ထူးခြားသတင်းများ - ပြည်တွင်း

MSME ချေးငွေများ လျှောက်ထားနိုင်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့ အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေး ပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့်Fixed Capital အနည်းဆုံး (၃၀%)နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၃ % Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ် လျှင်အတိုးနှုန်း ၅ % တို့ဖြင့် ချေးငွေများလျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများလျှောက်ထား နိုင်ကြောင်း အသိပေးအပ်ပါသည်။

MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့

Source: Myawady Web Portal

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီး H.E. Maxim RESHETNIKOV ဦးဆောင်သည့်အဖွဲ့ဝင်များက ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိပြီး စီးပွားရေးဆိုင်ရာများတွင် နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ၌ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားလိုအပ်သည့်အချိန်တိုင်း၌ အကူအညီများ ပေးအပ်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိရေး၊ အခြေခံလိုအပ်ချက်များ ပြည့်စုံမှုရှိစေရေးတို့အပါအဝင် ရေရှည်အကျိုးကိုကြည့်၍ သုတေသနပြု စနစ်တကျ တွက်ချက်ဆောင်ရွက်သွားမည်ဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ရေနံနှင့်ဓာတုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားရန်အသင့်ရှိသည့် အခြေအနေများ၊ နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စီးပွားရေးနယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးတွေ့ရှိကြောင်း တရုတ် သုတေသနပညာရှင်များ ပြောကြား

တရုတ်သုတေသီပညာရှင်များသည် COVID-19 ကဲ့သို့ ကူးစက်နိုင်သည့် လင်းနို့ကိုရိုနာ ဗိုင်းရပ်စ်အသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါဗိုင်းရပ်စ်သည် ဟောင်ကောင်ရှိ pipistrelle ဂျပန်လင်းနို့မျိုးစိတ်တွင် ပထမဆုံး တွေ့ရှိခဲ့သည့် HKU5 ကိုရိုနာဗိုင်းရပ်စ် အသစ်တစ်မျိုးဖြစ်ကြောင်း South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။ 

ထို့ပြင် Guangzhou Laboratory မှ သုတေသနပညာရှင် Shi Zhengli ဦးဆောင်၍ Guangzhou Academy of Sciences၊ Wuhan University နှင့် Wuhan Institute of Virology မှ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ လင်းနို့များနှင့်ပတ်သက်သည့် သုတေသနစာတမ်းအား ရေးသားခဲ့ကြောင်း ဖော်ပြထားသည်။

သုတေသနပညာရှင်များသည် နမူနာလင်းနို့များရှိ ဗိုင်းရပ်စ်ကိုရယူ၍ စမ်းသပ်စစ်ဆေးသည့်အခါ ၎င်းဗိုင်းရပ်စ်များသည် လူသားဆဲလ်များအား ကူးစက်နိုင်ကြောင်း တွေ့ရှိခဲ့ပြီး လင်းနို့များရှိ merbecoviruses များသည် အခြေအနေပေးပါက လူသားများထံ တိုက်ရိုက် သို့မဟုတ် ကြားခံသတ္တဝါ တစ်မျိုးမျိုးမှတစ်ဆင့် ကူးစက်နိုင်ခြေမြင့်မား‌ကြောင်း သတိပေး ပြောကြား ခဲ့သည်။

Shi နှင့် သုတေသနအဖွဲ့က HKU5-CoV-2 ဟု အမည်ပေးထားသော အဆိုပါဗိုင်းရပ်စ် အသစ်သည် မျိုးစိတ်များအကြား ကူးစက်နိုင်ခြေပို မြင့်မားကြောင်း ထောက်ပြခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် လူသားများတွင် ဖြစ်ပွားနိုင်သည့်အန္တရာယ် မကြီးမားသဖြင့် အလွန်အမင်း မကြောက်လန့် သင့်ကြောင်း သတိပေးခဲ့သည်။ သို့သော် အဆိုပါ ဗိုင်းရပ်စ်ကို နောက်ထပ် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-TASS

(၁၁) ကြိမ်မြောက် (ACMEC) အက်ခ်မက်ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည်

ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော မြန်မာနိုင်ငံအနေဖြင့် (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပသွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပထမအကြိမ်အက်ခ်မက် ထိပ်သီးအစည်းအဝေးကို ၂၀၀၃ ခုနှစ်က ပုဂံမြို့တွင် ကျင်းပခဲ့သလို (၆) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးကိုလည်း ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီးဖြစ်သည်။

