အားကစားမြှင့်တင်ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းနှင့်လူငယ်များ၏စိတ်ဓာတ် (Mind Set) ကို ပြုပြင်ပေးခြင်းပင်ဖြစ်သည်။
မြန်မာတို့သည် ရှေးပဝေသဏီဘိုးဘေးဘီဘင်လက်ထက် ကတည်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်အနုပညာနှင့် အမှီအခိုကင်းစွာ ရပ်တည်လာနိုင်ခဲ့ကြလေသည်။ ဘိုးတော်ဘုရားတောင်းဆိုမှုကြောင့် မြဝတီမင်းကြီးဦးစက စောင်းကြိုးကို ခုနစ်ကြိုးမှ ၁၃ ကြိုးအထိ တီထွင်နိုင်ခဲ့သည်။ ဗုံ ၂၁ လုံးကို ကြီးစဉ်ငယ်လိုက်စီကာ ပတ်စာဖြင့်အသံညှိ၍တီးရသော မြန်မာ့ဆိုင်းဝိုင်းသည် မြဝတီမင်းကြီး ဦးစလက်ထက်မှ အစပြုခဲ့သည်ဟု ရှေးပညာရှိများက ယူဆခဲ့ကြလေသည်။ ထိုကဲ့သို့ ဘိုးဘေးများ ခက်ခက်ခဲခဲတီထွင်ဖန်တီးခဲ့ရသော ရိုးရာယဉ်ကျေးမှုအနုပညာအမွေများကို ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။
ခေတ်မီနည်းပညာများ တိုးတက်နေသောကမ္ဘာကြီးတွင် တိုးတက်မှုမြန်သကဲ့သို့ ဆုတ်ယုတ်မှုလည်း မြန်ဆန်လွန်းလှပါသည်။ နိုင်ငံတော်၏ သယံဇာတနှင့် ပထဝီအနေအထားကို မျက်စိကျနေသော အနောက်နိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဒေါ်လာကိုသာ ချစ်သော ပြည်ဖျက်မီဒီယာများသည် နိုင်ငံ၏စည်းလုံးညီညွတ်မှု ပြိုကွဲစေရန် နည်းမျိုးစုံသုံးပြီး လုပ်ကြံဖန်တီးနေသည်ကို အများသိရှိပြီးဖြစ်ပါသည်။ ဆူလွယ်နပ်လွယ် ယုံလွယ်သော ဆယ်ကျော်သက် လူငယ်လေးများကို နိုင်ငံရေးလုပ်ဇာတ်ခင်းကာ PDF (ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့) ဟူ၍ အမည်နာမပေးပြီး ဗီလိန်ဇာတ်ရုပ်မှ ကခိုင်းနေကြသည်။ ဗီလိန်ဇာတ်ကောင်များကလည်း တည်ငြိမ်အေးချမ်းမှုပြိုကွဲစေရန် ဖျက်ဆီးမှုနည်းမျိုးစုံကို ပြုလုပ်ကြလေသည်။ ယဉ်ကျေးမှုပွဲတော်များ မဖြစ်မြောက်စေရန် အွန်လိုင်းပေါ်မှ ခြောက်လှန့်ကြသည်။ ဘုရားပွဲတော်များသို့ လူအများ စည်စည်ကားကားမသွားနိုင်ရန် အနှောင့်အယှက်ပြုကြလေသည်။ ယဉ်ကျေးမှုပွဲတော်များကို မကျင်းပနိုင်ရန် တားဆီးခြင်းသည် ယဉ်ကျေးမှုအမွေ အနှစ်၏တန်ဖိုးကို မသိခြင်းကြောင့်ပင်ဖြစ်ပေသည်။ ကိုယ့်ယဉ်ကျေးမှုကို လေးစားတန်ဖိုးထားခြင်းမရှိဘဲ ဖျက်ဆီးနေသောသူများသည် တိုင်းပြည်ကိုဖျက်ဆီးနေခြင်းနှင့် အတူတူပင်ဖြစ်ပါသည်။
တန်ဖိုးသိမှ တန်ဖိုးရှိမည်ဖြစ်သည်။ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ သွားသောသူသည် သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုသိရန်လိုအပ်ပါသည်။ ကထိန်ပွဲဆင်နွှဲသောသူသည် ကထိန်ခင်းရခြင်း၏ရည်ရွယ်ချက်ကို သိရန်လိုပါသည်။ ရရှိနိုင်သော ကောင်းကျိုးချမ်းသာများကိုလည်း သိရန်လိုပါသည်။ ထိုသို့သိမြင် တန်ဖိုးထားတတ်စေရန် မိဘနှင့် ဆရာသမားများက သွန်သင်ဆုံးမ ပြောပြရန်လိုအပ်ပါသည်။ အခြေခံအုတ်မြစ် ကောင်းကောင်းချနိုင်မှသာ ရာသီဥတုဒဏ်ခံနိုင်သော အဆောက်အအုံကောင်းဖြစ်နိုင်သလို မိမိတို့ရင်သွေးငယ်များ၏ နှလုံးသားထဲတွင် ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုအမွေကို တန်ဖိုးထားသောစိတ်ဓာတ်များ အုတ်မြစ်ချပေးကြရန်အတွက် မိဘနှင့်ဆရာသမားများတွင် အထူးတာဝန်ရှိသည်ဟု ထင်မှတ်မိပါသည်။
လူမျိုးရှိလျှင် ကိုးကွယ်ယုံကြည်သော ဘာသာတရားရှိကြလေ သည်။ ဘာသာပျောက်လျှင် လူမျိုးပါပျောက်ကွယ်နိုင်သဖြင့် ဗုဒ္ဓဘာသာ ထာဝစဉ်တည်တံ့စေရန် မိမိတို့၏ရင်သွေးငယ်များကို ဘာသာရေးနှင့် ဆက်နွှယ်သောအဆုံးအမများ၊ ငါးရာ့ငါးဆယ်နိပါတ်တော်လာပုံပြင် များဖြင့် အခြေခံအုတ်မြစ်ကောင်းအောင် တည်ဆောက်ပေးသင့်ပါသည်။ နိုင်ငံတော်အစိုးရကလည်း ယဉ်ကျေးလိမ္မာသောလူငယ်များဖြစ်လာ စေရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါသည်။ နိုင်ငံတော်၏စေတနာကို လေးစားသောအားဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် မိမိတို့၏ ရင်သွေးငယ်များကို ယဉ်ကျေးလိမ္မာသင်တန်းများသို့ ပို့ဆောင်ပေးခြင်းဖြင့် ဘာသာတရားအခြေခံအုတ်မြစ် ခိုင်မာစေခြင်းအကျိုးထူးများ ရရှိနိုင်ပါလိမ့်မည်။ ယဉ်ကျေးသောလူ့စွမ်းအားအရင်းအမြစ်များဖြင့် ဖွဲ့စည်း ထားသော နိုင်ငံ၏အနာဂတ်လမ်းသည်လည်း ဖြောင့်ဖြူးသာယာစွာရှိနေပေလိမ့်မည်။
လမင်းဟံသာ(ပဲခူး)
