ကန်စွန်းဥ၏ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ

Posted_Date

Image

ကန်စွန်းဥ၏ ကျန်းမာရေးဆိုင်ရာသိကောင်းစရာများ

Body

လူတိုင်းသိပြီးဖြစ်သည့် ကန်စွန်းဥ၏ကျန်းမာရေးဆိုင်ရာ သိ‌ကောင်းစရာများကို ဖော်ပြလိုပါသည်။ ကန် စွန်းကြီးပင်၏ အမြစ်ဥဖြစ်သည့်     ကန်စွန်းဥသည် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော အသီးအနှံများတွင်   တစ်မျိုးအပါအဝင်ဖြစ်သည်။   မြေအောက်ဥဖြစ်သည့်ကန်စွန်းဥ (Ipomoea batatas) သည် ရောင်ရမ်းနေသောအမြစ်  (Tuberous Root) ဖြစ်ပြီး ပင်စည်ကဲ့သို့ အဖုငယ်များ (Nodes)၊ အဆစ် များ (Internodes)နှင့်  အဖူးအတက်များ ( Buds)  မရှိပေ။  ကမ္ဘာတစ်ဝန်းစိုက်ပျိုးသော  ချိုမြိန်သည့် ကစီဓာတ်ရှိသော အသီးအနှံဖြစ်ပြီး ကစီဓာတ်များစွာ ပါဝင်မှုကြောင့် အပူပိုင်းနှင့်သမပိုင်းဒေသတို့၌ စိုက်ပျိုးသည့် သီးနှံတစ်မျိုးဖြစ်သည်။

ခရမ်းရောင်ကန်စွန်းဥ၏အာနိသင်များ

ခရမ်းရောင်ကန်စွန်းဥမှာ သဘာဝအရ အမြင်အာရုံ တွင် ဆွဲဆောင်မှုရှိပြီး  အစားအသောက်နှင့်  အဖျော် ယမကာလုပ်ငန်းတွင် ကျယ်ပြန့်စွာအသုံးပြုသည်။ ခရမ်းရောင်ကန်စွန်းဥကို အဖျော်ယမကာများ၊ မုန့် များ၊ နို့ထွက်ပစ္စည်းများနှင့်  မုန့်ဖုတ်ပစ္စည်းများတွင်  တွေ့ရများသည်။  ယင်း၏သဘာဝမူလနှင့်  တက်ကြွ သောအရောင်ကြောင့် ကန်စွန်းဥအမှုန့်ကို အလှကုန် နှင့် တစ်ကိုယ်ရေထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်ပစ္စည်း များတွင် ပိုမိုအသုံးပြုကြသည်။ အသားအရေထိန်းသိမ်းမှုအမျိုးမျိုးနှင့် ဆံပင်ထိန်းသိမ်းမှုဖော်မြူလာများ တွင်  တွေ့ရှိနိုင်ပြီး   ဓာတုဆိုးဆေးများ၏သဘာဝ အတိုင်း အစားထိုးဆောင်ရွက်နိုင်သည်။ ဆေးဝါးနှင့် အာဟာရဆိုင်ရာ လုပ်ငန်းများအနေဖြင့်  ကန်စွန်းဥ အမှုန့်ကို ဆေးတောင့်များ၊ ဆေးပြားများနှင့် ကျန်းမာ ရေးဖြည့်စွက်စာများတွင်  ထည့်သွင်းအသုံးပြုလေ့ရှိ သည်။  ခရမ်းရောင်ကန်စွန်းဥသည်  အရောင်အစွမ်း ထက် Antioxidant များအဖြစ် လုပ်ဆောင်ပေးသော     Anthocyanins ကြွယ်ဝသည်။ ဤဒြပ်ပေါင်းများသည်  ခန္ဓာကိုယ်အတွင်းရှိ ဖရီးရယ်ဒီကယ်များကို ချေဖျက် ပေးနိုင်ပြီး  Oxidative  Stress  နှင့် ရောင်ရမ်းမှုကို  လျှော့ချပေးသည်။    ဤဓာတ်တိုးဆန့်ကျင်ပစ္စည်း၏ လုပ်ဆောင်ချက်သည်  ကျန်းမာရေးကို  အထောက် အကူပြုသည်။ ခရမ်းရောင်ကန်စွန်းဥ၏ ကျန်းမာရေး အကျိုးကျေးဇူးများနှင့်အတူ    စွယ်စုံရသဘာဝဆေး အဖြစ် ထွက်ပေါ်လာပြီး သဘာဝပါဝင်ပစ္စည်းများကို   နှစ်သက်သဘောကျသော  စျေးကွက်လမ်းကြောင်းများနှင့်အတူ      စက်မှုလုပ်ငန်းခွင် အမျိုးမျိုးတွင် ကျယ်ပြန့်စွာအသုံးချမှုများကြောင့် ကမ္ဘာ့ဈေးကွက် တွင်   Key  Player   အဖြစ်  နေရာယူထားကြောင်း မှတ်သားရသည်။