ယခုအခါ အဆိုပါ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMEC) အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးတွင် လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ၏ အခန်း ကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပသွားမည့် (၁၁) ကြိမ်မြောက် အက်ခ်မက်ထိပ်သီးအစည်းအဝေးခေါင်းစဉ် (Theme) အဖြစ် “Strengthening Socio-Economic Development towards Smart and Sustainable ACMECS” (လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက်ကြပါစို့) ကို အတည်ပြုရွေးချယ်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားနိုင်ရန်ရည်ရွယ်၍ ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ သစ်တောသယံဇာတများကို အရည်အသွေးမြင့် လူသုံးကုန်ပစ္စည်းများအဖြစ် တိုးမြှင့်ထုတ်လုပ်ရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ကို အလေးထားဆောင်ရွက်မည့် နယ်ပယ်များ အဖြစ် သတ်မှတ်ထားရှိပြီး ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲသည် အက်ခ်မက် လုပ်ငန်းစဉ်အောက်ရှိ ဝန်ကြီးဌာနများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ စိန်ခေါ်မှု များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စုံညီဆွေးနွေးပွဲအစီအစဉ်တွင် ဒုတိယဝန်ကြီး ဦးလွင်ဦးက မြန်မာနိုင်ငံမှ အက်ခ်မက်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည့်အစည်းအဝေးများနှင့် အစီအစဉ်များ၊ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် မြန်မာနိုင်ငံက လက်တွေ့ဆောင်ရွက်သွားနိုင်မည့် စီမံကိန်းများနှင့် အစီအစဉ်များ၊ မြန်မာနိုင်ငံက အက်ခ်မက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေး၊ အက်ခ်မက်စီမံကိန်းများနှင့် အစီအစဉ်များကို ထိရောက်စွာ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးနှင့် အက်ခ်မက်အလှည့်ကျဥက္ကဋ္ဌတာဝန် အောင်မြင်စွာထမ်းဆောင်နိုင်ရေး ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှု ဆက်လက်မြှင့်တင်သွားရေးတို့ကို ဆွေးနွေးကြသည်။

ဆွေးနွးပွဲအပြီးတွင် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အက်ခ်မက် ပူးပေါင်းဆောင်ရွက်မှု မဏ္ဍိုင် (၃)ခု အောက်တွင်ရှိသည့် ဦးစားပေးစီမံကိန်းများနှင့် လုပ်ငန်းအစီအစဉ်များကို ပြည်တွင်းလုပ်ငန်းစဉ် များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ခြင်းဖြင့် မိမိတို့နိုင်ငံနှင့် ဒေသတွင်း ရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေမည့်အစီအစဉ်များ ချမှတ်ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထားသည့် ဝန်ကြီးဌာန ၂၀ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ကိုးကား- MHTNEWS 

ထိုင်းနိုင်ငံတွင် တုပ်ကွေးကူးစက်ခံရသူ တစ်သိန်းကျော် ရှိပြီး ၉ ဦး သေဆုံး

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၇,၅၇၀ ဦး ရှိပြီး ကိုးဦး သေဆုံးသွားခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

လူနာသစ် အရေအတွက်သည် ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း တစ်ပတ်လျှင် ၁၀,၀၀၀ နှုန်း ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် တစ်ပတ်လျှင် လူနာ ၁၅,၀၀၀ ခန့် တိုးလာကြောင်း ရောဂါထိန်းချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်ဝမ်ဆဝက်က ပြောကြားပါသည်။အသက် ၅ နှစ်မှ ၉ နှစ်ကြားအရွယ်ကလေးများတွင် ကူးစက်မှုအများဆုံးဖြစ်ပြီး အသက် လေးနှစ်အောက်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားရှိသူများတွင် ဒုတိယမြောက် ကူးစက်မှုအများဆုံးဖြစ်သည်။ဗိုင်းရပ်စ် အဖြစ်အများဆုံး အမျိုးအစားမှာ A/H1N1 (2009) ဖြစ်ပါသည်။ သေဆုံးသူ ၉ ဦး၌ အသက် အငယ်ဆုံးသည် ၁၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးသည် ၈၆ နှစ်ဖြစ်သည်ဟု ဒေါက်တာ ဂျူရိုင်က ပြောပါသည်။

တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ် ၁၀ ခုမှာ ဖူးခက်၊ လမ်ပူ၊ ချင်းရိုင်၊ ဖူးခက်၊ ချင်းမိုင်၊ လန်ပန်၊ ဘန်ကောက်၊ နန်၊ ဥဘွန်ရတ်ချနိနှင့် နွန်သဘူရီတို့ဖြစ်ပြီး ကျောင်း၊ အကျဉ်းထောင်နှင့် စစ်စခန်းများသည် ကူးစက်မှုနှုန်း အမြင့်ဆုံးနေရာများဖြစ်ကြောင်း သိရပါသည်။ တုပ်ကွေး ရောဂါကူးစက်မှုကိုကာကွယ်ရန် အထူးသဖြင့် အသက်ခြောက်လမှ နှစ်နှစ် အထိ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက်သက်ကြီးရွယ်အိုများ၊ အဝလွန်သူများနှင့် နာတာရှည် ကျန်းမာရေးပြဿနာရှိသူများအနေဖြင့် တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးပေးသင့်သည်ဟု ဒေါက်တာဂျူရိုင်က ပြောကြားအကြံပြုထားပါသည်။

ကိုးကား-NP News

ရန်ကုန်-တောင်ငူ-မန္တလေးလမ်းပိုင်းမှ နေ့ရထားများဖြစ်သည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ပြေးဆွဲချိန်ပြောင်းလဲ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ရန်ကုန်-တောင်ငူ-မန္တလေးရထားလမ်းပိုင်းတွင်ပြေးဆွဲနေသည့် အမြန်နေ့ရထားများဖြစ်သော အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့ သည် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်၍ ပြေးဆွဲချိန်များကိုပြောင်းလဲခဲ့ကြောင်း သိရသည်။

အမှတ်-၁၁ အဆန်နေ့ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နေ့လည် ၁ နာရီတွင်ရောက်ရှိမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ည ၆ နာရီ ၄၂ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်-၁၂ အစုန်နေ့ရထားမှာ မန္တလေးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ နေပြည်တော်ဘူတာသို့ နံ နက် ၁၁ နာရီ ၅၄ မိနစ်တွင်ရောက်ရှိကာ ရန်ကုန်ဘူတာကြီးသို့ ည ၆ နာရီ ၅၁ မိနစ်၌ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ ဖြူး၊ တောင်ငူ၊ ဆွာ၊ ပျဥ်းမနား၊ နေ ပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ သဲတော၊ ကျောက်ဆည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ခွာချိန်ပြောင်းလဲပြေးဆွဲနေသည့် အမှတ်-၁၁ အဆန်နှင့် အမှတ်-၁၂ အစုန်တို့အား နေ့စဥ်ပြေးဆွဲပေးလျက်ရှိကာ လိုက်ပါစီးနင်းမည့်သူများအနေဖြင့် ရထားလက်မှတ်ခ တစ်ဦးလျင် ရိုးရိုးတန်း (၁၁၀၀၀)ကျပ်၊ အထက်တန်း (၂၁၀၀၀)ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar

ယူအေအီးနှင့် နယူးယောက်ခ်၌ ကူးစက်မြန် မျောက်ကျောက်ရောဂါမျိုး အသစ်တစ်ခုတွေ့

အရှေ့အလယ်ပိုင်းဒေသရှိ ယူအေအီးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်ခ်တွင် ကူးစက်မြန် Clade 1b mpox မျောက်ကျောက် ရောဂါမျိုးစိတ် အသစ်တစ်မျိုးကိုတွေ့ ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHOက ထုတ်ပြန်ထားပါသည်။ ကျန်းမာရေးအဖွဲ့၏အဆိုအရ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှုမရှိသော အဆိုပါလူနာနှစ်ဦးစလုံးသည် အာဖရိကသို့ ခရီးထွက်ဖူးသော ရာဇဝင်ရှိခဲ့ပြီး အလွန်ကူးစက်တတ်သော ဗိုင်းရပ်စ်ကူးစက်မှုကိုမတွေ့ရှိမီ လွန်ခဲ့သည့်လတွင် ရောဂါလက္ခဏာများ စတင်ပြသခဲ့ပါသည်။