၂၀၂၄ ခုနှစ်အတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် အာဖရိကတိုက်ရှိ နိုင်ငံများ ၌ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာပြီး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းတွင် ရောဂါမျိုးကွဲအသစ် (clade Ib) လျင်မြန်စွာကူးစက်လာခဲ့သည်။ နယ်စပ်ဖြတ် ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေ အနေအဖြစ် ကြေညာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ် ဝင်/ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ ထို့ပြင် လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ် ကုသရေးအတွက် သီးခြားလူနာ ဆောင်များထားရှိရန်၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိရန်နှင့် ပြည်သူ လူထုအတွင်း ရောဂါကာကွယ်ရေးနည်းလမ်းများ ကျန်းမာရေးအသိပညာပေးခြင်းတို့အား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မျောက်ကျောက်ရောဂါသည် Mon-key pox virus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား သောရောဂါဖြစ်ပြီး ကျောက်ကြီး small pox ဗိုင်းရပ်စ်မိသားစုအတွင်း ပါဝင်ပါသည်။ ကလေးသူငယ်များနှင့် လူငယ်များ တွင် မကြာခဏဖြစ်တတ်သော ရေကျောက် (chicken pox) နှင့်မတူပါ။ တိရစ္ဆာန်မှ ကူးစက်သော ရောဂါဖြစ်ပြီး နို့တိုက်သတ္တဝါများ၊ မျောက်များ၊ ကြွက် များမှတစ်ဆင့် ကူးစက်ဖြစ်ပွားရပါသည်။ မူလက မျောက်များတွင်ဖြစ်ပွားသော ရောဂါဖြစ်သောကြောင့် မျောက်ကျောက် ရောဂါဟု သတ်မှတ်ကြ ခြင်းဖြစ်သည်။ အမှန်အားဖြင့် မျောက်ကျောက်ဗိုင်းရပ်စ် ပိုးကို ၁၉၅၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ မျောက်ကျောက်ရောဂါဝေဒနာရှင်တစ်ဦးကို စတင်သတိပြုမိခဲ့ကြသည်။ ၂၀၂၂ ခုနှစ်တွင် အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံများ၌ ရောဂါ ပြန့်ပွားခဲ့ပြီး ကမ္ဘာ့နိုင်ငံတချို့၌ပါ ကူးစက်ခံစားခဲ့ရသည်။ ယခု ၂၀၂၄ ခုနှစ်အထိ နိုင်ငံပေါင်း ၁၀၆ နိုင်ငံသို့ ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားသူ တစ်သိန်းနီးပါးရှိကာ သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့သည်။
ဗိုင်းရပ်စ်အမျိုးအစား နှစ်မျိုးရှိပြီး အာဖရိကအလယ်ပိုင်းတွင် ပျံ့နှံ့ဖြစ်ပွား နေသည့် clade I အမျိုးအစား မှာ ရောဂါ ဝေဒနာပြင်းထန်၍ သေဆုံးမှုနှုန်းလည်း၁၀ ရာခိုင်နှုန်းခန့်အထိရှိသည်။ cladeII အမျိုးအစား မှာ အနောက်အာဖရိကတွင် ပျံ့နှံ့ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများသို့ပါ ပျံ့နှံ့ခဲ့သည်။ ရောဂါဝေဒနာ မပြင်းထန်ဘဲ ၉၉ ရာခိုင်နှုန်း သက်သာပျောက်ကင်းကြပါသည်။ မျောက်ကျောက် ရောဂါကို ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ရောဂါနှင့် ကိုယ်ခံစွမ်းအား လျော့နည်းသည့် သူများတွင် ရောဂါဝေဒနာပိုမိုပြင်းထန်စွာ ခံစားရနိုင်သည်။
မျောက်ကျောက်ရောဂါသည် ရောဂါပိုး ကူးစက်ခံရသော တောရိုင်းတိရစ္ဆာန်များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ ရောဂါပိုး ရှိသူနှင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် အချိန်အတော်ကြာတွေ့ဆုံခြင်း၊ လူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ ရောဂါပိုး ကပ်ငြိနေသော အရာဝတ္ထုများ၊ အသုံးအဆောင် ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှ တစ်ဆင့် ရောဂါပိုး ကူးစက်ခံစားရနိုင်ပါသည်။ ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ များ စတင်ဖြစ်ပွားနိုင်သည်။ ရောဂါ လက္ခဏာများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါ များတွင် အနီကွက်များနှင့်အတူ အရည် ကြည်ဖုများပေါက်ခြင်း၊ ပြန်ရည်အိတ် (lymph node) များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခန်းခြင်း စသောလက္ခဏာ များ ခံစားရတတ်သည်။
ရောဂါဝေဒနာ ခံစားနေရသူများတွင် အများစုမှာ ဝေဒနာသက်သာစေသော အဖျားကျဆေး၊ အကိုက်အခဲပျောက် ဆေးများနှင့်ကုသခြင်း၊ ရေများများ သောက်ခြင်းဖြင့် အပြည့်အဝ ပြန်လည် ကျန်းမာနိုင်သည်။ တချို့လူများတွင် ပြင်းထန်သောဝေဒနာ ခံစားရသဖြင့် ဗက်တီးရီးယား၊ ဗိုင်းရပ်စ် ပိုးသတ်ဆေး များပေး၍ကုသရသည်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာရောင်၊ အဆုတ်ရောင်နှင့် အရေပြားအနာများ ပိုးဝင်ခြင်းတို့ပါ ခံစားရတတ်သည့်အပြင် အမာရွတ်များကျန်ခဲ့ သဖြင့် ကြည့်ရ ဆိုးခြင်း၊ မျက်ကြည်လွှာ ပျက်စီးသွားခြင်းများ တွေ့ကြုံရနိုင်သည်။ ရောဂါရှိ၊ မရှိကို ရောဂါလက္ခဏာ များသာမက အရည်ကြည်များမှ PCR နည်းပညာသုံး၍ ဗိုင်းရပ်စ် DNA ကို ရှာဖွေရသည်။