ဦးနှောက်လုပ်ဆောင်မှုကိုကောင်းမွန်စေနိုင်သောကန်စွန်းဥ

ကန်စွန်းဥစားသုံးခြင်းဖြင့် ဦးနှောက်၏လုပ်ဆောင် မှုကို တိုးတက်ကောင်းမွန်စေနိုင်သကဲ့သို့ မှတ်ဉာဏ် ကိုလည်း တိုးစေနိုင်သည်။ ကန်စွန်းဥက အာဟာရကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) လည်းကြွယ်ဝသည့်     စားစရာတစ်မျိုးဖြစ်သဖြင့် အသက်အရွယ်ကြောင့်ဖြစ်သော   မှတ်ဉာဏ်ယုတ် လျော့မှုကိုလည်း လျော့ပါးစေနိုင်သည်။ ဗီတာမင်-A  ကြွယ်ဝသည့်ကန်စွန်းဥသည် ဆေးလိပ်သောက်ခြင်း ကြောင့်ဖြစ်တတ်သော   အသက်ရှူလမ်းကြောင်း ဆိုင်ရာပြဿနာများကို ပြေလျော့စေသည်။

ကိုယ်ခံအားကောင်းစေသောကန်စွန်းဥ

ကန်စွန်းဥတွင်  ဗီတာမင်- A  ပါဝင်သောကြောင့် ကိုယ်ခံအားဆဲလ်များထွက်ရှိအောင် လှုံ့ဆော်ပေးပြီး ကူးစက်ရောဂါများ မဝင်ရောက်အောင် တားဆီးပေးနိုင်သည်။ ကန်စွန်းဥတွင် ကြွယ်ဝစွာပါဝင်သောအမျှင် ဓာတ်က အစာကိုကြေညက်စေကာ အဆိပ်အတောက် များကိုလည်း ပြေပျောက်စေသည်။

အမြင်အာရုံကောင်းမွန်စေနိုင်သောကန်စွန်းဥ

ကန်စွန်းဥက  ကိုယ်ခံအားကောင်းစေရုံသာမက ဗီတာမင်-A ကြွယ်ဝသည့်အတွက်  အမြင်အာရုံကိုပါ ကောင်းမွန်စေနိုင်သည်။ ဗီတာမင်-A ချို့တဲ့မှုကြောင့် ဖြစ်သည့် မျက်စိခြောက်ခြင်း၊ ညဘက်တွင် အမြင်အာရုံ ဝေဝါးခြင်း၊ အသက်အရွယ်ကြောင့်ဖြစ်သည့့် အမြင်အာရုံချို့ယွင်းမှုများနှင့်  အမြင်အာရုံဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်သည်။

ကိုယ်အလေးချိန်ကျစေပြီး ရင်သားကင်ဆာကိုကာကွယ်နိုင်သောကန်စွန်းဥ

အာဟာရဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်များစွာပါဝင် သည့်ကန်စွန်းဥက  အဆာခံစေနိုင်ပြီး  အစာစားချင် စိတ်ကိုလျှော့ချပေးနိုင်သောကြောင့်  ကိုယ်အလေး ချိန်လျှော့ချလိုသူများ စားသုံးပေးသင့်သည်။ ထို့ပြင် ကန်စွန်းဥစားခြင်းဖြင့် ရင်သားကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်သည်။

