျင်မြန်စွာပျော်ဝင်သော်လည်း ထူးခြားပြီး ခါးသက်သောဓာတုအရသာရှိသည့် ဓာတုဆေးတစ်မျိုးဖြစ်ပြီး ၁၉၅၀ ပြည့်နှစ်များက မေ့ဆေးအဖြစ်အသုံးပြုခဲ့ပြီး  လူနာများ တုန်လှုပ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့်သုံးစွဲရန်အဆင်မပြေခြင်းတို့ကြောင့် ရပ်ဆိုင်းထားခဲ့ပြီး ယခုအခါ  တိရစ္ဆာန်အကောင်ကြီးများ ငြိမ်သက်စေရန် မေ့ဆေးအဖြစ်သုံးသည်။   PCP သည်  စိတ်ငြိမ်ဆေးအာနိသင်ရှိနိုင်သည်။   အယ်လ်ကိုဟော သို့မဟုတ် စိတ်ကျဆေးများကဲ့သို့ အခြားသောစိတ်ငြိမ်ဆေးများနှင့်ရောစပ်ပါက သုံးစွဲသူကိုမေ့မြောသွားစေနိုင်သည်အထိ ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသောနောက်ဆက်တွဲများကိုဖြစ်စေနိုင်သည်။ ControlledSubstances Act အရ Schedule II အရာဝတ္ထုတစ်ခုဖြစ်သည်။ ကိုကင်း(Cocaine)နှင့် စိတ်ကြွဆေးများ (Methamphetamine) ပါဝင်သော Schedule II မူးယစ်ဆေးဝါးများသည်  အလွဲသုံးစားလုပ်ရန်  အလားအလာမြင့်မားသည်။ ဤဆေးဝါးများကိုအလွဲသုံးစားလုပ်ခြင်းသည် စိတ်ပိုင်းဆိုင်ရာ (Psycological) သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ(Physical) အားကိုးအားထားပြုခြင်းသို့ ဦးတည်သွားစေနိုင်သည်။ PCP ကို နှာခေါင်းမှတစ်ဆင့် ရှူသွင်းခြင်း (နှာစေးခြင်း)၊ သွေးပြန်ကြောထဲသို့ ထိုးသွင်းခြင်း(သေနတ်ပစ်ခြင်း)၊ သောက်ခြင်း၊ မျိုချခြင်း စသည်ဖြင့် မတူညီသောနည်းလမ်းများဖြင့် အသုံးပြုနိုင်သည်။

Potassium Permanganate (ပိုတက်စီယမ်ပါမင်းဂနိတ်) KMnO4 သည် စိုစွတ်သော အခြေအနေတွင် အနံ့မရှိသောခရမ်းရောင် (သို့) အနက်ရောင်နီးပါးရှိသော ပုံဆောင်ခဲ (သို့) အမှုန့် ဖြစ်သည်။ ပိုတက်စီယမ်ပါမင်းဂနိတ်သည် ပိုးသတ်ဆေး၊ အနံ့ဆိုးထွက်ခြင်းနှင့် ယားယံခြင်းဂုဏ်သတ္တိများပါရှိသော    ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်သည်။ ၎င်း၏ဘုံအမည်မှာ Condy’s crystals ဖြစ်ပြီး ယင်းကို ဓာတုဗေဒလုပ်ငန်းတွင် ဓာတ်ခွဲဖန်တီးထုတ်လုပ်သော Organic Material  နှင့် ဓာတ်ခွဲခြင်းဆိုင်ရာများတွင်  ပြင်းထန်သောဓာတ်တိုးအေးဂျင့်အဖြစ်လည်းကောင်း၊ အနာများကိုသန့်ရှင်းစေရန်နှင့်  အထွေထွေပိုးသတ်ဆေးအဖြစ်လည်းကောင်း၊ နှင်းခူရောဂါ၊ အရေပြားခြောက်သွေ့ရောဂါနှင့်အရေပြားရောင်ရမ်းခြင်းအတွက် အရေးကြီးသော ဓာတ်ပြုပစ္စည်းများဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

MWD Web Portal