ရောဂါလက္ခဏာ ခံစားနေရသူများအနေဖြင့် တခြားသူများအား မကူးစက် စေရန် အရေပြားအနာများ ကောင်းစွာ မကျက်ခင်အထိ မိမိတစ်ယောက်တည်း သီးသန့်နေထိုင်ခြင်း၊ အစားအသောက်၊ အသုံး အဆောင်များ သီးသန့်သုံးစွဲခြင်း၊ ကိုယ်ခံစွမ်းအား ကျနေသောသူများနှင့် ထိတွေ့မှုရှောင်ကြဉ်ခြင်း၊ အပြင်ခဏ ထွက်ရန်လိုအပ်ပါက ပါးစပ်နှင့်နှာခေါင်း စည်းတပ်ဆင်ခြင်း၊ ခြေလက်များကို အဝတ်များဖြင့် ဖုံးထားရန် လက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းကို အကာအကွယ်မဲ့ မပြုလုပ်ခြင်း၊ လိင်ဆက်ဆံခြင်းမှ ရှောင် ကြဉ်ခြင်းတို့ လိုက်နာဆောင်ရွက်သင့်သည်။ အထူးသဖြင့် ရောဂါပိုးတွေ့ရှိရာ နိုင်ငံများမှ လွန်ခဲ့သော ၂၁ ရက်အတွင်း ပြန်လာသူများ၊ ရောဂါလက္ခဏာခံစား နေရသူများ၊ ထိုသူများနှင့် ထိတွေ့မိသူများ အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းသွား လာမှုများ ရှောင်ကြဉ်သင့်သည်။ နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့ ကုသမှုခံယူသင့်သည်။
မျောက်ကျောက်ရောဂါခံစားရခြင်းမှ ကာကွယ်နိုင်ရန် သံသယလက္ခဏာခံစား ရသူများနှင့် အနီးကပ် တွေ့ဆုံမှုကို ရှောင်ကြဉ်သင့်သည်။ လိင်ဆက်ဆံထိတွေ့ခြင်းအပါအဝင်၊ အရေပြားချင်း ထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ် တွေ့ဆုံခြင်းနှင့် ပါးစပ်မှတစ်ဆင့် အရေပြားသို့ထိတွေ့ခြင်းများကို ရှောင်ကြဉ် ရပါမည်။ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍ မရပါက လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် လက်သန့်ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောသင့်သည်။ သံသယရောဂါ လက္ခဏာခံစားနေရသူ၏ အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် လက်အိတ်ဝတ်ဆင်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းတို့ဖြင့် ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့ပြင် ပြည်သူလူထုအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ခြင်း၊ လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်အသုံးပြု၍ စနစ်တကျဆေးကြောခြင်း၊ လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများ ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ခြင်းများကို လိုက်နာဆောင်ရွက်သင့်သည်။
အသားစိမ်းများကို ကျက်အောင်ချက် စားရမည်ဖြစ်သကဲ့သို့ အရာဝတ္ထု၊ အိပ်ရာ ခင်း၊ မျက်နှာသုတ်ပဝါ၊ အဝတ်အစားများကို သန့်ရှင်းရေးပုံမှန်ပြုလုပ်ရမည်။ လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးအသုံးပြုခြင်းသည် မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုကို မကာကွယ်နိုင်သော်လည်း လိင်မှတစ်ဆင့် ကူးစက်သော ရောဂါတချို့ကို ကာကွယ်နိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် မိမိ၏ပတ်ဝန်းကျင် သန့်ရှင်းရေး ကောင်းမွန်စေရန်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မျောက်ကျောက်ရောဂါကာကွယ်ဆေး (JYNN-EOS) သည် ကျောက်ကြီးကာကွယ်ဆေး အမျိုးအစားမှ ဆင့်ပွားဖြစ်လာသည့် ကာကွယ်ဆေးဖြစ်ပြီး လေးပတ်ခြားကာ နှစ်ကြိမ်ထိုးရန်လိုအပ်သည်။ ဒုတိယဆေးထိုးပြီး နှစ်ပတ်အကြာတွင် ကာကွယ် မှုရနိုင်သည်။ အထူးသဖြင့် ရောဂါ ဖြစ်ပွားနိုင်ခြေရှိသူများ၊ လိင်ဆက်ဆံဖက်များသူများ၊ ရောဂါရှိသူ များနှင့် ထိတွေ့ခဲ့သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများကို ဦးစားပေး ထိုးနှံရန် လိုအပ်သည်။