အစာအိမ်အနာကိုသက်သာစေနိုင်သောကန်စွန်းဥ

ကန်စွန်းဥတွင်ပါသည့်အမျှင်ဓာတ်က အစာခြေ စနစ်ကို ကောင်းမွန်စေနိုင်သကဲ့သို့ အူများ၏လှုပ်ရှားမှု ကိုလည်း ပိုမိုကောင်းမွန်စေသည်။ ထို့ပြင် ဗီတာမင်-B အုပ်စု၊ ဗီတာမင်-C၊ ဘီတာကယ်ရိုတင်း (Beta-carotene)၊  ပိုတက်ဆီယမ်နှင့်  ကယ်လ်စီယမ်ပါဝင် မှုကြောင့်  အစာအိမ်အနာများကို သိသာစွာသက်သာ စေနိုင်သည်။ ဝမ်းချုပ်မှုကင်းဝေးပြီး အစာအိမ်အတွင်း  အက်စစ်ဖြစ်ပေါ်မှုနည်းစေသဖြင့် အစာအိမ်အနာဖြစ် နိုင်ခြေကို လျှော့ချပေးနိုင်သည်။

ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်သောကန်စွန်းဥ

ကန်စွန်းဥတွင်ပါဝင်သည့်အမျှင်ဓာတ်သည် ခန္ဓာ ကိုယ်မှ   ရေဓာတ်များမဆုံးရှုံးရအောင်  ကာကွယ် ပေးနိုင်သည်။ ကိုယ်တွင်းရေဓာတ်ကိုထိန်းညှိပေးပြီးဆဲလ်များ ကောင်းမွန်စွာလုပ်ဆောင်နိုင်အောင် ကူညီပေးသည်။

သတိထားရမည့်ကန်စွန်းဥ

ကန်စွန်းဥသည်     စိတ်ကြိုက်စားသုံး၍ရသောအစားအစာတစ်မျိုးဖြစ်သော်လည်း    အလွန်အကျွံ မစားမိရန် လိုအပ်သည်။ အထူးသဖြင့် ပိုးသတ်ဆေး မပါဘဲ စိုက်ပျိုးထားသော ကန်စွန်းဥမျိုးကို ရွေးချယ် စားသုံးရန်လိုအပ်သည်။ လတ်ဆတ်သောကန်စွန်းဥ ၏အပေါ်ယံအခွံသည်   ပြောင်တင်းနေပြီး   အစိမ်း ရောင်သန်းနေပါက အဆိပ်အတောက်ဖြစ်စေနိုင်၍ လုံးဝမစားသင့်ပေ။   ကန်စွန်းဥကို   အထူးတလည် ထုပ်ပိုးဖုံးအုပ်ထားစရာမလိုဘဲ အေးပြီးခြောက်သွေ့ သောနေရာ၌  ၁၀  ရက်ခန့်ကြာသည်အထိ  ထားနိုင် သော်လည်း   ကန်စွန်းဥကို   ရေခဲသေတ္တာအတွင်း ထည့်ထားခြင်း၊       ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားခြင်းတို့ ပြုလုပ်ပါက  အာနိသင်ပျက်ပြယ်တတ်သည်။