မကြာသေးမီကာလက အာဖရိကတိုက် ယူဂန်ဒါနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူများတွင် မျောက်ကျောက်ရောဂါကူးစက်ခံလိုက်ရခြင်းများ ရှိခဲ့ကြောင်း WHOက ဆိုခဲ့ပါသည်။ ယူအေအီးမှလူနာတွင် မျောက်ကျောက် ရောဂါလက္ခဏာစတင်ရှိသည့် အချိန်မှစပြီး ကျန်းမာရေးတာဝန်ရှိသူများ က စမ်းသပ်စစ်ဆေးမှုများကို စလုပ်ဆောင်လျက်ရှိသည်ဟု ဆိုပါသည်။ 

အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနက ရောဂါလက္ခဏာပြသူတွင် အတည်ပြုထားသော မျောက်ကျောက်ရောဂါပိုး clade 1B အမျိုးအစားအသစ် ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ထားပါသည်။ အများပြည်သူအတွက် လက်ရှိတွင်ဖြစ်ပေါ်နိုင်ခြေ နည်းနေသေးပြီး နယူးယောက်ပြည်နယ်၌ ၎င်းရောဂါကူးစက်မှု ထပ်တိုးဖြစ်ပွားမှု မရှိသေးသော်လည်း သတိထားရန်လိုအပ်ကြောင်း ကျန်းမာရေးအရာရှိများက ပြောပါသည်။ ပြည်နယ်ကျန်းမာရေးကော်မရှင်နာ ဒေါက်တာ ဂျိမ်းမက်ဒေါ်နယ်၏အဆိုအရ ရောဂါပိုးရှိသူသည် သမားတော်များ၏ စောင့်ရှောက်မှုအောက်တွင်ရှိပြီး သီးခြားခွဲထားသည်ဟု သိရပါသည်။

ကိုးကား-Myanmar National Post

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော် ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမဥပစာရင်ပြင်၌ ကျင်းပသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ညနေ ၆ နာရီတွင် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပမည့်မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ရောက်ရှိကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့်ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီးတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကိုဂုဏ်ပြုသောအားဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ဂုဏ်ပြုမှုကို ကြည့်ရှုအားပေးကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံခေတ်ပေါ်တေးဂီတအဖွဲ့မှ တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေတင်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ညစာစားပွဲသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ မြို့တော်ခန်းမလေဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၏ တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြသည်။

ထိုသို့ဖျော်ဖြေတင်ဆက်ရာတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ငြိမ်းချမ်းတမန် ဖိတ်ခေါ်သံ” ဂုဏ်ပြုတေးဂီတ ကဇာတ်ဖြင့်လည်းကောင်း၊ ကချင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကယားတိုင်းရင်းသားရိုးရာအကအဖွဲ့၊ ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ဗမာတိုင်းရင်းသားရိုးရာအကအဖွဲ့၊ မွန်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့တို့က တိုင်းရင်းသားရိုးရာ တေးသီချင်းများဖြင့်လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက “ပြည်ထောင်စုတိုင်းရင်းသားတို့မြေ” ယိမ်းအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ကပြဖျော်ဖြေခဲ့ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဂုဏ်ပြုညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်သစ် စတင်ပြေးဆွဲ

ရန်ကုန်  ဖေဖော်ဝါရီ ၁၁

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) မှ မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်၍ အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင်နှစ်ကြိမ် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်သစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။

MAI လေကြောင်းလိုင်းက ယမန်နေ့တွင် မန္တလေးမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့အကြား တိုက်ရိုက်ခရီးစဉ်သစ်ကို စတင်ပြေးဆွဲကြောင်း ကြေညာခဲ့ပြီး မန္တလေး-ချင်းမိုင်ခရီးစဉ်သစ် MAI ပြေးဆွဲနေသည့် နိုင်ငံတကာခရီးစဉ်ကွန်ရက်တွင် ၂၀၂၅ ခုနှစ်အတွင်း အသစ်တိုးချဲ့ပြေးဆွဲသည့် ပထမဆုံးခရီးစဉ်ဖြစ်ကာ MAI ၏ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ပျံသန်းပြေးဆွဲနေသည့် ဗန်ကောက်-သုဝဏ္ဏဘူမိလေဆိပ်၊ ဗန်ကောက်-ဒွန်မောင်းလေဆိပ်နှင့် နိုဗိုစီဗစ်ခရီးစဉ်များအပြီး ထပ်မံပြေးဆွဲသည့် စတုတ္ထမြောက်ခရီးစဉ်အသစ်ဖြစ်သည်။