မည်သူမဆို မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သကဲ့သို့ တခြားသူကိုလည်း ကူးစက်နိုင်သဖြင့် ကျန်းမာရေး သတိဖြင့် ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ရောဂါဝေဒနာများခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဌာနသို့ သတင်းပို့ ကုသမှုခံယူပြီး တခြား သူများကို မိမိထံမှတစ်ဆင့် မကူးစက်စေရန် သတိထား ဆောင်ရွက်ကြရမည်။ မြန်မာနိုင်ငံအနေ ဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုအောက်တွင် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း လိုက်နာဆောင်ရွက်မှုများဖြင့် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကာကွယ်တားဆီးတိုက်ထုတ်ကြရ မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။
ဒေါက်တာ ဥမ္မာစော
ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား ကုန် သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ကျော်လွန်ခဲ့မှုနှင့်အတူ ဆန်ကုန်သွယ်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်ဆန်စွာ အကောင်အထည် ဖော်ရေး သြဂုတ် ၂၂ ရက်တွင် နှစ်နိုင်ငံအကြား သဘောတူ ခဲ့ကြောင်း သိရသည်။
(၅) ကြိမ်မြောက် ကမ္ဘောဒီးယား-အင်ဒိုနီးရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် အစည်းအဝေး JCBC)၏ရလဒ်အားသတင်းထုတ်ပြန်ရာတွင် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်သူSok Chenda Sophea နှင့် အင်ဒိုနီးရှား သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူRetno L.P. Marsudi တို့က နှစ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ တိုးတက်မှုအပေါ် ကျေနပ်အားရဖွယ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် သြဂုတ် ၂၁ ရက် မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် အဆိုပါJCBC အစည်းအဝေး ၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲသဘာပတိများ အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ နောက်ဆုံးကျင်းပခဲ့သည့် ကမ္ဘောဒီးယား - အင်ဒိုနီးရှား JCBC ) အစည်းအဝေးမှစ၍ ကဏ္ဍအသီးသီး တွင် တိုးတက်မှုများအပေါ် နှစ်ဖက်နိုင်ငံများအနေဖြင့် ကျေနပ်အားရကြောင်း၊ စီးပွားရေးကဏ္ဍ၌ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လွန်ခဲ့သော နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ တိုးတက်လာခြင်းကို ကျေနပ်အား ရခဲ့ပြီး ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာကို မြန်ဆန်စွာ အကောင်အထည်ဖော်ရေး သဘောတူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်ဖက်နိုင်ငံမှ ဝန်ကြီးများအနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေး၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စိုက်ပျိုး ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး နား လည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး နိုင်ရေးတို့ကို အကောင်အထည်ဖော်နိုင်ရန် အရှိန်မြှင့်တင် ဆောင်ရွက်မည့် ကတိကဝတ်အား ကြေညာခဲ့သည်။
စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာ ချိတ် ဆက်မှုများ တိုးတက်ရန်နှင့် လွယ်ကူချောမွေ့စေရန် နှစ်နိုင်ငံ ဝန်ကြီးများသည် နှစ်နိုင်ငံ ခရီးသွားမြို့များအကြား တိုက်ရိုက် လေယာဉ်များ ပျံသန်းနိုင်ရေးကြိုးပမ်းရန်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို အစောဆုံး အဆုံးသတ်ရန်၊ စီယမ်ရတ်ပ်နှင့် ဂျာဗားအလယ် ပိုင်းတို့အကြား ညီအစ်မပြည်နယ်များအဖြစ် ပူးပေါင်းဆောင် ရွက်မှုကို တိုးချဲ့ရန်နှင့် ဖနွမ်းပင်နှင့် အနောက်ဆူမားတြားမြို့ တို့အကြား ညီအစ်မမြို့တော် ဆက်ဆံရေး တည်ထောင်နိုင် တို့ကို သဘောတူညီခဲ့ကြကြောင်း သိရသည်။
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန် အတွက် ကမ္ဘောဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ) နှင့် အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှုရေးရာဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန် သဘောတူညီခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ဆန်စက်များနှင့် သိုလှောင်ရုံများ ပါဝင် သော စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်စေရန် အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီ Perum BULOG၏ ရည်ရွယ် ဆောင်ရွက်မှုကိုလည်း အဆိုပါအစည်းအဝေးမှ ကြိုဆိုခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် စွမ်းအင်၊ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာ ICT၊ ကျန်းမာရေး၊ မြစ်ဝှမ်း စီမံခန့်ခွဲမှုတွင် ပူးပေါင်းဆောင်ရွက်မှု၊ စက်မှုပူးပေါင်းဆောင် ရွက်မှု၊ ဒီဂျစ်တယ်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် ရေးများအပါအဝင် အခြားသော အဓိကပူးပေါင်းဆောင်ရွက် ရေးကဏ္ဍများအား ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း၊ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေး၏ အရေးပါ မှုနှင့် စပ်လျဉ်းသည့် အမြင်များကို ဝေမျှခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း၊ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတကာစင်မြင့်တွင် အပြန်အလှန် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်မည့် ၎င်းတို့၏သန္နိဋ္ဌာန်ကို အခိုင်အမာ ပြောကြားခဲ့ကြ ကြောင်း၊ အဆိုပါJCBC အစည်းအဝေး၏ သဘောတူညီ ချက်မှတ်တမ်းများကို လက်မှတ်ရေးထိုးပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း၊ (၆) ကြိမ်မြောက်f JCBC အစည်းအဝေးကို ၂၀၂၆ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးRetno L.P. Marsudi သည် သြဂုတ် ၂၁ ရက်တွင် ငြိမ်းချမ်းရေးနန်းတော်၌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်မာနက်အား ဂါရဝပြု တွေ့ဆုံခဲ့ပြီး အဓိကအလားအလာရှိသည့် နယ်ပယ်များဖြစ်သည့် စီးပွား ရေးနှင့် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ပြည်သူချင်း ချိတ်ဆက်မှုအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် မြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး လမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး အကောင်အထည် ဖော်ဆောင်ရွက် နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင် တောင်းဆိုခဲ့ သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အခြေခံအား ဖြင့် ဂျူးလူမျိုးနှင့် အာရပ်လူမျိုးစုတို့၏ ပဋိပက္ခ ဖြစ်၏။ နောင်သော် ကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခအသွင်ပါ ဆောင်လာ၍ ရဟူဒီဘာသာဝင် (ဂျူး)များနှင့် အစ္စလာမ်ဘာသာဝင်(အာရပ်ဆွန္နီ)၊ ပါရှန်(ရှီယိုက်)တို့၏ ပဋိပက္ခအဖြစ်လည်း ကျယ်ပြန့်လာသည်။
ဤပဋိပက္ခ၏ စတင်မြစ်ဖျားခံရာမှာ ကမ္ဘာဦး အစကပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ ခရစ်ယာန် ဘာသာဝင်တို့၏ ဓမ္မဟောင်းကျမ်း (Old Testament) အပါအဝင်ဖြစ်သော အာဒီကပ္ပ ကမ္ဘာဦးကျမ်း (The Book of Genesis) အရ ဣသရေလ လူမျိုး (အစ္စရေး) များနှင့် အာရပ်လူမျိုးများသည် ဧဗြာဟံ (Abram)ဟုခေါ်သော နယ်မြေအကြီးအကဲ တစ်ဦး ထံမှ ဆင်းသက်လာခဲ့သည့် ဖအေတူ၊ မအေကွဲ ညီနောင်များဖြစ်သည်ဆို၏။ ဧဗြာဟံနှင့် ဇနီးကြီး ဆာရာ (Sarah) တို့မှ မွေးဖွားသူ အီဆတ်(Isaac) (သားငယ်)နှင့် ကိုယ်လုပ်တော် မောင်းမငယ် ဟာဂါ (Hagar)တို့မှ အလျင် မွေးဖွားသူ အစ္စမေး(Ismael) တို့အကြား မိခင်ချင်းမပြေနိုင်သည့် အာဃာတများမှ တစ်ဆင့် အမွေဆက်ခံလာသည့် ပဋိပက္ခများက ယနေ့ထက်တိုင် စစ်မီးများ မငြိမ်းနိုင်သေးဘဲ တောက်လောင်နေဆဲ ဖြစ်၏။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က အစ္စရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်နယ်မြေအတွင်း၌ အခြေချနေထိုင်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် အစ္စရေး အစိုးရအား တောင်းဆိုခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ခု ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးကြီးပါသည်။ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ပညာ သင်ကြားနိုင်ရေး၊ KG+9 အထိ မသင်မနေရသင်ကြားနိုင်ရေးတို့အတွက် သတ်မှတ်ဆောင်ရွက်လျက် ရှိပါသည်။ KG+9 ပြီးမြောက်ပါက KG+10 မှ KG+12 အထိ ၃ နှစ်တာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုဘာသာရပ်များ ဆက်လက်သင်ကြားနိုင်ပါက အခြေခံအလုပ်အကိုင်ကို ရရှိစေမည်ဖြစ်သကဲ့သို့ ဆက်လက်ပညာသင်နိုင်ရင်ကိုက်ညီသည့် ဒီပလိုမာ/ဘွဲ့များ ရရှိမည်ဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှု ကျွမ်းကျင်သော လူသားအရင်းအမြစ်များ ရမည်ဖြစ်ပါသည်။ စနစ်သစ်ပညာရေးအရ KG+12 အတန်းကို ရောက်ပါက အသက်အရွယ်အားဖြင့် အသက် ၁၇ နှစ်၊ ၁၈ နှစ်ဝန်းကျင်ရောက်ရှိသည့် အရွယ်ဖြစ်ပါသည်။ ၁၈ နှစ်ဆိုပါက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အရွယ်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်မည် ဆိုပါက ဥပဒေကိုနားလည်ရန်လိုပါသည်။ ထို့ကြောင့်အဆိုပါအတန်း၊ အဆိုပါအရွယ်ကတည်းက ဥပဒေ ဗဟုသုတများကြွယ်ဝနေအောင် ဆွေးနွေးသင်ကြားဆောင်ရွက်ရန်လိုပါသည်။
ယခုပညာသင်နှစ်တွင် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ပျမ်းမျှ ၇၀ ရာခိုင်နှုန်းခန့် ဖွင့်လှစ်နိုင်ခဲ့ပါသည်။အခြေခံပညာအဆင့် ကျောင်းတက်ရောက်မှုအနေဖြင့် မူလစာရင်းသွင်းထားသူများအနက်မှ ၉၂ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် ရာနှုန်းပြည့်ကျောင်းတက် နိုင်ရေးနှင့် ကျောင်းများဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများနှင့်လက်တွဲပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ လူဦးရေအသက်ပိုင်းခြားအရ ယခုထက်ပိုပြီး ကျောင်းတက်ရောက် သူဦးရေများရန် လိုအပ်မှုများရှိနေသေးပါသည်။ စာသင်ကျောင်းများဖွင့်လှစ်သည့် ဒေသများအားလုံးတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေးနှင့် ပညာရေးလမ်းကြောင်းပေါ်ကိုရောက်ရှိရေး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါသည်။
၂၀၂၃ ခုနှစ်မှစပြီး ပညာရေးညီလာခံကိုကျင်းပခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ပြီးခဲ့သည့်လက ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ပညာရေးညီလာခံများမှရရှိသည့် ဖော်ထုတ်ချက်များကို မြန်မာနိုင်ငံပညာရေး ကဏ္ဍမြင့်မားရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် ပညာရေးအပေါ်တွင်အခြေခံခြင်းကြောင့် ပညာရေးအဆင့်တိုးတက်လာရန် ပညာရေးဝန်ထမ်းများအပြင် ကျောင်းသား/ ကျောင်းသူများ၊ မိဘများနှင့်အုပ်ချုပ်သူအဖွဲ့အစည်းများကပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရန်လိုပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” လို့ဆိုသည့်အတိုင်း ကျောင်းစည်း ကမ်းလိုက်နာခြင်းမှစပြီး ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာတတ်သည့်၊ နိုင်ငံကြီးသား ကောင်းပီသသည့် အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် သင်ကြားလေ့ကျင့်ပေးရန် လိုပါသည်။
နိုင်ငံ့စီးပွားမြင့်မားရေးဆောင်ရွက်ရာတွင်လည်း ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မှသာ နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတိုးတက်ရေး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ အခြေခံကုန်ထုတ် လုပ်မှုမရှိဘဲ GDP တက်လာရန် မဖြစ်နိုင်ပါ။ နိုင်ငံတော်အစိုးရမှ တာဝန်ယူသည့်အချိန်က ကိုဗစ်-၁၉ ပြင်းထန်စွာဖြစ်ပွားနေပြီး စီးပွားရေးကျဆင်းနေသည့်ကာလဖြစ်ပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ် GDP တိုးတက်မှုသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာမှ ရှိထားသည့် အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထား အားသွန်ခွန်စိုက်ဆောင်ရွက်မှုကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လတာတွင် အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပါသည်။ ၈ ဒသမ ၃ ရာခိုင်နှုန်းမျှ တက်လာခြင်း ဖြစ်ပါသည်။ ၂ဝ၂၂-၂၀၂၃ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၃-၂ဝ၂၄ ခုနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုရခဲ့ပါသည်။၊ ယခု ၂ဝ၂၄-၂၀၂၅ ခုနှစ်တွင် ၃ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်အောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါသည်။ နိုင်ငံ့စီးပွားရေးကျဆင်းပါက ကျန်သည့်အကျိုးဆက်များလည်း ရှိလာမည်ဖြစ်သဖြင့် ပြည်ပနိုင်ငံအချို့သည် စီးပွားရေးပိတ်ဆို့ခြင်း၊ ဘဏ်များလုပ်ကိုင်နိုင်မှု မရှိအောင် ပိတ်ဆို့ခြင်း၊ နယ်စပ်ကုန်သွယ်ရေးမပြုလုပ်နိုင်အောင် နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ခြင်း၊ ၎င်းတို့အကျိုးအမြတ်ရရှိရေး၊ လက်ဝါးကြီးအုပ်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နည်းလမ်းပေါင်းစုံနှင့် အားပေးကူညီခြင်းများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အခြေခိုင်ပြီးဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းမှ ထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားစေရေး အဓိကတွန်းအားပေးဆောင်ရွက်နေခြင်းဖြစ်ပါသည်။MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါသည်။
ပြီးခဲ့သည့်ဧပြီလအတွင်း မသမာသူဝိသမစီးပွားရေးသမားများအနေဖြင့် ငွေကြေးတန်ဖိုး ကမောက်ကမဖြစ်စေရန် ဆောင်ရွက်ခဲ့သောကြောင့် ရွှေဈေးနှင့် ငွေကြေးဈေးနှုန်းများ သဘာဝမကျဘဲ အဆမတန် ပြောင်းလဲလာအောင်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်း၊ ဘဏ်စနစ်များထိခိုက်ပြိုလဲအောင် လုပ်ဆောင်ခြင်း၊ ငွေကြေးများကမောက်ကမဖြစ်အောင် လုပ်ဆောင်ခြင်းများကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသောကြောင့် လိုအပ်သည့် စည်းကမ်းဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးတန်ဖိုးတက်ခြင်း၊ ကျခြင်းထက် ငွေကြေး ခိုင်မာမှုရှိစေရန် လိုအပ်သောကြောင့် ငွေကြေးခိုင်မာမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရမှ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း နိုင်ငံတော်တွင် စားသုံးဆီနှင့် စက်သုံးဆီကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်စိတ်မြင့်မားအောင် ဝိသမလောဘသားများက ကောလာဟလများဖြန့်ပြီး လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များစွာရှိခဲ့သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် မှန်ကန်သည့် လုပ်ဆောင်ချက်များ၊ တိကျပြတ်သားသည့် မူများချမှတ်ပေးပြီး ပြည်သူလူထု အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆန်နှင့်ပတ်သက်၍လည်း ဈေးနှုန်းကမောက်ကမ ဖြစ်လာနိုင်ဖွယ်ရှိသည်ကို သုံးသပ်တွေ့ရှိရသည့်အတွက် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး တည်ငြိမ်စေရန် ဆောင်ရွက်ခဲ့ပါသည်။အခြေခံပြည်သူလူထုစားရေးကိစ္စအဆင်ပြေစေရန် မိသားစုအလိုက် လိုအပ်နိုင်မည့် ဆန်ပမာဏများကို နိုင်ငံတစ်ဝန်းရောင်းချပေးလျက်ရှိပါသည်။ နိုင်ငံရေးသည် စီးပွားရေးပင်ဖြစ်သည်ဟုခံယူပြီး ပြည်သူများ စားဝတ်နေရေးပြေလည်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်မှန်းချက်ထားပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ရယူပြီးသည့်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးလမ်းကြောင်းကို ဦးတည်ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပါသည်။ သို့သော် လည်း NUG ၊ CRPH ၊ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပြည်သူများကို အကြောက်တရား လွှမ်းမိုးလာစေရေး အကြမ်းဖက်လုပ်ရပ်များကို တရားလက်လွတ်ဥပဒေမဲ့ ယခုအချိန်ကာလအထိ လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်အထိ နိုင်ငံတစ်ဝန်းအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ၈၄ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ ပြည်သူ/နိုင်ငံ့ဝန်ထမ်း ၇၂၈၄ ဦး သေဆုံးခဲ့ပါသည်။ ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦ အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦ ၁၀၉၃၀ လုံးတို့ကို ဖျက်ဆီးခြင်း ခံခဲ့ရပြီးဖြစ်ပါသည်။ ထို့အပြင် ငြိမ်းချမ်းရေးကိုမလိုလားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့်လည်း လက်နက်ကိုင်အကြမ်းဖက်သည့်လမ်းစဉ်ကို အခြေခံပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင် နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်နေပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် EAO အဖွဲ့များကို ခေါ်ယူ တွေ့ဆုံခဲ့ရာတွင် ၎င်းတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံသဘော တူကြောင်းကို ပြောကြားခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် အချို့ EAO များအနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ချိုးဖောက်နေသည်ကို တွေ့ရှိရပါသည်။ နိုင်ငံသားတိုင်းသည် နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိကြောင်း၊ မိမိအနေဖြင့် ယခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ပြီး နိုင်ငံတော်၏လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေပါသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်း နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီး လက်နက်ကိုင်အကြမ်းဖက်သည့် နည်းလမ်းများနှင့် ဖြေရှင်းဆောင်ရွက် နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းတို့အနေဖြင့် ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေး ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကြပ်ကိုင် တောင်းဆိုခဲ့ သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်အတွက်မျှ အကျိုးအမြတ်မရရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် MNDAA အဖွဲ့နှင့် TNLA အဖွဲ့တို့က ဒေသတည်ငြိမ်အေးချမ်းရေး အတွက် နှစ်ဖက်သဘောတူထားသည့် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုချိုးဖောက်ပြီး တိုက်ပွဲများဖော်ဆောင်လာခဲ့ပါသည်။ MNDAA အဖွဲ့အနေဖြင့် လားရှိုးဒေသတစ်ဝိုက်ရှိ နယ်မြေလုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့သကဲ့သို့ လားရှိုးမြို့အတွင်းကိုလည်း ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ လက်ရှိအချိန်တွင်လည်း မြို့တွင်းသို့စိမ့်ဝင်ပြီး ပြည်သူ့အသက်အိုးအိမ်စည်းစိမ် များကို ဖျက်ဆီးလျက်ရှိပါသည်။ ၎င်းတို့နှင့် မဟာမိတ်ပြုလုပ်ထားသည့် TNLA အဖွဲ့အနေဖြင့်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်ဒေသတို့တွင်ရှိသည့် နယ်မြေလုံခြုံရေးစခန်းများနှင့် မြို့အချို့အတွင်းသို့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။ ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်လာသည့်အတွက် ဒေသမတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများသာမက အသက်အန္တရာယ်ပါ ထိခိုက်ဆုံးရှုံးမှုများစွာရှိခဲ့ပါသည်။ အကြောင်းအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးပြပြီး အေးချမ်းစွာနေထိုင်နေကြသည့် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အပေါ် နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်လာမှုကို ပြည်သူလူထုအနေဖြင့် အလွန်ရွံရှာစက်ဆုပ်နေ သည်ကိုလည်း တွေ့ရှိရပါသည်။ တပ်မတော်သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ပြည်သူ့ တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ထိုကဲ့သို့ ပြည်သူ့အတွက်၊ နိုင်ငံအတွက် ဦးထိပ်ထားဆောင်ရွက်ခြင်းသည် တရားသောစစ်ကို ဆင်နွှဲနေ ခြင်းဖြစ်ပါသည်။ တပ်မတော်၏ တရားသောစစ်ဆင်နွှဲနေသည့်အပေါ်တွင် ဝန်းရံထောက်ခံအားပေး နေသည့် မျိုးချစ်လူငယ်များ၊ အဖွဲ့အစည်းများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသားပြည်သူ လူထုအပေါ် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။၊ အမိနိုင်ငံတော်အပေါ် ရည်ရွယ်ချက်ရှိရှိ ထိခိုက် အောင်ဆောင်ရွက်လာသည့် သောင်းကျန်းသူအဖျက်သမားများအပေါ် ပြင်းပြသည့်၊ စုစည်းညီညွတ်သည့် အမျိုးသားရေးစိတ်၊ မြန်မာစိတ်တို့မွေးမြူပြီး နိုင်ငံတော်ကို စုပေါင်းကာကွယ်ကြရန် တိုက်တွန်း ပြောကြားလိုပါသည်။ တပ်မတော်အနေဖြင့် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးကုတ်ဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နယ်စပ်ဒေသစီမံခန့်ခွဲရေး ကိစ္စရပ်များသည် နှစ်နိုင်ငံအစိုးရများမှ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ နယ်စပ်ကုန်သွယ်ရေးကို နှစ်ဖက် အစိုးရ ဌာနများကသာ ကြီးကြပ်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။၊ အချို့နယ်စပ်ဒေသများတွင် စီမံခန့်ခွဲမှုများ ချို့ယွင်းမှုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက် ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကို Union Accord အဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။