တခြားဘေးထွက်ဆိုးကျိုးများ

တခြားဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဗီတာမင်- A   မြင့်မားသဖြင့်  ဗီတာမင်-A ကို   အများအပြား စားသုံးပါက    ဗီတာမင်လွန်ကဲခြင်းဖြစ်လာနိုင်ပြီး ခေါင်းကိုက်ခြင်း၊  အရေပြားနီမြန်းယားယံခြင်းတို့ဖြစ်နိုင်ပြီး    အချိန်အတော်ကြာ  ဤအခြေအနေ၏ လက္ခဏာရပ်များဖြစ်သည့်   မျက်ခုံးမွေးအပါအဝင် အမွေးအမှင်ကျွတ်ခြင်း၊ နှုတ်ခမ်းကွဲအက်ခြင်း၊ အရေပြားခြောက်သွေ့ကြမ်းတမ်းခြင်းတို့ ဖြစ်လာနိုင်သည်။ ဗီတာမင်-A  များစွာ  စွဲသောက်မည်ဆိုပါကလည်း အသည်းပျက်စီးလာနိုင်သည်။ အမျိုးသမီးများ တစ် ရက်လျှင် ဗီတာမင်-A  ၇၀၀ မိုက်ခရိုဂရမ်နှင့် အမျိုး သားများ တစ်ရက်လျှင် ၉၀၀ မိုက်ခရိုဂရမ် သောက် သုံးပေးရန်  အကြံပြုထားသည်။  ထိုပမာဏထက် ပိုပြီးသောက်သုံးမိပါက   ဆရာဝန်နှင့်ပြသင့်သည်။ ထို့ပြင် ဆီးကျောက်တည်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံး ပြဿနာရှိသူများ    ကန်စွန်းဥမစားမီ   ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

ကန်စွန်းဥကိုအများအပြားမစားဘဲ ဆင်ခြင်ပြီးစားသင့်သူများ

ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသည့်  ကန်စွန်းဥကိုစားပါဟု   တိုက်တွန်းနေသော်လည်း   ကန် စွန်းဥမစားသင့်သူ အနည်းငယ်ရှိသည်။ သွေးတွင်း ကိုလက်စထရောများသူများမှလွဲ၍  တခြားသူများ မှာ    အတိုင်းအတာပမာဏတစ်ခုအထိ   စားသုံးနိုင်သည်။

ဆီးကျောက်တည်ရောဂါရှိသူများမစားသင့်သောကန်စွန်းဥ

ကန်စွန်းဥက အော်ဂဲနစ်အက်စစ် (Organic Acid) အမျိုးအစားဖြစ်သည့် Oxalate ဓာတ်မြင့်မားသော ကြောင့်   ဆီးကျောက်တည်ရောဂါခံစားနေရသည့်အချိန်တွင်  ကန်စွန်းဥကို  များများစားမည်ဆိုပါက ပြဿနာဖြစ်လာနိုင်သည်။ Oxalate  က ရှိနှင့်ပြီးသား ကျောက်များပေါ်တွင်  နုန်းတင်လာပြီး ရောဂါလက္ခဏာ နှင့် နာကျင်မှုကိုတိုးလာစေနိုင်သည်။ ကန်စွန်းဥတွင် Oxalate ပါဝင်မှုမြင့်မားသည့်အတွက် ဆီးကျောက် တည်တတ်သူများ   ရှောင်သင့်ပြီး    ရံဖန်ရံခါမှသာ စားသုံးသင့်သည်။

အစာအိမ်မကောင်းသူများမစားသင့်သောကန်စွန်းဥ

ကန်စွန်းဥတွင်  သကြားအယ်လ်ကိုဟောဟုခေါ် သည့် ကာဗိုဟိုက်ဒရိတ်အမျိုးအစားတစ်ခုဖြစ်သော မန်နီတော (Mannitol)  ပါဝင်သည့်အတွက်   ကာဗို ဟိုက်ဒရိတ်အမျိုးအစားကိုစားသုံးလျှင် အန္တရာယ်မရှိ သော်လည်း ပမာဏများစွာစားသုံးလျှင် အစာအိမ်မအီ မသာဖြစ်သူများအတွက် ပြဿနာဖြစ်လာနိုင်သည်။ အစာအိမ်မအီမသာဖြစ်သည့်အခါ ကန်စွန်းဥများစွာ စားခြင်းဖြင့်   အစာအိမ်နာခြင်း၊   ဝမ်းလျှောခြင်းနှင့်    ဗိုက်အောင့်ခြင်းတို့ဖြစ်လာနိုင်သောကြောင့်  အစာ အိမ်မကောင်းသူများ ကန်စွန်းဥမစားသင့်ပေ။