ခရီးစဉ်အသစ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ်အဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ချင်းမိုင်လေဆိပ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်ကို ရေပက်ဖျန်းကြိုဆိုခဲ့ပြီး ခရီးစဉ်အတွင်း လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ ခရီးဦးကြိုဆိုခဲ့ကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ

စင်ကာပူတွင် ခန္ဓာကိုယ် တဖြည်းဖြည်းချင်း “ကျောက်တုံး” ကဲ့သို့ ဖြစ်လာသည့် ရှားပါးရောဂါ ဖြစ်ပွားမှုတွေ့ရှိ

စင်ကာပူနိုင်ငံ၏ NTU ကောလိပ်ကျောင်းသူ ရာဖီလာဂွါတာမာသည် ခန္ဓာကိုယ် တဖြည်းဖြည်းချင်း “ကျောက်တုံး” ကဲ့သို့ လှုပ်ရှား၍ မရဖြစ်လာသော ရှားပါးရောဂါ ခံစားနေရကြောင်းဆိုသည်။

Fibrodysplasia ossificans progressiva(FOP)ဟု ခေါ်သည့် ၎င်း ရောဂါသည် ကြွက်သားနှင့်တစ်သျှူးများ တဖြည်းဖြည်း အရိုးအဖြစ် ပြောင်းလဲလာသော ရှားပါးရောဂါဖြစ်ပြီး အဆိုပါရောဂါကြောင့် အသက် (၂၀)နှစ်အရွယ် ဂွါတာမာသည် လှုပ်ရှားမှုပြုလုပ်ရန် မလွယ်ကူတော့ဘဲ ဘီးတပ်ကုလားထိုင် အသုံးပြုနေရသည်။ သူမ အသက်(၁၃)နှစ် အရွယ် တွင် ဘတ်စ်ကားပေါ်က ပြုတ်ကျခဲ့ခြင်းမှ အဆိုပါရောဂါ အစပြုခဲ့ခြင်းဖြစ်ပြီး ခြေကျင်းဝတ်များညောင်းနေသကဲ့သို့ ခံစားရခြင်းကြောင့် ဓာတ်မှန် ရိုက်စစ်ဆေးကြည့်ရာ ထိုကဲ့သို့သော ထူးဆန်းသည့်အရိုးများ ဖြစ်ပေါ်နေခြင်းကို တွေ့ရခြင်းဖြစ်ကြောင်း သူမကဆိုပါသည်။ 

သွေးစစ်ခြင်း၊ စကင်န်နှင့်ဓာတ်မှန်ရိုက်ခြင်းများ လုပ်ဆောင်ရန်အတွက် ဆေးရုံသို့ ပုံမှန်သွားခဲ့သော်လည်း ရောဂါကိုတိကျစွာ အဖြေမထုတ်နိုင်ခဲ့ကြောင်း ဂါတာမာက ပြောသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဆယ်ကျော်သက်များ၌ ဖြစ်ပွားတတ်သော FOP - stone man disease သို့မဟုတ် Munchmeyer disease ဟုလည်းခေါ်သည့် ရောဂါခံစားနေရခြင်း ဖြစ်နိုင်ကြောင်း တွဲဖက်ပါမောက္ခ အန်ဂီလိုင်လဲ့က သံသယရှိပြီး မျိုးရိုးဗီဇစစ်ဆေးခဲ့ပြီးနောက်တွင် သူမသည် FOP ဝေဒနာခံစားနေရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

KK Women's and Children's Hospital (KKH) မှ မျိုးရိုးဗီဇဆိုင်ရာ အကြီးတန်းအတိုင်ပင်ခံ ပါမောက္ခလဲ့က FOP သည် အလွန်ရှားပါးသည့် မျိုးရိုးဗီဇ အခြေအနေတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်သည် ကြွက်သား၊ အရွတ်နှင့် အခြားတွယ်ဆက်တစ်သျှူးများတွင် အရိုးများဖွဲ့စည်းနေခြင်းဖြစ်သည် ဟုဆိုပါသည်။ ဤကဲ့သို့သောအခြေအနေသည် ကမ္ဘာတစ်ဝန်းရှိ လူတစ်သန်း၌ တစ်ဦးနှုန်းသာဖြစ်ပွားလေ့ရှိသည်ဟုသိရှိရပြီး FOP အတွက် ကုသဆေးမရှိသေးကြောင်း ဆိုပါသည်။

ကိုးကား-NP News