ဆီးချိုရောဂါသည်များ မစားသင့်သောကန်စွန်းဥ

ကန်စွန်းဥတွင်ပါဝင်သည့် သကြားဓာတ်ညွှန်းကိန်း (Glycemic Index) ပမာဏသည် အာလူးနှင့်နှိုင်းယှဉ် ပါက   ပိုနည်းသောကြောင့်   ကျန်းမာရေးနှင့်ပိုပြီးညီညွတ်သည်။  ကန်စွန်းဥကိုစားသုံးခြင်းဖြင့်  အင် ဆူလင်တုံ့ပြန်နိုင်မှုကောင်းမွန်အောင်     အထောက် အကူပေးသည်။ ကန်စွန်းဥသည် အမျှင်ဓာတ်မြင့်မား ပြီး Glycemic Index (GI) (၄၄-၉၆) ကြားရှိသဖြင့်  GI  နည်းပါးသည့်ကန်စွန်းဥက   ခန္ဓာကိုယ်အတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်ဟုဆိုထားသော် လည်း    သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်လာနိုင်သည့်အတွက် ဆီးချိုရောဂါသည်များ ကန်စွန်း ဥကို ပမာဏများစွာ မစားသုံးသင့်ပေ။

နှလုံးပြဿနာရှိသူများမစားသင့်သောကန်စွန်းဥ

ပိုတက်ဆီယမ်ကြွယ်ဝသည့်  ကန်စွန်းဥက  နှလုံး ပြဿနာဖြစ်နိုင်ခြေကို     လျှော့ချပေးသော်လည်း         ကန်စွန်းဥများစွာစားသုံးမည်ဆိုပါက ပိုတက်ဆီယမ် ပမာဏများပြီး ပိုတက်ဆီယမ်မြင့်မားလျှင်ဖြစ်တတ် သော Hyperkalemia ရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်လာရခြင်း၏အကြောင်းရင်း တစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရသည်။

ဤကဲ့သို့ ကျန်းမာရေးအတွက် ဆေးဖက်ဝင်ဖြစ် သောကန်စွန်းဥကို   စားသုံးပေးခြင်းဖြင့်     ရရှိသောကျန်းမာရေး ကောင်းကျိုးများနှင့် အလွန်အကျွံမစားသင့်သောသူများလည်းသိရှိပြီး     အစာလည်းဆေး၊ ဆေးလည်း အစာဆိုသည့်အတိုင်း ဈေးနှုန်းချိုသာကာ အလွယ်တကူဝယ်ယူရရှိနိုင်သည့်ကန်စွန်းဥကို ချင့်ချိန် စားသုံးပေးသင့်ကြောင်း၊  ကန်စွန်းဥစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကားသူများနှင့် ဒေသခံပြည်သူများ အနေဖြင့်   အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိ ကြောင်းနှင့်  စိုက်ပျိုးတောင်သူများအနေဖြင့်လည်း စိုက်ပျိုးရလွယ်ကူ၍ ကုန်ကျစရိတ်နည်းပြီး  အကျိုး အမြတ်များစွာရရှိသောကန်စွန်းဥကို  နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုရသော်  ဤကဲ့သို့  အာဟာရ ပြည့်ဝသောကန်စွန်းဥကို ကိုယ်အလေးချိန်ကျလိုသူ များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများနှင့် အဆစ်ရောင်ရောဂါဖြစ်သူများကို စားသုံး ရန်ထောက်ခံပေးထားသည်။ အားလုံးအတွက်  ကန် စွန်းဥက ဘေးကင်းသော်လည်း တချို့သောသူများ စားသုံးသည့်အခါ   အနည်းငယ်ဂရုစိုက်ပေးရန်လို သည်။ အရောင်ရင့်သောကန်စွန်းဥများသည် ကျန်းမာ ရေးအတွက်     ပိုမိုအစွမ်းထက်မြက်စေနိုင်သည်။ ကန်စွန်းဥကို  မီးဖုတ်စားခြင်းထက်  ပြုတ်စားခြင်း   သို့မဟုတ်  ချက်စားခြင်းက  အာဟာရဓာတ်ပိုမိုရရှိကာ အထက်ဖော်ပြပါ  ကျန်းမာရေးအကျိုးကျေးဇူး များ  အပြည့်အဝ ရရှိစေမည်ဖြစ်ကြောင်း  ရေးသား ဖော်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories